ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အနောက်ပိုင်းခရိုင် ယာဉ်လိုင်း အမှတ် ၂၄၅ ဘီအမ်ယာဉ်တွင် လိုက်ပါ စီးနင်းသည့် သံဃာတော် တစ်ပါးကို ထိုင်ခုံမရှိဟု ဆိုကာ ကားပေါ်မှ ဆင်းခိုင်းသည့် ယာဉ်နောက် လိုက်ကို ဇွန်လ ၇ ရက်မှစ၍ ယာဉ်လိုက်ခွင့် တစ်လ ပိတ်သိမ်း လိုက်ကြောင်း မထသ (ဗဟို) တွဲဖက် အတွင်းရေးမှူး ဦးမောင်မြို့ က The Voice သို့ ပြောကြားသည်။
မေလ ၂၃ ၇က်နေ့က ဆူးလေမှ တောင်ဥက္ကလာပ ပင်းယမှတ်တိုင်သို့ စီးနင်းရန် ယာဉ်ပေါ်တက် လာသော သံဃာတော် တစ်ပါးကို ယာဉ်နောက်လိုက်က ထိုင်ခုံမရှိဟု ပြော၍ ကားပေါ်မှ ဆင်းခိုင်းသည့်အပြင် ထိုင်နေသူများ ထံမှလည်း ယာဉ်စီးခကောက်ပြီး ဖြစ်သဖြင့် ဖယ်ခိုင်း၍မရတော့ ဟုဆိုသောကြောင့် ကားပေါ်မှ ဆင်းခဲ့ရကြောင်း ကာယကံရှင် သံဃာတော် ကိုယ်တိုင် မထသ (ဗဟို) သို့ တိုင်ကြားစာအရ သိရသည်။
"ဘုန်းကြီးကတော့ ခေါ်ပြီး ဆုံးမဖို့ပဲ စာထဲမှာ မိန့်ထားပေမယ့် အပြစ်ရှိတယ် ဆိုတာ စစ်ဆေးပြီးလို့ ဒီနေ့ပဲ ပြစ်ဒဏ်ချတယ်၊ ဒီထက်ကြမ်းတမ်းစွာ ဆဲဆိုရင် အပြီးထုတ်ပယ်တဲ့ အထိ ပြစ်ဒဏ်ပေးပါ တယ်" ဟု ဦးမောင်မြို့က ရှင်းပြသည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း သံဃာတော် တစ်ပါးကို ကားပေါ်မှ ဆင်းခိုင်းသဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ယာဉ်လိုက်ခွင့်တစ်လ ပိတ်သိမ်း ခဲ့သော်လည်း အဆိုပါ သံဃာတော်၏ တောင်းဆိုမှုကြောင့် ခုနစ်ရက်သာ ပိတ်သိမ်းခဲ့ကြောင်း မထသ(ဗဟို)ထံမှ စုံစမ်း သိရှိရသည်။
From:ရိုးရာလေး
Monday, June 10, 2013
သံဃာတော်ကို ယာဉ်ပေါ်မှဆင်းခိုင်းသည့် ယာဉ်နောက်လိုက်ကို ယာဉ်လိုက်ခွင့် တစ်လပိတ်
Posted by drmyochit
Monday, June 10, 2013, under ပြည်တွင်းသတင်းများ | No comments
0 comments:
Post a Comment