Mieko ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း မန်းနေဂျင်းဒါရိုက်တာ ဒေါက်တာမိမိကိုနှင့် တွေ့ဆုံခြင်း
► ဒီနေ့ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ဆေးဝါးကျွမ်းကျင်သင်တန်းတို့၊ သူနာ ပြုအကူသင်တန်းတို့ကို ဖွင့်တာများလာတယ်။ ဒီသင်တန်းတွေဟာ တရားဝင် အသိအမှတ်ပြုထားတာလား။
ပြောရမယ်ဆိုရင် ဒီသင်တန်းတွေ ဟာ ပထမဆုံးဖွင့်ခဲ့ကြတာက အန်တီက စဖွင့်တာပေါ့။ အန်တီတို့ ဒီလိုသင်တန်း တွေကို ၂ဝဝ၃ ခုနှစ်ကနေစပြီး ပထမ ဆုံး ဆေးနှင့် ဆေးပစ္စည်းကုန်သည်များ နှင့် လုပ်ငန်းရှင်များအသင်းကနေ ဦးစီး ပြီးမှ ဒီသင် တန်းကလေးကို အန်တီတို့ စပြီးဖွင့်တာ။ အဲဒီအချိန်မှာ ပြင်ပပုဂ္ဂလိ ကတွေက ဘာမှ မလုပ်ဘူး။ အန်တီ့အ နေနဲ့ ကိုယ်ပိုင် လုပ်လို့ရတယ်။ ဒါပေမဲ့ မလုပ်ဘူး။ အသင်းအဖွဲ့အစည်းအနေနဲ့ လုပ်တယ်။ ဘာတွေလုပ်လဲဆိုတော့ အသင်းရဲ့ Member တွေအတွက်ကို ဆေး ရောင်းသူတွေအတွက်ကို Knowledge တွေအတွက်ကို သီးသန့်လုပ်ပေးတာ ပေါ့။ အဲဒါကို အန်တီတို့ တောက် လျှောက်ဖွင့်ခဲ့ပါတယ်။ မနှစ်ကအထိဖွင့် ခဲ့ပါတယ်။ တစ်နှစ်ကို ၇ ကြိမ် ၈ ကြိမ် လောက်ကိုအခြေခံသင်တန်းနှင့် အဆင့် မြင့်သင်တန်းဆိုပြီး ဖွင့်ခဲ့ပါတယ်။
အဲဒီ အချိန်တုန်းကဆိုလည်း ကျန်းမာရေးဝန်ကြီး ဌာနကိုအန်တီတို့ခွင့်ပြုချက် တောင်းပြီး မှ ဖွင့်ခဲ့တာပေါ့နော်။ ဖွင့်ခဲ့တယ်ဆိုတဲ့ နေရာမှာ အန်တီက ပထမဆရာဝန် လုပ်တာပြီးတော့ ဆေးကုမ္ပဏီမှာလုပ်ခဲ့တယ်။ ဆေးဆိုင်စဖွင့်တဲ့အချိန်မှာလည်း ဆေးဆိုင်မှာ မန်နေဂျာအနေနဲ့ လုပ်တယ်ပေါ့။ AA Pharmacy စဖွင့်တဲ့ အချိန်တုန်း ကပေါ့။ ရန်ကုန်မြို့မှာ အကြီးဆုံးပေါ့။ အဲဒီမှာ အန်တီက စာသင်ပေးတယ်ပေါ့။ တချို့ တတ်ထား တဲ့လူတွေကို ခေါ်တယ်။ ဒါပေမဲ့ Knowledge တွေကွဲနေတာပေါ့။ အဲဒီ အချိန်မှ ခေါင်းထဲမှာ ဘာတစ်ခုရှိလဲ ဆိုတော့ စပ်တွဲတွေပေါ့။ စပ်တွဲတွေကို ဒီလိုတွဲတာ သူတို့ဟာ သူတို့ နားလည်လို့ တွဲနေကြတာ မဟုတ်ဘူး။ ဟိုလူပြော ဒီလူပြောနဲ့ တွဲကြတာ။ ဒီစပ်တွဲတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေရှိ တယ်။ သူတို့ကို ဒီလိုမတွဲသင့်ဘူးဆိုတာ ကို သိစေချင်တာ။
နောက်တစ်ခုက ဆေးမှားရောင်းကြတာ။ လာဝယ်တဲ့ သူကလည်း နားမလည်ဘူး။ ရောင်းတဲ့ လူကလည်း နားမလည်ဘူး။ အန်တီ စဖွင့်တဲ့အခါမှာ အဲဒီရည်ရွယ်ချက်နဲ့ပေါ့။ ကိုယ်ကိုယ်တိုင်ဆေးရောင်းရင်းနဲ့ ကြီး ကြပ်ပေးတယ်။ အမြဲတမ်းလိုလို ပြဿ နာက တစ်ခုမဟုတ်တစ်ခု ပေါ်တာပေါ့။ အလွယ်ကူဆုံး ဆေးမှားရောင်းကြတာ တွေ။ စပ်တွဲတွေတွဲတာ ဘယ်လိုမျိုးရှိ တယ်ဆိုတာကို လုပ်ချင်တယ်ဆိုတော့ အသင်းရဲ့ဦးဆောင်မှုနဲ့ပဲ အသင်းအတွက် ကို အန်တီက လုပ်ပေးခဲ့တာပေါ့။ အန်တီတို့ အဲဒီတုန်းကလည်း လူကြီး တွေကိုပြောတယ်။ မြန်မာနိုင်ငံအစာနှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကလည်း အန်တီတို့ကို Guide Line တွေ ပေးတယ်ပေါ့။ ဒါပေမဲ့ ဆေးဆိုင်တွေနဲ့ ပတ်သက်ပြီး ဘယ်သူမှ ဘာမှ မပေး ထားဘူး။ သူများနိုင်ငံတွေမှာဆိုရင် ဆေးဆိုင်ဆိုတာ ဆေးဝါးကျွမ်းကျင် လက်မှတ်ရပြီးမှ ဖွင့်ရတာပေါ့။ အန်တီ တို့ဆီမှာက လွဲနေတာပေါ့။ လွဲနေတာက ဆေးဝါးကျွမ်းကျင်ဖြစ်လာတဲ့သူ အားလုံး က ဆေးဆိုင်မှာရှိရမယ်ဆိုတာတော့ ရှိ တာပေါ့။ ဒါပေမဲ့ သွားကြည့်လိုက်ရင် အကုန်ရောင်းနေတဲ့လူတွေက မိရိုး ဖလာ ရောင်းနေလား။ သူတို့ကိုဘယ် သူသင်ပေးလဲ။ သူတို့ဟာ သူတို့ရောင်း နေတာလားပေါ့။ သူတို့ကို ဘယ်သူမှ စနစ်တကျ မသင်ပေးဘူး။ အဲဒီအတွက် အန်တီကစနစ်တကျ ဖြစ်စေချင်တဲ့အတွက် အန်တီက စပြီးဆေးဝါးထားသိုနည်း၊ ဆေးဝါးကို ကိုင်တွယ်ရောင်းချနည်း၊ ဆေးဝါးဆိုတာ Side effect ရှိတယ်။ ခေါင်းကိုက်တယ်။ ပါရာစီတမော သောက်ပျောက်ဆိုပြီး မရိုးရှင်းဘူး။ ပါရာစီတမောလိုဟာတောင် ဘေးထွက် ဆိုးကျိုးတွေရှိပါတယ်။ A ဆေးနဲ့ B ဆေးနဲ့ရှိတယ်။ သူ့ဟာသူတစ်ခုချင်းစီ တော့ အကျိုးအာနိသင်ရှိတယ်။ နှစ်ခု ပေါင်းလိုက်တော့ Side effcet ဖြစ်သွားတယ်။ အဲဒါမျိုးပေါ့။ အန်တီတို့မှာတော့ Lecture ၂ဝ လောက်ပါတယ်ပေါ့။ ဆယ်နှစ်ကျော်အန်တီတောက်လျှောက် သင်တန်းတွေပေးခဲ့တယ်။
နောက်ပိုင်း မှာတော့ ပုဂ္ဂလိကတွေပေါ်လာတယ် ပေါ့။ အန်တီထင်တယ်။ ပုဂ္ဂလိကတွေ ကလည်း အန်တီတို့ဖွင့်ပြီး ၃နှစ် လောက်နေမှ ဖွင့်တာပေါ့။ အဲဒီတုန်း ကတည်းက တရားဝင်ဖွင့်ခွင့်ရလားဆို ရင် ဒီဟာတွေဟာ တရားဝင်ဖွင့်ခွင့်မရှိ ပါဘူး။ ပြောရမယ်ဆိုရင် ဒီသင်တန်း တွေက ဘာနဲ့ဖွင့်လဲဆိုရင် ဒီသင်တန်း တွေက ဘာပဲဖြစ်ဖြစ် ဆိုင်းဘုတ်တစ်ခု တင်ရမယ်ဆိုရင် ကုမ္ပဏီလိုင်စင်လိုတယ် ပေါ့။ သူတို့ကများသောအားဖြင့် ကုမ္ပ ဏီလိုင်စင်ပေါ့။ စီးပွားကူးသန်းက ကုမ္ပ ဏီလိုင်စင်နဲ့ပေါ့။ ဆိုင်းဘုတ်တစ်ခုတင် ပြီး ဘာပဲဖြစ်ဖြစ်ကုမ္ပဏီလိုင်စင်တစ်ခု ကိုင်ထားတာပေါ့။ နောက် ပညာရေး ဝန်ဆောင်မှုကျူရှင်သဘောအနေနဲ့ လည်း ဖွင့်တယ်။ နောက်တစ်ခု ဘာ အနေနဲ့ဖွင့်လဲဆိုတော့ နည်းပညာဝန် ဆောင်မှုအနေနဲ့လည်း ဖွင့်တာပေါ့။ အချို့ကလည်း ဆေးဆိုင်နဲ့တွဲရက်ဆိုပြီး ဖွင့်တယ်။ ဆေးလည်းရောင်းတယ် ဒီလို မျိုးဟာလည်းသင်တယ်ဆိုပြီး ဖွင့်တာပေါ့။ အန်တီ့ကိုလည်း ခေါ်တယ်။ အန်တီက တော့ သူတို့ဆီမှာတော့ လိုက်မသင်ဘူး။ အချို့ဒီမှာလာတက်တယ်။ ဒီက Notes တွေနဲ့ဟိုမှာ ပြန်သင်တာလည်းရှိတာ ပေါ့။ ကျန်းမာရေး ဌာနအနေနဲ့ ဒါကို တရားဝင်ဖွင့်လားဆိုရင် ကျန်းမာရေး ဌာနအနေနဲ့ မရှိဘူးပေါ့။ အရင်တုန်းက တော့ အန်တီတို့က အသင်းအဖွဲ့နဲ့လုပ် တယ်ဆိုပေမယ့် အခုအချိန်မှာနားထား တာပေါ့။ တစ်နှစ်လောက်ရှိပြီပေါ့။ ဒါ မျိုးဟာ အမှန်တကယ်တော့ လိုအပ်ပါ တယ်၊ လမ်းညွှန်မှုအနေနဲ့ သေသေ ချာချာ စနစ်တကျပေးမယ်ဆိုရင် သူတို့ တွေ အနေနဲ့ပေးနေကြတာ တစ်လွဲတွေ။ ပုဂ္ဂလိကကို ဘယ်လောက်အရည်အ ချင်းနဲ့သတ်မှတ်ပြီး ဘယ်လိုပေးမယ်ဆို တာကတော့ နည်းနည်းခက်သွားတာ ပေါ့။ လူကြီးတွေလည်း စီစဉ်နေတာ ပေါ့။ ရှင်းရှင်းပြောရရင် သင်တန်းတွေ များလာတော့ မဟုတ်တာတွေလည်း များလာတော့ပေါ့။
ဒါတွေက အမှန် ဆိုရင်တော့ တရားဝင်ဖွင့်ခွင့်ရထားတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါတွေကို ကိုင်တွယ်တော့မှာပါ။ ဆေးကုတယ်ဆိုတာကိုပေါ့။ အရင်က သင်တန်းကြီးတစ်ခုဆို TV မှာရော၊ ဂျာနယ်တွေမှာရော အမြဲကြေညာနေတာ။ အခု မတွေ့ရတော့ဘူး။ သူတို့ သင်တန်းက ဆင်းလာတဲ့ လူတွေအများ ကြီးပေါ့။ ကိုယ်က စီးပွားဖြစ်လုပ်စား နေတာမပါဘူး။ ကိုယ်ကျိုးလည်း မပါ ဘူး။ အသင်းအဖွဲ့အတွက် လုပ်နေတာ။ သူတို့ဆီကလူတွေကို တွေ့နေတာပဲ။ သိလည်းသိတာပဲ။ သူတို့ဆီ က Notes တွေကိုယူကြည့်လိုက်ရင် သိတာပဲ။ လွဲနေတာတွေကို။
► တရားဝင်တာ မဝင်တာထက် အဲ ဒီသင်တန်းဆင်းတွေရဲ့ အရည်အချင်း ဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီး တစ်ခုခု ဝန်ဆောင်မှုပေးလို့ရတဲ့အခြေ အနေရှိလား။
တကယ်သာလမ်းကြောင်းမှန်နဲ့ သွားတယ်ဆိုရင် ဝန်ဆောင်မှုရှိပါတယ်။ သူတို့ကိုလည်း ကန့်သတ်မှုပေါ့။ ဘာက ဘယ်လိုကန့်သတ်မယ်ဆိုတာပေါ့။ အဲဒီလိုဆိုရင် အကျိုးဆက်တစ်ခု ရှိ ပါတယ်။ ဘာ မှမသိတာထက်စာရင်တစ် စုံတစ်ခုတော့သိသွားတာပေါ့။ ဒါပေါ် မှာလည်း အမြင်မျိုးစုံရှိတာပေါ့။ မသိတဲ့ ဟာလေးတစ်ခုကို သိတာပေါ့။ တကယ် ကြိုးစားတယ်။ သင်တဲ့ လူကလည်း နား လည်တဲ့ သူမျိုးဆိုရင် အဆင်ပြေနိုင် မယ်။ မဟုတ်ရင်တော့ ရမှမရတာ။ အ သိတစ်ခုလေးရှိသွားရင်တော့ ပိုကောင်း တာပေါ့။ ဥပမာထားပါတော့ ပါရာစီတ မောလွယ်တယ်။ ရောင်းလို့ရတယ် ထား ပါတော့။ ရောင်းရတယ်။ ပါရာစီတမော ခေါင်းကိုက်တယ် သောက်ပါ။ မသက်သာဘူး။ နောက်တစ်ကြိမ် မသက်သာဘူး။ ပြန်သောက် မသက်သာဘူး။ နောက်တစ်ကြိမ်သောက်ရတယ်။ ဒါ ပေမဲ့ ပါရာစီတမောမှာလည်း သူ့ Limit နဲ့ သူရှိတယ်။ ဒါက ပါရာစီတမောကို ပြောတာ။ တကယ်လို့ ဗAntibiotic ၊ Antibiotic ဆိုတာ အန်တီတို့နိုင်ငံမှာ လွယ်လင့်တကူ ရောင်းနေတာ။ တကယ်တော့ Antibiotic ကကန့်သတ်ချက်နဲ့ ရောင်းရမယ့်ဆေး။ ဆရာဝန်ညွှန်ကြားချက်နဲ့ ရောင်းရမယ့်ဆေး။
ဒီလိုဟာမျိုးတွေ လုံးဝ မရောင်းသင့်ဘူး။ အန်တီက အန်တီ့သင်တန်းတွေမှာ အမြဲပြောတယ်။ ဒီလို Antibiotic ပဋိဇီဝဆေး ပြောရရင် အန်ပက်စလင်၊ အမောက်စ်စလင်တို့က ဒါက လူတိုင်းသိနေတဲ့ဆေး အဲဒီဆေး တွေကို တစ်လုံး၊ တစ်ပြားဘယ်တော့မှ ဖြတ် မရောင်းကြပါနဲ့။ မသောက်ရင် အရှင်းမသောက်နဲ့။ တစ်ခြမ်း၊ တစ်လုံးစာ၊ တစ်ခွက်စာ၊ တစ်ရက်စာ အစကတည်း က ဖဲ့မရောင်းနဲ့။ တွက်မရောင်းနဲ့။ သူတစ်ရက်စာ သောက်တော့လည်း ဘာမှ အကြောင်းမထူးဘူးပေါ့။ ဒီမှာအဲဒီလို မဆင်မခြင်ရောင်းတဲ့အတွက် အန်တီတို့နိုင်ငံက ဆင်းရဲတဲ့အတွက်ဒီ Antibiotic နဲ့ပတ်သက်တဲ့ ဆေးယဉ်ပါးတဲ့ပဋိဇီဝဆေးယဉ်ပါးတဲ့ ပြဿနာတွေ ဘာတွေကလည်းရှိ တယ်ပေါ့။ ဒါမျိုးတွေ အနေနှင့်က သိသင့်တဲ့ဟာလေးတွေ ပေါ့။ မရောင်းနဲ့။ သေချာရှင်းပြ။ ဘာလို့ မလိုအပ်ဘဲနဲ့ ဗညအငဘငသအငခ နှစ်မျိုး လောက် ထည့်ရောင်းမှာ လည်းပေါ့။ အဲဒါတွေက အန္တရာယ်ကြီးတယ်။ ဒီလိုမျိုးနဲ့ ဆင်းသွားတဲ့လူလေးတွေပေါ့။ တချို့က ဘာမှကို မသင်ထားတာပါတာ ပေါ့။ ပြောရရင်တော့ အပေါ် ယံရှပ်ပြီး သင်ထားတာတွေ့တယ်။ အချို့ဆိုရင် သင်တန်းကြေး ခုနစ်သောင်း တစ်သိန်း ယူထားပြီးတော့ ကိုယ်ယူထားတာနဲ့ ထိုက်တန်တဲ့ဝန်ဆောင် မှုကို ပေးရမှာ ပေါ့။ အဲဒါမျိုးတွေထိ မပေးထားတာ တွေ့ရတယ်။ လုပ်စားနေတဲ့ဟာမျိုးပေါ့။ အဲဒါမျိုးက အများစုဖြစ်သွားတာပေါ့။
► ဒီလိုသင်တန်းဆင်းထားတဲ့သူတွေဟာ ဆေးရောင်းတဲ့ဆိုင်တွေ ဖွင့်ခွင့်ရှိပါသလား။
ဆေးရောင်းတဲ့ဆိုင်ကို ဖွင့်ခွင့်ရှိ လားဆိုတာ ဆေးရောင်းတဲ့ဆိုင်ကို ပြောတဲ့အခါမှာ ဆေးရောင်းတဲ့ဆိုင်ကို ဖွင့်တဲ့အခါမှာ ကျွမ်းကျင်လက်မှတ် မ လိုဘူးလေ။ ဆေးဝါးကိုဖွင့် မယ်ဆိုရင် အမှန်အတိုင်းပြောရရင် ဘွဲ့မရတဲ့လူ တွေအများစု ဖွင့်နေတာပါ။ မေးရင်သူ့ နေရာလေးနဲ့ဘာဈေးဖွင့်မယ်ဆို ရတာ ပဲ။ ဘာကျွမ်းကျင် လက်မှတ် ဘာတစ်ခု မှ ပါစရာမလိုဘူး။ အခု နောက်ပိုင်းမှ သာ ဘွဲ့ရတောင်းတာ။အရင်တုန်းက ဘယ်သူပဲဖွင့်ဖွင့် မြို့နယ်ကျန်းမာရေး ဌာနမှာ သွားပြီးလိုင်စင်လျှောက် လိုက် ရင်ရတာပဲ။ ကျွမ်းကျင်တဲ့ဟာ ဘာတစ်ခု မှ မလိုဘူး။ အမှန်ဆိုရင်တော့ Pharmacist ရှိရမယ်။
ဆရာဝန်ရှိရမယ်ပေါ့ နော်။ ဆေးဝါးကျွမ်းကျင်သူဆိုတာက လည်း အမှန်ပြောရရင် ဆရာဝန် ဖြစ်ဖို့ လူက အမှတ်ကလေး တစ်မှတ်လောက် နဲ့လည်း အဲဒီကိုရောက် သွားတာ။ သူတို့ က တစ်နှစ်ကို တစ်ရာ လောက်ဆင်း တယ်။ အမှန်က ဒါမျိုးလူ တွေရှိရမယ်။ ဆေးကုမ္ပဏီမှာလည်း ဒါမျိုးတွေ ရှိရမယ်။ ဆေးဆိုင်တိုင်းမှာ ဆေးဝါး ကျွမ်းကျင်သူရှိရမယ်လို့ ကန့်သတ် လိုက်ရင် နဂိုမိရိုးဖလာ ရောင်းနေတဲ့သူ တွေ ဘယ်လိုလုပ်ကြမလဲ။
► လက်ရှိမှာ ဆေးဆိုင်ဖွင့်ဖို့ ဘယ်လိုပုံစံမျိုး သတ်မှတ်ချက်တွေရှိပါသလဲ။
ဆေးဆိုင်ဖွင့်ဖို့က လက်လီ၊ လက် ကားဆိုပြီးရှိတယ်လေ။ လိုင်စင်ကြေး သတ်မှတ်ထားတယ်။ တစ်သောင်းလား တစ်ထောင်လားတော့ မသိဘူး။ အဲဒါ သတ်မှတ်ထား တယ်။ နေရာရှိရမယ်။ ဆေးဝါးထားသိုတဲ့နေရာလေးဘာလေး လာကြည့်သွားမယ်။ ကျန်တဲ့ဟာက တော့ အခုကတော့ တော်တော်များများ ကတော့ ဘွဲရလို့ဘာလို့ ဆိုပေမယ့် ဘွဲ့ရ လို့ ကန့်သတ်ထားတာမရှိဘူး။ ပညာ အရည်အချင်းက ကန့်သတ်ထားတာ မရှိဘူး။
►အခုဆို အစိုးရက ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်တာ အားနည်း တဲ့ဒေသ အချို့မှာ အဲဒီ သင်တန်း ဆင်း တွေဟာ အပ်ပုန်းလို့ခေါ်တဲ့ တရားမဝင် ဆေးကုသမှုတွေကိုပါ
လုပ်နေတယ်လို့ သိရတယ်။ အပ်ပုန်းတွေကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ပြောပြပေးပါ။
အပ်ပုန်းက ဒီသင်တန်းကဆင်း သွားတဲ့လူတွေက အပ်ပုန်းလုပ်တာ မဟုတ်ဘူး။ အပ်ပုန်းတွေကလည်း အချိန် ကုန်ခံပြီးတော့ ဒီမှာ သင်တန်းလာတက် မှာမဟုတ်ဘူး။ နယ်တစ်နယ်မှာဆိုရင် အန်တီ့သူငယ်ချင်းဆရာဝန်က ဆေးခန်း ဖွင့်ဖို့သွားလိုက်တာမှာ အပ်ပုန်းလည်း ခေါ်တယ်။ ရမ်းကုလည်း ခေါ်တယ်။ လက်သည်လည်း ရှိတယ်။ ဒါမျိုးတွေ ဖွင့်ထားတဲ့ဟာတွေ အဲဒီလို ကုနေတာ။ အယောက် ၂ဝ လောက် ရှိတယ်။ အဲဒါနဲ့ ဆရာဝန်ဖြစ်တဲ့သူ ပြန်ပြေးလာ ရတယ်။ ဒီဟာကိုဖွင့်ပြီးမှ ဒီလက်မှတ် ကိုကိုင်ပြီး ရမ်းကုလုပ်တာ မဟုတ်ဘူး။ ရမ်းကုက နဂိုကတည်းကလုပ်တာ။ ရမ်း ကုလုပ်တဲ့လူတွေကလည်း ဒီသင်တန်း တော့ လာမတက်ဘူး။ ရမ်းကုနဲ့ဒီသင် တန်းနဲ့ ဘာမှတော့ မဆိုင်ဘူး။ သူ့ဟာသူ ဖွင့်လို့သာ နောက်ဘိတ်ဆုံး သူ့ဟာသူ လုပ်ရင်းနဲ့ ရမ်းကုဖြစ်ရင်ဖြစ်သွားမယ်။ ဆိုလိုတာက ရမ်းကုက နဂိုကတည်းက ရှိနေတယ်။ ဆရာဝန်တစ်ယောက် နယ်သွားကုတာ ရမ်းကု ၂ဝ ရှိနေလို့ ပြန်လာခဲ့ရသလိုပေါ့။ ရမ်းကု လုပ်စား နေတဲ့ နာမည်ရှိတဲ့ရမ်းကုက ဒီသင်တန်း တွေမှာ လာမတက်ဘူး။ အန်တီတို့ ကျန်းမာရေး ဝန်ဆောင်ပေးနိုင်တဲ့ System ကလည်း ဟိုး အစွန်းထိ မရောက်ဘူး။ မြို့ပေါ်မှာပဲ အားလုံးက နေနေကြတာများတယ်။ ရှိတဲ့နေရာ နယ်တွေကို ဘယ်သူမှ မသွား ကြဘူး ပေါ့။ ဆရာမတောင် မရှိတဲ့နေရာတွေ အများကြီးပါ။
ရမ်းကုက ဆေးပါထိုး တာ။ ဆေးထိုးတာက အန်တီတို့ဆီမှာ နဂိုကတည်းက Law တွေ ရှိပြီးသားပေါ့။ နဂိုကရှိထားတဲ့ Law တွေမှာ သူနာပြု ဆရာမက ဆရာဝန်ရှိတဲ့ ဆေးရုံတွေမှာ သူ့လူနာကို ဆေးထိုးပေးလို့ရတယ်။ သူ့ဘာသာသူ အရပ်ထဲမှာ ဆေးခန်း ဖွင့်ပြီး ဆေးထိုးလို့ မရဘူး။ သူလည်း လိုက်ထိုးလို့မရဘူး။ လိုက်ထိုးတယ် ဆိုရင် သူထိုးလို့ဖြစ်ရင် အပ်ပုန်းနဲ့ မခြားဘူး။ အန်တီတို့သင်တန်းမှာတော့ မသင်ပါဘူး။ အချို့ ဆေးဝါးသင်တန်း တွေမှာဆေးဝါးကျွမ်းကျင်ရော၊ သူနာပြု အကူတွေရော သင်တာရှိတယ်။ အဲဒီလို သင်တန်းမျိုးမှာ တစ်ယောက်တစ်လှည့်စီ ဆေးထိုးခံပြီး သင်ကြတဲ့ သင်တန်းတွေ ရှိတယ်။ အဲဒါမျိုးကိုတော့ အန်တီတို့ လုံးဝ ခွင့်မပြုဘူး။ အန်တီတို့ ဆောင်ရန် ရှောင်ရန်ကို သင်ရိုးညွှန်းတမ်း စစ်ပေါ့။
ဘာဘာမလုပ်ရဘူး။ သင်တန်းဆရာ အရည်အချင်းတွေကို စစ်ပေါ့။ ဆေးထိုး တဲ့သင်တန်းပေးနေတဲ့ သင်တန်းလည်း ရှိတယ်။ စပ်တွဲပေးတဲ့ သင်တန်းပေးတဲ့ သင် တန်းတွေလည်း ရှိတယ်။ မရှိဘူး မပြောဘူး။ အဲဒါတွေကျတော့ တစ်လွဲ တွေ ဖြစ်သွားမှာ စိုးတယ်ပေါ့။
► အပ်ပုန်းတွေက မြန်မာနိုင်ငံမှာ ဘယ်လောက်ထိများနေလဲ။
အန်တီထင်တယ်။ ဆရာဝန်တွေ အရေအတွက်ထက်တောင်များနေဦးမယ်။ ဒီရက်ပိုင်းမှာ ဆမအသစ်ထပ် ပေးမှာ ၂ဝဝဝ နီးပါးရှိသေးတယ်။ ၂ဝဝဝ လောက်ထပ်ပေးမယ် ဆိုတော့ ဆရာဝန်အရေအတွက် ၃၈ဝဝဝ ဝန်း ကျင်ရှိလိမ့်မယ်။ ၃၈ဝဝဝ သော ဆရာ ဝန်အရေအတွက်ထက် များပါတယ်။ ဒါတောင် ဆမ(၁)တို့ဆိုတဲ့ လူတွေက သေကုန်ပြီလေ။ တချို့လည်း နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့လူတွေရှိမယ် ဆို တော့ ဒီမှာ ၂ဝဝဝဝ လောက်တော့ ရှိ မယ်ပေါ့။ အဲဒီထက် ၃-၄ ဆများမယ်။ ဆမကပေးတဲ့အတိုင်း စီမယ်ဆိုရင် တော့ ၃၈ဝဝဝ ရှိတယ်။
► အပ်ပုန်းတွေ ပပျောက်ရေးအတွက် ဘာတွေလုပ်ဖို့ လိုမလဲ။
လူတွေရဲ့အသိဥာဏ်ကို ကိုယ် သိ ရမှာပေါ့။ လူထုကိုနားလည်အောင်ပေါ့။ ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း ရေးတော့ ရေးထားတာပေါ့။ အရင်တုန်း ကလည်း တောနဲ့မြို့ရဲ့ကျန်းမာရေး ကွာဟချက်ကို ကျဉ်းမြောင်းနိုင်သမျှ ကျဉ်းအောင်လုပ်ပေးမယ်ဆိုပေမယ့် အခုကလည်း ကွာဟနေတာပဲပေါ့။ တကယ်လို့များ ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်တဲ့ နားလည်တဲ့ ကျန်း မာရေးဝန်ထမ်းတွေဟာ နေရာတိုင်းမှာ အချိန်ပြည့်ရှိမယ်ဆိုတဲ့ စီမံကိန်း၊ ဒီလို စီမံကိန်းတွေက ရှိပါတယ်။ သူနာပြု ဆရာမတွေ တစ်ရွာတစ်ယောက် ထား မယ်ဆိုတဲ့ဟာမျိုးရှိပါတယ်။ ကြိုးစားပြီး အကောင်အထည်ဖော်နေကြတာပဲပေါ့။ အရင်ခေတ်တွေတုန်းကဆိုရင် ကျေး လက် ဆရာဝန်ပေါ့။ ဒါမျိုးစီမံကိန်းတွေ ကလည်း အရင်က ရှိခဲ့ကြတာပဲပေါ့။ ရှိပေမယ့် ကောင်းတဲ့ System တွေက ပျက်သွားတာလည်း ရှိတာပေါ့။ ကျန်းမာရေးစောင့်ရှောက်တဲ့ System လည်း ပိုကောင်းလာမယ်ဆိုရင်ပေါ့။ကောင်းတယ်ဆိုတာကလည်း လူ တွေချည်း ကောင်းလို့မရဘူး။ အဓိကလိုအပ်ချက် က Budget ပေါ့။ Budget လည်းကောင်းမယ်ဆိုရင် ကျေးလက် တွေမှာ ဆရာဝန်တွေနဲ့ ကျေးလက် ကျန်းမာရေးဌာနတွေကို သားသားနား နား ဖွင့်ထားမယ်ဆိုရင် ရမ်းကုလည်း ဘယ်ခံနိုင်မှာလဲ။
► အဲဒီလိုဖြစ်လာဖို့ အချိန်ဘယ် လောက်ယူရမလဲ။
အဲဒါကတော့ နံပါတ် ၁ က လူ တွေရဲ့အသိဥာဏ်ပါ။ တော်တော် ဆင်းရဲပါတယ်။ အန်တီတို့နိုင်ငံက မြို့ပေါ် နေပြီးကျန်းမာရေးနဲ့ပတ်သက်ပြီး Knowledge က သုညပါ။ မြို့ပေါ်မှာ နေပြီး ပညာတတ်တာ မတတ်တာနဲ့ မဆိုင်ဘူး။ ကျန်းမာရေးနဲ့ဗဟုသုတ အတွက်ထား။ သူ့ဟာသူ ဘောလုံးဂျာနယ် ဝယ်ဖတ်ချင်ဖတ်မှာ။ လူတွေရဲ့ အသိဥာဏ်လည်းလိုတယ်။ ပိုက်ဆံလည်းလို အပ်တယ်။ နောက်တစ်ခုရှိတာက ရမ်းကုတွေကို ဥပဒေလမ်းကြောင်းအရလည်း လိုတာပေါ့။ တရားဥပဒေအရ အရေး ယူခံရမယ်ဆိုတာ ရှိတယ်။ ဒါပေမဲ့ ထူး ဆန်းတာက ဆရာဝန်တစ်ခုခုလုပ်မိပြီဆိုရင် warning ၊ ရမ်းကုတွေကြောင့် သေရင် ပါးစပ်ပိတ်ပြီးနေကြတယ်။ ကိုယ့်ရပ် ကိုယ့်ရွာမှာ ရမ်းကုရှိတယ် ဆိုရင် သိနေကြတာပဲ။ လူတွေက သူတို့ ကိုခေါ်ပြီး ဒီလိုလုပ်ရင် အရေးယူခံရမယ် ဆိုပြီး ပညာပေးရင် ရတာပဲ။ အချိန်က တော့ အန်တီသိတဲ့ အချိန်ကဆို အန်တီ ဆရာဝန်မဖြစ်ခင် အနှစ် ၃ဝ က ရှိနေ တာ။ နောင်လည်းရှိအုံးမှာပဲ ဒီလိုမျိုး ဆိုတော့ အချိန်ကတော့ ပြောရခက်တယ်။
► နိုင်ငံတကာမှာဆရာဝန်လက်မှတ်ပါမှ ဆေးဝယ်လို့ရတယ်လို့ သိရတယ်။ ဒီမှာသာ ဆေးကိုဘယ်သူမဆို အလွယ် တကူဝယ်လို့ရနေတာ အပ်ပုန်းများလာ ခြင်းရဲ့ အကြောင်း အချက်တစ်ခုလားရှင်။
နိုင်ငံတကာတင် မဟုတ်ဘူး။ အန်တီတို့နိုင်ငံမှာ အန်တီတို့ဆရာဝန် ဖြစ်စတုန်းက ဆရာဝန်လက်မှတ်နဲ့ပဲ ဆေးဝယ်ရတာ။ ဒီလိုလည်း ဆေးဆိုင် တွေ မှိုလိုပေါက်မနေဘူး။ အသိအမှတ် ပြုထားတဲ့ ဆိုင်တွေကပဲရောင်းရတာ။ ဆရာဝန်ဆေးလက်မှတ်နဲ့ပဲ ဝယ်ရတာ။ အဲဒီလောက်တုန်းက ရောင်းရပြီးတော့ ဆေးလက်မှတ်နဲ့ဆေးဝယ်ခြင်းဟာ ၉ဝ
နောက်ပိုင်းလောက်မှာ ပျောက်သွားပြီး တော့ အခုဆို နေရာရှိတယ်ဆို ကိုယ့် နေရာနဲ့ကိုယ်ရှိတယ်ဆိုရင် ဖွင့်ကြ တယ်။ ၉ဝ နောက်ပိုင်း မှာ ဆေးကုမ္ပဏီ တွေလည်း အများကြီးဖြစ် သွားပြီးတော့ လို၏မလို၏ ဆေးတွေအများကြီးဝင်လာ တယ်။ ဒီလိုအချိန်မှာ ဆေး လက်မှတ်နဲ့ ရောင်းဖို့ဆိုတာက ဒါတွေကို ပြန်ထိန်း ချုပ်ဖို့ကို လူကြီးတွေလည်းစီစဉ်နေကြ တယ်။ ဆေးလက်မှတ်တွေရေးဖို့က ဆရာဝန်ကြီးတွေမှာ တာဝန်ရှိတာပေါ့။ ဆရာဝန်ကြီးတွေမှာရော ရေးဖို့အချိန် ရှိပါ့မ လား။ ဆေးဆိုင်တွေ ကို ကန့်သတ် ချုပ်ချယ်လိုက်မယ်ဆိုရင် အရင်ဆုံး ဒုက္ခရောက်မှာ မရှိဆင်းရဲသားတွေပဲ။ ဒီလူတွေ ဆရာဝန်ပြကြဆိုလည်း သူတို့ မှာပိုက်ဆံမှမရှိကြတာ။
► ဆေးကို လူတိုင်းအလွယ်တကူ ဝယ်လို့ရနေတာကရော အပ်ပုန်းများ လာခြင်း၏ အကြောင်းရင်းတစ်ခုလို့ ပြောလို့ရပါသလား။
ဆေးကတော့ ဝယ်တာက အကုန် လုံးဝယ်လို့ရနေတာပဲ။ အဲဒါနဲ့တော့ မဆိုင်ဘူး။ ဆေးဝယ်လို့ရတာနဲ့ အပ်ပုန်းများလာတာနဲ့ကတော့ အချိုးမကျဘုး။
► ဆေးကို အလွယ်တကူ ဝယ်လို့ရ နေတာကရော လူထုကျန်းမာရေးကို ဘယ်လိုသက်ရောက်မှုရှိလဲ။
သူ့ဟာနဲ့သူ တည့်နေကြလို့ ပြဿ နာဖြစ်လည်း ငြိမ်နေကြတာပေါ့။ ရှင်း ရှင်းပြောရရင် ခေါင်းကိုက်တဲ့လူက ဆရာဝန်ဆီမလာဘူး။ ခေါင်းကိုက်တဲ့ အကြောင်းရင်းက အများကြီးရှိတယ် လေ။ သူ့ဟာနဲ့သူဖြေရှင်းလိုက်တာပဲ။ သူ့ဟာနဲ့သူတော့ သွားနေတာပေါ့။ ဒီဟာကြီးကို ငါတို့ကိုင်မယ်။ ဆေးဆိုင် တွေ အကုန်ပိတ်ဆိုတော့လည်း ဘာဖြစ် သွားမလဲ။ ရပ်ကွက်တစ်ခုမှာ အားကိုး ရတဲ့ဆေးဆိုင်ဆိုလည်း အားကိုးနေရ တာပဲ။ အချို့ ဆေးဆိုင်တွေကလည်း အရမ်းကြိုးစားကြတာပဲ။ဘယ်နေရာကို လွှတ်တော့ဆိုပြီး ပြောတာလည်းရှိ ကြတာပဲ။ သူ့ ဟာနဲ့သူတော့ အသုံးကျ နေတာရှိတယ်။ ဆရာဝန်က ဆရာဝန် ကဏ္ဍနဲ့ သွားလိမ့်မယ်။ ဆေးရောင်းသူ တွေနဲ့ knowledge ပေါ့။ သူတို့က လည်း အခြေခံ ကျန်းမာရေးစောင့် ရှောက်မှုကို ပေးနေတဲ့လူလို့ ပြောလို့ ရတာပေါ့။ သူတို့ကိုလည်း မှန်မှန်ကန် ကန်ပေါ့။ လမ်းကြောင်းမှန်အောင် တည့်ပေးမယ်ဆိုရင် တိုင်းပြည်အတွက် အကျိုးရှိမှာပါ။
► ကျန်းမာရေးဝန်ကြီးဌာနက သတ် မှတ်ချက်အရဆိုရင် ကျန်းမာရေး ဝန် ထမ်းဘယ်လိုအဆင့်မျိုးသာ ဆေးထိုးအပ်ကိုင်ပြီး ကုသလို့ရပါသလဲ။
ဆရာဝန်ကလွဲလို့ ဘယ်သူမှ ကိုင် လို့မရဘူး။ ဆရာမက ဆေးရုံမှာကိုင်လို့ ရတယ်။ သူ့ဟာသူအိမ်မှာ ထိုးလို့မရ ဘူး။ ဆရာဝန်ပဲ။ ဒါတောင် ဆမ ရတဲ့ ဆရာဝန်မှ။ ဆမသိမ်းထားတဲ့ လူဆိုရင် အပ်ပုန်းဖြစ်ရော။ ဆမသက်တမ်းရှိတဲ့ ဆရာဝန်ပဲ အပ်ကိုင်လို့ရတယ်။ ဆမ သက်တမ်းက ၃ နှစ်၊ ၃ နှစ်ပြည့်ရင် သက်တမ်းတိုးလို့ရတယ်။
► ဒီနေ့ ကျေးလက်ဒေသ လူထုကျန်းမာရေးအပေါ် အစိုးရရဲ့ဝန်ဆောင်မှုဟာ ဘယ်လောက်အထိ အားနည်းနေသေးလဲ။
လိုတာက တော်တော်လေးလိုပါတယ်။ တောရောမြို့ပါ လိုပါတယ်။ တောဆိုတော့ ပိုလိုတာပေါ့။ Upgrated Knowledge ရှိရမယ်။ ဆေးရုံကြီးတွေ ဆောက်နေတာ အားပေးပါတယ်။ နိုင်ငံခြားက ဆေးရုံကြီးတွေလည်း ဝင်လာနေတယ်။ နိုင်ငံခြားထွက်ပြီးကုတဲ့ လူတွေလည်းအများကြီးပဲ။ ကုနေကြ တာပဲ။ ဆေးပစ္စည်းအစုံနဲ့။ ပုဂ္ဂလိက ကလည်း ပုဂ္ဂလိကရှိသင့်တယ်လေ။ ကျန်တဲ့ဟာက အကုန်လုံးကအောက်ကို ဆင်းရမယ်လေ။ ဝန်ဆောင်မှုအပြည့် ကျကျနနပေးသင့်တာပေါ့။အန်တီ့ဘာ သာဆိုရင်တော့ ၁ဝဝ ရာခိုင်နှုန်း ထပ် ဖြည့်ပေးမယ်။ ကျွမ်းကျင် ကျန်းမာရေး ဝန်ထမ်းလည်းလိုတာပဲ။ အဆောက်အ အုံလည်းလို တာပဲ။ ငွေလည်းလို တာပဲ။ ဆေးပစ္စည်းတွေ လည်းလိုအပ်တာပဲ။ ပြောရရင်တော့လိုအပ်ချက်တွေ အများ ကြီးပဲပေါ့။
မြ တ် စု ငြိ မ်းေ တွ့ ဆုံေ မး မြ န်း သ ည်
From: Popular Myanmar
0 comments:
Post a Comment