Thursday, July 11, 2013

မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသားအား ၀ိုင်းဝန်ရိုက်သတ် ခဲ့တဲ့ တရားခံတွေ ဖမ်းမိပြီ

Posted by drmyochit Thursday, July 11, 2013, under | No comments


မုံရွာ စီးပွားရေး တက္ကသိုလ် မှ တတိယနှစ် ကျောင်းသား မောင်အောင် ၀ိုင်းချစ်သူ (၂၁) နှစ်အား ၀ိုင်းဝန်းပြီး ရက်စက်စွာ ရိုက်သတ်ခဲ့သော မုံရွာ စီးပွားရေး တက္ကသိုလ်မှ ကျောင်းသား ဖြစ်သူ ရှမ်းကြီး(ခ) ဇော်မိုးအောင် နှင့် စိုင်းရဲသူရ စာရင်းအင်း ဒုတိယနှစ် (ဘ) ဦးမြိုင်ဆွေ ဟိုပင်မြို့ နေသူ တို့ပါဝင်သော (၉)ဦးအား မုံရွာ မြို့နယ် ရဲတပ်ဖွဲ့ မုံရွာ အမှတ် (၁/၂) ရဲစခန်း တို့မှ ပူးပေါင်း၍ ဖော်ထုတ် အရေးယူ ဖမ်းဆီး လိုက်ပြီ ဖြစ်ကြောင်း မုံရွာ စီးပွားရေး တက္ကသိုလ် အသိုင်း အ၀ိုင်း နှင့် ရဲတပ်ဖွဲ့ သတင်းများအရ သိရှိရကြောင်း Monywa Times သတင်းမှာ ဖော်ပြ ထားပါသည်။

မောင်အောင် ၀ိုင်းချစ်သူ မှာ မုံရွာမြို့၊ သလ္လာမြို့သစ်ရပ်ကွက်၊ ကျောက္ကာ လမ်း၌ တည်ရှိသော ရွှေမင်း သမီး အမျိုးသမီး ဘော်ဒါ ဆောင်ရှေ့၌ ယခုလ ၂၅ ရက်နေ့ ည ၁၀ နာရီခွဲ အချိန် ခန့်က ဖြစ်ပွားခဲ့သော အမှောင် ရိပ်ခို လူ ရိုက်ပွဲ ကြီးတွင် သေဆုံး ခဲ့ခြင်း ဖြစ်သည်။

သေဆုံး သူမှာ မုံရွာ စီးပွားရေ တက္ကသိုလ် ကျောင်း၌ စာရင်းအင်း ဘာသာရပ်အား ခုံအ မှတ် တစ/ ၁၇၇ ဖြင့် နောက်ဆုံးနှစ် တန်းခွဲတွင် ပညာ သင်ယူ နေသူ မောင်အောင် ၀ိုင်းချစ်သူ အသက် (၂၁)နှစ်၊ (ဘ)ဦးဌေးဝင်း ဆိုသူ ဖြစ်ကြောင်း၊ ၎င်းမှာ အင်းတော် မြို့နယ်၊ မော်သစ် ကျေးရွာ အုပ်စု၊ ရွာသာရွာမှ လာရောက် ပညာသင် ကြားနေသူ တစ်ဦးလည်း ဖြစ်ကြောင်း အဆိုပါ စီးပွားရေး တက္ကသိုလ် ကျောင်းသား မှတ်တမ်း ထိန်း စာ ရင်းများက ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သူက ရိုက်နှက် သတ်ပုတ် ခဲ့သည်ကို စုံစမ်း ဆောင်ရွက် နိုင်ရန် အတွက် သေဆုံး သူ၏ သူငယ်ချင်းဖြစ်သူ မောင်ရန်ပိုင် ထွန်းမှ မုံရွာအမှတ်(၂) ရဲစခန်း သို့ တိုင်တန်း ခဲ့ရာ ရဲစခန်းက (ပ) ၂၈၁/ ၂၀၁၃ ပြစ်မှုပူဒ်မ ၃၀၂ အရ အမှုဖွင့် လက္ခံ ခဲ့ပြီး အမှုအား ဆက်လက် ဆောင်ရွက်ခဲ့မှ တရားခံ များအား ဖမ်းဆီး ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ် သည်။ 

From: Thit Htoo Lwin Blog

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်