Monday, July 08, 2013

ဗုဒ္ဓဂါယာ မှာဗုံးကွဲမှုတွေ ဖြစ်ပွားတဲ့ ဓါတ်ပုံတွေ

Posted by drmyochit Monday, July 08, 2013, under | No comments

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီနဲ့ အနီး တဝိုက်မှာ တနင်္ဂနွေ မနက် ၆ နာရီ လောက်က ဗုံး ပါက်ကွဲမှု အသေးစား ၄ ခု လောက် ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် အနီး ဝန်းကျင်နေရာတွေမှာလည်း နောက်ထပ် ဗုံး ၅ လုံးလောက် ထပ်ပေါက်ခဲ့

မဟာဗောဓိ ညောင်ပင် ရှေ့က ခြေတော်ရာ နေရာမှာလည်း ပေါက်ကွဲခဲ့။ ဗုံးတွေဟာ ချိန်ကိုက်ဗုံးတွေ ဖြစ်ပြီး တလုံးနဲ့ တလုံး ၅ မိနစ်လောက်ခြား ပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်

ဂျပန် ဗုဒ္ဓရုပ်ပွားတော်ကြီး နားကလည်း မပေါက်သေးတဲ့ ဗုံးတလုံးကို ရှာတွေ့ခဲ့ပါတယ်။



ပေါက်ကွဲမှုကြောင့် မြန်မာ ဘုန်တော်ကြီး တပါး ဒဏ်ရာရလို့ ဆေးရုံ တင်လိုက် ရပါတယ်။


တိဘက် ဘုန်းတော်ကြီး တပါးနဲ့ ဒေသခံ လူ ၅ ဦးလည်း ဒဏ်ရာ ရရှိခဲ့
မပေါက်သေးတဲ့ ဗုံးတလုံးကို လုံခြုံရေးက စနက်တံဖြုတ် နေစဉ်။



ဘီဟား ပြည်နယ် ဝန်ကြီးချုပ် Nitish Kumar လည်း အခင်းဖြစ်တဲ့ နေရာကို ရောက်ရှိလာခဲ့ပါတယ်။

အခုတော့ ဗဟာဗောဓိ ကျောင်းတော် တဝိုက် လုံခြုံရေး ကို တိုးမြှင့် ချထားလိုက်ပါပြီ


From: BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်