ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က ထိုင်းအစိုးရ လူကုန်ကူးမှုအဖွဲ့DSI,မြန်မာအလုပ်သမားကူညီစောင့် ရှောက်ရေးကော် မတီ ညွန်ကြားရေးမှူး၊ ထိုင်းတောင် ပိုင်းအခြေစိုက်ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED နှင့် ဘန်ကောက် အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ MATတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ ကြခြင်း ဖြစ်သည်။
ရန်ကုန်မြို့ မြောက်ဥက္ကလာပ မှ ပွဲစား ဒေါ်သက်သက်ဝင်း နှင့် မစုမာ တို့ ၂ဦးတို့ထွက်ပြေးသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ကြရသည်။
၎င်းတို့ရောင်းစားထားသည့်ကိုမင်းဇေါ်၊ မော်ဇေါ်ဦး၊ မောင်နိုင်ဘို၊ မောင်သက်အောင်၊၊မောင်ဇင်မျိုးနိုင်၊ ကိုသက်နိုင်၊ မောင်ဝင်းနိုင်ထွန်း၊ မောင်ကျော်ဆွေ နှင့် မောင်စံလင်း တို့၉ဦး တို့ကို ကယ်ထုတ်နိုင်ခဲ့ကြသည်။ သည်။
ထိုသူတို့ရောင်းစားခံနေရကြောင်း မြန်မာအစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့MAU မှ ထိုင်း အစိုးရလူကုန်ကူးမှုအထူးထောက်လှမ်းရေး DSIနှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ တို့ထံသို့ ပူးပေါင်း အကူညီတောင်းခဲ့ခြင်းဖြစ်သည်။
မေလ ၁၇ ရက်နေ့ကလည်း အဆိုပါ နာနတ် သီးစက်ရုံမှ အဆိုပါ ပွဲစားများ ရောင်းစားထားသူများဖြစ်ကြသော တောသား အသက် ၂၀နှစ်၊ ဇေါ်ဦးမောင် ၂၄နှစ်၊ ဘိုလိုလတ် အသက် ၂၄ နှစ်၊ မောင်သက်အောင် ၂၅ နှစ်၊ ကျော်ရွှေ ၂၇ နှစ်၊ သက်နိုင် ၃၆ နှစ်နှင့် မင်းဇေါ် ၃၆ နှစ်တို့ကို ပထမ တစ်ကြိမ် ပူးပေါင်းအဖွဲ့တို့ ကယ်ထုတ်ခဲ့ကြပြီးဖြစ်သည်။
၎င်းတို့အားလုံး ရန်ကုန်မြို့ မြောက်ဥက္ကလာပရပ်ကွက်မှ ဖြစ်ကြပြီး တရပ်ကွက်တည်းနေ မ၀င်းသန္တာအောင်မှ မြ၀တီတွင်ကြိုက်သည့်အလုပ်လုပ်တစ်လကိုကျပ်ငွေသုံးသိန်းရသည်ဟု ပြောဆိုစည်းရုံး သဖြင့် မိမိတို့စရိတ်ဖြင့် လာခဲ့ကြကြောင်း ကိုမင်းဇေါ်ကပြောသည်။
“ ပုလိပ်တွေလာမယ်ဆိုပြီး ကျနော်တို့ဆီမှာသတင်းေ ပါက်နေ တယ်၊ ဒါကြောင့် ကျနော် တို့ဆီက လက်ကိုင် ဖုန်းကိုပွဲစား ဒေါ်သက်သက်ဝင်းကအကုန်သိမ်းထားပါတယ်။ ကျနော်တို့ကို ထပ်ခိုးပေါ်မှာဝှက်ထားပါတယ်။
ညနေလစ်တာနဲ့ ကျနော်တို့ ထွက်ပြေးကြတာပါ။ ကျနော်တို့ကို တိရိစ္ဆာန် တစ်ကောင်လိုခိုင်း
ပါတယ်။ ထမင်းဟင်း မကောင်းဘူးလို့ပြောတော့ ပွဲစား ဒေါ်စုမာကအပျော်ထမင်းချက်စား ထွက်တာ မဟုတ်ဘူး၊ စီးပွားလာရှာတာတဲ့။ ကျွေးသလိုစားတဲ့၊ ကျနော်တို့ ၀က်စာလိုထမင်းကို စားရပါတယ်။ ဘယ်မှ မသွားရပဲ အခန်းထဲမှာ အစောင့်နဲ့ ထားပါတယ်” ဟုပြောသည်။
ရွှေလုပ်သား
သတင်းပေါင်းစုံ
0 comments:
Post a Comment