Friday, August 23, 2013

အကြမ်းဖက် လုပ်ရပ် များကို ကာကွယ်ရန် ရဲနှင့် စစ်တပ် လုံခြုံရေး တစ်နိုင်ငံလုံးတွင် တင်းကျပ်

Posted by drmyochit Friday, August 23, 2013, under | No comments

ရန်ကုန် ၊ သြဂုတ် ၂၂ ။               ။ အစွန်းရောက် အဖွဲ့ အစည်း များမှ အကြမ်းဖက် လုပ်ရပ်များ မြန်မာနိုင်ငံတွင် လုပ်ဆောင်မည်ဟု ထွက်ပေါ် နေသော သတင်းများအရ ကာကွယ် နှိမ်နင်း မှုများ ပြုလုပ်ရန် အတွက် မြန်မာ တစ်နိုင်ငံလုံးတွင် စစ်တပ်နှင့် ရဲလုံခြုံရေးများ တင်းကြပ်စွာ ချထားကြောင်း နိုင်ငံဖြတ်ကျော် မှုခင်း ရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။

မြန်မာ နိုင်ငံရှိ နယ်စပ်များ အားလုံးတွင် စစ်တပ်နှင့် ရဲများ ပါဝင်သော လုံခြုံရေးများ ချထား ပြီးဖြစ်ကာ အိမ်နီးချင်း နိုင်ငံ များမှ လူမျိုးခြားများ ဝင်ရောက်မှုများ မရှိစေရေး ဆောင်ရွက်နေ ကြောင်း၊ ၎င်းအပြင် လုံခြုံရေး ကင်မရာ များဖြင့်လည်း လူဝင် လူထွက် များကို စောင့်ကြည့် နေကြောင်း သိရသည်။

နိုင်ငံဖြတ်ကျော် မှုခင်း ဌာ နမှ အဆင့်မြင့် အရာရှိက ''အဓိက ကတော့ ရခိုင်ပြည် နယ်စပ်နဲ့ ချင်းပြည်နယ်၊ တနင်သာရီတွေဘက်ကို အဓိကထား စောင့်ကြပ်နေ ပါတယ်။ တခြား နေရာ တွေမှာလည်း လိုအပ် သလို လုံခြုံရေး ချထားတယ်။ မသင်ကာ သူတွေ့ရင် ချက်ချင်း ဖမ်းစစ်။ အဲဒီလို လုပ်နေရတယ်။ အခု ထွက်ပေါ် နေတဲ့ မြန်မာ နိုင်ငံမှာ အကြမ်းဖက် ဖောက် ခွဲမှုတွေ လုပ်မယ် ဆိုတဲ့ သတင်း တွေကတော့ မှန်မမှန် စိစစ် နေတုန်းပါ။ ဒါပေမဲ့ သတိတော့ထား ရမဲ့အခြေ အနေ ရှိတယ်။ မဖြစ်ခင် ကြိုကာ ရမဲ့ ကိစ္စတွေရှိတယ်။ လိုအပ်တဲ့ လူအင်အား၊ လက်နက် အင်အား အဆင်သင့်နဲ့ လုံခြုံရေး အတွက် ဆောင်ရွက် နေပါတယ်''ဟုပြောသည်။

ထို့အပြင် အီးယူနှင့် အမေရိကန် နိုင်ငံ များမှ အကြမ်း ဖက်မှု တိုက်ဖျက်ရေးနှင့် ပတ်သက် သည့် သင်တန်း များကို မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား သင်တန်း ပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွက် စုံစမ်းမှု များနှင့် နှိမ်နင်းမှု နည်းစနစ် များကို မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိကြီး များကို သင်ကြား ပေးနေကြောင်း သိရသည်။

ကျော်မြတ်ဇံ

From: Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်