Thursday, August 22, 2013

မူဆလင်ဘရားသားဟုဒ်ခေါင်းဆောင် ဖမ်းဆီးခံရ

Posted by drmyochit Thursday, August 22, 2013, under | No comments


အီဂျစ်နိုင်ငံ၏မူဆလင်ညီအစ်ကိုတော်များအဖွဲ့ အဓိကခေါင်းဆောင်မိုဟာမက်ဘာဒီ၇၀နှစ်
အားအီဂျစ်အာဏာပိုင်များမှဖမ်းဆီးထိန်းသိမ်းခဲ့ ကြောင်းသိရသည်။ရဲများ၏ဖမ်းဆီးထိန်း
သိမ်းမှုအောက်တွင်ရှိသောမူဆလင်ညီအစ်ကိုတော်များအဖွဲ့ မှ အကျဉ်းသား၃၇ဦးသေဆုံး
ပြီးနောက် မတည်မငြိမ်ဇြစ်နေသော ဆိုင်းနိုင်းကျွန်းဆွယ်တွင် စစ်သွေးကြွများကရဲ၂၅ဦး
အားပစ်သတ်ခဲ့ ကြောင်းသိရသည်။


မော်စီဆန့်ကျင်သူများဆန္ဒပြစဉ် သေဆုံးမှုများအပေါ်ရာဇ၀တ်မှုဖြင့်စွဲဆိုကာမူဆလင်
ဘရားသားဟုဒ်များကိုဖမ်းဆီးခဲ့ရာအများအပြားဖမ်းဆီးထိန်းသိမ်းခံရပြီးအချို့ ထွက်ပြေး
လွတ်မြောက်သွားခဲ့ သည်ဟုဆိုသည်။ဘာဒီ၏ ရုပ်ပုံအားရုပ်သံမှ ထုတ်လွှင့်ပြသခဲ့ သည်
ဟုဆိုသည်။လုံခြုံရေးတပ်များနှင့် ဖြုတ်ချခံသမ္မတမော်စီထောက်ခံသူများအကြားရုန်းရင်း
ဆန်ခတ်ဖြစ်မှုကြောင့်ယနေ့ အထိလူပေါင်း၉၀၀နီးပါးသေဆုံးခဲ့ပြီးဖြစ်သည်။လောလော
လတ်လတ်အုံကြွမှုသည် အီဂျစ်စစ်ဘက်အကြီးအကဲဗိုလ်ချုပ်ကြီးအယ်လ်စီစီကအကြမ်းဖက်
ဆူပူအုံကြွသူများအပေါ်အင်အားသုံးဖြေရှင်းတော့မည်ဟုထုတ်ဖော်ပြောကြားအပြီးပေါ်ထွက်
လာခဲ့ ခြင်းဖြစ်သည်။


ထိုစဉ်အတွင်း ယခင်သမ္မတဟောင်း မူဘာရက်အပေါ်စွဲချက်တင်မှုလေးခုတွင် တတိယမြောက်
စွဲချက်မှခြွင်းချက်ဖြင့်လွတ်မြောက်ခဲ့သော်လည်းစတုတ္ထစွဲချက်တစ်ခုကျန်ရှိနေသေးကြောင်း
သိရသည်။အီဂျစ်နိုင်ငံခြားရေးဝန်ကြီးကအီဂျစ်နိုင်ငံသည်လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိ
နေကြောင်းဆူဒန်တွင်ပြောကြားခဲ့သည်။ဆန္ဒပြသူများအားကျည်ဆံအစစ်များရဲကအသုံးပြုနေ
မှုများအပေါ်အလျင်အမြန်ပယ်ဖျက်ပေးရန် Human Right Watch မှတောင်းဆိုခဲ့ သည်။
အီဂျစ်နိုင်ငံတွင် အဓိကအချက်မှာ ဒီမိုကရေစီမဟုတ်ဘဲအစိုးရယန္တရားလည်ပတ်ရန်သာ
ဖြစ်ကြောင်းအုပ်ချုပ်ရေးအရာရှိတစ်ဦးကပြောကြားခဲ့ပြီးအီဂျစ်စစ်တပ်အား ၀ါရှင်တန်မှထောက်ခံ
ရန်ဂျေရုဆလင်ပို့ စ်အားထုတ်ဖော်ပြောဆိုခဲ့ သည်။


Ref_AFP/ACSP

From: Opp

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်