Tuesday, August 13, 2013

Haswell chip ပါဝင်သည့် Latitude 7000 series Ultrabook များကို Dell မိတ်ဆက်

Posted by drmyochit Tuesday, August 13, 2013, under | No comments



Dell ကုမ္ပဏီက Haswell chip များ အသုံးပြုထားသော Latitude7000 series Ultraboook များကို မိတ်ဆက်ပေးခဲ့သည်။

၁၂.၅ လက်မ E7240 နှင့် ၁၄ လက်မ E7440 တို့တွင် စွမ်းအင်သုံးစွဲမှု သက်သာသော Intel 1.7 GHz Core i3 CPU ကို အသုံးပြုထားသည်။ ၎င်း Ultrabook များကို အလူမီနီယံ ကိုယ်ထည်နှင့် ပြုလုပ် ထားပြီး အထူမှာ  ၀.၈ လက်မသာ ရှိသည်။ ဖုန်ဝင်ခြင်း၊ ရေစိုခြင်းနှင့် ရှော့ခ်ခြင်း တို့ကိုခံနိုင်သည်။ Dell ၏ WiGig Wireless Dock နှင့် WiDi တို့ကို ထောက်ပံ့ပေးထားသည်။

အဆိုပါ Latitude Ultrabook နှစ်မျိုးတွင် 1,366x768 display နှင့် 4GB RAM တို့ကို အသုံးပြုထားသည်။ တန်ဖိုးမှာ 128GB SSD ပါဝင်သည့် E7240 အတွက် အမေရိကန်ဒေါ်လာ ၁,၁၆၉ ကျသင့်မည်
ဖြစ်သည်။ 320GB hard drive ပါဝင်သည့် E7440 အတွက် အမေရိကန်ဒေါ်လာ ၁,၀၄၉ သတ်မှတ်ထားသည်။

-နောင်နောင်
Ref: Engadget
အတွဲ (၁၄)၊ အမှတ် (၃၁)
Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်