Thursday, August 15, 2013

iPhone 5 ပေါက်ကွဲရာမှ အမျိုးသမီးတစ်ဦး မျက်လုံးထိခိုက်ခဲ့ဟုဆို

Posted by drmyochit Thursday, August 15, 2013, under | No comments



Appleကုမ္ပဏီ၏ စမတ်ဖုန်းဖြစ်သော iPhone 5၏ လုံခြုံရေးဆိုင်ရာ မေးခွန်းထုတ်စရာ အခြေအနေများ ထပ်မံပေါ်ပေါက်လာကြောင်း သိရသည်။ မကြာသေးမီ လပိုင်းက တရုတ်နိုင်ငံတွင် လေယာဉ်မယ်တစ်ဦး အားသွင်းထားသည့် iPhone 5ဖြင့် ဖုန်းပြောနေစဉ် ဓာတ်လိုက် သေဆုံးခဲ့ပြီး ယခုတစ်ဖန် တရုတ်နိုင်ငံတွင်ပင် iPhone 5ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး မျက်လုံး ထိခိုက်မှု ဖြစ်ပွားခဲ့ပြန်ကြောင်း သတင်းများက ဆိုသည်။ Cnet သတင်းဌာနက တရုတ်မီဒီယာများ၏ အဆိုကို ကိုးကားပြီး iPhone 5သည် အမျိုးသမီး၏ လက်ထဲတွင်ပင် ပေါက်ကွဲခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ လီဟုသာ အမည်ဖော်ပြသော အမျိုးသမီးသည် ယင်းဖြစ်စဉ်တွင် မျက်စိကွယ်လုလုထိ ဖြစ်ခဲ့ကြောင်းလည်း ကာယကံရှင် ကိုယ်တုင်က ဒါလီယန် ညနေခင်း သတင်းစာသို့ ပြောကြားမှုအရ သိရှိရသည်။

လီသည် iPhone 5ဖြင့် မိနစ်(၄၀)မျှကြာအောင် ဆက်တိုက် ဖုန်းပြောနေခဲ့သည်။ ထို့နောက် သူမ၏ပါးတွင် ဖုန်းScreen၏ ပူနွေးလာမှုကို ခံစား သိရှိလာသည့်နောက် စကားပြောမှုကို အဆုံးသတ်လိုက်သည်။ လီက ဖုန်းကို စစ်ဆေးကြည့်ရာ ဖုန်း၏ Screenသည် တုံ့ပြန်နိုင်စွမ်း မရှိဘဲ ရပ်တန့်နေသည်ကို တွေ့ရှိခဲ့ရသည်။ မကြာမီမှာပင် သူမလက်ထဲ ကိုင်ထားသော ဖုန်းက ပေါက်ကွဲမှု ဖြစ်ပွားကာ အစအနများက မျက်လုံးကို စင်ခဲ့ခြင်းဟု လီက ရှင်းပြခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် အနီးအနားမှ လူများက လီကို ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ရသည်။ ဖုန်းများ ပေါက်ကွဲမှုသည် Appleသာ ကြုံရခြင်း မဟုတ်ဘဲ ၎င်း၏ပြိုင်ဘက် Samsung အတွက်ပါ ပြဿနာ တစ်ခုဖြစ်နေသည်။ ပြီးခဲ့သည့်လက ဟောင်ကောင်တွင် နေထိုင်သူ တစ်ဦး က Galaxy S4ဖုန်း ပေါက်ကွဲမှုကြောင့် မိမိအိမ် မီးလောင်ကျွမ်းခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သေးသည်။

လေယာဉ်မယ် အမျိုးသမီး ဓာတ်လိုက် သေဆုံးမှုတွင် Appleက အားသွင်းသော Chargerသည် မိမိတို့ ကုမ္ပဏီထုတ် မဟုတ်သည်ကို ထောက်ပြ အပြစ်တင်ခဲ့ပြီး ယခုကိစ္စတွင်မူ တစ်စုံတစ်ရာ မှတ်ချက် မပေးသေးချေ။ ဒါလီယန် ညနေခင်း သတင်းစာတွင် ဖော်ပြခဲ့သည့် ဖော်ပြထားမှုနှင့် ပတ်သက်ပြီး Apple၏ ဝန်ဆောင်မှု ဌာနက ပိုမို တိကျစွာ စုံစမ်းမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း ဝေဖန်ခဲ့သည်။ လီကမူ သူမအနေဖြင့် Appleထံမှ တစ်စုံတစ်ရာ နစ်နာကြေး တောင်းဆိုလိုသော အစီအစဉ်မျိုး မရှိဟု ပြောကြားထားသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်