သက်ကြီးရွယ်အို ဘိုးဘွားများ အတွက်
နေ့ပိုင်း စောင့်ရှောက်ရေး အခမဲ့ ဂေဟာ ( Day care centre foe the Aged ) ကို လာမည့်
အောက်တိုဘာလ အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး
နှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန မှ သိရသည်။
ဖွင့်လှစ်မည့် နေရာမှာ မရမ်းကုန်း မြို့နယ်
၊ ကမ္ဘာအေး ဘုရားလမ်း နှင့် ပါရမီ လမ်းထောင့်ရှိ လူမှုဝန်ထမ်း ဦးစီးဌာန ရုံးချုပ် အဆောက်အအုံ
ဟောင်းတွင် ဖွင့်လှစ်မည် ဖြစ်သည်။ အဆိုပါ သက်ကြီး ရွယ်အို နေ့ပိုင်း စောင့်ရှောက်ရေး
ဂေဟာတွင် ဆွေမျိုး ၊ သားသမီး မရှိဘဲ ပင်ပန်း ကြီးစွာ ရှာဖွေ စားသောက် ကြရသည့် ဘိုးဘွားများ
အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဘိုးဘွားရိပ်သာ ၇၀
ကျော်တွင် ဘိုးဘွား အရေအတွက် ၂၃၀၀ ကျော်ရှိပြီး နိုင်ငံတကာ နှင့် ယှဉ်လျှင် စောင့်ရှောက်မှုနှုန်း
နည်းပါး သေးကြောင်း ၊ သက်ကြီး ရွယ်အို ၅ ဒသမ ၄ သန်းခန့် ရှိနေပြီး ၅၄၀၀၀၀ ခန့်မှာ အရေးပေါ်
ကူညီ စောင့်ရှောက်မှု လိုအပ် နေသည်ဟု လည်း သိရှိရသည်။ (၄၀၁)
0 comments:
Post a Comment