Sunday, November 10, 2013

သီလဝါ ရွှေ့ပြောင်းအိမ်ထောင်စုများအတွက် ပြန်လည် နေရာချထားရေး စီမံချက် ထုတ်ပြန်

Posted by drmyochit Sunday, November 10, 2013, under | No comments


သီလဝါ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်း ဧရိယာအတွင်းရှိ အိမ်ထောင်စုများအတွက် ပြန်လည် နေရာချထားရေးနှင့် ပတ်သက်သော အသေးစိတ် လုပ်ငန်းစီမံချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ဒေသခံများကို ပြန်လည် နေရာချထားရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ သာမက ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ကမ္ဘာ့ဘဏ်တို့၏ ပြန်လည် နေရာချထားခြင်းဆိုင်ရာ လမ်းညွှန်ချက်တို့ အတိုင်း လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

ြ်ပန်လည် နေရာချထား နေစဉ်နှင့် နေရာချထား ပေးပြီးချိန်တွင် ကျေနပ်မှု မရှိပါက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးသို့ တိုက်ရိုက် တင်ပြနိုင်ပြီး ၁၅ ရက်အတွင်း ပြေလည်မှု မရှိပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရသို့ လွှဲပြောင်းပေးမည်ဖြစ်ကာ ယင်းအဆင့်တွင်လည်း ၁၅ ရက်အတွင်း သဘောတူညီမှု မရှိလျှင် တရားရုံးသို့ လွှဲအပ်ပေးမည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းစီမံချက်တွင် ဖော်ပြထားသည်။


လက်ရှိတွင် ပြန်လည် နေရာချထားပေးမည့် နေရာတွင် ရာသီဥတု အခြေအနေကြောင့် အိမ်ဆောက်နိုင်ခြင်း မရှိသေးဘဲ လမ်းဖောက်ခြင်း၊ လျှပ်စစ်မီး သွယ်တန်းခြင်းနှင့် ရေတွင်းတူးခြင်း တို့ကိုသာ လုပ်ဆောင်နေကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ြ်ပန်လည် နေရာချထားရမည့် အိမ်ထောင်စုများ မူလဝင်ငွေ အခြေအနေ ပြန်လည် ရရှိရေးအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများ ပေးသွားမည် ဖြစ်ပြီး ယင်းအိမ်ထောင်စုများ၏ အခြေအနေကို သုံးနှစ်အကြာထိ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံ့ လျော်ကြေးပေးခြင်းနှင့် ပြန်လည် နေရာ ချထား ပေးခြင်းတို့ကို အဆိုပါ ပထမအဆင့် စီမံကိန်း အတွင်းရှိ ဒေသခံ အများစုက သဘောတူ လက်ခံကြသော်လည်း အိမ်ထောင်စုနှစ်စုက သဘောတူ လက်မှတ်ထိုးခြင်း မရှိဘဲ ငြင်းပယ်ထားကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သီလဝါ ပထမအဆင့် စီမံကိန်းကို မြေဟက်တာ ၄၀၀ နီးပါးတွင် အကောင်အထည် ဖော်မည် ဖြစ်ပြီး ယင်းဧရိယာ အတွင်းတွင် အိမ်ထောင်စုပေါင်း ၈၁ ခုနှင့် လူဦးရေ စုစုပေါင်း ၃၈၂ ဦး ရှိကြောင်း စီမံ ခန့်ခွဲမှု ကော်မတီက ထုတ်ပြန်သည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်