Tuesday, November 12, 2013

လုပ်ကြံခံရသော သေနတ်ပစ် အားကစားသမားဟောင်းအမှုတွင် သတ်ခိုင်းကြောင်း ယောက္ခမဝန်ခံ

Posted by drmyochit Tuesday, November 12, 2013, under | No comments


နိုင်ငံ့လက်ရွေးစင် သေနတ် ပစ်အားကစားသမားဟောင်း ဂျက်ခရစ်သည် လွန်ခဲ့သောလ က ၎င်း၏ကိုယ်ပိုင်ကားအတွင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ ခြင်းဖြစ်သည်။ မစ္စဆူရန်က ၎င်း ၏သမီးဖြစ်သူ ဒေါက်တာနစ်တီ ဝက်ဒီကို သမက်ဖြစ်သူက နှိပ်စက် ညှဉ်းပန်းခြင်းကြောင့် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ် သည်ဟု ဝန်ခံခဲ့ သည်။

အသက်၇၂နှစ် ရှိပြီဖြစ်သော မစ္စဆူရန်က ၎င်း၏ တစ်ဦးတည်း သော သမီးလေးသည် ယောက်ျား အား လွန်စွာ ချစ်မြတ်နိုးကြောင်း နှင့် သမက်ဖြစ်သူက သားအမိ နှစ်ဦးစလုံးအပေါ်တွင် အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး သားအမိနှစ်ဦးမှာ တစ်ဦးကို တစ်ဦး ဖြေသိမ့်နေခဲ့ရသည်ဟု ရင်ဖွင့်ခဲ့သည်။

ထို့နောက် သမက်ဖြစ်သူမှာ ထောင်ကျခဲ့ပြီး ထောင်မှ လွတ် မြောက်လာသောအခါ ယခင်အတိုင်းပင် ဇနီးဖြစ်သူကို ရိုက်နှက် ခြင်းများပြုလုပ်ခဲ့ပြီး မိမိအနေ ဖြင့် ဝင်ရောက်ပြောဆိုနိုင်စွမ်းမ ရှိခဲ့ကြောင်း ပြန်လည်ပြောပြခဲ့ သည်။ သမီးဖြစ်သူမှာလည်း လင် ယောက်ျားကိုအပြစ်မမြင်ဘဲ ဆက် လက်ပေါင်းသင်းခဲ့ပြီး တတိယ မြောက်ကိုယ်ဝန်မှာ ယောက်ျား ၏ရိုက်နှက်ညှဉ်းပန်းမှုကြောင့် ပျက်ကျခဲ့ရသည်ဟု ဆိုသည်။

ထို့ကြောင့် မိမိသည် သမက် အား သတ်ရန်အတွက် သေနတ် သမားကို ငှားရမ်း စီစဉ်ခဲ့ခြင်းဖြစ် သည်ဟု အကြောင်းစုံကို ဝန်ခံခဲ့ သည်။ မစ္စဆူရန်သည် လူသတ်မှု ၏ နောက်ကွယ်မှ တရားခံမှန်း သမီးဖြစ်သူ သိရှိသောအခါ မိခင် ဖြစ်သူ၏ သူမအပေါ်ချစ်ခင်သော စိတ်ကိုသိရှိနားလည်၍ မိခင် အစားထောင်ကျခံရန် ကြိုးပမ်းခဲ့ သည်ဟု သိရသည်။ ထိုင်းရဲ အာဏာပိုင်များ သည် အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲ အချိန်တွင် မစ္စဆူရန်က ယခုကဲ့သို့ ဝန်ခံလိုက်ခြင်းဖြစ်သည်ဟု သိရ သည်။

Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်