Wednesday, November 20, 2013

ယုံချင်ယုံ မယုံလျှင် ပုံပြင်မှတ်ဟု ပြောရအောင်ကလည်း

Posted by drmyochit Wednesday, November 20, 2013, under | No comments


ယုံချင်ယုံ မယုံလျှင် ပုံပြင်မှတ်ဟု ပြောရအောင်ကလည်း ဒုတိယ ကမ္ဘာစစ်ကြီးက ယုံတမ်းစကား ပုံပြင် လည်း မဟုတ်၊ စိတ်ကူးယဉ် ဒဏ္ဍာရီလည်း မဟုတ်လေတော့ အတော်စဉ်းစားရ ခက်နေပါသည်။ ကမ္ဘာ စစ်ကြီး အမှန်တကယ် ဖြစ်ပွားခဲ့သောကြောင့် အသက်နှင့်ပစ္စည်း အိုးအိမ်များ သန်းနှင့်ချီ၍ ဆုံးရှုံးခဲ့ရ သည်ကို လူတိုင်းအသိပါပင်။ သို့သော်လည်း ၎င်းကမ္ဘာနှင့် ဆက်နွယ်နေသော အဓိက စစ်ခေါင်းဆောင် ကြီးများ၏ လျှို့ဝှက် အံ့သြမှု တရပ်ကိုတော့ လူတိုင်းမသိကြသေး။


နက်နဲဆန်းကြယ်လှစွာသော တိုက်တိုက်ဆိုင်ဆိုင်


ကမ္ဘာကို မီးဟုန်းဟုန်း တောက်လောင်စေခဲ့သော စစ်ခေါင်းဆောင်ကြီး (၅)ဦးတို့၏ နက်နဲ ဆန်းကြယ် လှသည့် နောက်ကြောင်း ရာဇ၀င် အချက်အလက်များက အလွန်စိတ်ဝင်စားဖွယ် ကောင်းလှပါ၏။


ကမ္ဘာကို ဂယက်ရိုက်စေခဲ့သော စစ်ခေါင်းဆောင်ကြီး (၅)ဦးတို့မှာ ဟစ်တလာ၊ ချာချီ၊ ရူးစဗဲလ်၊ စတာလင်၊ တိုဂျို တို့ဖြစ်ကြပါသည်။


အထက်ပါ (၅)ဦးတို့သည် ကမ္ဘာ တနေရာဆီမှာ နေကြသော်လည်း တဦးနှင့်တဦး အတိတ် နိမိတ်ချင်း ဆက်သွယ်နေကြောင်း ကာယကံရှင်တို့ကိုယ်တိုင် မသိလိုက်ကြပေ။ 'ဘယ်ဘ၀က ရေစက်ဆုံလာလို့လဲမသိ' ဟု ပြောယူရလောက်အောင် သူတို့၏ ဘ၀ဇာတာသည် မွေးကတည်းကပင် အဆက်အစပ် ရှိနှင့်ပြီးဖြစ်၏။


တစ်ယောက်စီ၏ အကြောင်းအချက်ကို တင်ပြရသော် .....


1. ပထမ စစ်ခေါင်းဆောင် ဟစ်တလာ


သူသည် နာဇီဂျာမနီ၏ စစ်အာဏာရှင် ဖြစ်၏။ သူ၏နောက်ခံ ရာဇ၀င်ကား ...


မွေးသက္ကရာဇ် 1889


သက်တမ်း 55


အာဏာရသည့်နှစ် 1933


အာဏာသက်တမ်း 11


စုစုပေါင်း 3888


2. ဒုတိယ စစ်ခေါင်းဆောင် ၀င်စတန် ချာချီ


သူသည် အင်္ဂလန်နိုင်ငံ၏ ၀န်ကြီးချုပ် ဖြစ်၏။ သူ၏နောက်ခံ ရာဇ၀င်ကား ...


မွေးသက္ကရာဇ် 1874


သက်တမ်း 70


အာဏာရသည့်နှစ် 1940


အာဏာသက်တမ်း 4


စုစုပေါင်း 3888


3. တတိယ စစ်ခေါင်းဆောင် ရူးစဗဲလ်


သူသည် အမေရိကန်နိုင်ငံ၏ သမ္မတ ဖြစ်၏။ သူ၏နောက်ခံ ရာဇ၀င်ကား ...


မွေးသက္ကရာဇ် 1882


သက်တမ်း 62


အာဏာရသည့်နှစ် 1933


အာဏာသက်တမ်း 11


စုစုပေါင်း 3888


4. စတုတ္ထ စစ်ခေါင်းဆောင် ဂျိုးဇက်စတာလင်


သူသည် ရုရှားနိုင်ငံ၏ စစ်ဗိုလ်ချုပ်ကြီး ဖြစ်၏။ သူ၏နောက်ခံ ရာဇ၀င်ကား ...


မွေးသက္ကရာဇ် 1879


သက်တမ်း 65


အာဏာရသည့်နှစ် 1924


အာဏာသက်တမ်း 20


စုစုပေါင်း 3888


5. ပဉ္စမ စစ်ခေါင်းဆောင် တိုဂျို


သူသည် ဂျပန်နိုင်ငံ၏ ရေတပ်ဦးစီးချုပ် ဖြစ်၏။ သူ၏နောက်ခံ ရာဇ၀င်ကား ...


မွေးသက္ကရာဇ် 1884


သက်တမ်း 60


အာဏာရသည့်နှစ် 1941


အာဏာသက်တမ်း 3


စုစုပေါင်း 3888


ရွှေမြို့တော်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်