Wednesday, December 11, 2013

Little India ဆူပူမှု ကိုင်တွယ်ဖြေရှင်းပုံအဆင့်ဆင့် စင်္ကာပူရဲတပ်ဖွဲ့ထုတ်ပြန်

Posted by drmyochit Wednesday, December 11, 2013, under | No comments

စင်္ကာပူရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့သော Little India ဆူပူမှု၌ ၎င်းတို့ ကိုင်တွယ်ဖြေရှင်းပုံအဆင့်ဆင့်အား အများပြည်သူသိရှိစေရန် အင်္ဂါနေ့ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထုတ်ပြန်ခဲ့သည်။

စင်္ကာပူရဲတပ်ဖွဲ့က ထုတ်ပြန်သော Little India ဆူပူမှု ကိုင်တွယ်ဖြေရှင်းပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။

၉နာရီ ၂၃ မိနစ် – ပြင်းထန်သော ကားမတော်တဆဖြစ်ပွားမှု ရဲအား သတင်းပေးပို့မှု လက်ခံရရှိ

၉နာရီ ၂၄ မိနစ် – စင်္ကာပူကာကွယ်ရေးတပ်ဖွဲ့အား ထိုမတော်တဆမှုကို အသိပေးခဲ့

၉နာရီ ၃၁မိနစ် – ပထမဆုံး လူနာတင်ယာဉ် (ဆေးရုံကား) အခင်းဖြစ်ရာသို့ ရောက်ရှိ

၉နာရီ ၃၇မိနစ် – စင်္ကာပူရှေ့ပြေး ရဲတပ်ဖွဲ့အမြန်ယာဉ် အခင်းဖြစ်ရာသို့ ရောက်ရှိ

၉နာရီ ၃၈မိနစ် – ပထမဆုံး First Engine ယာဉ်ရောက်ရှိ ။ ထိုအချိန်တွင် လူတစ်ရာခန့်အုံနေပြီဖြစ်သည်။

၉နာရီ ၄၁မိနစ် – ရဲအကူတပ်ဖွဲ့ဝင်များ စတင်ရောက်ရှိ

၉နာရီ ၄၅မိနစ် – လူစုလူဝေးဟာ ၄၀၀ခန့် ရှိလာပြီဖြစ်သည်။

၉နာရီ ၅၄မိနစ် – ကားတိုက်ခံရသူ၏ ရုပ်အလောင်းအား ဘတ်စ်ကားအောက်မှ ဆွဲထုတ်ယူနိုင်ခဲ့သည်။
လူအုပ်က အရေးပေါ်ကယ်ဆယ်ရေး အရာရှိများအား စတင်ပစ်ပေါက်ပြီး ရေမြောင်းဖုံးကဲ့သို့သော အန္တရာယ်ရှိသည့် ပစ္စည်းများအား ကိုင်ဆောင်ထားကြောင်း တွေ့ရှိရ

၁၀နာရီ ၁၁မိနစ် – ဘတ်စ်ကားမောင်းသူနှင့် အချိန်မှတ်သားသူအား ဆေးရုံကားဆီသို့ ရဲများက အကာအကွယ်ပေး ခေါ်ယူလာခဲ့သည်။ ထိုအချိန်တွင် လူအုပ်က စတင်ကြမ်းလာခဲ့ကာ ရဲများ၏လုပ်ဆောင်ချက်များအား တားဆီးခဲ့ကြသည်။

၁၀နာရီ ၃၀မိနစ် – ပထမဆုံးသော အထူးတပ်ဖွဲ့အရာရှိများ Special Operations Command (SOC) စတင်ရောက်ရှိလာသည်။

၁၀နာရီ ၃၇မိနစ် – စင်္ကာပူတစ်နိုင်ငံလုံးရှိ ရဲကားများအား အရေးတကြီးအခြေအနေအဖြစ် ခေါ်ခဲ့ရာ စုစုပေါင်း ရဲကား (၅၃)စီးအထိ ရောက်ရှိလာသည်။

၁၀နာရီ ၄၄မိနစ် – SOC အထူးတပ်ဖွဲ့အရာရှိများက အဖွဲ့ဖြင့် လူစုကွဲအောင် စတင်ဆောင်ရွက်သည်။ ရဲများက သံသယရှိသူများကို ဖမ်းဆီးသည်။

၁၁နာရီ ၄၅မိနစ် – လူစုကွဲသွားပြီဖြစ်သည်။

၁၂နာရီ ၀၁မိနစ် – အခင်းဖြစ်ရာနေရာတွင်ပင် စစ်ဆေးမေးမြန်းခြင်းပြုလုပ်သည်။

၁၂နာရီ ၃၉မိနစ် – စင်္ကာပူဒုဝန်ကြီးချုပ် Teo Chee Hean နှင့် စင်္ကာပူဒုရဲချုပ် T. Raja Kumar တို့ ရောက်ရှိလာသည်။

၀၅နာရီ ၀၃မိနစ် – စင်္ကာပူ စည်ပင်က စတင်ပြီး သန့်ရှင်းရေးပြုလုပ်သည်။

၀၆နာရီ ၃၀မိနစ် – အခင်းဖြစ်ရာလမ်းများတွင် ကားများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။

Source : Straitstimes
ပုံရိပ်(burmesehearts.com)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်