ဒေသဆိုင်ရာ အရာရှိတစ်ဦးဖြစ်သည့် မိုဟာမက် အွန်ဘာဘီကလည်း ထိုကြိမ်ဒဏ်စီရင်သည့်ပွဲကို လာရောက်ကြည့်ရှုရမည်ဟု အမိန့်ထုတ် ထားသည်။ မိုဟာမက်က ကြိမ်ဒဏ်စီရင်ခြင်းကို ကွက်လပ်တစ် ခုတွင် ကျင်းပမည်ဖြစ်ပြီး လူငယ်တိုင်း လာကြည့်ရန် အမိန့်ထုတ်ထားကြောင်း၊ ပထမဦးဆုံးအကြိမ် အပြစ်ပေးခြင်းဖြစ် သဖြင့် စံပြအဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မိန်းကလေးတွင်ကိုယ်ဝန် ၃ လရှိနေပြီး၊သားတစ်ယောက် လည်းရှိနေသေးကြောင်း၊ သို့သော် သူနှင့်အတူနေ ယောက်ျားလေး
မိတ်ဆွေမှာ လက်ထပ်ထိမ်းမြားထားခြင်းမရှိသဖြင့် ထိုသို့အပြစ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စစ်ခေါင်းဆောင် အန်ဆာ ဒိုင်းသည် အစ္စလမ်ဥပဒေကို တိကျစွာလိုက်နာပြီး၊ အစ္စလမ်ဥပဒေအရ ကြိမ်ဒဏ် အချက် ၁၀၀ စီရင်ခြင်းဖြစ်သည်ဟုဆိုသည်။ မြို့တော်ရှိ ရဲအရာရှိတစ်ဦးကလည်း လက်ထပ်ထိမ်းမြားခြင်း မရှိဘဲ ကလေးယူထားသည့် အခြား အမျိုးသမီး ၆ ဦးလည်း ရှိသေးကြောင်း၊ ထိုသူများကိုလည်း မကြာမီ အစ္စလမ်ဥပဒေအရ တရားစီရင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
0 comments:
Post a Comment