Tuesday, May 20, 2014

ရွှေတောင်မြို့၌ တွေ့ရှိသည့် ရှေးဟောင်း ဆင်းတုနှင့်စေတီ များ မည်မျှရှေးကျကြောင်း အတည်မပြုနိုင်သေး

Posted by drmyochit Tuesday, May 20, 2014, under | No comments

ရွှေတောင်မြို့၌ တွေ့ရှိသည့် ရှေးဟောင်းဆင်းတုတော်နှင့် စေတီများအား တွေ့ရစဉ်။ ဓာတ်ပုံ- သီဟလွင်

ရန်ကုန်၊ မေ ၁၉- ပဲခူးတိုင်း အ နောက်ပိုင်း ရွှေတောင်မြို့နယ် ပေကုန်း ကျေးရွာအနီးရှိ တောအုပ်အတွင်းမှ ရဟန္တာရုပ်ထုဟု ယူဆရသော ထိုင် တော်မူရုပ်ထု ၈ဝနှင့် စေတီပျက် ကိုးဆူ ကို ရှာ ဖွေတွေ့ရှိခဲ့သော်လည်း မည် မျှ ရှေးကျသည်ကို အတည်မပြုနိုင် သေးကြောင်း သိရှိရသည်။

ပြည်မြို့ရှိ ရှေးဟောင်းသုတေ သနဌာနမှအရာရှိတစ်ဦးသည် မတ် ၈ရက်က ရှေးဟောင်းဘုရားများတည် ရှိရာနေရာသို့ရောက်ရှိလာပြီး မြေပုံ နှင့်တကွ သစ်ပင်ချုံနွယ်ပိတ်ပေါင်း များကို ရှင်းလင်းခိုင်းရာမှ အဆိုပါ ဆင်းတုတော်နှင့် စေတီများကို တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''အဲဒီနေရာကို ကျွန်တော်တို့ ဒေသအခေါ်ကျတော့ သိမ်လျှိုလို့ခေါ် တယ်။ ကျွန်တော်တို့ဆီရောက်လာ တဲ့ရှေးဟောင်း အရာရှိက ငွေပေးပြီး ရှင်းခိုင်းတော့ အဲဒီဆင်းတုတော်တွေ အများ ကြီးနဲ့ ဘုရားတွေ ထွက်လာ တာ။ ကျွန်တော့်လယ်နဲ့နီးပေမယ့် ဒီ လောက်ဘုရားတွေရှိနေမှန်း အရင်က မသိခဲ့ဘူး''ဟု ဒေသခံ ဦးခင်မောင် က ပြောသည်။


ဆင်းတုတော်၈ဝနှင့် စေတီ ပျက် ကိုးဆူအပြင် ထုထည်ကြီးမားသော သိမ်ကျောင်း၊ ခြင်္သေ့ရုပ်၊ ဘီလူးရုပ် နှင့် သာမန်ထက်ကြီးမားသောအုတ် ချပ်များကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ များ က ဆိုသည်။

အဆိုပါရှေးဟောင်းဆင်းတုတော် တို့ရှိရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ လာ ရောက်ကြည့်ရှု ခဲ့သော်လည်း ရှေး ဟောင်းပညာရှင်များ လာရောက် လေ့လာ ခြင်းမရှိ၍ မည်သည့်ခေတ်မှ လက် ရာများဖြစ်သည်ကို ယနေ့အချိန် အထိ အတည်ပြုနိုင်ခြင်းမရှိသေး ကြောင်း ရွှေတောင်မြို့ခံတစ်ဦးက ပြောသည်။

''ရှေးဟောင်းဘုရားတွေ တွေ့တယ်လို့တော့ကြားတယ်။ ကျွန်တော် တို့ဆီကိုတော့ တရားဝင်အကြောင်း ကြားတာတွေ ရုံးချုပ်က စာလာတာ တွေမရှိသေးဘူး။ တကယ်လို့အဲလို မျိုး တရား ဝင်စာ တွေလာခဲ့ရင်တော့ သွားရောက်စစ်ဆေးမှာပါ။ ပြီးတော့ မှ ဓာတ်ခွဲစမ်းသပ်တာတွေလုပ်ပြီး ဘယ်ခေတ်အခါက လက်ရာတွေဆို တာ အတည်ပြုပေးမှာပါ။ ဒါတွေတူး ဖော်တယ် ဆိုတာက လဲ ကျွန်တော် တို့ ပဲ တရားဝင်တူးလို့ရတာပါ''ဟု ပြည် မြို့အခြေစိုက် အမျိုးသားပြတိုက်နှင့် ရှေးဟောင်းသုတေသနဦးစီးဌာန (ပဲခူး တိုင်းအနောက်ပိုင်း)မှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။

အဆိုပါသိမ်ကျောင်း၏ ရှေ့၊ နောက်၊ တောင်၊ မြောက်တွင် ထိုင် တော်မူရဟန္တာရုပ်တု ၈ဝမှ ဝန်းရံထားပြီး ရဟန္တာ ၈၀ သိမ်တော်ကြီးဟုခေါ် တွင်ကြောင်းနှင့် သိမ်နှင့်ပုံစံတူသော သိမ်နှ စ် ခု အား ၂၀၀၄ခုနှစ်တွင် ရွှေ တောင်မြို့နယ် ဖိုးသိန်းတန်ရွာတွင် တစ်ကြိမ်၊ ၂၀၀၉ခုနှစ်တွင် ရွှေတောင် မြို့နယ် ဆင်သေရွာတွင်တစ်ကြိမ် တွေ့ ရှိဖူးသော်လည်း အလှူရှင် များ ၏ ပြင် ဆင်မှုများကြောင်း၊ ရှေးဟောင်းလက် ရာများ မတွေ့ရှိရတော့ကြောင်း ဒေ သခံတို့က ဆိုသည်။


THL
[--Democracy today Daily Newspaper--]

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်