Monday, June 16, 2014

Gmail inbox တွင် email လက်ခံရရှိသည့် အချိန်ကို အရောင်များဖြင့် ဖော်ပြခြင်း

Posted by drmyochit Monday, June 16, 2014, under | No comments


Firefox ဒါမှမဟုတ် Chrome browser ကိုသုံးပြီး Gmail အသုံးပြုသူများ အတွက် email လက်ခံရရှိသည့် အချိန်ကို အနီရောင်၊ အဝါရောင်၊ အစိမ်းရောင်များနှင့် ဖော်ပြပေးနိုင်မည့် နည်းလမ်းဖြစ်သည်။

ဒီနည်းလမ်းကို အသုံးပြုရန် Reply Now ဟူသည့် extension ကို install ပြုလုပ်ရန် လိုအပ်သည်။ ပြုလုပ်ပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

- Replay Now ကို Chrome အတွက် http://goo.gl/AlqgLJ မှာ install လုပ်ပါ။ Firefox အတွက် http://goo.gl/CckY4J တွင် install လုပ်ပါ။

- Extension ကို install လုပ်ပြီးရင် Gmail tab ကို refresh လုပ်ပါ။ Inbox ထဲက email ဝင်ရောက်လာတဲ့ အချိန်တွေရဲ့ အရောင်ပြောင်းလဲ သွားပါလိမ့်မယ်။

- Email ဝင်ရောက်ချိန် ၁၅ မိနစ်သာရှိသေးတယ်ဆိုရင် အချိန်ကို အစိမ်းရောင်နဲ့ ဖော်ပြပေးပါလိမ့်မယ်။ ၁၅ မိနစ်ကျော်သွားရင်တော့ အချိန်ကို လိမ္မော်ရောင်နဲ့ပြောင်းလဲ ဖော်ပြပါလိမ့်မယ်။ တစ်ပတ်ထက် ကြာသွားတဲ့ email တွေကိုတော့ ပုံမှန်အရောင်အတိုင်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Ref: CNET
Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်