Saturday, December 15, 2012

ကွန်ဟိန်းမြို့နယ်တွင် ဘုရားဆင်းတုတော်များခိုးလာသူအား ဖမ်းဆီးရမိ

Posted by drmyochit Saturday, December 15, 2012, under | No comments


ရှမ်းပြည်နယ် ကွန်ဟိန်းမြို့အနီး တာကော်တံတားတွင် ကြေးဘုရား ဆင်းတုတော်များ ခိုးယူလာ သူအား
 ဒီဇင်ဘာလ (၁၃) ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲ တာကော် တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေ တဲ့ ရဲတပ်ဖွဲ့များ မှ ယာဉ်မောင်းအောင်ဆန်းဦး မောင်းနှင် လာတဲ့ (Subo Wave -125) လိုင်စင် မဲ့ ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေ ရာမှ ကြေးဘုရားဆင်းတုတော်များ တွေ့ရှိခဲ့ခြင်းဖြစ်တယ်။

ကျပ် ၁ သိန်းခွဲအောက် ၃ ဂျီဖုန်းတွေလာမယ့်နှစ် ဆန်းပိုင်းမှာ ဖြန့် မယ်

Posted by drmyochit Saturday, December 15, 2012, under | No comments



ကျပ် ၁ သိန်းခွဲနဲ့အောက် မိုဘိုင်းဖုန်း ဆင်းကတ်တွေကို ၂၀၁၃ ခုနှစ်ဦးပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး နေရာ၁၈ နေရာမှာ အေရာင်းဆိုင်တွေ ဖွင့်လှစ်  ရောင်းချမယ်လို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။

လက်ပံတောင်းတောင် သပိတ်မှာပါတဲ့ ကျောင်းသားလူငယ်တွေ တရားစွဲခံရ

Posted by drmyochit Saturday, December 15, 2012, under | No comments


မန္တလေးမြို့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုသိန်းအောင်မြင့်နဲ့ ဗကသအဖွဲ့ဝင် ၃ ဦးကို ချမ်းမြသာစည်တရားရုံးက တရားမ၀င်စီတန်းလှည့်လည်မှု (ပုဒ်မ၁၈)နဲ့ တရားစွဲဆိုလိုက်တယ်လို့ မိသားစုဝင်တွေက ပြောပြပါတယ်၊ ကို သိန်းအောင်မြင့်၊ ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်နဲ့ ကိုမင်းနိုင်လွင် (ခ) ကိုကျော်ကြီးတို့ (၄)ဦးဟာ မနေ့ညက ဖမ်းဆီးခံခဲ့ကြတာဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့က သံဃာတော်တွေ ဦးဆောင်တဲ့ အထွေထွေသပိတ်မှာ ပါဝင်ဆန္ဒပြတဲ့ အပေါ် ခွင့်ပြုချက်မယူဘဲ ဆန္ဒပြမှုနဲ့ တရားစွဲတာပါ။

ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်း ပြောကြားမည့် နေရာတွင် အသေးစား ပေါက်ကွဲမူ တစ်ခုဖြစ်ပွား။ အဖွဲ့ချုပ် အမျိုးသမီး အဖွဲ့ ဝင်သုံးဦး ဒဏ်ရာရ

Posted by drmyochit Saturday, December 15, 2012, under | No comments


မြိတ်ခရိုင် ကျွန်းစု မြို့နယ် ကန်မော်ရွာရှိ၊ ဒေါ်အောင်ဆန်း စုကြည်မိန့် ခွန်းပြော ကြားမည့် စင်အားသန့် ရှင်းရေး ပြုလုပ်နေစဉ် ပေါက်ကွဲမူ အသေးစား တစ်ခု မနေ့က သုံးနာရီ အချိန်တွင် ဖြစ်ပွား ခဲ့သည်။ သန့်ရှင်းရေး ပြုလုပ် နေသူများမှ ကန်မော် ကျေး၇ွာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ဝင် သုံးဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ သည်။ တစ်ဦးမှာ အသက် ကြီးပိုင်း အမျိုး သမီးဖြစ်ပြီး ပေါင်တွင် အနည်းငယ် ဒဏ်ရာ ရရှိခဲ့သည်။

ဆွီဒင်လုပ် လက်နက်များ မြန်မာသို့ ရောက်ရှိသွားမှု အိန္ဒိယ ဖြေရှင်းရမည်

Posted by drmyochit Saturday, December 15, 2012, under | No comments


ဥရောပမှ မြန်မာနိုင်ငံအား ရောင်းချရန် ပိတ်ပင်ထားသော ဆွီဒင်လုပ်လက်နက်များ အိန္ဒိယနိုင်ငံ မှတဆင့် မြန်မာနိုင်ငံသို့ မည်ကဲ့သို့ ရောက်ရှိသွားသည်ကို ရှင်းလင်း ပြောကြားပေးရန် ဆွီဒင်က အိန္ဒိယအား သောကြာနေ့ တွင် တောင်းဆိုလိုက်သည်။

အရေးပေါ်စစ်တွေနောက်ဆုံးရသတင်းများ စုစည်းမူ

Posted by drmyochit Saturday, December 15, 2012, under | No comments


ဘင်္ဂလီ(၂)ဦး စစ်တွေမြို့ ဓည၀တီရပ်ကွက် သို့ ၀င်ရောက်မီးရှို့ရန် ကြိုးပန်းမှုအား လုံခြုံရေးတပ်ဖွဲ့များမှ သက်ဆိုင်ရာ ဗဟိုအဆင့်သို့မတင်ရန် တားဆီးလာ
---------------------------------------------------------------------------
ဒီဇင်ဘာ (၁၄) ယနေ့နံနက် (၄း၀၀)နာရီပတ်ဝန်းကျင်တွင် ဘင်္ဂလီ(၂)ဦး(မည်သူမှန်းမသိရသေး)သည် ဓည၀တီ (တိုးချဲ့) ရပ်ကွက်သို့ ဓာတ်ဆီပုံးဖြင့် မီးရှို့ရန်ရည်ရွယ်ချက်ဖြင့် ၀င်ရောက် လာခဲ့သည် ဟုသိရ သည်။ အဆိုပါ ဘင်္ဂလီ(၂)ဦးအား ရပ်ကွက်အတွင်းမှ ရပ်ကွက်သားများက လိုက်လံ ဖမ်းဆီးရာ (၁)ဦးသာ ဖမ်းဆီး ရမိခဲ့ပြီး ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက် သွား ခဲ့သည်။

အက်ဆစ်ထိမိပြီးကျန်းမာရေးထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ်လေးဦးအား မည်သူနှင့်မျှ တွေ့ဆုံခွင့်ပြုမထား

Posted by drmyochit Saturday, December 15, 2012, under | No comments


လက်ပံ တောင်းတောင် နယ်မြေ ဒေသအတွင်း အက်ဆစ် ထိမိပြီး ကျန်းမာရေး ထိခိုက်ကြောင်း သံသယ ရှိသည့် ကလေးငယ် လေးဦးအား  ကျန်းမာရေး စစ်ဆေးမှု သတင်း ထုတ်ပြန် ချက်ကို ဒီဇင် ဘာလ ၁၄ ရက် နေ့က နိုင်ငံပိုင် သတင်းစာ များမှ တစ်ဆင့် ထုတ် ပြန်ခဲ့သည်။

မှတ်ပုံတင်မရှိဘဲ ရခိုင်ပြည်နယ်မှ မကွေးတိုင်းဒေသကြီးအတွင်း ခိုးဝင်လာသူတစ်ဦးအား မင်းဘူးမြို့နယ် တရားရုံးမှ အလုပ်မဲ့ ထောင်ဒဏ်(၁)နှစ် ချမှတ်ခဲ့

Posted by drmyochit Saturday, December 15, 2012, under | No comments



 အမျိုးသား မှတ်ပုံ တင်နှင့် ယာယီ သက်သေခံ လက်မှတ် မရှိဘဲ မကွေးတိုင်း ဒေသကြီး အတွင်းသို့ ခိုးဝင်လာသော ရခိုင် ပြည်နယ်၊ ကျောက်တော် မြို့နယ် ကန်ဖော့ ကျေးရွာ နေသူ ဖော်ဇာလာ မွတ်အား မင်းဘူးမြို့နယ် တရားရုံးမှ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာ နိုင်ငံတော် နေထိုင်သူများ မှတ်ပုံ တင်ရေး အက်ဥပဒေ ပုဒ်မ-၆(၃) အရ ဒီဇင် ဘာလ(၁၁) ရက်နေ့က အလုပ်မဲ့ ထောင်ဒဏ် (၁)နှစ် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်အား လူသတ်မှုအတွက် စွဲချက်တင်

Posted by drmyochit Saturday, December 15, 2012, under | No comments


ထိုင်းဝန်ကြီး ချုပ်ဟောင်း အဘီဆစ် ဗီဂျာဂျီဗာသည် ယခုအခါ လူသတ်မှု အတွက် စွဲချက် တင်ခြင်း ခံလိုက် ရပြီ ဖြစ်ကြောင်း ပြည်တွင်း သတင်း ဌာနများက ဖော်ပြခဲ့သည်။ အဘီ ဆစ်သည် ၎င်းအာဏာ ရနေသည့် ကာလ အတွင်း ဖြစ်ပေါ် လာသည့် အစိုးရ ဆန့်ကျင်ရေး အဓိ ကရုဏ်းများကို ဖြိုခွဲရာတွင် တက္ကစီ သမားတစ်ဦး သေဆုံးမှု၌ ပါဝင် ပတ်သက် ခဲ့ကြောင်း စွပ်စွဲ ခံထား ရသည်။ ထိုစဉ်က စစ်သား များက နိုင်ငံရေး ပဋိပက္ခ များအတွင်း ပစ်ခတ်ခဲ့ရာ အဆိုပါ တက္ကစီ ယာဉ်မောင်း ကျည်ဆန် ထိမှန် သေဆုံး သွားခြင်း ဖြစ်သည်။

KIO ဌာနချုပ် အနီး တိုက်ပွဲတွင် အစိုးရတပ် စစ်ရဟတ်ယာဉ်များသုံး တိုက်ခိုက်

Posted by drmyochit Saturday, December 15, 2012, under | No comments


တလ အတွင်း နိုင်ငံရေး စတင်ဆွေးနွေး မည်ဟု အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့ပြီးနောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ အနီးတွင်သောကြာနေ့ နံနက်ပိုင်းမှ စတင်၍ အစိုးရဘက်မှစစ်ရဟတ်ယဉ်များနှင့် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေ သည်ဟု KIO ပြောခွင့်ရသူ ဦးလနန် က ပြောသည်။ 

စစ်တပ်က သိမ်းထားသော ဂွမြို့နယ်မှ လယ်ဧက ၁၀၀၀ ကို ပြည်ထောင်စု လွှတ်တော်က စစ်ဆေး

Posted by drmyochit Saturday, December 15, 2012, under | No comments


ရခိုင်ပြည်နယ် တောင်ဘက် အစွန်ဆုံးဂွမြို့နယ်တွင် စစ်တပ်က သိမ်းထားသော လယ်မြေ များကို ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် တစ်ခြားမြေများ စစ်ဆေးရေး ကော်မရှင်က ဒီဇင်္ဘာလ ၁၂ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ သည်ဟု သိရသည်။

တောင်တွင်းကြီးမြို့ ရွှေညောင်ပင်ကျေးရွာတွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

Posted by drmyochit Saturday, December 15, 2012, under | No comments


 မကွေး တိုင်းဒေသကြီးမကွေး ခရိုင် တောင်တွင်းကြီးမြို့နယ် ကျွဲကန်အုပ်စု၊ ရွှေညောင်ပင် ကျေးရွာတွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်းသတင်း ရရှိသည်။ ဖြစ်စဉ်မှာဒီဇင်ဘာ (၁၂)ရက်နေ့ ည(၁၀း၃၀)အချိန် ခန့်တွင် ရွှေညောင်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းမှ ၎င်း၏ရွာတွင် အမျိုး သမီးတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း ဆတ်သွားရဲစခန်းသို့ဖုန်းဖြင့်သတင်း ပေးပို့ချက် အရ အခင်းဖြစ်

လီဖန်းအမျိုးအစားသုံးဘီးဆိုင်ကယ်..ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက် ယာဉ်ပေါ်ပါခရီးသည် ၆ ဦးဒဏ်ရာများရရှိ

Posted by drmyochit Saturday, December 15, 2012, under | No comments


မကွေး တိုင်းဒေ သကြီး မကွေး ခရိုင်တောင် တွင်းကြီးမြို့နယ် တောင်တွင်း- မကွေးလမ်း ကွမ်းခြံ စုလမ်းခွဲတွင် ယာဉ်တိမ်းမှောက် မှုဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိ သည်။ဖြစ်စဉ်မှာ ဒီဇင်ဘာ (၁၂) ရက်နေ့ (၁၂း၀၀)နာရီအချိန်ခန့် တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား နေကြောင်း သတင်းအရရဲတပ်ဖွဲ့ ၀င်များ သွားရောက် စစ်ဆေးရာ ကုက်္ကိုခွ အရှေ့စုကျေးရွာနေ ၀င်းလှိုင်သည် နံပါတ်မပါ လီဖန်းအနီရောင် သုံးဘီး ဆိုင်ကယ် အား တောင်တွင်းကြီးမကွေး လမ်းမကြီး အတိုင်းအရှေ့မှ အနောက်သို့ မောင်းနှင် လာရာ၊ မိုင်တိုင် အမှတ် ၂၈၂/၇ နှင့် ကွမ်းခြံစု လမ်းခွဲသို့ အရောက် လမ်း၏တောင် ဘက်ဘေးရှိ ရေမြောင်း

မြန်မာ့အလင်းသတင်းစာအား ရောဂါအခြေအနေ ဆိုးဝါး နေသော ဦးတိက္ခဥာဏ၏ သားအငယ်နှင့် သံဃာတော်များပြစ်တင်ဝေဖန်

Posted by drmyochit Saturday, December 15, 2012, under | No comments


လက်ပံတောင်းတောင် အကြမ်းဖက် မှုတွင် မီးလောင် ဒဏ်ရာ ရရှိခဲ့သည့် ဦးတိက္ခ ဥာဏ၏ ရောဂါ အခြေ အနေမှာ ဆိုးဝါးခြင်း မရှိဟု မြန်မာ့အလင်း သတင်းစာမှ ရေးသား လိုက်ခြင်း အပေါ် ဦးတိက္ခ ဥာဏ၏ သားအငယ် ဆရာဝန် တစ်ဦးဖြစ်သူ ကိုနေသုခနှင့် သံဃာတော် များက ပြစ်တင် ဝေဖန် လိုက်သည်။

ဘရားဇီးမှ ကမ္ဘာ့အကြီးဆုံး ပုရွက်ဆိတ် မြို့တော်

Posted by drmyochit Saturday, December 15, 2012, under | No comments


ဘရား ဇီးနိုင်ငံတွင် ကမ္ဘာ့ အကြီးဆုံး ပုရွက် ဆိတ်မြို့တော် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ယင်း မြေပုံသည် ပုရွက်ဆိတ် ကဲ့သို့ အကောင်သေး များအတွက် အင်ပါယာ တစ်ခု နီးပါး ကြီးမားပြီး ယခုအခါ ထိုပုရွက် ဆိတ်များ နေထိုင်ခြင်းမရှိတော့ကြောင်း သိရသည်။ ယင်းမြို့တော်အား တည်ထောင်ပြီး အဘယ်ကြောင့် ဆက်လက် မကျက် စားတော့ သည်ကိုမှု မသိရသေးချေ။

ယင်းမြို့၏ တည်ဆောက် ပုံသည် ခိုင်ခိုင် မာမာရှိကာ၊ စနစ် တကျဖြစ်နေ သည်ကို တွေ့ရသည်။ ဥပမာ- လမ်းပမ်း ဆက်သွယ်ရေး အတွက် အနီးဆုံး လမ်းဖောက် ထားခြင်း၊ တစ်နေရာနှင့် တစ်နေရာ အချိတ် အဆက် ကောင်းခြင်း စသည် တို့ဖြစ်သည်။ ထို့အပြင် လေဝင်လေထွက် ကောင်းမွန်ရန် Ventilation system မျာ စနစ်တကျ ရှိနေသည် ကိုလည်းတွေ့ ရသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်