Tuesday, April 23, 2013

မိတ္ထီလာအကြမ်းဖက်မှုနဲ့ ဆက်နွယ်သူတချို့ တရားရုံးတင်စစ်ဆေး

Posted by drmyochit Tuesday, April 23, 2013, under | No comments


 မိတ္ထီလာပဋိပက္ခအတွင်း မီးလောင်နေတဲ့ နေအိမ်တွေကို မီးငြိမ်းသတ်ဖို့ ကြိုးစားနေတဲ့ မီးသတ်ဝန်ထမ်းများ

သိပ် မကြာ သေးခင် တုန်းက ဖြစ်ပွား ခဲ့တဲ့ မိတ္ထီလာ အကြမ်း ဖက်မှု အဓိ ကရုဏ်း မှာတော့ တရားခံ အဖြစ် စွပ်စွဲ ခံထား ရသူ ၁၁ ဦးထဲက ဖမ်းမိထားသူ ၇ ဦးကို ပုဒ်မ ၃၀၂ လူသတ်မှု အပါအ၀င် တခြားပုဒ်မတွေနဲ့ စွဲချက် တင် ထားပြီး အာဏာပိုင်တွေက  မြို့ခံလူထုကို ကြည့်ရှု နားထောင်ခွင့် မပေးဘဲ လုံခြုံရေး အစောင့် အကြပ်တွေနဲ့ ရုံးထုတ်ပြီး တရားလို များကို စတင် စစ်ဆေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လက လူ ၄၀ ကျော် သေဆုံးခဲ့ရတဲ့ မိတ္ထီလာ  အဓိကရုဏ်းအတွင်း ဆရာတော် ဦးသော ဘိတ အား သတ်ဖြတ် ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ တရားခံ လို့ စွပ်စွဲ ခံရသူ ၇ ဦးကို တနင်္လာနေ့မှာ လုံခြုံရေး အစောင့် အကြပ် တွေနဲ့ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ တရားရုံးမှာ သွားရောက် နားထောင်ခွင့် ရခဲ့တဲ့ မိတ္ထီလာ မြို့က သတင်းစာ ဆရာ၊ စာရေး ဆရာ ဦးတင် လှိုင် ကတော့ အခုလို ပြောပြပါတယ်။

“မိတ္ထီလာ အမှတ် ၂ ရဲစခန်းမှ တရားလိုစခန်းမှူး မြင့်သန်းက ဧပြီလ ၂၀ ရက်နေ့က အမှတ် ၂ ရဲစခန်း ပ ၇၆၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂၊ ၄၃၆/၃၂၆ ဖြင့် အမှုဖွင့်ထားသော လူသတ်တရားခံများဖြစ်ကြသည့် မျိုးထွန်း ညွန့်၊ ဖိုးချို၊ မျိုးညွန့်ဦး၊ မျိုးဝင်း (ခေါ်) ဆယ်သန်း၊ ဇော်ထက်နိုင်၊ မြတ်ကိုကို (ခေါ်) အဏ္ဏ၀ါ၊ ညီညီနိုင်နဲ့ ဟာဂျီ မျိုးဝင်း (ခေါ်) မျိုးညွန့်၊ မြတ်ကျော်နိုင်၊ ကိုကိုဝင်း (ခေါ်) ကျော်သူဝင်းနဲ့ စည်သူတို့အား မိတ္ထီလာခရိုင် တရား သူကြီး ရုံးတွင် တရားစွဲဆိုကာ ခရိုင်တရားသူကြီးရုံးက ရာဇသတ်ကြီးအမှတ် ၁၆/၂၀၁၃ အမှုကို လက် ခံပြီး အမှုကို ဧပြီလ ၂၂ ရက်နေ့တွင် တရားခံများအား လုံထိန်း အစောင့်အရှောက်များနှင့် ရုံး ထုတ်ကြ တယ်။ တရားခံများ စစ်ဆေးခြင်းအား တရားလိုပြ သက်သေများဖြစ်ကြတဲ့ စခန်းမှူး ရဲအုပ်မြင့် သန်း၊ ဆရာတော် ဦးနန္ဒိယ၊ ကျော်မင်းထွန်း၊ အောင်ခိုင်၊ ကျော်ထိုက်နှင့် ထွန်းဝင်းတို့အား စစ်ဆေးခဲ့တယ်။ တရားခံ များဘက်က အကျိုးဆောင် ၆ ဦး ငှားရမ်းထားတယ်လို့ သိရပါတယ်။”

ဆရာတော် ဦးသောဘိတ ကို သတ်ဖြတ်ခဲ့မှုနဲ့ စွဲချက်တင် ခံရသူတွေကို ရုံးထုတ် စစ်ဆေးမယ် ဆိုတာကြောင့် တရားရုံးကို မြို့ခံတွေက မနက်စောစောကတည်းက သွားဖို့ ပြင်ဆင်ထားကြပေမဲ့ လုံခြုံရေး တွေ တင်းကျပ်စွာ ချထားတာကြောင့်  မြို့ခံတွေအနေနဲ့ သွားရောက်ကြည့်ရှု နားထောင်ခွင့် မရခဲ့ဘူးလို့ မြို့ခံတ ဦးက ပြောပါတယ်။

“သူတို့ကို ရုံးထုတ်တဲ့အချိန်က မြို့ခံလူထုက သွားမရဘူး။ လုံခြုံရေးတွေက ရုံးရဲ့ အပြင်ဘက်မှာ ချထားတဲ့ အတွက် ရုံးထဲကို သွားပြီးတော့မှ ဦးသောဘိတ ကိုသတ်တဲ့ ၁၁ ဦးကို စစ်ဆေးမှုမှာ မြို့ခံလူထုက သွားပြီး တော့ ရုံးရှေ့မှာ စုရုံး စုရုံးနဲ့ ရုန်းရင်းဆန်ခတ်တွေ လုပ်လို့မရဘူးခင်ဗျ။ အပြင်မှာ လုံခြုံရေး အပြည့်အ၀ ချထား တယ်။ လူတွေက သွားချင်ကြတယ်။ တော်တော်များများ က ဒီကိစ္စကို စိတ်ဝင်စားနေတဲ့အတွက် အကုန် လုံးကတော့ မနက်အစောပိုင်းကတည်းကနေပြီး သွားဖို့ စီစဉ်တာ၊ ဒါပေမဲ့ ရုံးထုတ် တဲ့အချိန်မှာ ကျတော့ သွားလို့ မရဘူး ပေါ့နော်။ လုံခြုံရေးတွေ၊ အာဏာပိုင် အဖွဲ့အစည်းတွေက အပြင်မှာ တင်းတင်း ကျပ်ကျပ်ကို လုံခြုံရေး ချထားတယ်။”

မိတ္ထီလာ ပဋိပက္ခကြောင့် ဒုက္ခသည်စခန်း ၆ ခုမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေထဲက တချို့ဟာလည်း  နေခင်း ဘက်တွေမှာ သူတို့ အိမ်ယာတွေကို ပြန်ကြတာတွေရှိပြီး ညဘက်တွေမှာတော့ ဒုက္ခသည်စခန်းမှာ ပြန်နေ ထိုင်ကြ ရတယ်လို့ ဆိုပါတယ်။ မိတ္ထီလာမြို့ လုံခြုံရေးကတော့ စိတ်မချရသေးတာကြောင့် ကိုယ့်လမ်း တွေမှာ ကင်းစောင့်နေရတုန်းပဲလို့ မြို့ခံတွေက ဆိုပါတယ်။

“ရပ်ကွက်ထဲတွေမှာရှိတဲ့ လူနည်းစု အိမ်ခြေလေးတွေကနေပြီးတော့ ပျောက်ကြားပျောက်ကြား ရှိတဲ့ အိမ်လေး တွေက နေ့လည်ပိုင်းမှာ သူတို့အိမ်တွေဆီ ပြန်လာပြီးတော့ ညနေပိုင်းဆိုရင်တော့ ဒုက္ခသည် စခန်းကို ပြန်သွားတယ် အဲ့ဒါမျိုးတွေ ရှိပါတယ်။ ရပ်ကွက်တွေမှာတော့ အခု လုံခြုံရေးတွေ ထွက်တာ ကလည်း ထွက်တာပေါ့ နော်။ အာဏာပိုင် အဖွဲ့အစည်းက လုံခြုံရေးပေးတာ ပေးတာပဲ။ ဒါပေမဲ့ ကိုယ့်ရပ် ကွက်တွေ ကိုယ့်လမ်းတွေမှာတော့ အရင်လိုပဲ ကျနော်တို့က စဖြစ်တဲ့နေ့ကတည်းက အခုထိ ကင်းကတော့ စောင့်နေ ရသေးတယ်။”

ဒုက္ခသည် စခန်းတွင်းမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေကတော့  စခန်းတွင်းမှာ နေထိုင်လိုခြင်း မရှိတော့ ပေမဲ့  အပြင်ဘက်မှာ နေအိမ်တွေ ဖျက်ဆီးခံလိုက်ရတာတွေ လုံခြုံရေး စိတ်မချရသေးတာရယ်ကြောင့် ဒုက္ခ သည် စခန်းမှာပဲ နေထိုင်နေကြရသူတွေရှိသလို တချို့ကလည်း အိမ်ယာတွေ ရှိနေသေးတဲ့အတွက် အိမ် ကို ပြန်လိုသူတွေလည်း အများအပြား ရှိနေပါတယ်။

အစ္စလာမ်ဘာသာဝင်တချို့ကတော့ ဆိုင်တချို့ ပြန်ဖွင့်တာတွေရှိပေမဲ့ အများစုကတော့ ဆိုင်တွေ မဖွင့် ရဲကြ သေးဘူး လို့ ဆိုပါ တယ်။ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အာဏာပိုင်တွေက လူ ၇၀ ကျော် ကို ဖမ်းဆီးစစ်ဆေးနေပြီး ဧပြီလထဲမှာပဲ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တဲ့ ရွှေဆိုင်ပိုင်ရှင် တွေအပါ အ၀င် လူ ၃ ဦးကို ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်ခဲ့ပါတယ်။

မအေးအေးမာ 
From: VOA 

ရထားလမ်းချော်အောင် လုပ်ဖို့ ကြံသူကို ကနေဒါမှာ ဖမ်းမိပြီ

Posted by drmyochit Tuesday, April 23, 2013, under | No comments


 ရထားလမ်းချော်အောင် ကြံစည်မှု ဖော်ထုတ်နိုင်ခဲ့

ကနေဒါ နိုင်ငံမှာ ခရီးသည်တင် ရထားကို လမ်းချော်သွားအောင် အယ်ကိုင်းဒါး ကျောထောက် နောက်ခံ ပေးခဲ့တဲ့ အကြမ်းဖက် ကြံစည်မှုကြီး တခုကို သူတို့ ဖော်ထုတ် နှိမ်နင်း နိုင်ခဲ့ တယ်လို့ ရဲက ပြောပါ တယ်။

ကနေဒါ နိုင်ငံသားတွေ မဟုတ်သူ နှစ်ယောက်ကို ဖမ်းဆီး ခဲ့ပြီး အကြမ်းဖက်မှုနဲ့ ဆိုင်တဲ့ ပြစ်မှုတွေနဲ့ တရား စွဲဆို ထားတယ်လို့ ရဲက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ အစောပိုင်းတုန်းက ရဲက စောင့်ကြည့် လေ့လာတဲ့ စစ်ဆင်ရေး တခု ဆင်နွှဲခဲ့ ပြီးတဲ့နောက် သူတို့ကို ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်တယ်လို့ ယူဆရပါတယ်။

ကနေဒါရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ တိုရွန်တိုမြို့နားမှာ ရထားတွဲ လမ်းချော်သွားအောင် လုပ်ဖို့ သူတို့ ရည်ရွယ် ခဲ့ကြတာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

အပြစ်မဲ့တဲ့ လူတွေ သေဆုံး ဒဏ်ရာရမှု မဖြစ်ခဲ့ ပေမယ့်လည်း ဒီလို ဖြစ်အောင် ကြံစည်ခဲ့တဲ့ ခြိမ်းခြောက်မှုက ဖြစ်အံ့ ဆဲဆဲ ဘဲလို့ ရဲက ဆိုပါတယ်။

သူတို့ဟာ အီရန်က အယ်ကိုင်းဒါး အဖွဲ့တွေက နေ အထောက် အပေံ့တွ ယူခဲ့တာ တွေ့ရပြီး စုံစမ်း စစ်ဆေး မှုတွေ အရ အထောက် အပံ့ ဆိုတာက လမ်းညွန်မှု တွေပါလို့ လက်ထောက် ရဲမင်းကြီး ဂျိမ်းစ် မလီဇီယာက ဆိုပါတယ်။

ဒါပေမယ့် အခု သံသယ ဖြစ်ဖွယ် ကြံစည် မှုမှာ တော့ အီရန် အစိုးရက အထောက်အပံ့ ပါတာ မတွေ့ ရ ဘူးလို့ ရဲက ပြောပါတယ်။
From: BBC 

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးနီးပါး EU ရုပ်သိမ်း

Posted by drmyochit Tuesday, April 23, 2013, under | No comments


 ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီိးအကဲ Catherine Ashton

လွန်ခဲ့တဲ့ တနှစ်က မြန်မာ နိုင်ငံ အပေါ် ဆိုင်းငံ့ ထားခဲ့တဲ့ ဥရောပ သမဂ္ဂ (EU) ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ အရေး ယူမှု တွေကို EU က အခုအခါ အပြီးအပိုင် ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံတွင်း တိုးတက်မှု ရှိတဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ရော၊ မြန်မာအစိုးရ အနေနဲ့ ရှေ့လျှောက် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်သွား လိမ့်မယ်လို့ မျှော်လင့် တဲ့အတွက်ပါ လက်နက် ကုန်သွယ်မှု ပိတ်ပင်တာကလွဲလို့ မြန်မာအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို အပြီး အပိုင် ရုပ်သိမ်းကြောင်းကို တနင်္လာနေ့က EU နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြ ထားပါ တယ်။ ဒါနဲ့ပတ်သက်လို့ လူ့အခွင့်အရေး အဖွဲ့တွေဘက်က ဝေဖန်မှုတွေလည်း ရှိပါတယ်။ အကြောင်းစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မခင်ဖြူထွေး က တင်ပြထားပါတယ်။

တနင်္လာနေ့ကပဲ Luxembourg မြို့မှာ ပြုလုပ်တဲ့ ဥရောပသမဂ္ဂ (EU) ၂၇ နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီး တွေရဲ့ အစည်း အဝေးမှာ မြန်မာအပေါ် EU ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ အားလုံးနီးပါးကို ရုပ်သိမ်း ပေးလိုက် တာ ဖြစ်ပါတယ်။

ကောင်စီ အစည်း အဝေး အပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာတော့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီိး အကဲ ကက်သရင်း အက်ရှတွန် (Catherine Ashton) က အခုလို ပြောသွားပါတယ်။

“ဒီကနေ့ မြန်မာ နိုင်ငံနဲ့ EU ဆက်ဆံ ရေးမှာ နှစ်ပေါင်းများစွာ မြန်မာ အပေါ် ချမှတ်လာခဲ့တဲ့ EU ရဲ့  စီးပွား ရေးနဲ့ နိုင်ငံရေး အရ ဒဏ်ခတ် ပိတ်ဆို့ အရေး ယူမှု တွေကို ဖယ်ရှား ပေးလိုက် ပါပြီ။ လက်နက် ကုန်သွယ်မှု ပိတ်ပင်ချက် တခုပဲ ဆက်လက် ထားရှိမှာ ဖြစ်ပါတယ်။ ရှေ့ဆက် ပြုပြင်ပြောင်းလဲစရာတွေ အများကြီး ကျန်နေ သေးတယ် ဆိုတာကို ကျမတို့ သိပါတယ်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက် ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ရှေ့ဆက် ဆောင်ရွက်ရမယ့် စိန်ခေါ်မှုတွေ ရှိနေသေးတယ် ဆိုတာ ကိုလည်း ကျမတို့ လျှော့တွက်မထားပါဘူး။ ဒါပေမဲ့ ခုအချိန်ဟာ မြန်မာအစိုးရနဲ့ ပိုမိုထိတွေ့ပြီး ပြုပြင် ပြောင်းလဲ ရေးလုပ် ငန်းတွေ ရှေ့ဆက်နိုင်အောင် ကူညီရမယ့်အချိန်လို့ ကျမတို့ ယုံကြည်ပါတယ်။ အခက် အခဲ စိန်ခေါ်မှုတွေကို ပွင့်လင်း လွတ်လပ်တဲ့ ဒီမိုကရေစီ စနစ်အောက်မှာ ထိထိရောက်ရောက် ဖြေရှင်း ကိုင် တွယ် နိုင်ပါတယ်။ မြန်မာအစိုးရနဲ့အတူ တခြားနိုင်ငံတွင်းက အရေးပါတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ ကျမ တို့ အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့လည်း မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ အရေး ယူမှု အတော်များများကို EU က ပြီးခဲ့တဲ့နှစ် ဧပြီလက စတင် ဆိုင်းငံ့ပေးခဲ့တာဖြစ်ပြီး အခု တကြိမ် မှာတော့ အပြီးအပိုင် ဖယ်ရှားပေးလိုက်တာ ဖြစ်ပါတယ်။

အခုလို မြန်မာအပေါ် EU ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ကိစ္စကို ဗြိတိန်နိုင်ငံကလည်း လိုလား ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အခုထက် ပိုမို ကောင်း မွန်အောင် ဆက်ပြီး လုပ်သွားဖို့ လိုအပ်နေသေးတဲ့အပေါ်မှာ ရှေ့ဆက် ပြုပြင်ပြောင်းလဲသွားရမှာ ဖြစ်တဲ့ အကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိတ် (William Hague) ကလည်း မနေ့က ဥရောပကောင်စီ အစည်း အဝေး မတိုင်ခင်မှာ ပြောဆိုသွားခဲ့ပါတယ်။ 

“မြန်မာပြည်တွင်းမှာ ဖိနှိပ်ဖို့အတွက် အသုံးပြုနိုင်တဲ့ စစ်သုံးပစ္စည်းတွေနဲ့ လက်နက် တင်ပို့မှုကို ပိတ်ပင် တာက လွဲလို့ ကျန်နေတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့အတွက် ကျနော်တို့ ဗြိတိန်နိုင်ငံက လိုလား ပါ တယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ လုပ်ဆောင်ရမယ့် တာ ၀န် ၀တ္တရားတွေကတော့ လုံးလုံးလျားလျား အပြီးမသတ်သေးပါဘူး။ လူ့အခွင့်အရေး အခြေအနေ တိုးတက် လာဖို့၊ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းက လူသားချင်း စာနာထောက်ထားမှု အခြေအနေ ပိုပြီး ကောင်း မွန် လာဖို့၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အကြမ်းဖက်မှုတွေ၊ အထူးသဖြင့် မူဆလင် လူ့အဖွဲ့အစည်းကို တိုက်ခိုက် နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရမှာတွေ ရှိနေပါသေးတယ်။”

မြန်မာအကျဉ်းထောင်တွေထဲမှာ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုအပ် သလို မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး မတူကွဲပြားကြတဲ့ လူမှုအသိုင်းအ၀ိုင်းတွေကြား ဆက် ဆံရေး ပိုမို ကောင်းမွန်လာအောင် ဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆို သွားပါတယ်။

လူ့အခွင့် အရေး အဖွဲ့တွေ ကတော့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေဟာ ထင်သလောက် မတိုးတက် သေးတဲ့အတွက် EU အနေနဲ့ အရေးယူမှုတွေကို အပြီးပိုင် ရုပ်သိမ်းလိုက်တာဟာ အချိန် စောလွန်း နေသေးတယ်လို့ ဝေဖန် ပြောဆိုနေကြပါတယ်။

ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားဖို့အတွက်မှာ EU ဘက်က မြန်မာအစိုးရအပေါ် သတ်မှတ်ထားတဲ့ လူ့အခွင့် အရေး ဆိုင်ရာ လိုက်နာဆောင်ရွက်ရမယ့် ကိစ္စတွေ အကောင်အထည် ပေါ်လာခြင်း မရှိသေးခင်မှာ အခုလို အရေး ယူမှု တွေကို ဖယ်ရှား မပေးသင့်ဘူးလို့ လန်ဒန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Burma Campaign UK က လှုပ်ရှားမှု တာဝန်ခံ မဇိုရာဖန်း က ပြောပါတယ်။

“ကျမတို့ဘက်က အချိန် မတော်သေးဘူးလို့ မြင်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ EU ဘက်က သတ်မှတ် ချက်တွေ ထားတဲ့ ၄ ချက်အပေါ်မှာ မူတည်ပြီးတော့ ဒါ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ သတ်မှတ် ချက်တွေ ပေါ့နော်။ အခုထက်ထိ သူတို့ဘက်က မပြည့်စုံသေးဘူးဆိုတာကို ကျမတို့ မြင်ရတယ်။ မြန်မာ ပြည်မှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့၊ တိုင်းရင်းသားနယ်မြေမှာ ဖြစ်နေတဲ့ လက်နက် ပဋိ ပက္ခတွေ ရပ်ဆိုင်းဖို့၊ တပြည်လုံးဆိုင်ရာ လူသားချင်းစာနာထောက်ပံ့မှုတွေကို သမ္မတ ဦးသိန်းစိန် ဘက်က ခွင့်ပြုဖို့ပေါ့နော် အဓိက တိုင်းရင်းသားနယ်မြေတွေမှာ၊ ပြီးတော့ နောက်ဆုံးတခုဖြစ်နေတဲ့ ရခိုင်ပြည် နယ်မှာ ရှိနေတဲ့ ရိုဟင်ဂျာ တွေရဲ့ အခြေ အနေ တွေကို မြှင့်တင် ပေးဖို့ ပေါ့နော် ဒီအချက် အလက် တွေကို ပြန်ကြည့် ရမယ် ဆိုရင် အခုထက်ထိ တခုမှ မပြည့်စုံသေးဘူးပေါ့နော်။ အဲ့ဒါကြောင့် EU ဘက်က မြန်မာအပေါ်မှာ ထားနေတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တာကို ကျမတို့ဘက်က အချိန် မတော် သေးဘူး လို့ မြင်ပါတယ်။”

မြန်မာအပေါ် EU ရဲ့ အရေး ယူ မှုတွေ အားလုံးနီးပါး ရုပ်သိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံတွင်း ရင်းနှီး မြှုပ်နှံ လိုကြ တဲ့ ဥရောပ လုပ်ငန်းရှင်တွေအတွက်တော့ မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုပြီး ယုံ ကြည် မှု ရှိရှိနဲ့ လုပ်ကိုင်နိုင်တော့မှာ ဖြစ်ပါတယ်။

လူ့အခွင့် အရေးအဖွဲ့တွေကတော့ EU အနေနဲ့ ကုန်သွယ် ရေးနဲ့ စီးပွားရေး ကို ဦးစားပေးပြီး လူ့အခွင့်အရေး အခြေ အနေ တွေကို လျစ်လျူရှု ပစ်လိုက် တာမျိုး မဖြစ် စေဖို့ ဝေဖန် ထောက်ပြ ပြောဆို နေကြ ပါတယ်။

မခင်ဖြူထွေး 
From: VOA 

HRW ရဲ့ စွပ်စွဲချက်နဲ့ မိတ္ထီလာ မှတ်တမ်း အပေါ် ဦးရဲထွဋ် မှတ်ချက်ပေး ပြောကြားချက်ကို နားဆင်နိုင်ပါပြီ။

Posted by drmyochit Tuesday, April 23, 2013, under | No comments

ရခိုင် ပြည်နယ်မှာ လူမျိုးတုံး သတ်ဖြတ် မှုတွေ ရှိတယ် ဆိုတဲ့ HRW ရဲ့ စွပ်စွဲ ချက်ကို မြန်မာ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က ပယ်ချ လိုက်ပါတယ်။ မိတ္ထီလာ မှတ်တမ်း ဗီဒီယို နဲ့ ပတ်သက်ပြီး ရဲက ပြည်သူကို ကာကွယ်ဖို့ ပျက်ကွက်တယ် ဆိုတဲ့ ပြောဆိုချက်တွေ ကိုလည်း ပယ်ချလိုက်ပြီး၊ ဒီလိုဖြစ်ရတဲ့ အဟန့် အတားက ဘာလဲဆိုတာကို ကြည့်ဖို့လိုတယ်လို့ ပြောပါတယ်။

ဆက်လက်နား ဆင်ကြည့်ပါ။ 



From: BBC

ပြည်မြို့ နာရီဆိုင်တွင် လူတစ်ဦး သေဆုံး

Posted by drmyochit Tuesday, April 23, 2013, under | No comments

ပြည်၊ဧပြီ ၂၂။

ပြည်မြို့ မြို့လယ်ခေါင်၊ လမ်မတော်လမ်းမရှိ အောင်ပိုင်ဖြိုး နာရီဆိုင် ပိုင်ရှင်ဖြစ်သူ ဒေါ်နီနီအောင် အသက် (၅၂)သည် နေအိမ် ရေချိုးခန်း ထဲ၌ မျက်နှာ ဖူးရောင် ဒဏ်ရာ များနှင့် လဲကျ သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း ပြည်မြို့ အမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ် လှိုင်မိုးဝေက ပြောကြားသည်။

“ကျွန်တော် တို့ဆီ ည(၁၀)နာရီက ဖုန်းဝင်လာတယ်။ အခင်းဖြစ်တဲ့နေရာ ဘယ်သူမှမ၀င်ရဲဘူး။ အရှေ့ တံခါးက ၀င်တယ်။ ပစ္စည်းတွေ ပွလံ ကျဲနေတယ်။ နေရာတစ်ကွက် ဖရို ဖရဲဖြစ် နေတယ်။ ရေချိုးခန်း တံခါးကို ဆွဲဖွင့် လိုက်တော့ ရေချိုးခန်း တံခါးကို ဆွဲဖွင့် လိုက်တော့ အလောင်းကို တွေ့ရ တော့တာပဲ”ဟု ၎င်းက ပြောကြားသည်။

ဆိုင်ရှိ ပစ္စည်းများ အနည်းငယ် ပျောက်ဆုံး နေသည်ဟု ယူဆ ရကြောင်း၊ သေဆုံး သူ၏ အစ်မ ဖြစ်သူက စာရင်းများ ပြုစုနေပြီ ဖြစ်ကြောင်း၊ သေဆုံးသူ၏ သားဖြစ် သူကို မေးမြန်း၍ မရသေးကြောင်း မြို့မရဲစခန်းမှ သိရသည်။

အမှုကို ပ-၂၉၁/၂၀၁၃ ပုဒ်မ၃၀၂ဖြင့် အရေးယူ ဆောင်ရွက် ထားပြီး စခန်းမှူး ဒုရဲမှူး ဦးဝင်းခိုင်မှ တာဝန် ယူ စစ် ဆေးဆောင်ရွက်လျက် ရှိကြောင်း မြို့မ ရဲစ ခန်းမှ သိရသည်။

ကိုရေခဲ(ပြည်)
 From:  မြန်မာ့ခေတ်




 Photo From: ဧရာဝတီ

မြန်မာသတင်းထောက်များ အတုယူသင့်သည့် တရုတ်အမျိုးသမီး ရုပ်သံသတင်းထောက်တစ်ဦး

Posted by drmyochit Tuesday, April 23, 2013, under | No comments


တရုတ်အမျိုးသမီး ရုပ်မြင်သံကြား သတင်းထောက် တစ်ဦးသည် ၄င်းကိုယ်တိုင် သတို့သမီးအဖြစ် မင်္ဂလာ ဆောင်နေစဉ် ယမန်နေ့က ငလျင် လှူပ်ရှား မှူနှင့် တိုက်ဆိုင်သော်လည်း သတို့သားကို ခန်းမ ထဲတွင် ထားပြီး မင်္ဂလာဆောင်ရာမှ ထပြေးကာ ငလျင် သတင်း လိုက်ခဲ့ကြောင်း   အေပီ သတင်း ဌာနက ဖေါ်ပြ သည်။

သတင်း ထောက် ချင်ယင်းသည် စီချွမ်ပြည်နယ် အခြေစိုက် ရုပ်မြင်သံကြားဌာနတွင် တာဝန် ထမ်း ဆောင်နေ သူ တစ်ဦးဖြစ်သည်။ ၇ ရစ်ခ်ျတာ စကေးပြင်းအား ရှိသော မြေငလျင် လှူပ်ရှား သည်နှ င့် တပြိုင် နက် ပရိသက်ကို အချိန်နှင့်တပြေးညီ သတင်းပေးနိုင် ရန်အတွက် ၄င်းအနေဖြင့် ဆက်လက် မစောင့် ဆိုင်းဘဲ သတို့သမီးဝတ်စုံ ၀တ်လျက်နှင့်ပင် ငလျင်သတင်းလိုက် ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖေါ် ပြောကြားသည်။

သတင်း အပေါ် ထားရှိသော ၄င်း၏ သဘော ထားနှင့် ပရိသက်အတွက် ၄င်း၏ စေတ နာကြီးမားပုံကို နိုင်ငံ တကာ မီဒီယာအသိုက်အ၀န်းက ချီးကျူးခဲ့ကြကြောင်း သိရသည်။

From:We Love True

စပစ်ဖိုင်းယား တိုက်လေယာဉ် အပိုင်း အစ တွေ့ရှိပြီ

Posted by drmyochit Tuesday, April 23, 2013, under | No comments


ဒုတိယ ကမ္ဘာ စစ် အ တွင်းက မြန်မာ နိုင်ငံမှာ မြှပ်နှံ ထားတဲ့ စပစ် ဖိုင်းယား တိုက် လေယာဉ် တွေနဲ့ ပတ် သက်တဲ့ အပိုင်းစ တွေကို တွေ့ရှိပြီလို့ တူးဖော် ရေးမှာ ပါဝင်တဲ့ မြန်မာ ဘူမိ ဗေဒ ပညာရှင် တဦးက ပြောပါ တယ်။

ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံ အပြည်ပြည် ဆိုင်ရာ လေဆိပ် အနီးမှာ မြှပ်နှံ ထားတဲ့  စပစ် ဖိုင်းယား လေယာဉ်နဲ့ ပတ်သက်တဲ့ အပိုင်း အစတွေ လွန်ခဲ့တဲ့ ရက်ပိုင်းက တွေ့ရှိ ခဲ့တယ်လို့ ရှာဖွေ ရေးမှာ ပါတဲ့ ဘူမိ ဗေဒ ပါမောက်ခ (အငြိမ်းစား) ဒေါက်တာ စိုးသိန်းက ပြောပါတယ်။

အငြိမ်းစား ဘူမိ ဗေဒ ပါမောက္ခ ဦးစိုးသိန်း

“ပစ္စည်းတွေက အကုန်မြှပ် ထားတာ၊ အပိုင်း အစ တွေတွေ့တာ မှန်တယ်။ ပထမ အဖွဲ့ပြောတာ မတွေ့ ဘူး ဆိုတာ မှားတယ်။ သူတို့က မှတ်တမ်း သေချာ မလုပ် ဘူးလေ။ နောက် ကျနော်လည်း စနစ် တကျ လုပ်ထား တာ၊  အောက်မှာ အကုန် ကျနော်လည်း တွေ့တဲ့ အပိုင်း တွေပြတယ်။ ပစ္စည်းတွေ ရှိတာ မှန်တယ် လေ။ ကျနော် တို့က အပေါ်ကို ဆွဲတင် ဖို့နဲ့ ထုတ် ယူဖို့ပဲ လုံးပန်း နေရတာ။ မြန်မာပြည်မှာ အစင်းပေါင်း ကျနော် ရတဲ့ စာရင်းက ၁၄၀၊ သူတို့ စာရင်း အရ အားလုံး ပေါင်း ၁၆၀ ရှိတယ်။ အများကြီးပဲ။”

ဒါ့အပြင် မြစ်ကြီး နားမှာ လေယာဉ် တူးဖော်ဖို့ အတွက်တော့ လေယာဉ် တွေကို ရှာဖွေ ခဲ့တဲ့ ဒေးဗစ်ကင်ဒဲလ်က ဘယ်လို လုပ်ဆောင် မလဲ ဆိုတာကို မသိ သေးဘူး လို့ သူက ပြောပါတယ်။

လေယာဉ် တူးဖော် ရှာဖွေ ရေးကို နိုင်ငံတော် အစိုးရ၊ ရွှေတောင် ပေါ်ကုမ္ပ ဏီနဲ့ ဘီဂျေစီ ကုမ္ပဏီတို့ က အကျိုးတူ ပူးပေါင်းလုပ် ဆောင်နေတာ ဖြစ်ပါ တယ်။

ကနဦး ပိုင်းက ဒီ ရှာဖွေရေး လုပ်ငန်းကို ကုန်ကျ စရိတ်တွေ ထောက်ပံ့ ခဲ့တဲ့ ၀ါလ်းဂိမ်းမင်း ကုမ္ပဏီက လေယာဉ် အစိတ် အပိုင်းတွေ ထည့်သွင်း ထားတဲ့ သေတ္တာတွေကို မင်္ဂလာဒုံ လေတပ် စခန်းမှာ မြှပ်နှံ ခဲ့ခြင်း မရှိဘူးလို့ ကြေညာ ခဲ့ပါတယ်။ ဒါပေမယ့် တူးဖော် ရာမှာ ပါဝင်တဲ့ ရွှေတောင်ပေါ် ကုမ္ပဏီက  တွေ့မယ်လို့ ယုံကြည်ပြီး ဆက်လက် ရှာဖွေ မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ် အတွင်းက မြန်မာ နိုင်ငံမှာ ဗြိတိသျှ စပစ် ဖိုင်းယား စုစုပေါင်း ၁၂၄ စင်း မြှုပ်နှံ ထားပြီး အစီး ၃၀ ကျော်ကို မင်္ဂလာဒုံ လေဆိပ် ၀န်းကျင်မှာ  မြှပ်နှံ ထားတယ် လို့လည်း ယူဆပြီး ရှာဖွေ နေကြတာ ဖြစ်ပါတယ်။ 

From: DVB 

လက်မခံပါ။ မဖြစ်နိုင်ပါ။ မယုံပါ။ မလိုအပ်ပါ။

Posted by drmyochit Tuesday, April 23, 2013, under | No comments


 ဗုဒ္ဓ ဘာသာ မြန်မာတို့အတွက် ဘုရားရှင်မှာ တစ်ဆူသာ ရှိသည်။ ဘုရား ရှင်နှင့် မည်သည့်အရာမှ မနှိုင်း ကောင်း၊ မနှိုင်းအပ်ပါ။ ထို့ ကြောင့် ကျွန်တော့်တွင် ဒုတိယ ဘုရားသခင် မရှိပါ။ ထို့ပြင် ကျွန်တော် ၏ အိမ်သည် လည်း မြတ်စွာ ဘုရား၏ အရိပ်အာဝါသ အောက် တွင်သာ ရှိပါ သည်။   နိုင်ငံရေး   တွင် ဘာသာရေးများ မည် သူတွေ ရော ယှက်စော်ကားနေသလဲ၊ ဗုဒ္ဒဘာသာကို မည် သူ တွေ နှိမ့်ချ လုပ်ဆောင်နေသလဲ ဆိုတာ ကတော့ ပုံကိုသာ ကြည့်ပါ။

ပြောလိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ လက်ခံ သည်၊ ကန့်ကွက် သည် ထက် သမ္မတ ဖြစ် လာ လျှင် ဘာများဖြစ် လာမည် နည်း ဆိုသည့် အမေးဖြစ်သည်။ 

ကျွန်တော်တို့ နိုင်ငံသားတိုင်း အလုပ်မလုပ်ဘဲ ထမင်း စားနိုင်မှာ လား။ မဖြစ်နိုင်ပါ။ နိုင်ငံတကာနှင့် တစ်ပြေး ညီ ဖြစ်နိုင်သည်ဟု ပြောနိုင်သည်။ သို့သော် သမ္မတ ဖြစ်ခြင်း မဖြစ်ခြင်း နှင့် မဆိုင်ပါ။

တပ်မတော်သားနှင့် ၀န်ထမ်းများကို လစာ ၁၀ ဆ တိုးမည်လား။ မဖြစ်နိုင်ပါ။ နိုင်ငံတော်၏ ၀င်ငွေ၊ ထွက်ေ ငွ၊ စနစ်တက စိစစ်ပြီးမှသာ လစာများ တိုးမြှင့်နိုင်ပါမည်။ သမ္မတဖြစ်သည့် အတွက်ကြောင့် အာဆီယံ လစာ လည်း မပေးနိုင်ပါ။ Europe လစာလည်း မထောက်ပံ့နိုင်ပါ။

တရုတ်၊ အိန္ဒိယတို့နှင့် မဆက်ဆံဘဲ နေမည်လား။ တိုင်းရင်းသား စီးပွားရေးကို မြှင့်တင်ပေးနိုင် မည်လား။ မဖြစ် နိုင်ပါ။ လက်ရှိ ဆုကြေးများ၊ နိုင်ငံတကာမှ ထောက်ပံ့ငွေများပင် တိုင်းရင်းသားပိုင် လုပ်ငန်းများသို့ မစီး ၀င်နိုင်ဘဲ ထောင်ကျ နိုင်ငံရေးသမားနှင့် ပါတီကိစ္စများတွင် အသုံးချနေရသည်။ ထိုးထားသည့် ဆွယ် တာများ ရောင်းပြီး အမေ့အိမ် ပညာရေးကို ထောက်ပံ့နေရသည်။ အိမ်နီး ချင်းနှင့် သင့်တင့်မျှတအောင် ဆက်ဆံပြီး စီးပွားရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင် ရမည်   ဖြစ်သည်။ ဥပမာ၊ လက်ပံတောင်းကြေးနီ စီမံ ကိန်း။

လူမျိုးရေး၊ ဘာသာရေးကို မြှင့်တင်ပေးနိုင်မည်လား။ မဖြစ်နိုင်ပါ။ မင်္ဂလာတောင်ညွန့် အန်အယ်လ်ဒီ ပါတီ ၈၅ ရာနှုန်းမှာ ဘာသာခြားများ ဖြစ်သည်။ အန်အယ်လ်ဒီ ပါတီ စည်းမျဉ်းအရ ပါတီဥက္ကဌပင် မည်သည့် လူမျိုး မဆို ဖြစ်နိုင်သည်။ အခါကြီးရက်ကြီးများတွင် ဥပုဒ်စောင့်သည်၊ ဆွမ်းကပ်သည် မကြားဖူးသည့်သူ တစ်ေ ယာက် ဘုရားတည် ကျောင်းဆောက်ဖို့မှာလည်း သမ္မတ ငါးနှစ် သက်တမ်းအတွင်း မဖြစ်နိုင်ပါ။

နိုင်ငံ့စီးပွားရေးကို ဦးမော့စေမည်လား။ ယနေ့တွင် နိုင်ငံတကာ ကြွေးမြီများ ချေခြင်း၊ ချေးငွေ သစ်များ ရ ရှိခြင်း၊ နိုင်ငံတကာမှ ပူးပေါင်းဆောင်ရွက်ခြင်း တို့ဖြင့် အမေရိကန် အပါအ၀င် နိုင်ငံအား လုံးနှင့် လုပ်ေ ဆာင်ေ နပြီ ဖြစ် သည်။ မည်သူ သမ္မတ ဆက်ဖြစ်ဖြစ် ထိုလာမည့် ရင်းနှီးမြုပ်နှံမှုများ ရပ်သွား မည် မဟုတ် ပါ။ ထိုမှ ရလာမည့် အ လုပ် အကိုင်သစ်များ၊ စီးပွားရေး အခွင့်အလမ်း များ သည် မည် သူ သမ္မတ ဖြစ်ဖြစ် ဆက်ရှိ ပါအုံးမည်။

လူနေမှု ဘ၀ မြင့်တင်နိုင်မည်လား။ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေး တည်ဆောက်နိုင် မည် လား။ စေတ နာ ရှိမည်ကတော့ အမှန်ဖြစ်သော်လည်း လူနေမှု ဘ၀မြှင့်တင်ရေး အတွက် သမ္မတ ဖြစ်ရန် မလိုပါ။ တိုင်း ရင်း သား အားလုံး ကိုယ်ပိုင်အုပ်ချုပ် လက်နက်ကိုင်စေပြီး တိုက်ပွဲများ မရှိတော့ဟု ယူဆ၍ မရနိုင်ပါ။ သူတစ် လူ ငါ တစ် မင်း ဖြစ်နိုင်ပါသည်။

တရားဥပဒေ ပိုမို စိုးမိုးနိုင်ပါမည်လား။ တရားဥပဒေစိုးမိုးရေး ကော်မရှင် ဥက္ကဌကြီး၏ အိတ်ကို အလစ်သုတ် ခံ ရသော နိုင်ငံတွင် ယခုရာထူးထက် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ခွင့် ရှိသည့် ရာထူး မရှိပါ။ ယခု ရထား သည့် ကော်မရှင် ဥက္ကဌ ရာထူးဖြင့်ပင် ထမ်းဆောင် နိုင်ပါသည်။

ယဉ်ကျေးမှု တိုးတက်ပါမည်လား။ မြန်မာဝတ်စုံနှင့် လေဒီရှုးကို တွဲဖက်ထားသည်ထက် မပို။

လက် ရှိ ကျင့်သုံးနေသော သတ်မှတ် ပြဌန်းထားသည့် စည်းကမ်း မှန်သမျှ ကို လျော့ပေး မည်၊ ပြင်ဆင်ပေး လား ဆိုလျှင်လည်း မဖြစ်နိုင်ပြန်ပါ။ စည်းကမ်း ဥပဒေသည် နိုင်ငံ၏ တန်ဖိုး ပင် ဖြစ်သည်။

ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး မည်သည့်အရာမှ တန်ခိုးရှင် မဟုတ်သည့်အတွက် ပြီးပြည့် စုံအောင်   မ ဖန် တီးနိုင်ပါ။ ဒီမိုကရေစီ ရနိုင်သည်ဟု ပြောပါလိမ့်မည်။ ကိုယ်စားချင်တာစားသည်။ ကိုယ်ပြော ချင်တာ ပြော သည်။ ကိုယ်သွားချင်ရာ သွားသည်။ မစားရ၊ မပြောရ၊ မသွားရ မရှိပါ။ ဒီထက် ဒီမိုကရေစီ ဆို လျှင်တော့ ပြည့်တန်ဆာ တရားဝင်ဖြစ်ဖို့သာ ကျန်တော့သည်။

သို့ပါဆိုလျှင် ဘာအတွက်ကြောင့် သန်း ၆၀ တွင် ၅၉.၉၉ သန်း သမ္မတ လုပ်ခွင့်ရသော အခြေခံ ဥပဒေကို ပြင် ဆင်ကာ နောက်ဆုံးနှင့် တစ်ဦးတည်းသော သမ္မတ လုပ်ပြီး နောင်အဆက်များတွင် အမျိုးမမှန်သူများ ရွေးချယ်ရစေဖို့ ကြိုးစားပါသနည်း။ ဘာများ ပိုလုပ်ပေးနိုင်ပါမည်နည်း။

From:OE

မိတ္ထီလာမြို့မှာ ဆရာတော်ဦးသောဘိတကို ဓားနဲ့ခုတ် ဗလီထဲဆွဲသွင်းပြီး အက်စစ်နဲ့ပက် မီးရှို့လူသတ်တဲ့ တရားခံများကို ရုံးတင်စစ်ဆေးပြီ

Posted by drmyochit Tuesday, April 23, 2013, under | 1 comment


နိုင်ငံရေး သမားတွေ လစ်ဘရယ် ဆိုသူ တွေက မိတ္ထီလာ အဓိ ကရုဏ်း စဖြစ်တဲ့ အကြောင်း ရင်းဖြစ်တဲ့ ဆရာတော် ဦးသော ဘိတကို သတ်တဲ့ ကိစ္စကို လုံးဝ မပြောဘဲ အိပ်ချင်ယောင် ဆောင် နေကြလို့ ဒီကိစ္စဟာ ပုံပြင်မဟုတ် ဘူး ဆိုတာကို သက်သေပြတဲ့ အထောက် အထား တစ်ခုပါ။ နိုင်ငံရေး သမားတွေ အနေနဲ့ မိတ္ထီလာ ကိစ္စမှာ ဗုဒ္ဓ ဘာသာ တွေကို အပြစ်တင် ဝေဖန်မယ် ဆိုရင်တောင် ဒီ အဓိ ကရုဏ်းတွေ ဖြစ်စေတဲ့ ရွှေဆိုင် ကိစ္စနဲ့ ဦးသော ဘိတ သတ်မှုကို ရူးချင်ယောင် ဆောင်ပြီး ကျော်မသွားဖို့ ပြည့်ပြည့် စုံစုံ မျှမျှ တတ ဝေဖန်ဖို့ လိုပါတယ်။

မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်တွေ ဆိုသူတွေ ပြောတဲ့ စကားတွေ ကိုပဲ တစ်ဖက်သတ် နားထောင် ပြီး တစ်ဖက်စောင်းနင်း ဘက်လိုက်မှုတွေများလာရင် စစ်အစိုးရခေတ်မှာ ဒီမိုကရေစီအတွက် အနစ်နာ ခံခဲ့လို့ ပြည် သူတွေ တစ်သက်လုံး လေးစားလာ သမျှတွေဟာ ပျောက်ဆုံး တာတွေ လျော့နည်းတာတွေ ဖြစ်ကုန် ပါလိမ့်မယ်။

အဓိက ရုဏ်းတစ် ခုဖြစ် လာတဲ့ အခါ မွတ်ဆလင်ဘာသာရေးခေါင်းဆောင်တွေနဲ့ပဲတွေ့ပြီး ဆွေးနွေးတာ နားထောင် တာထက် ဗုဒ္ဓ ဘာသာခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမယ်ဆိုရင် ပိုပြီးပြည့် စုံတဲ့ အချက် အလက် တွေကို ရပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပါလိမ့်မယ်။ သတင်း အချက် အလက် တွေ တစ်ဖက်တည်းကရနေလို့ ဆုံးဖြတ်ချက်မှားပြီး ဘက်လိုက်တာမျိုးကို ရှောင်ရှားနိုင်ပြီး မှန်မှန် ကန်ကန် ဝေဖန်ပြီး ပြည်သူ လေးစားခဲ့တဲ့ ခေါင်းဆောင်တွေကို ပြည်သူက ဆက်ပြီးလေးစားကြည်ညိုနေတာကိုပဲ မြင်ချင်ပါတယ်။
ဘင်္ဂါလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့
---------------------------------------------------------------------
Thet Myo Htway



တရားခံများဒီနေ့ရုံးတင်စစ်ဆေး
==================
-မိတ္ထီလာမြို့တွင် ဆရာတော် ဦးသော ဘိတအား သတ်ဖြတ်သည်ဟု ယူဆ ရသော တရားခံ များကို ဒီက နေ့ရုံးတင် စစ်ဆေးလျှက် ရှိပါတယ်။ အမှုကို ရာကြီး/၁၆/၂၀၁၃ ဖြင့် စွဲဆို ထားပြီး တရားလို အဖြစ် အမှတ်(၂) ရဲစခန်းမှ ရဲအုပ်မြင့်သန်း စွဲဆိုပြီး တရားခံ (ယူဆရသူ) အဖြစ် မျိုးညွန့်ပါ (၇)ဦး၊ တရားခံပြေး မျိုးဝင်း (မျိုးညွန့်ညီ) ပါ (၄)ဦး ဖြစ်ပါ တယ်။ တရားခံ များ ဘက်မှ မန္တလေး၊ ပျော်ဖွယ် ဘက်မှ ရှေ့နေ(၇)ဦး လိုက်ပါ ဆောင်ရွက် လျှက် ရှိပါတယ်။ သတင်းထောက် များနှင့် အရပ်ဖက် အဖွဲ့အစည်း များသာ ၀င်ခွင့် ပေးပြီး ဓါတ်ပုံ ရိုက်ခွင့် မရရှိ ဘူးလို့ မြို့ခံ များက ပြောကြားသည်။ (ဓါတ်ပုံမှာ -ကယ်ဆယ်ရေး စခန်းတွင် ရှိစဉ်က မျိုးညွန့်ပုံဖြစ်သည်)

ရုံးတင်စစ်ဆေးလျှက်
============
-ဆရာတော် ဦးသော ဘိတအား သတ်သည်ဟု ယူဆ ရသော တရားခံ များကို ပုဒ်မ-၃၀၂/၃၂၆/ ၄၃၆/၂၉၅-က/ ၁၁၄ တို့ဖြင့် တရား စွဲဆို ထားသည်။ တရားခံ ဘက်မှ ရှေ့နေများ အဖြစ် ဦးတင်မြင့်မင်း(စဉ်-၂၅၁၁)၊ ဒေါ် ဥမ္မာသောင်း (စဉ်-၈၉၃၀)၊ ဦးရဲမြင့်(စဉ်-၂၀၁၂)၊ဦးကျော်ဝင်း(စဉ်-၃၄၃၁) ဦးခင် မောင်သန်း (စဉ်-၈၂၇၀) တို့ဖြစ်ကြ သည်။ယနေ့မျက်မြင်သက်သေဆိုသူများ(လိုပြသက်သေ) ကိုကျော်ထိုက်၊ မဝေမာလွင်၊ ဦးလင်းလင်းစိန်၊ ဦးအောင်ခိုင်၊ ဦးနန္ဒိယ (ဇောတိက ရုံ ကျောင်းတိုက်၊ ဦးထွန်း ၀င်းတို့ကို စစ်ဆေးကြောင်း သိရသည်။

ကြေးမုံ သတင်းစာ မှ(၂)ဦး၊ ပြန်ကြား ရေးမှ(၁)ဦး၊ The voice weeklyမှ (၁) ဦးWeekly Eleven မှ တစ်ဦးတို့ တက်ရောက် သတင်း ယူကြပြီး တရားရုံး အတွင်းတွင် တရားရေး ၀န်ထမ်း များမပါ (၁၈)ဦး ရှိသည် ဟုသိ ရပါ သည်။ လုံခြုံရေး တင်းကျပ်စွာ ချထားပြီး ၀င်ရောက် လိုသူများ မှတ်ပုံတင် ပြ လက်မှတ် ထိုး ရကြောင်း မြို့ခံ များက ပြောကြား သည်။

From: Myanmar News Update

Monday, April 22, 2013

ဘော်စတွန်ဗုံးခွဲမှု သံသယတရားခံ ညီအစ်ကိုနှစ်ဦးနှင့် ဆက်နွယ်သူ ၁၂ ဦးကို FBI ရှာဖွေလျက်ရှိ

Posted by drmyochit Monday, April 22, 2013, under | No comments


အမေရိကန် ထောက်လှမ်းရေးဌာန FBIသည် တစ်ချိန်က အားကောင်းခဲ့ပြီး ယခုအခါ တိမ်မြုပ်နေသည့် အကြမ်း ဖက် အဖွဲ့အစည်း တစ်ခုမှ ဆက်နွယ်သူ (၁၂)ဦးကို ရှာဖွေနေကြောင်း သိရှိရသည်။ ဘော်စတွန် မာရ သွန် အပြေး ပြိုင်ပွဲတွင် ဗုံးခွဲမှု ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး အဓိက သံသယတရားခံ ညီ အစ်ကို နှစ်ဦးကို ကြိုးကိုင် ကူညီခဲ့သည်ဟု ယူဆရသော အဆိုပါ အကြမ်းဖက် အဖွဲ့အစည်းကို FBIက ဖြန့် ကျက် လေ့လာနေခြင်း ဖြစ်သည်။ ရဲများက တာမာလန်ဆာနေ့ဗ်နှင့် ဇိုခါဆာနေ့ဗ်တို့ ညီအစ်ကို နှစ်ဦးသည် ပြင်းထန် ဆိုးရွား လှသည့် အကြမ်းဖက်မှုကို ကျူးလွန်ရန် စနစ်တကျ လေ့ကျင့်ပေးခြင်း ခံထားရကြောင်း အလေး အနက် ယုံကြည်ထားသည်။

(ဘော်စတွန်မာရသွန် ဗုံးပေါက်ကွဲမှု အဓိက သံသယတရားခံ ညီအစ်ကိုနှစ်ဦး)

FBI အေးဂျင့်ပေါင်း (၁၀၀၀)ကျော်တို့သည် တနင်္ဂနွေနေ့ ညပိုင်းက စတင်ကာ ပစ်မှတ်အဖြစ် သတ်မှတ်ထားသည့် အကြမ်းဖက် အဖွဲ့နှင့် ဆက်စပ်သူများကို ရှာဖွေနေပြီး မသင်္ကာသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ FBIနှင့် နီးစပ်သူ တစ်ဦးက "အဖွဲ့အစည်းအနေနဲ့ ခုကိစ္စကို ဒီညီအစ်ကို နှစ်ယောက်တည်း လုပ်ဆောင်ခဲ့တယ်လို့ ဘယ်လိုမှ မယုံပါဘူး။ ဖောက်ခွဲခဲ့တဲ့ ပစ္စည်းတွေရဲ့ ဖွဲ့စည်းပုံက အဆင့်အတန်း မြင့်လွန်းတယ်။ ဒီလက်နက်မျိုး ဘယ်လိုလုပ်တယ် ဆိုတာကို Googleကနေတော့ သူတို့ညီအစ်ကို ရှာတွေ့မယ်ပုံ မပေါ်ဘူး"ဟု ပြောကြားခဲ့သည်။

(လူ ၃ ဦးသေဆုံးခဲ့သည့် ဘော်စတွန်မြို့ မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲမှု)

၎င်းကပင် "ပြောရရင် ဖန်တီးမှုက ခေတ်ရှေ့ပြေးလွန်းတယ်။ တစ်ယောက်ယောက်က ဒီကျွမ်းကျင်မှုမျိုးကို သူတို့ညီအစ်ကိုဆီ မျှဝေခဲ့ပုံပဲ။ အေးဂျင့်တွေကတော့ အဖွဲ့ဝင် (၁၂)ယောက် ပါဝင်တဲ့ အဲဒီအဖွဲ့အစည်းဟာ သူတို့လုပ်ဆောင်မယ့် အကြမ်းဖက်ကိစ္စ အထမြောက်လာမယ့် နေ့မျိုးကို နှစ်တော်တော်ကြာအောင် အချိန်ယူ စောင့်ဆိုင်းနေခဲ့တယ်လို့ ယူဆထားတယ်"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။

Source: Mirror

အမဲသားတွင်း ဓာတုဆေးများပါဝင်သည်ဟု သတင်းများကြောင့် စိုးရိမ်လျက်ရှိ

Posted by drmyochit Monday, April 22, 2013, under | No comments


ရှမ်းပြည် နယ် ကျောက်မဲမြို့ သားငါး ဈေးကွက် တွင်းရှိ အမဲသား များတွင် ကျန်းမာရေး ထိခိုက် စေနိုင် သော ဓာတု ဆေးများပါဝင်သည့် သတင်း များ ကြောင့် ဒေသခံများအနေဖြင့် စိုရိမ်မှု များဖြစ် ပေါ် လျက် ရှိကြောင်း သိရှိရသည်။

ထိုကဲ့သို့ ကောလဟလများထွက်ပေါ်နေသော်လည်း သားငါး ဈေးကွက် တွင်း ဈေးနှုန်းနှင့် အရောင်းအ ၀ယ်ကျ ဆင်းမှု မရှိကြောင်း သားငါး ရောင်းချ နေသူ များက ပြောဆိုသည်။

အဆိုပါဒေသရှိ သားငါးဈေးကွက်တွင် အမဲသား (ရှယ်) တစ်ပိသာလျှင် ၇၀၀၀ (ခုနှစ်ထောင်)ကျပ်နှင့် (ရိုးရိုး)တစ်ပိသာလျှင် ၆၀၀၀ (ခြောက်ထောင်)ကျပ်ဈေးကွက်ရှိကြောင်း သိရှိရသည်။

"ရောင်းအား က အရင်လိုပါပဲ။ ဒိုင်ကယူရတဲ့ဈေးကနည်းနည်းတက်တော့ လက်ကားဈေးကွက်မှာတော့ နည်း နည်းတော့ တက်ပါတယ်။ ဘာမှတော့ဖြစ်တာမကြာပါဘူး။ စားတဲ့သူတွေလဲ ၀ယ်ယူစားသုံးနေကြ ပါတယ်" ဟု ကျောက်မဲမြို့၊ ဒေသခံ အမဲသားအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါဒေသတွင်းရှိ အမဲသားများတွင် ကျန်းမာရေးထိခိုက်နိုင်သော ဓာတုဆေးများပါဝင်သည့် သတင်းများမှာ မတ်လပိုင်းတွင် ဒေသအချို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများနောက်ပိုင်း ယခုကဲ့သို့ သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

"ကောလ ဟလ ဆိုတာ ကတော့ ဒီလိုပဲ ပြောနေ ကြမှာပဲ၊ အစား အစာဆို တာကတော့ အမြဲတမ်းသေချာ စီစစ်ပြီး စားသောက်ရင် အန္တရာယ်ကင်း နိုင်ပါတယ်"ဟု ကျောက်မဲမြို့ရှိ အထွေထွေ ရောဂါကု ဆရာဝန် တစ်ဦးက ပြောဆိုသည်။

အဆိုပါကောလဟလများထွက်ပေါ်နေသော်လည်း လက်ရှိအချိန်ထိ ကျန်းမာရေးထိခိုက်ဖြစ်ပွားမှု မရှိသေး ကြောင်း ဆေးကုသဌာနက သိရှိရသည်။

"အမဲသားထဲမှာ မစားသင့်တဲ့ ဆေးဝါးတွေထည့်ပြီးရောင်းတယ်လို့ သတင်းတွေထွက်နေတော့ စားသုံး သူတွေ စိုးရိမ် နေတယ်။ ကျွန်မတို့လည်း စိုးရိမ်တာပဲ။ အခုလောလောဆယ်တော့ ၀ယ်မစားဖြစ်တော့ ဘူး"ဟု ကျောက် မဲမြို့မှ ဒေသခံ အိမ်ရှင်မတစ်ဦးက ပြောသည်။

နေဖြိုးမြင့် ရှမ်း/မြောက် (မြစ်မခ)

From:    Myit Makha Mediagroup 

HRW အစီရင်ခံစာပါ စွပ်စွဲမှု မြန်မာအစိုးရ အလေးမထားဟု တုံ့ပြန်

Posted by drmyochit Monday, April 22, 2013, under | No comments


မြန်မာ အစိုးရ အနေနဲ့ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ HRW ရဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုဆိုင်ရာ အစီ ရင် ခံစာဟာ တစ်ဖက်သတ် ရရှိတဲ့ သတင်း တွေ ကိုသာ အခြေခံ ထားတာ ဖြစ်ပြီး အလေး ထားမှာ မဟုတ်ဘူး လို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ် က ဧပြီ ၂၂ရက်မှာ တုံ့ပြန်လိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ် ပဋိ ပက္ခ တွေနဲ့ ပတ် သက်ပြီး ပညာရှင်တွေ၊ နှစ်ဖက် အသိုင်း အဝိုင်းက လေးအပ် အပ်တဲ့ သူတွေပါဝင်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းပြီး အစီရင် ခံစာပြု စုနေ တာမို့ ဒီအစီရင် ခံစာရဲ့ တွေ့ရှိချက်နဲ့ အကြံပြု ချက်တွေကို အကောင် အထည် ဖော်သွားမှာ ဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောဆို လိုက်ပါတယ်။

အီးယူက မြန်မာနိုင်ငံအပေါ် တစ်နှစ်ဆိုင်းငံ့ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို လုံးဝရုပ်သိမ်းဖို့ အစည်း အဝေးပြုလုပ် နေချိန်နဲ့ အချိန်ကိုက်ပြီး HRW က အစီရင်ခံစာထုတ်ပြန်လိုက်တာဟာ မေးခွန်း ထုတ်စ ရာဖြစ်နေ တယ်လို့ မြန်မာအစိုးရဘက်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာကို ဧပြီ ၂၃ရက်နေ့မှာ ထုတ်ပြန်ဖို့ရှိနေတယ်လို့ ကော်မရှင်မှာ ပါဝင်တဲ့သူတွေက အတည်ပြု ပြောဆို ခဲ့ကြပါ တယ်။

HRW ရဲ့ အစီရင်ခံစာထဲမှာ မြန်မာအစိုးရအာဏာပိုင်တွေက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက် မှု၊ သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူမဆန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန် ခဲ့တယ်လို့  စွပ်စွဲခဲ့ပြီး ဦးရဲထွဋ်ကတော့ HRW အစီရင်ခံစာဟာ စကားလုံးအသုံးအနှုံး အငြင်းပွား ဖွယ်ရာ ရှိတယ်လို့ တန်ပြန်ပြောဆိုခဲ့ပါတယ်။

From:  Kamayut Media

အရက်သောက်၊ လူစိတ်ပျောက်ပြီး ခွေးစိတ်ပေါက်တဲ့ ပုသိမ်၊ ချောင်းသာမြို့နယ်ထဲက ဗိုလ်ဗိုလ်ကျော် ကိုယ့်နှမကို ကိုယ်အဓမ္မပြုကျင့်သတဲ့

Posted by drmyochit Monday, April 22, 2013, under | No comments

ဘိန်း၊ ကင်း၊ ကစော်၊ လှော်စာ၊ အရက်ဆိုတဲ့ မူးယစ် ထုံထိုင်း စေတဲ့ အရာတွေ ကို အလွန် အကျွံ သုံးစွဲ မှီဝဲ တတ်သူဟာ လူစိတ် ပျောက်ပြီး ခွေးစိတ် ရောက်ရှိ တတ်ကြောင်းကို ပုသိမ်၊ ချောင်းသာ မြို့နယ်၊...... ရပ်ကွက် ဖြစ်ရပ်က သတိပြုဆင်ခြင် သင်ခန်းစာထုတ်ယူစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုလို့ ဆိုပါရစေ။

လူစိတ် ရှိသူ ဆိုရင် ကောင်းမြတ်သော ကိုယ့် အကျင့် အကြံ၊ စိတ် အကျင့် အကြံ ရှိရမှာ ဖြစ်သလို ယုတ်ညံ့တဲ့ အတွေး အခေါ်နဲ့ ယုတ်ညံ့တဲ့ အကျင့် အကြံ စရိုက် လက္ခဏာ တွေကို ဆင်ခြင် သတိနဲ့ ထိန်းညှိ တတ်မှ သာ လူသားစိတ်လို့ ပြောရ မှာလည်းဖြစ် ပါတယ်။

ဒီစိတ်တွေ ပျောက် သွားစေဖို့ ကိုယ်ကိုယ်တိုင် အရက်သေစာ ဆိုတဲ့ အမှောင်တွင်းထဲကို ခုန်ချ သက်ဆင်း ရင်း မကြံစည် ထိုက်၊ မပြုမူထိုက်၊ မလုပ်ဆောင်သင့်တဲ့ လူစိတ် ကင်းမဲ့ သူ တို့ရဲ့ အကျင့် စရိုက် တွေကို မက်မော ခုံမင်စွာ ပြုမူဆောင်ရွက်တတ်သူ၊

ပညာဥာဏ် နုံနည်းသူ တွေကတော့ အရက်သေစာသောက် စားပြီးတာနဲ့ တစ်ပြိုင်နက်တည်း မတွေးအပ်၊ မကြံအပ် မပြုမူ အပ် တာတွေ ကို ပြုမူဆောင်ရွက်လေ့ရှိကြပါတယ်။ အဲဒီအထဲမှာပါတဲ့ အခုဖြစ်ရပ်ကတော့ ပုသိမ်ချောင်း သာမြို့နယ်၊

....ရပ်ကွက်နေ မ.....၂၆ နှစ်ဟာ နေအိမ်မှာရှိနေ စဉ် မောင်ဝမ်းကွဲတော် စပ်သူ ကြွေချိုင် ရွာနေ ဗိုလ်ဗိုလ်ကျော် ၂၅ နှစ်ဟာ အရက်၊ ဘီယာဘူးများ ယူလာပြီး မ.......နဲ့အတူ ဘီယာ သောက်ကြ တယ်လို့ ဆိုပါ တယ်။

အဲဒီည ၁၀ နာရီလောက်မှာပဲ ဗိုလ်ဗိုလ်ကျော်ဟာ အမူးလွန်သွားပြီး အစ်မဖြစ်သူ မ.......အား ကြွေချိုင် ရွာကို ဆိုင်ကယ်ဖြင့် လိုက်ပို့ ခိုင်း ရာမှ ကြွေချိုင်-နတ်မော်သွား ပင်လယ်ချိုင်သဲသောင် ပြင်အရောက် လူစိတ် ကင်းမဲ့ စွာဖြင့် အဓမ္မ ပြုကျင့် ခဲ့ တယ်လို့ သိရ ပါတယ်။

အဲဒီနောက်မှာ သက်ဆိုင်ရာ ငရုတ်ကောင်းရဲစခန်းကို မ.........က သွားရောက် တိုင်ကြားခဲ့တဲ့အတွက် ရဲစခန်းက ပ ၁၁/၂၀၁၃၊ ပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီး အရေးယူ စစ်ဆေး နေပြီလို့ သိရပါတယ်။

ဒီဖြစ်စဉ်ကိုကြည့်ရင် ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသား၊ အမျိုး သမီး များအနေနဲ့ အန္တရာယ်ကို အချိန် မရွေး လက်ယပ် ခေါ်မယ့် မူးယစ်ဆေးဝါး၊ ဘိန်း၊ ကင်း၊ ကစော် သောက်သုံး ခြင်းဟာ ဘယ်သူ့ အတွက် အကျိုးရှိ သလဲ။

ဘာ ကောင်းကျိုးကို ဖြစ်စေ သလဲ ဆိုတာ သင်ခန်းစာ ယူ တတ်ကြ ဖို့ပါ ပဲ။ သေချာ တာကတော့ မုဒိမ်း ကျင့်ခံရတဲ့ မိန်းကလေးလည်း ဘ၀ပျက် ဆုံးရှုံး သွားသလို၊ ကျူးလွန်တဲ့ လူငယ်လည်း အနာဂတ်ပျောက် ဘ၀မှာ အမည်းစက် စွန်းထင်း ပေကျံ သွား စေတာ ပါပဲ။

Posted From The First Media Group
Credit: Myanmar Daily News 

Porn Movie မှာ သရုပ်ဆောင်ခဲ့ဖူးသော်လည်း နောင်တမရခဲ့သည့် ဂျက်ကီချန်း

Posted by drmyochit Monday, April 22, 2013, under | No comments


၁၉၇၅ ခုနှစ်က All in the Family အမည်ရ ဟောင် ကောင် Comedy film တစ်ခု ထွက်ရှိ ပါတယ်။ Comedy လို့တပ်ပေမယ့် ယင်းရုပ်ရှင်ဟာ ဆင် ဆာမဲ့ ရုပ်ရှင် (Porn Movie) လို့ လူတိုင်း သိခဲ့ပါ တယ်။

အဲ့တုန်း က ဂျက်ကီချန်းဟာ အသက် ၂၀ ဝန်းကျင် ပဲ ရှိပါ သေးတယ်။ အနုပညာ လောကမှာ နာမည် သိပ်မ ရသေး တော့ Porn movie မှာ ပါဝင်သရုပ် ဆောင် ဖို့ လက်ခံလိုက်ခြင်း ဖြစ်ပါတယ်။ ယင်းနဲ့ ပက်သက်လို့ ဂျက်ကီး ချန်းက အင်တာဗျူးမှာ ယခုလို ဖြေကြားခဲ့ ပါသေးတယ်။

"ဟောင်ကောင်မှာ အဲ့ဒီအချိန်တုန်းက ခေတ် အစားဆုံးက Porn movie ပဲဗျ။ မင်းသား တစ်ယောက်ဖြစ် ဖို့ဆို တာ ရွေးနေလို့ မရဘူးလေ။ Marlon Brando လို့ မင်းသား တစ်ယောက်လုံး ပါလို့ နာမည် ကြီးမယ့် Porn ဖြစ်ရင်တောင် ကျွန်တော်ဒါကို အလေး ထားမှာ မဟုတ်ဘူး။ ဒီအတွက် ကျွန်တော် နောင်တ လုံးဝမ ရပါဘူး"

ဂျက်ကီးချန်း အနေနဲ့ ရုပ်ရှင် လောက ရောက် လာဖို့ ကြိုးပမ်း ရာမှာ ယင်း Porn movie ကလည်း အထောက် အပံ့ တစ်ခု ဖြစ်ခဲ့ပါတယ်။ ဟောင်ကောင် ရုပ်ရှင် လောကမှာ အခြေခံ ဆုံး ဘဝက စလို့ ကြိုးစား လာရာ ယနေ့ အချိန်မှာ ကမ္ဘာကျော် ကွန်ဖူး မင်းသားလို့ လူသိ များစေ ခဲ့ပါတယ်။

ဂျက်ကီးချန်း ပါဝင်တဲ့ All in the Family ရုပ်ရှင်အကြောင်းကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့် ရှုလေ့ လာနိုင်ပါတယ်။

http://en.wikipedia.org/wiki/All_in_the_Family_%28film%29

From: OPP

ပေးထားတဲ့ကတိက၀န်ကျေဖို့ လမ်းပွင့်နေပါပြီလို့ ဆိုလာသူ ဒေါ်ဖြူဖြူသင်း

Posted by drmyochit Monday, April 22, 2013, under | No comments


ရန်ကုန်၊ ဧပြီ ၂၂။

မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲဖြစ်စဉ် များထဲတွင် အရေးကြီးသော မှတ်တိုင်များထဲတွင် ၂၀၁၂ ဧပြီလ(၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ကြား ဖြတ် ရွေးကောက်ပွဲသည် ဒီမိုကရေစီ ပြောင်း လဲ ရေး ဖြစ်စဉ်များအတွက် ချန်ထားခဲ့၍ မရသော နေ့တစ်နေ့ ပင်ဖြစ်သည်။

ယင်းကြားဖြတ် ရွေးကောက်ပွဲတွင် အများစု အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သည်လဲ လွှတ်တော်တွင်း နိုင်ငံရေးကို အခြေခံ ဥပဒေပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးများ ရရှိရန်အတွက် ဆောင်ရွက်သွားမည်ဟု ထိုစဉ်က ပြည်သူများကို ကတိ က၀တ် ပြုခဲ့ ကြသည်။ ထို့အတွက်ကြောင့်ပင် ပြည်သူများက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် များ ကို တခဲ နက် မဲပေးရွေးချယ်ခဲ့ကြသည်မှာ တစ်နှစ် တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ကုန်လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရွေးချယ်တင်မြောက်ခြင်း ခံရသူ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

MMA။ ။အစ်မရေ အစ်မပြည်သူ့လွှတ်တော်က ဖွဲ့ထားတဲ့ ကော်မတီတွေထဲမှာ ဘယ်ကော်မတီမှာ ပါတယ်ဆိုတာရယ် ကော်မတီရဲ့ တာဝန်က ဘာလဲဆိုတာကို အရင်ဆုံးပြောပြပေးပါဦး။

PPT။ ။ပြည်သူ့လွှတ်တော် စီးပွါးရေးနှင့် စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်ပါ။ ကော်မတီရဲ့ အဓိကတာဝန်က အစိုးရကပြုလုပ်နေတဲ့ စီမံကိန်းတွေဟာ အမှန်တကယ် လိုအပ်မှုရှိ မရှိဆိုတာရယ် တကယ်လို့ လုပ်ဖို့လိုအပ်တယ် ဆိုရင်လဲ ဘတ်ဂျက်စာရင်းတွေကို ပြန်လည် စီစစ်ပေးရတာပါ။ ဒီမှာလုပ်ကိုင်ရတာ နည်းနည်းတော့ အခက်အခဲရှိတယ်ပေါ့ ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့ဝန်ကြီးဌာနတွေ အနေနဲ့ ဘတ်ဂျက်တင်ပြတာ နောက်ကျမှုလေးတွေ ရှိတဲ့အခါကျတော့ နည်းနည်းတော့ ခက်ခဲတာလေးတွေရှိတယ်။ နောက်ပိုင်းမှာ ကော်မတီ တစ်ခုတည်းက ကိုင်တာမျိုး မလုပ်တော့ပဲ လွှတ်တော်ထဲမှာ ရှိတဲ့ကော်မတီတွေက နေပြီးတော့ စီမံကိန်းတွေကို ခွဲပြီးစစ်တာတို့ လုပ်ကိုင် ဆောက်ရွက်ရပါတယ်။ တစ်ချို့ဝန်ကြီးဌာနတွေကလဲ စီမံကိန်းတွေ ဘတ်ဂျက်တွေ တက်မလာတာလဲ ရှိတယ်။ ဒါတွေကို ပြန်ပြီးတင်ပေးဖို့ ဆွေးနွေးရတာတွေလည်း ရှိပါတယ်။

MMA။ ။အစ်မရေ ဒီလွှတ်တော်သက်တမ်း တစ်နှစ်အတွင်း မှာပေါ့နော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နေပြီးတော့ ရွေးကောက်ပွဲမှာ ပြည်သူတွေကို ပေးထားတဲ့ ကတိက၀တ်တွေ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး နဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်သွားမယ်လို့ ပြောထားခဲ့တာ ရှိတယ်ပေါ့။ အဲဒီ လုပ်ငန်းစဉ်တွေကို ဘယ်အတိုင်းအတာထိ လုပ်ဆောင်ပြီးပြီလဲ ဆိုတာကို သိပါရစေ။

PPT။ ။ဒါကတော့ အားလုံးလလည်း သိပြီးသားဖြစ်မှာပါ။ အဲဒါကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေကို ကော်မတီ ဖွဲ့ပြီးတော့ လုပ်နေတာတွေရှိတယ်။ တစ်ချို့အရာတွေမှာလဲ ထင်သာမြင်သာမရှိ သေးတာလဲ ရှိတာပေါ့။ အမှုတွဲပေါင်းကလည်း ကော်မတီကို ခြောက်ထောင်ကျော် ခုနှစ်ထောင်လောက် ရောက်နေတာတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ကောမတီရှိသလို အခြားကော်မတီ တစ်ခုလည်းရှိတယ်။ အဲဒီကော်မတီကို သူရဦးအောင်ကို ဦးဆောင်တဲ့အဖွဲ့က လုပ်ဆောင်နေတာပါ။ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ လောလောဆယ် အခြေအနေမှာ မတရားတဲ့ ကိစ္စတွေကို လွှတ်တော်ထဲမှာ ကြားနာတာ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ပေါင်းပြီးတော့ ကြားနာမှုတွေ လုပ်တာတွေတော့ ရှိပါတယ်။ တစ်ချို့ ကိစ္စတွေဆိုရင် ကော်မတီကနေပြီးတော့ သက်ဆိုင်ရာ မြို့နယ်အလိုက်ကို အမှုတွဲတစ်ခုခြင်းစီ အလိုက်ပေါ့။ လိုအပ်ချက်တွေ ရှိလာရင် သက်ဆိုင်ရာ တရားရုံးတွေနဲ့ ချိတ်တွဲ ဆောင်ရွက်နေတာတွေ ရှိတယ်။ အဲဒီလိုဆောင်ရွက်လိုက်တဲ့ အခါကျတော့ တစ်ချို့ အရာတွေဆိုရင် အစဉ်ပြေသွားတာ ရှိတယ်။ တစ်ချို့ကိစ္စတွေ ကျတော့လဲ တရားမမှုလို အမှုမျိုးတွေ ဆိုရင်တော့ အရမ်းနှစ်တွေ ကြာနေတာတွေရှိတယ်။ ဒါတွေကို ကော်မတီက နေပြီးတော့ တဖြည်းဖြည်းခြင်း ဆောင်ရွက်နေပါတယ်။တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး တစ်ဘက်က အခုလို ဆောင်ရွက်နေသလို အရင်ဥပဒေ အဟောင်းတွေကို ပြန်လည်ပြင်ဆင် အသစ်ရေးဆွဲနိုင်ဖို့ကို ပြည်သူ့လွှတ်တော်က နေပြီးတော့ ဆောင်ရွက်နေပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး အတွက်လဲ အခုဆိုရင် အစိုးရကဦးဆောင်ပြီးတော့ လုပ်နေတယ်။ ဒါပေမဲ့လည်း အဲဒါက အခုချိန်ထိ သိပ်ပြီးတော့ အောင်မြင်တာကို မတွေ့ရသေးဘူး။ ဒါနဲ့ပတ်သက်ပြီးတော့လဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အဆက်မပြတ် လွှတ်တော်ထဲကို စရောက်တဲ့ အချိန်ကနေပြီးတော့ အခုလွှတ်တော်ပြီးဆုံးသွားတဲ့ အထိကို ကချင်ပြည်နယ် အရေးကိစ္စတွေ အခြားတိုင်းရင်းသား ကိစ္စတွေကို လိုအပ်မယ်ဆိုရင် အချိန်မရွေး သူလုပ်မယ်ဆိုပြီးတော့ တင်ပြထားတာတွေရှိတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲ ၀င်စဉ်ကပေးထားတဲ့ ကတိကို အကောင်အထည်ဖော်နိုင်ဖို့ လုပ်ဆောင်ချင်တယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးဆိုတာက အားလုံးပူးပေါင်း ဆောင်ရွက်မှသာ အစဉ်ပြေမှာပါ။ အစိုးရအနေနဲ့ကော နိုင်ငံရေး ပါတီတွေ အနေနဲ့ ကောပေါ့နော်။ အခုဆိုရင် လက်နက်ကိုင်အဖွဲ့တွေကော အားလုံးကနေပြီးတော့ ပူးပေါင်းဆောင်ရွက်မှသာ ဖြစ်မှာပါ။ အခုချိန်ထိတော့ လုပ်ကိုင် ဆောင်ရွက်နိုင်ဖို့ ကမ်းလှမ်းထားတာ အားလုံးလဲ သိပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လုပ်ကိုင်ဆောင်ရွက်ဖို့ အမြဲတမ်း အစဉ်သင့် ရှိနေတယ် ဆိုတာကိုတော့ အမြဲတန်းပြောနေတာပါ။

အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့လည်း အဖွဲ့ချုပ်အနေနဲ့ အမြဲတန်း ပြောနေတာပါ။ ထူးဆန်းတာက အခုလွှတ်တော် နောက်ဆုံးရက်မှာ ပြည်ထောင်စ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီကနေပြီးတော့ ပြင်ဆင်ဖို့ အတွက်ကို ပြည့်သူ့လွှတ်တော်မှာတင်ပြီး ပြည်ထောင်စု လွှတ်တော်ကနေ အဲဒါကိုလုပ်ဖို့ကို ဆုံးဖြတ်ချက် ချလိုက်တယ်။ လွှတ်တော်ကိုယ် စားလှယ်အားလုံးကလဲ ဒါကို သဘောတူတယ်။ ပြီးတော့ ပြင်ဆင်မယ်၊ ပယ်ဖျက်မယ်၊ လိုအပ်ရင် အသစ်ပြန်ရေးဆွဲမယ် ဆိုပြီးတော့ လေ့လာသုံးသပ်ရေး ကော်မတီကို ဖွဲ့စည်းတာဝန်ပေးထားတာ ရှိပါတယ်။

အဖွဲ့ချုပ်က ပြည်သူကို ပေးထားတဲ့ ကတိက၀တ်တွေအတွက် နှစ်ချက်ကတော့ လုပ်ကိုင်ဆောင်ရွက်ဖို့ လမ်းစပွင့်နေ တယ်လို့ပဲ ပြောလို့ရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ပတ်သက်လို့ကတော့ အမြဲတန်း ကမ်းလှမ်းပြီး အစဉ်သင့် ရှိနေတယ် ဆိုတာကို အစိုးရသိအောင် ပြောထားပြီးပါပြီ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် လွှတ်တော်တွင်း နိုင်ငံရေးကို ဆောင်ရွက်မှု တစ်နှစ်တာကာလအတွင်း ပြည်သူကို ပေးထားသော ကတိက၀တ်များကို တည်အောင် အစဉ်တစ်စိုက် ကြိုးစားနေသလို တစ်ဘက်ကလဲ အဖွဲ့ချုပ်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့သက်ဆိုင်ရာ မဲဆန္ဒရှင် ပြည်သူများ၏ လတ်တစ်လော အခက်အခဲများကိုလည်းဒေသအလိုက်သက်ဆိုင်ရာ အာဏာပိုင် များနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျှက် ရှိကြောင်း ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွန့်) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်က မြန်မာ့ခေတ်သို့ ပြောကြားခဲ့သည်။

မြင့်ကျော်
ဓာတ်ပုံ – အောင်သိုက်
From:  မြန်မာ့ခေတ် 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်