Tuesday, November 26, 2013

နန်းသီတာ အဆင့်မြင့်စီမံကိန်း ခွင့်ပြုချက်ရပြီး ပြန်ကန့်ကွက်ခံရ ၀န်ကြီးဌာနနှင့် ရန်ကုန်စည်ပင် ပြန်ညှိနှိုင်းမည်

Posted by drmyochit Tuesday, November 26, 2013, under | No comments

ပို့ဆောင်ရေးဝန်ကြီှးဌာနက တည်ဆောက်မည့် ရန်ကုန်၊ နန်းသီတာ ဆိပ်ကမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကန့်ကွက်ခဲ့သည့်အတွက် ၀န်ကြီးဌာနအနေဖြင့် စည်ပင်သာယာရေးကော်မတီနှင့် ပြန်လည်ညှိနှိုင်းသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း အောင်က နိုဝင်ဘာ ၂၅ ရက်တွင် ပြောသည်။

အဆိုပါ ဆိပ်ကမ်းအဆင့်မြှင့်တင်ခြင်းတွင် အထပ် ၂၀ ရှိ ဟိုတယ်နှင့် အခြားအထပ်မြင့် အဆောက်အအုံများ ပါဝင်သော်လည်း လက်ရှိတွင် ရန်ကုန် စည်ပင်သာယာရေးကော်မတီက နှစ်ထပ်အထိသာ ဆောက်လုပ်ခွင့်ပြုသည့်အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနက ပြန်လည်ညှိနှိုင်းသွားမည်ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးချုပ် စာနယ်ဇင်းရှင်းလင်းပွဲတွင် ၀န်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းစီမံကိန်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်စိုး က စီမံကိန်းတည်နေရာသည် မြို့တွင်း ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံ ထိန်းသိမ်းရေးနယ်မြေ နှင့် ဆက်စပ်လျက်ရှိသည့် နေရာ ဖြစ်သောကြောင့် လည်းကောင်း၊ မြို့တွင်း အဆောက်အအုံ ဆောက် လုပ်မှုအဆင့် သတ်မှတ်ရာတွင် ပေ ၁၆၀ အထိသာ ခွင့်ပြုထားသည့် နယ်မြေဖြစ်သောကြောင့် လည်း ကောင်း ပြန်လည်ညှိနှိုင်းရန် လိုသည်ဟု ပြောသည်။

အဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် လက်ရှိတွင် လုပ်ကိုင်ခွင့်ရရှိထားသည့် တင်ဒါများကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လုပ်ကိုင်ခွင့် ပြုပေးပြီး ဖြစ်ခြင်းကြောင့် စည်ပင် သာယာရေး ကော်မတီမှ အထပ်မြင့်သတ်မှတ်ချက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက် ဆောင်ရွက်နိုင်ရန် နှစ်ဖက်ပြေလည်နိုင်မည့် အချက်များကို ဆွေးနွေးဆောင်ရွက်ရမည် ဟုလည်း ၎င်းက ပြောကြား သည်။

“နိုင်ငံတကာမှာလည်း သူသက်ဆိုင်တဲ့ စည်းမျဉ်းတွေ ချမှတ်ပြီး လုပ်တာပဲ စည်းကမ်းတကျ ဆောင်ရွက်ရမယ်။ နိုင်ငံတကာမှာရှိတဲ့ စည်းမျဉ်းတွေက ခိုင်မာမှုရှိတယ်”ဟု ဦးကျော်စိုးက ဆိုသည်။

ရန်ကုန်မြို့ရှိ နန်းသီတာဆိပ်ကမ်းကို အဆင့်မြှင့်တင်ရန်အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ပြည်တွင်း ကုမ္ပဏီများသို့ တင်ဒါကြေငြာကာ လုပ်ကိုင်ခွင့်ပြုခဲ့ဖြစ်ပြီး ၎င်းဆိပ်ကမ်းတွင်း ဆောက်လုပ်မယ့် အထပ် မြင့်အဆောက်အုံ ဆောက်လုပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးကော်မ တီ၊ Yangon HeritageTrust တို့မှ ကန့်ကွက်ခြင်းဖြစ်သဖြင့် ဆိပ်ကမ်းအဆင့်မြှင့်လုပ်ငန်းများကို ဆောင် ရွက်ရန်အတွက် ထပ်မံညှိနှိုင်းရမည် ဖြစ်သည်ဟုလည်း ဦးကျော်စိုးက ပြောကြားခဲ့သည်။

အဆိုပါ နန်းသီတာဆိပ်ကမ်း အဆင့်မြှင့်တင်ရေးတွင် Service Apartment အထပ် ၂၀၊ Office Building အထပ် ၂၀၊ Hotel ၁၆ ထပ်၊ Shopping Mall လေးထပ်၊ Cruise and Termina သုံးထပ်တို့ကို ဆောက် လုပ်ရန်အတွက် ၂၀၁၂ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ၂၀၁၂ ခုနှစ် စက်တင်ဘာတွင် တင်ဒါရွေးချယ် ယှဉ် ပြိုင်လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ တင်ဒါခေါ်ပြီးလုပ်တုန်းက စည်ပင်ကနေ တင်ဒါအပေါ်မှာ ဘာမှ အကြောင်းကြားလာတာ မရှိဘူး။ အခု တင်ဒါလည်းပေးပြီးသွားပြီဆိုတော့ နှစ်ဖက် အဆင်ပြေဆုံးဖြစ်အောင်လို့ ညှိနှိုင်းရမယ်”ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ဆိုသည်။

လက်ရှိတွင် လုပ်ကိုင်ခွင့်ရရှိခဲ့သည့် News Down Down ကုမ္ပဏီအနေဖြင့် တင်ဒါခွင့်ပြုထားသည့်အ တိုင်းဆောက်လုပ်ခွင့်ရရှိမည် မဟုတ်သော်လည်း အစိုးရအဖွဲ့တို့မှ ထပ်မံညှိနှိုင်းမှုမှရရှိလာသည့် ရလာဒ်အတိုင်း ဆောင်ရွက်ရန်ရှိသည်ဟု ကုမ္ပဏီညွှန်ကြားရေးမှူး ဦးစိုးတင့်က ဆိုသည်။

“ဒီနေရာမှက အထပ်နိမ့်ပဲ ဆောက်လုပ်ဖို့ ကောင်းပါတယ်။ အခုရှိတဲ့ သိုလှောင်ရုံတွေကိုလည်း အစည်းအဝေးတွေ လုပ်လို့ရတဲ့ ခန်းမကြီးတွေအဖြစ် အရင်လက်ရာမပျက် ဆောင်ရွက်သင့်တယ်”ဟု Yangon Heritage Trust မှ Program Manage ဦးကြံတိုင်းအောင်က အဆိုပါအစည်းဝေးတွင် အကြံပြု ပြော သည်။

ရန်ကုန်တိုင်းအတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ရှေးဟောင်းအဆောက်အုံများ၏အပြင်ဘက် ဒီဇိုင်းများကို ရှေးမူမပျက်စေဘဲ အတွင်းအပြင်အဆင်ကို ပြုပြင်ဆောင်ရွက်နိုင်ခွင့်ကို ခွင့်ပြုထားသော်လည်း နိုင်ငံဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုများတွင် အနည်းနှင့်အများ ထိခိုက်မှုရှိနိုင်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ပြောသည်။

ဟိန်းကိုစိုး| အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၁၃ ခုနှစ် 
Mizzima 

ဗဟိုဘဏ်၏ တရားဝင် ညွှန်ကြားချက် မရှိဘဲ ပုဂ္ဂလိကဘဏ် အချို့မှ ပြည်ပသို့ လွှဲပို့သည့် နိုင်ငံခြားငွေအပေါ် အပိုဆောင်းငွေ ကောက်ခံခြင်းမှာ ပြည်သူများအပေါ် ထိခိုက်နိုင်သည့် လက်ဝါးကြီးအုပ်မှု ဖြစ်နေပြီး အချိန်မီ ဖြေရှင်းနိုင်ရန် လိုအပ်နေ

Posted by drmyochit Tuesday, November 26, 2013, under | No comments

ဗဟိုဘဏ်၏ တရားဝင် ညွှန်ကြားချက် မရှိဘဲ ပုဂ္ဂလိကဘဏ် အချို့မှ ပြည်ပသို့ လွှဲပို့သည့် နိုင်ငံခြားငွေအပေါ် တစ်ဒေါ်လာလျှင် ၁၅ ကျပ်ဝန်းကျင် စတင်ကောက်ခံ နေခြင်းမှာ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ ထိခိုက်မှုနှင့်အတူ ပြည်သူများအပေါ် ကုန်ဈေးနှုန်း မြင့်တက်ခြင်းဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည့် လက်ဝါးကြီးအုပ်မှုသာ ဖြစ်နေပြီး အမြန်ဆုံး ဖြေရှင်းနိုင်ရန် လိုအပ်နေကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။

''မြန်မာနိုင်ငံမှာ ဥပဒေတွေရှိတယ်။ လိုက်နာရမယ့် အမိန့်ညွှန်ကြားချက် တွေရှိတယ်။ ဒီလိုမျိုး လုပ်ငန်းစဉ်တွေ ရှိနေပါရဲ့နဲ့ အုပ်စုဖွဲ့ပြီး လက်ဝါးကြီးအုပ်တာ မရှိသင့်ဘူး။ သွင်းကုန် လုပ်ငန်းစဉ်မှာပဲဖြစ်ဖြစ်၊ ကုန်ထုတ် လုပ်ငန်းစဉ်မှာပဲ ဖြစ်ဖြစ် မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ မြင့်တက်လာတာနဲ့ တကယ်ထိခိုက်မှာက စားသုံးသူ ပြည်သူတွေပါပဲ'' ဟု ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က သုံးသပ်ပြောကြားသည်။

ပုဂ္ဂလိကဘဏ် များမှတစ်ဆင့် ပြည်ပသို့ နိုင်ငံခြားငွေ လွှဲပို့ရာတွင် တစ်ဒေါ်လာလျှင် ၁၅ ကျပ် ၀န်းကျင် ကောက်ခံရာ၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက် ရရှိမှုမရှိသဖြင့် အပိုဆောင်းငွေ ကောက်ခံမှုမှာ နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်ရ ဘဏ်များအကြား ကောက်ခံသည့်ဘဏ်နှင့် မကောက်ခံသည့် ဘဏ်များဟူ၍ ကွဲပြားမှု ရှိနေကြောင်း သိရသည်။

နိုဝင်ဘာ တတိယအပတ်ခန့်မှ စတင်၍ အပိုဆောင်းငွေ ကောက်ခံနေသည့် ဘဏ်များမှာ နိုင်ငံခြား ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရ ဘဏ်များဖြစ်သည့် ကမ္ဘောဇဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ သမ၀ါယမဘဏ် စသည့် ဘဏ်များနှင့် အခြားဘဏ်များတွင် အပိုဆောင်းငွေ ကောက်ခံမှု ရှိနေသော်လည်း အချို့သော ဘဏ်များတွင်မူ အပိုဆောင်းငွေ ကောက်ခံမှု မရှိသေးကြောင်း ပုဂ္ဂလိက ဘဏ်များမှ သိရသည်။

''နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ရတဲ့ ဘဏ်တွေဆိုတာ ကုန်သည်ပွဲစား လုပ်နေတာမှ မဟုတ်ဘဲ။ အခုတိုးချင်တိုးမယ်။ ခွင့်ပြုချက် မရဘဲ နားလည်မှုနဲ့ အပိုဆောင်းငွေ ကောက်ခံတယ် ဆိုတာက မဖြစ်သင့်ပါဘူး'' ဟု Leo Light Co,ltd မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

နိုင်ငံခြားသို့ ငွေလွှဲမှုများအပေါ် အပိုဆောင်းငွေ ကောက်ခံနေခြင်းမှာ ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက်ဖြင့် မဟုတ်ဘဲ နားလည်မှုဖြင့် တိုးမြှင့်ကောက်ခံ နေခြင်းဖြစ်ကြောင်း ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်များ အသိုင်းအ၀ိုင်းမှ သိရသည်။

ထိုသို့ ဗဟိုဘဏ် သတ်မှတ်ငွေအပေါ် တိုးမြှင့်ကောက်ခံမှု ရှိနေပြီး ဘဏ်အလိုက် ငွေကြေးသတ်မှတ်မှု မတူသော်လည်း လက်ရှိတွင် နိုင်ငံခြားငွေ တစ်ဒေါ်လာအပေါ် ၁၀ ကျပ်အထက် ကောက်ခံမှုနှင့် ပတ်သက်၍ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ''နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးနဲ့ ပြည်တွင်း နိုင်ငံခြားငွေလဲနှုန်း အရမ်းကွာဟလာလို့ ပုဂ္ဂလိကဘဏ်တွေ အဆင်မပြေကြောင်း ဗဟိုဘဏ်ကို တင်ပြတော့ အဆင်ပြေသလိုလုပ်လို့ ပြောလို့ ကျွန်တော်တို့ တိုးကောက်တာပါ'' ဟု ပြောကြားသည်။

ထိုသို့ တိုးကောက်နေသော်လည်း လက်ရှိအချိန်တွင် ပုဂ္ဂလိကဘဏ် အချို့မှာ ငွေတိုးမြှင့် ကောက်ခံနေသည့် ကြားမှ အရှုံးပေါ်နေသည်ဟု ဆိုကာ ပြည်ပသို့ နိုင်ငံခြားငွေလွှဲပို့မှုအား ရပ်ဆိုင်းထားမှုများ ဖြစ်ပေါ်နေပြီး ထိုသို့ ငွေလွှဲပို့နိုင်မှု မရှိသဖြင့် ပြည်ပလုပ်ငန်းများနှင့် ချိတ်ဆက်နေသည့် မြန်မာကုမ္ပဏီများ အနေနှင့် ငွေကြေးရှင်းလင်းမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နေသည့်အပြင် မြန်မာနိုင်ငံ၏ အားနည်းနေသော ဘဏ်စနစ်ကိုလည်း နိုင်ငံတကာတွင် ယုံကြည်မှု ကင်းမဲ့စေနိုင်ပြီး ဗဟိုဘဏ် အနေနှင့် ပြည်သူများ ထိခိုက်မှုမရှိရန် ၀င်ရောက် ထိန်းသိမ်းမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ်မှ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနှင့် အဓိက တာဝန်ယူရသည့် အနေအထားမှာ Monetary Policy နှင့် Financial Stability သာ ဖြစ်နေပြီး Monetary Policy အပိုင်းတွင် Money Supply Change များအား တာဝန်ယူရကာ Financial Stability အပိုင်းတွင် ပုဂ္ဂလိက ဘဏ်များအား ကြီးကြပ်မှု ပြုလုပ်ရကြောင်း လတ်တလော ပြင်ဆင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ရှင်းလင်းပြောကြားသည်။

''ဘယ်နိုင်ငံမှာမှ ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလွှဲခနှုန်းထားတွေကို ၀င်ရောက်ကြီးကြပ်တာမျိုး မရှိပါဘူး'' ဟု ၎င်းက ပြောကြားသည်။

''အခု ဖြစ်နေတာက ပုဂ္ဂလိကဘဏ် အပိုင်းမှာ ယှဉ်ပြိုင်မှုမရှိလို့ လက်ဝါးကြီးအုပ်မှုတွေ ဖြစ်နေတာပါ။ သူတို့က ယှဉ်ပြိုင်မှုရှိအောင် ဘဏ်လုပ်ငန်း ကဏ္ဍကို ဖွင့်ပေးမယ်ဆိုရင် မကြိုက်ချင်ကြဘူး။ သူတို့ရဲ့ လုပ်ဆောင်မှုက ယှဉ်ပြိုင်မှုမရှိလို့ လုပ်နေတာမျိုး၊ ပြည်သူလူထုကို ထိခိုက်လာတာမျိုး ဆိုရင်တော့ ဘဏ်လုပ်ငန်းမှာ ယှဉ်ပြိုင်မှု ရှိလာအောင် ဖွင့်ပေးရပါမယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ်များ အသုံးပြုခွင့် ရရှိမည့် ကျပ်သိန်း ၁၀၀၀ အား ပညာရေး၊ ကျန်းမာရေး၊ ရေ၊ မီးနှင့် လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်များ အတွက် အသုံးပြုခွင့် ရရှိမည်

Posted by drmyochit Tuesday, November 26, 2013, under | No comments

လွှတ်တော် ကိုယ်စားလှယ်များ အသုံးပြုခွင့် ရရှိမည့် ကျပ်သိန်း ၁၀၀၀ အား ဒေသအတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ ရေ၊ မီးနှင့် လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်များအတွက် အသုံးပြုခွင့် ရရှိမည်ဟု ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် လွှတ်တော်မှ ရန်ပုံငွေအဖြစ် ကျပ်သိန်း ၁၀၀၀ ကို ချထားပေးမည်ဖြစ်ရာ အဆိုပါ ကျပ်သိန်း ၁၀၀၀ အား ပညာရေး၊ ကျန်းမာရေး၊ ရေ၊ မီးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍအပြင် မမျှော်မှန်းနိုင်သည့် သဘာဝ ဘေးအန္တရာယ်များ အတွက်ပါ အသုံးပြုကြရန် ပြည်ထောင်စု လွှတ်တော်မှ လမ်းညွှန်ချက်များ ပေးထားကြောင်း သိရသည်။

လွှတ်တော်က ခွင့်ပြုပေးထားသည့် ကျပ်သိန်း ၁၀၀၀ အနက်မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခု အတွက် ကျပ်သိန်း ၅၀ ကိုသာ အများဆုံး သုံးစွဲရန် သတ်မှတ်ပေးထားပြီး ဆောင်ရွက်လိုသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းနှင့် ပတ်သက်၍ ခွင့်ပြုချက်ရရှိရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မလှိုင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ပြောကြားသည်။

''ကျွန်တော်တို့ ဆောင်ရွက်ခွင့်ရတဲ့ လုပ်ငန်းတွေကို စနစ်တကျ ဖြစ်အောင်၊ စာရင်းဇယား တိကျမှုတွေရှိအောင် ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ ဦးဆောင်ပြီး အကောင်အထည် ဖော်ရေးအဖွဲ့တွေ ဖွဲ့မယ်။ အဲဒီအဖွဲ့မှာ လွှတ်တော် ကိုယ်စားလှယ်တွေပါမယ်။ မြို့နယ်ပညာရေး တာဝန်ခံ ပါမယ်။ စည်ပင်အရာရှိ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတွေအပြင် နိုင်ငံတော် သမ္မတက ဖွဲ့ပေးထားတဲ့ အထောက်အကူပြု အဖွဲ့တွေပါမယ်။ အဲဒီအဖွဲ့ ဦးဆောင်ပြီး ပြည်သူတွေဆီက အကြံဉာဏ်တွေ ယူမယ်။ လုပ်သင့်တာတွေ လုပ်ပေးမယ်။ ဥပမာ မလှိုင်မှာ လျှပ်စစ်ဓာတ်တိုင်တွေ လဲပေးဖို့ အစိုးရကို တင်ပြတယ်။ သူတို့ ဘတ်ဂျက်အရ မလဲပေးနိုင်ဘူး။ အဲဒီအတွက် ကျွန်တော်တို့က လွှတ်တော်ဘတ်ဂျက်နဲ့ ဓာတ်မီးတိုင်တချို့ လဲပေးမယ်။ အဲဒီလိုမျိုး လိုအပ်ချက်လေးတွေ လုပ်သွားမှာပါ။ ဒီလိုမျိုး ဆောင်ရွက်ချက်လေးတွေ လုပ်ပေးနိုင်ဖို့ အသေးစိတ် အချက်အလက်တွေကို လွှတ်တော်ကိုတင်ပြပြီး လွှတ်တော်က ခွင့်ပြုမှ ဆောင်ရွက်ရမှာ ဖြစ်သလို ကျွန်တော်တို့ အနေနဲ့လည်း ပွင့်လင်းမြင်သာမှု ရှိအောင် အဖွဲ့ဖွဲ့ပြီး စနစ်တကျ ဆောင်ရွက်သွားဖို့ ရှိပါတယ်'' ဟု ဦးအေးမောက်က ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ''ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပြည်သူ့ဆန္ဒအရ စနစ်တကျ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်တွေကို လွှတ်တော်ကို ပြန်လည်တင်ပြပြီး ပွင့်လင်းမြင်သာမှု ရှိအောင် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်သွားဖို့ ရှိပါတယ်'' ဟု ပြောကြားသည်။

အလုံမြို့နယ် ကမ်းနားလမ်းဘက်၌ အ၀ီစိရေ သုံးစွဲရာတွင် ရေငန်ထွက်ရှိနေမှု များအတွက် ရေကောင်းရေသန့် ရရှိစေမည့် လုပ်ငန်းများ၊ ရန်ကုန်မြို့တော် စည်ပင်မှ ဆောင်ရွက်ရန် လျာထားချက်တွင် မပါဝင်သည့် ပျက်စီးနေသော လမ်းများကို ပြင်ဆင်နိုင်ရေး လုပ်ငန်းများ၊ စံပြအမှိုက်သိမ်းစနစ် ဆောင်ရွက်နိုင်ရေး လုပ်ငန်းများ စသည်တို့ကို လွှတ်တော်ဘတ်ဂျက်ဖြင့် အကောင်အထည် ဖော်နိုင်ရန် စီစဉ်သွားရန်ရှိပြီး လုပ်ငန်းတိုင်း ပွင့်လင်းမြင်သာမှု ရှိစေရန်၊ စာရင်းဇယား တိကျမှန်ကန်မှု ရှိစေရန် လုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့အား တာဝန်ယူစေမည် ဖြစ်ကြောင်း၊ ကုန်ကျမှုစရိတ် အသေးစိတ်ကိုလည်း မြို့နယ်အတွင်း ဗီနိုင်းများဖြင့် ထုတ်ပြန်ကာ မည်သူမဆို လေ့လာနိုင်ရန် ထုတ်ပြန်ထားမည် ဖြစ်ကြောင်း အလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

"ကမ်းခြေတွင် အသက်ရှူမှားလောက်စရာ ပြုစားခဲ့သည့် ကန်ဒိုက်စ်ဆွမ်နီပိုဝယ်လ်"

Posted by drmyochit Tuesday, November 26, 2013, under | No comments



ပြီးခဲ့သည့် သီတင်းပတ် စနေနေ့သည် ကာရေဘီယန်ရှိ နာမည်ကျော် စိန့်ဘက်သ် အပန်းဖြေ ကမ်းခြေတွင် လူအများ အသက်ရှူ မှားလောက်သည့် နေ့တစ်နေ့ ဖြစ်ခဲ့ကြောင်း သတင်းများက တင်စားရေးသား ခဲ့ကြသည်။ Victoria's Secret၏ စူပါမော်ဒယ်လ် ကန်ဒိုက်စ် ဆွမ်နီပိုဝယ်လ်တစ်ယောက် ဖြူလွသော သဲသောင်ပြင်ပေါ်တွင် Victoria's Secret အမှတ်တံဆိပ်အတွက် ရေကူးဝတ်စုံ ဖက်ရှင်များဖြင့် ကိုယ်ဟန်ပြ ဓာတ်ပုံ အရိုက်ခံခဲ့ခြင်းကို ယခုလို ညွှန်းဆိုကြခြင်း ဖြစ်သည်။







PLANET ညနေခင်းသတင်းလွှာ

အိမ်ထောင်သည်မိန်းမများ မိမိယောင်္ကျားကို ဒါတွေကျွေးပါ

Posted by drmyochit Tuesday, November 26, 2013, under | No comments


အမျိုးသား အများစုက အစာကို စနစ်တကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။ ဒါ့အပြင် ကျန်းမာရေးကိုလည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်ဟာ အမျိုး သားတွေ ရဲ့ သက်ရှည် ကျန်းမာရေးကို အဟန့် အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့်အမျိုးသား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။

(၁)ဂျုံမှုန့်အကြမ်း

အမျိုးသားတွေအတွက် အကောင်းဆုံးနံနက်စာမှာ ဂျုံမှုန့်အကြမ်း ပါဝင်သင့်ပါတယ်။ ဒါမှ သာ နှလုံးရော ဂါ ဖြစ်နှုန်း လျော့ကျမှု ရှိမှာပါ။ ချက်ပြီးသား ဂျုံမှုန့်အကြမ်း တစ်ခွက်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ် သုံးဂရမ် ပါဝင်တာကြောင့် ကြာကြာ ဗိုက်ပြည့်စေပြီး သွေးတွင်း သကြားဓာတ် တည်ငြိမ်ကာ သွေးတွင်းကို လက်စထရောအဆင့် လျော့ကျမှု ရှိစေပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှု တွန်းလှန်ပေးတဲ့ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိတဲ့ တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

(၂)ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်စီယမ် အများအပြား ပါဝင်တဲ့အတွက် အမျိုးသားတွေရဲ့ သွေးဖိအားကို ထိန်းညှိပေးနိုင်သလို ကြွက်တက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီး မှာ ရောင် ရမ်း မှု လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အဆစ်နဲ့ ကြွက်သားတွေကို တစ်နေ့လုံး နာကျင်ကိုက်ခဲမှု ကင်းဝေးစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ငှက်ပျောသီးကို စားပေးရင်ကို လက်စ ထရော လျော့ကျစေပြီး အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မဂ္ဂနီဆီယမ် ပါဝင် တာကြောင့် လေဖြတ်တဲ့ အန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။

(၃)ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ပါဝင်ပြီး ဆီးကျိတ်ကျန်းမာရေး ကောင်းမွန်စေတဲ့အတွက် အမျိုးသားတွေ အတွက် စံပြ အစာပါ။ အစွမ်းထက် ကာရိုတီးနွိုက် ဖြစ်တာကြောင့် ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေ တဲ့အပြင် ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းကိုပါ လျော့ကျစေပါတယ်။ ခရမ်းချဉ်သီးကို မစားခင် အရင်ချက်ပါ။ အပူပေးလိုက်တဲ့အခါ လိုင်ကိုပင်းကို စုပ်ယူအား ပိုကောင်းစေလို့ပါ။

(၄)ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီး တစ်အောင်စမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ် များများ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို အပြာရောင် ဖြစ်စေတဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ဟာ အန်သိုဆိုင်ယာနင် ခန္ဓာကိုယ်ထဲက အစွမ်းထက် ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၅)သံလွင်ဆီ

တစ်နေ့ သံလွင်ဆီ ထမင်းစားဇွန်း နှစ်ဇွန်းစားရုံနဲ့ ကိုယ်အလေးချိန် လျော့ကျစေပြီး စိတ်ခံစားမှု ကောင်းမွန်စေကာ ရောဂါဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။ သံလွင်ဆီမှာ မပြည့်ဝဆီအပြင် ဗီတာမင်အီးနဲ့ ကာရို တီးနွိုက်တွေလို အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင် တာကြောင့် သွေး တိုး ကျစေပြီး ကင်ဆာရောဂါ ကြီးထွားနှုန်းကို ချိုးနှိမ်ပေးကာ ပန်းနာရင်ကျပ် ရောဂါနဲ့ အဆစ်ရောင် နာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး နာကျင်ကိုက်ခဲ မှုနဲ့ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။

(၆)သစ်ကြားသီး

သစ်ကြားသီးမှာပါတဲ့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်အီးတို့ဟာ ဆီးကျိတ်ကို အကာအကွယ် ပေးနိုင်ပါတယ်။ သစ်ကြားသီးကို ပုံမှန်စားသူတွေဟာ သွေးတွင်းစုစုပေါင်း ကိုလက်စထရောအဆင့် ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မကောင်းတဲ့ ကိုလက်စရော ၉ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျမှု ရှိကြောင်း အမေရိကန် အာဟာရ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

(၇)ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့အပြင် မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းနိုင်တဲ့ အပြင် နှလုံးရော ဂါနဲ့ ကင်ဆာဖြစ်နှုန်းကိုလျော့ကျစေပါတယ်။

(၈)အဆီများသောငါး

အဆီများတဲ့ ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် နှလုံးရော ဂါ ဖြစ်နှုန်း ကို လျော့ ကျစေပါတယ်။ ထရစ်ပတိုဖန် အာဟာရဓာတ်လည်း ပါဝင်တဲ့အတွက် တစ်နေ့လုံး စိတ်တည်ငြိမ် လန်းဆန်းစေပြီး အိပ်ရေးဝဝအိပ်ပျော်စေပါတယ်။

(၉)ပဲမည်း

ဆိုဒီယမ်၊ အဆီနဲ့ ကိုလက်စထရော ပါဝင်မှု နည်းပြီး အမျှင်ဓာတ်များတဲ့ ပဲမည်းကို စားတာကြောင့် တစ်နေ့လုံး စွမ်းအင် ပြည့်ဝစေပါတယ်။ ပဲက အရောင်ပိုရင့် လေလေ၊ အင်တီအောက်ဆီးဒင့် ပမာဏ ပိုများလေလေ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အစာတွေကို စားတာကြောင့် ကင်ဆာနဲ့နှလုံးရောဂါဖြစ်နှုန်းကိုလျော့ကျစေပါတယ်။

(၁၀)လက်ဖက်စိမ်းလက်ဖက်ရည်

လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာကြောင့် ကက်တီချင်လို အင်တီအောက်ဆီးဒင့် ရရှိစေပြီး ကင်ဆာဆဲလ်တွေကို ဟန့်တားပေးနိုင်ကာ ကိုယ်ခံစွမ်း အားကောင်းစေတဲ့ အင်ဇိုင်းထုတ်လုပ်မှုကို အားပေးပါတယ်။

By Good Health

စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အပါအ၀င် ဘုံလုပ်ငန်းစဉ် သုံးရပ်အား ဆက်လက် အကောင်အထည် ဖော်မည်ဟု UNA နှင့် UNFC တွေ့ဆုံမှု ကြေညာချက်ထုတ်ပြန်

Posted by drmyochit Tuesday, November 26, 2013, under | No comments

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အပါအ၀င် ဘုံလုပ်ငန်းစဉ် သုံးရပ်အား ဆက်လက် အကောက်အထည် ဖော်မည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်(UNA) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့က တွေ့ဆုံမှု ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

UNA နှင့် UNFC တို့သည် UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၏ နေအိမ်တွင် နိုဝင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီခွဲမှ ၁၂ နာရီထိ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲ ကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘုံလုပ်ငန်းစဉ်ဖြစ်သော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လုပ်ငန်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ် အဆင့်ဆင့်တို့တွင် ပိုမိုထိရောက်စွာဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အဆိုပါ ကြေညာချက်၌ နှစ်ဖက်ခေါင်းဆောင်များ အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အထွေထွေ နိုင်ငံရေး အခြေအနေများကို ဆွေးနွေးသုံးသပ်ကြပြီး ပြည်ထောင်စုကြီးနှင့် တိုင်းရင်းသား လူမျိုးအားလုံး၏ အကျိုးအတွက် တူညီသည့် ဘုံသဘောထားများကို အတူတကွ လက်တွဲ၍ အကောင်အထည် ဖော်သွားကြရန် ထပ်လောင်းသံန္နိဋ္ဌာန် ချမှတ်ခဲ့ကြောင်း ထည့်သွင်းထားသည်။

အဆိုပါ တွေ့ဆုံမှု၌ ရန်ကုန်မြို့သို့ လေ့လာရေးခရီး ရောက်ရှိနေသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင် စီ (UNFC) ခေါင်းဆောင်များဖြစ်သည့် ဒုဥက္ကဋ္ဌ (၁) ခွန်အေဘယ်တွိဒ်၊ ဒုဥက္ကဋ္ဌ (၂) ပဒိုဒေးဗစ်သာကပေါ၊ အထွေအထွေ အတွင်းရေးမှူး နိုင်ဟံသာ၊ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr.Yohei Sasakawa နှင့် ဖောင်ဒေးရှင်း ဒါရိုက်တာ Mr.Yuji Mori တို့ တက်ရောက်ခဲ့သည်။

''အမြင်တွေ ဖလှယ်ရုံပဲပေါ့။ လက်တွေ့ ကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေး အခြေအနေကို သူတို့ကို ရှင်းပြတယ်။ ဒါပေမဲ့ အချိန်နည်းတယ်။ သူတို့ဆီက အကြံဉာဏ်ဘာမှ မရလိုက်ဘူး'' ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက တွေ့ဆုံဆွေးနွေးမှုအပြီးတွင် မီဒီယာများအား ပြောကြားသည်။

အလားတူ UNFC ဒုဥက္ကဋ္ဌ (၁) ခွန်အေဘယ်တွိဒ်က တွေ့ဆုံမှု၌ ပြည်တွင်းသို့ မရောက်သည်မှာ နှစ်ပေါင်းသုံးလေးဆယ် ကြာပြီဖြစ်ကြောင်း၊ တိုးတက်မှုအချို့ကို တွေ့မြင်ခဲ့ရသော်လည်း နိုင်ငံရေးတိုးတက်မှု မရှိဘဲနှင့် တိုင်းပြည်ရေရှည် တိုးတက်ဖို့ရန် မဖြစ်နိုင်သေးကြောင်း၊ နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းလင်းခြင်း မရှိသေးသည့်အတွက် ယနေ့ထိ ပဋိပက္ခများ မချုပ်ငြိမ်းနိုင်ခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသားများသည် ငြိမ်းချမ်းရေးကို လိုချင်ကြောင်း၊ တိုင်းရင်းသားများ၏ လိုလားချက်မှာ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး၊ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် ထူထောင်ရေးတို့ ဖြစ်ကြောင်း၊ ဤရည်မှန်းချက်များကို ပြည့်ဝနိုင်ရေးများ အတွက် တိုင်းရင်းသားများက ကြိုးပမ်းနေကြောင်း၊ အပစ်အခတ် ရပ်စဲထားတာကို ငြိမ်းချမ်းရေး ရပြီဟု အစိုးရက ယူဆနေကြောင်း၊ တစ်ယောက်တည်း တစ်ဖွဲ့တည်း ပြောဆိုသည်ထက် စုပေါင်းပြောဆိုသည်က ပိုပြီးအားရှိ၍ ပိုပြီးထိရောက်ကြောင်း၊ မိမိတို့သည် ရည်ရွယ်ချက်ခြင်း တူကြောင်း၊ တစ်ဖွဲ့ချင်းဆိုပါက ဖြိုခွင်းခံရသည်ကို သင်ခန်းစာယူရန် လိုကြောင်းနှင့် မိမိတို့အချင်းချင်း ညှိနှိုင်းဆောင်ရွက် သွားကြလျှင် မအောင်မြင်စရာ မရှိကြောင်း ပြောကြားသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖေ့ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။

လက်ရှိတွင် UNA နှင့် UNFC တို့ ပူးပေါင်းကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတစ်ခုကို ရေးဆွဲနေပြီး အဆိုပါ မူကြမ်းကို အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ကိုင်စွဲအသုံးပြုရန် ရည်ရွယ်ထားသည်။

Eleven Media Group

အမေရိကန် စူပါကား Bulleta Motors RF22

Posted by drmyochit Tuesday, November 26, 2013, under | No comments


ယနေ့ဟာ အမေရိကန် စူပါကားများကို ချစ်မြတ်နိုးသူများအတွက် ဂုဏ်ယူစရာ နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကယ်လီဖိုးနီးယား အခြေစိုက် Bulleta Motors က ယင်းတို့၏ စူပါကားဖြစ်တဲ့ RF22 အား ထုတ်ဖော်ပြသခဲ့ပါပဲ။ 

Lotus Evora အား အခြေခံပြီး ထုတ်လုပ်ထားပြီး သိပ်သည်းကျစ်လစ်ပြီး စူးရှထက်မြက်တဲ့ ပုံစံဒီဇိုင်းရှိတဲ့ RF22 ကို စိတ်ကူးပုံဖော် ဒီဇိုင်းရေးဆွဲ ခဲ့သူကတော့ Aston Martin DBC နှင့် Cadillac C-Ville တို့ရဲ့ ဖန်တီးရှင်ဖြစ်တဲ့ Samir Sadikhov ပဲ ဖြစ်ပါတယ်။ Bulleta အနေနဲ့ ကိုယ်ပိုင်ထုတ် Supercharger အား 3.5 Liter V6 အင်ဂျင်မှာ တပ်ဆပ်ပေထားပြီး မြင်းကောင် ၅၀၅ ကောင်အားနဲ့ အင်ဂျင်ရုန်းအား ၄၁၀ ပေါင်-ပေ ထွက်ရှိမှာဖြစ်ပါတယ်။ 

ဒီစွမ်းအားနဲ့ ၀-၆၀ မိုင်အား ၃.၆ စက္ကန့်နဲ့ အရောက်မောင်းနှင် နိုင်မယ်လို့ ဆိုထားပါတယ်။ F-22 Raptor ရဲ့ စွမ်းအားနဲ့ ညီမျှမှာ မဟုတ်ပေမယ့် စူပါကား စာရင်းဝင်ဖို့ကတော့ သေချာနေပါတယ်။ 

Mid-Engine လို့ခေါ်တဲ့ အင်ဂျင်ကို ကားကိုယ်ထည်ရဲ့ အလယ်ပိုင်းမှာ တပ်ဆင်ထားတဲ့ စနစ်ကနေပြီး နောက်ဘီးများထံသို့ အင်ဂျင်ပါဝါအား ၆ ချက်ထိုး manual (သို့) လက်ကိုင် ဂီယာခလုတ် (paddle shifter) တပ်ဆင်ထားတဲ့ ၆ ချက်ထိုး automatic တို့မှတဆင့် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

၁၉ လက်မအရွယ် ကာဗွန်ဖိုင်ဘာဘီးနဲ့ လက်မ ၂၀ အရွယ် အလူမီနီယံ အလွိုင်းဘီးများဟူ၍ ၂ မျိုး ၂ စား ရွေးချယ်တပ်ဆင် နိုင်မှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ ရှေ့ဘီးတာယာကတော့ Michelin Super Sport 245/40 ZR20 ဖြစ်ပြီး နောက်ဘီးတာယာကတော့ Michelin Super Sport 245/35 ZR20 ပဲ ဖြစ်လို့ ရာသီမရွေးမှာ လွယ်ကူစွာ ထိန်းချုပ်မောင်နှင် နိုင်ပါလိမ့မယ်။ ဒီဘီးများရဲ့ အနောက်မှာတော့ carbon ceramic disk ဘရိတ်များ တပ်ဆင်ပေးထားပါတယ်။ 

Bulleta Mortors ဟာ မကြာသေးမီကမှ ဈေးကွက်တွင်းသို့ ဝင်ရောက်လာခဲ့တာပါ။ ဤ FR22 ဟာ ယင်းတို့ရဲ့ ပထမဆုံးသော စူပါကားလည်း ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း FR22 ကို ဝယ်ယူလိုသူများ အနေနဲ့ ကားကိုယ်ထည် အတွင်း၊ အပြင်ကို မိမိစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ထည် အပြင်ပိုင်းကို သမားရိုးကျကိုယ်ထည်နဲ့ ကာဗွန်ဖိုင်ဘာကိုယ်ထည် ဟူပြီး ၂ မျီုး ၂ စား ရရှိနိုင်မှာဖြစ်ပြီး အတွင်းပိုင်းမှာလည်း ၂ ယောက်စီး (သို့) ၂+၂ ယောက်စီး အဖြစ် မှာယူနိုင်ပါလိမ့်မယ်။ 

ကားဝယ်ယူသူတိုင်း အတွက်လည်း မိမိရဲ့ကားနဲ့ serial နံပါတ်ခြင်း တူညီတဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ပြုလုပ်ထားတဲ့ အဆင့်မြင့် Chronograph လက်ပတ်နာရီတစ်လုံး လက်ဆောင်ရရှိမယ်လို့ သိရှိရပါတယ်။ 

ဈေးနှုန်းကိုတော့ ထုတ်ဖော်ကြေညာခြင်း မရှိသေးပါဘူး။









Credit >> Myanmar Consumer Guide 

Monday, November 25, 2013

လူမှုကွန်ရက်ယဉ်ကျေးမှု၏ လားရာ

Posted by drmyochit Monday, November 25, 2013, under | No comments


ယနေ့ ခေတ်မျက်နှာစာတွင်ကွန်ပျူတာ အီလက်ထရောနစ် နည်းပညာသည် လူသားတို့၏နေ့စဉ် လှုပ်ရှားရုန်းကန်မှုဘဝတွင် အရေးပါသော အခန်းကဏ္ဍ တစ်ခုဖြစ်လာ သည်။ အင်တာနက်အသုံးပြုခြင်းဖြင့် လူသားတို့သည် မိမိတို့၏အလုပ်အကိုင် အခွင့်အလမ်းများကို ရှာဖွေလာကြသည်။ ဖျော်ဖြေရေး အနုပညာများ၊ ခေတ်မီနည်းပညာ များ၊သမိုင်းဝင်စာပေများစသည့် ဗဟုသုတပေါင်းစုံကို အင်တာနက်တွင် လွယ်ကူစွာ ရှာဖွေလေ့လာ ဖတ်ရှုနိုင်ပြီဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ၁၉၉၈ခုနှစ်မှစ၍ အင်တာနက်အသုံးပြု၍ရ သော်လည်းတွင်ကျယ်စွာ အသုံး ပြုနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ အရပ်သားအစိုးရသစ်တက်လာပြီးနောက်တွင်မှ လူတန်းစားမရွေး အင်တာနက် အသုံးပြုနိုင်လာကြသည်။ ယခုအခါတန်ဖိုးနည်း မိုဘိုင်းဖုန်းများဖြင့် လူကြီးလူငယ်မရွေး ” အင်တာနက်အင်တာနက်” ဟူ၍ လူထုကြားတွင် ရေပန်းစားလာပြီ ဖြစ်သည်။

လက်ဖက်ရည်ဆိုင်တွင် ဖြစ်စေ၊ကားစီးရင်းဖြစ်စေ ဖုန်း (သို့) tablet များတကိုင်ကိုင်ဖြင့် ဟိုပွတ်ဒီပွတ်လုပ်နေကြသည့် လူကြီးလူ ငယ်များကို မြန် မာ့နိုင်ငံ ရေး အပြောင်း အလဲ၊ ဖွံ့ဖြိုးတိုးတက်မှု ပြောင်းအလဲကာလတွင် အားရကျေနပ်ဖွယ်တွေ့မြင်ကြ ရမည်ဖြစ်သည်။ အင်တာနက်အသုံးပြုကြသည်ဟု ဆိုငြားသော် လည်း သတင်းကြည့်ြ ခင်း၊ ဘောလုံးပွဲဂိုးရလဒ်များ ကြည့် ခြင်း၊ သီချင်းများ Download လုပ်ခြင်းကိုအများဆုံးသုံးပြုလုပ် ကြသည်သာ ဖြစ်သည်။

၂ဝ၁ဝနောက်ပိုင်းမြန်မာနိုင်ငံ အပြောင်းအလဲကာလတွင် Social Network ဟုခေါ်သည့် လူမှုကွန်ရက်များကို ပြည်သူအတော်များများ အသုံးပြုလာခဲ့သည်။ Twitter ကိုမူ မြန်မာနိုင်ငံတွင်တွင်ကျယ်စွာ အသုံးမပြုနိုင်ကြသေးသော်လည်း Facebook သည် မြန်မာ့လူနေမှုပုံစံတွင် စနစ်တကျနေ ရာယူပြီးဖြစ်ပါသည်။ Facebook ကို ကမ္ဘာ တစ်ဝန်းတွင် ၂ဝဝ၄ခုနှစ်မှ စတင်အသုံးပြုခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင် ၂ဝဝ၈ ခုနှစ် ပတ်ဝန်းကျင်မှ စတင်အသုံးပြု နိုင်ခဲ့သည်။ ” ကျွန်တော့် ရဲ့ ဖေ့စ်ဘုတ် စာမျ က်နှာပေါ်မှာ တွေ့နိုင်ပါတယ်” ၊ ” ကျွန်မရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာဘယ်လိုပြောထားပါတယ်” ။ “ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ကျွန်တော့် ကို ဘယ်လိုပြော ထားပါ တယ်” ။ ” ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ကျွန်တော့်ကိုဘယ်လိုပြောထားလို့ ကျွန်တော်ကဘယ်လိုပြန် ပြောလိုက်ရတာပါ” စသည်ဖြင့် သတင်း စာရှင်းလင်း ပွဲများပြု လုပ်၍ တစ်မျိုး၊ အင်တာဗျူးဖြေဆိုရာတွင်တစ် Facebook အကြောင်းသည်မပါမဖြစ်ပါနေသကဲ့သို့ပင်တွေ့ရ သည်။

” နိုင်ငံခြားရောက်နေတော့ အိမ်နဲ့ ဆက်သွယ်ရတာမျိုး၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ရတာမျိုးတွေကျတော့ ဖုန်းနဲ့ဆိုရင် ပိုက်ဆံကုန်ပြီ။ စကားပြောချိန်လည်း သိပ်မရဘူး။ ဒီက Social Network တွေ ပေါ်လာတော့ အိမ်နဲ့ဆက်သွယ်ရတာ၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ရတာ တအားလွယ်သွားပြီ။နောက် အဆက်အသွယ် ပြတ်နေတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ပြီး တွေ့ရတယ်။ နောက်ကျောင်းသားဘဝမှာ ကဗျာ တွေ ရေးဖြစ်ပေမယ့် ဘယ်ကိုမှ ပို့ ဖြစ်ဘူး။ အခု Facebook လို Social Network တွေပေါ် လာ တော့ ကိုယ်ရေးချင်တဲ့ အရေးအသားပုံစံကို လွတ်လွတ်လပ်လပ်ရေးလို့ရတယ်။ ကဗျာဆရာ၊ ဆရာမတွေနဲ့ ရင်းနှီးခွင့်ရလာတယ်။ နောက်ပြီး အွန်လိုင်း က နေတစ်ဆင့်ကဗျာတွေပို့ခွင့်ရလာတယ်” ဟုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်အလုပ်သွားရောက် လုပ်ကိုင်နေသောလူငယ် ကဗျာဆရာ ကိုကျော်ဦး(လှိုင်) ကပြော သည်။

လူတစ်ယောက်နှင့် တစ်ယောက်ဆက်သွယ်ရာတွင် ဖုန်းဆိုတာ မလိုလောက်အောင်အထိ လုပ်ဆောင်ချက်များကို မြှင့်တင်ပေးမည်ဟု Facebook တည်ထောင်သူ မက်ဇူကာဘက် က ကြွေးကြော်ထားသည်။ လူတစ်ယောက်အကြိုက်ကို Facebook က သိသည်။ ကျွန်တော်တို့ပုံမှန် Like လုပ်လေ့ရှိသော (သို့) comment ဝင်၍ေ ရး လေ့ရှိသော ပုဂ္ဂိုလ်တစ်ဦးဦး၏ Status (သို့) Photo များကို ကျွန်တော်တို့၏ News Feed တွင် အမြဲထားပေးသည်။ Facebook အသုံးပြုသူ အများစုမှာ လူငယ်များဖြစ် ရာ လူငယ်တို့၏ အသိဥာဏ်နုနယ်မှုကိုအခွင့်ကောင်းယူကာ နည်း အမျိုးမျိုးဖြင့်သွေးထိုးတတ်သည်။

လူငယ်စာရေးဆရာ သူရဿဝါက “Facebook ရဲ့အားသာချက်ကတော့ သတင်းပဲ။ ညသန်းခေါင် တစ်နေရာရာမှာ မီးလောင်တယ်ဆိုပါစို့။ ဒီလို အချိန်မျိုးမှာလျင်မြန် တဲ့သတင်းပေးပို့မှုကို သတင်းစာက မလုပ်နိုင်သလို၊ ဂျာနယ်ကလည်း မလုပ်နိုင်ဘူး။ Facebook လိုမျိုး Electronic Media တွေကသာ လုပ်နိုင်မှာလေ။ Facebook ရဲ့ အားနည်းချက်က သတင်းပါပဲ။ Print Media လို စိစစ်မှုမလုပ်နိုင်ဘူး။ လုပ်ကြံဖန်တီးမှုတွေလည်း ပါနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် Self Sensor လုပ်နိုင်ပါ မှ ဒါမှမဟုတ် ကိုယ့်မျက်လုံးကိုယ် Filter လုပ်ထားနိုင်မှတော် ကာကျမယ်။ ဒါတောင် သတင်းနဲ့ပတ်သက်တာပဲရှိပါသေးတယ်။ ကျန်တဲ့ အကြောင်းအရာစုံနဲ့ ပတ်သက်ပြီး Facebook လို Socia Network မျိုးမှာ အားသာချက်အားနည်းချက်ပေါင်းစုံ ရှိနိုင်ပါတယ်” ဟုပြောပြခဲ့သည်။

အနုပညာရှင်များအတွက်မူ Facebook သည် ပြည်သူနှင့် ဆက်ဆံရာတွင် ကြားခံနယ်တစ်ခု ဖြစ်သကဲ့သို့ ကြောက်စရာ ကောလာဟလ လွှင့်တတ်သည့် ပါးစပ်ေ ပါက်ကြီးနှင့်လည်း တူပါသည်။ အခြားတစ်ဖက်တွင်လည်း တက်သစ်စအနုပညာရှင်များ၏ တစ်နေ့တာ ဖြတ်သန်းပုံများ၊ အနုပညာဖန် တီးမှုအသစ်များကို ပရိသတ်နှင့် တစ်သားတည်းဖြစ်အောင် တင် ပြပေးနိုင်သည်။ ယခုနောက်ပိုင်းအနုပညာရှင်အချို့၏ ပရဟိတလုပ်ငန်းများတွင် ပရိသတ်ကပါ ပါဝင်ဆောင်ရွက်လာသည် ကို တွေ့ရ သည်။ Facebook ပေါ်မှ Fan များနှင့် တွေ့ဆုံပွဲများ၊ Facebook ပေါ်မှ သီချင်း ခွေကြော်ငြာများစသည်ဖြင့် ကဏ္ဍစုံတွင် Facebook သည် ပါဝင်ပတ်သက် လျက်ရှိသည်။

စင်ကာပူနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်နေသော ကဗျာဆရာမလရိပ်ပြာက ” Internet ယဉ်ကျေးမှုက တခြားလူမျိုးတွေဆီမှာ အသားကျနေ ပေ မယ့် မြန်မာ လူမျိုးတွေအနေ နဲ့ နည်းပညာပိုင်းမကျွမ်းကျင်တဲ့အခါ အခက်အခဲ တချို့တွေ့ရတယ်။ ဓာတ်ပုံတွေအလွဲသုံး စားလုပ်ပြီးပေါက်ကရ Group တွေထဲထည့် တာမျိုးတွေ စင်ကာပူမှာ ခဏခဏ ကြုံရပါ တယ်။ အဝေးရောက်နေတဲ့သူတွေအတွက် Facebook က အဆင်ပြေပါတယ်။ အိမ်က လူတွေနဲ့ စကားပြောလို့ရတယ်။ နောက်ပြီး ကဗျာတွေတင်မယ်။ ကဗျာဆရာ၊ ဆရာမတွေနဲ့ ရင်းနှီးခွင့်ရတယ်။ ကိုယ်လေးစားအားကျတဲ့သူတွေကို ခင်ခင်မင်မင်ပြော လို့ဆိုလို့ရတာကောင် ပါတယ်။

ဒါပေမဲ့အမျိုးသမီးတွေ ရဲ့ ဓာတ်ပုံတွေကိုမသမာတဲ့ နည်းနဲ့ မသမာတဲ့ နေရာတွေမှာ အသုံးချတာမျိုးတွေ၊ အပြင်မှာမတွေ့ဖူး၊ မဆုံဖူးတဲ့လူတွေ ကို ငွေရေး၊ ကြေးရေး ကိစ္စတွေ၊ တခြား ကိစ္စတွေမှာ ကောက် ကြံတာမျိုးတွေကတော့သိပ် အဆင်မပြေဘူး” ဟုပြောပြခဲ့သည်။Facebook ၏ ထူးခြားသောအချက်မှာ လူတိုင်းအနုပညာရှင် ဆန် ဆန်ဖြစ်ခွင့်ရခြင်းပင်ဖြစ်သည်။ မိမိခံစားနေရသော စိတ်ခံစားမှုကိုစာကြောင်း လေးများနှင့်ရေးဖွဲ့ကာ Status တင်လိုက်လျှင် မိမိ၏ သူငယ်ချင်းများ၏ အားပေး လက်ခံမှု (Like) နှင့်မှတ်ချက် (Comment) တို့ကိုရနိုင်မည်ဖြစ်သည်။ လူတိုင်း အနုပညာသမားဖြစ်သွားသကဲ့သို့ ခံစားရစေပါသည်။ ဖေ့စ်ဘုတ်ပေါ်တွင် ဓာတ် ပုံလေး တစ် ပုံတင်ခြင်း(သို့) စာကြောင်းလေးတစ်ကြောင်းရေးခြင်းစသည့် အပြင်မိမိဖန်တီးထားသော သီချင်း၊ကဗျာ၊ပန်းချီတို့ကို သူငယ်ချင်းများနှင့် မျှဝေခံစားခြင်း သည် ပျော် ရွှင်မှု တစ်ခုဖြစ်သလို၊ စိတ်အပန်းဖြေရာလည်း ရောက်ပါသည်။

သို့သော် မလိုလားအပ် သော ပဋိပက္ခများ ဖန်တီးပေး ခြင်း၊ နိုင်ငံရေးအမြတ်ထုတ်ခြင်း၊ အခြားသော ကိစ္စရပ်များအပေါ် တွင် အမျိုးမျိုး လိမ်လည်လှည့် ဖြားခြင်းသည် မလုပ်သင့်မလုပ် အပ်သော အရာများဖြစ်သည်။ ထို့အပြင်လူငယ်လူရွယ်များ အနေ ဖြင့်လည်း Facebook ပေါ်တွင်သာ တစ်နေကုန်အချိန်ဖြုန်း မနေဘဲ ပြင်ပ လူ့အဖွဲ့ အစည်းတွင် လည်း ဝင်ရောက်နေထိုင်ရန် လိုပေသည်။ မည်သို့ပင်ဖြစ်စေ လူမှုကွန် ရက်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပတ် သက်လျက် ရှိ နေပြီဖြစ်သည်။

မင်းဘုန်းနိုင်
ကိုးကား- Wikipedia
Popular News 

တရုတ်-ဂျပန်၊ တရုတ်-အမေရိကန် အားပြိုင်မှုများအကြား အာဆီယံဥက္ကဋ္ဌ တာဝန်ယူရမည့် မြန်မာနိုင်ငံ ကြားညပ်ကာ မြေစာပင် မဖြစ်ရန် လိုအပ်

Posted by drmyochit Monday, November 25, 2013, under | No comments



၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးတာဝန် လက်ခံရယူမည့် မြန်မာနိုင်ငံ အနေနှင့် ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်-ဂျပန်၊ တရုတ်-အမေရိကန် အားပြိုင်မှုများအကြား ကြားညပ်ကာ မြေစာပင် ဖြစ်မသွားရန် လိုအပ်ကြောင်း ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်တွင် ဒုတိယအကြိမ် ပြုလုပ်သည့် အာဆီယံ စကားဝိုင်းတွင် တက်ရောက်ဆွေးနွေးသည့် ပညာရှင်များ၏ ပြောကြားချက်အရ သိရသည်။

နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ဂျာမနီနိုင်ငံ ဟန်းဆိုင်ဒယ် ဖောင်ဒေးရှင်းတို့ ပြုလုပ်သည့် ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ ရာထူးအတွက် အကြိုဆွေးနွေးသည့် ဒုတိယအကြိမ် အာဆီယံ စကားဝိုင်းကို နိုဝင်ဘာ ၂၂ ရက်၊ ၂၃ ရက်နေ့များတွင် ကျင်းပခဲ့ပြီး နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ၊ ဟန်းဆိုင်ဒယ် ဖောင်ဒေးရှင်းမှ Mr. Achim Munz နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌရာထူး ရယူချိန်တွင် အမေရိကန် နိုင်ငံမှ စိတ်ဝင်စားမှု ရှိနေသည့် အရှေ့အလယ်ပိုင်း၊ ပစိဖိတ်ဒေသ တောင်ပိုင်း၊ အရှေ့တောင်အာရှ၊ အရှေ့မြောက်အာရှနှင့် မြောက်အမေရိက ဈေးကွက်များအား အဓိက ချိတ်ဆက်ထားသည့် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု ဖြစ်နေသည့် တောင်တရုတ် ပင်လယ်အရေး ဆွေးနွေးရန် တရုတ်နိုင်ငံမှ သဘောတူညီမှုနှင့် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ မြှုပ်နှံလာနေပြီး တရုတ်နိုင်ငံနှင့် ကျွန်းစုပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှု ဖြစ်နေသည့် ဂျပန်နိုင်ငံအကြား အားပြိုင်မှုများ ရှိလာနိုင်သည့်အတွက် ပညာရှင်များက ယခုလို မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

"တရုတ်နိုင်ငံက ဖိအားပေးရင် ဘယ်လိုလုပ်မလဲဆိုတော့ ဘရူနိုင်းကို အတုယူရမယ်။ ရေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်နေတဲ့ အာဆီယံ လေးနိုင်ငံနဲ့ ထိတွေ့ရမယ်။ တရုတ်နိုင်ငံနဲ့လည်း ထိတွေ့ရမယ်။ အမေရိကန် အပါအ၀င် သက်ဆိုင်တဲ့နိုင်ငံ အားလုံးနဲ့ ထိတွေ့ပြီး ဒီပလိုမေစီကို ကျင့်သုံးရမယ်။ တရုတ်ကိုတော့ ဆန့်ကျင်လို့ မရဘူး။ ပြီးတော့ ဒီပြဿနာတွေက ၁၀ နှစ်၊ နှစ် ၂၀ နဲ့ ဖြေရှင်းလို့ မရတဲ့ ပြဿနာတွေဆိုတော့ လိမ္မာပါးနပ်စွာနဲ့ ဖြေရှင်းရမယ်။ ထိန်းထိန်းသိမ်းသိမ်း လုပ်ရပါမယ်" ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးအောင်ထူးက ပြောကြားသည်။

အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန်အား ကမ္ဘောဒီးယားနိုင်ငံ ရယူစဉ်က တောင်တရုတ် ပင်လယ်နှင့် ဆက်နွှယ်ပြီး အာဆီယံ ၀န်ကြီးများ သဘောတူညီမှုဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်အား တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် ထုတ်ပြန်နိုင်မှု မရှိခဲ့ကြောင်း သိရသည်။ ကျန်အာဆီယံ ကိုးနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံမှုများကြောင့် တရုတ်နိုင်ငံ၏ ဖိအားပေးမှုများ ရှိလာနိုင်သည်ကို ပူပန်မှုများ ဖြစ်ပေါ်နေကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ဆက်နွှယ်နေသည့် မြန်မာမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး သိပ္ပံမှ အဖွဲ့ဝင် ဦးကြီးမြင့်က ပြောကြားသည်။

"ကျွန်မတို့ နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံ မဟုတ်ပါဘူး။ ဒီအတွက် ကမ္ဘောဒီးယား နိုင်ငံလို ဖိအားပေးမှုခံမှာ မဟုတ်သလို အားပြိုင်မှုတွေကြား ညပ်တာမျိုးလည်း အဖြစ်မခံနိုင်ပါဘူး" ဟု ဒေါ်မိုးသူဇာက ဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ပုံရိပ်ဆိုးများ ရှိနေသော်လည်း အများဆုံး မြှုပ်နှံထားသည့် တရုတ်နိုင်ငံနှင့် အသွင်ကူးပြောင်းမှု ပြုလုပ်နေသည့် မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုမှ ပိတ်ဆို့မှုအချို့ ထားရှိသော်လည်း စီးပွားရေး ပူးပေါင်းမှု ဆိုင်ရာများ စတင်ပြုလုပ်လာခြင်း၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ စတင်လုပ်ဆောင်လာသည့် ဂျပန်နိုင်ငံတို့နှင့် သုံးပွင့်ဆိုင် အားပြိုင်မှုများမှာ မြန်မာနိုင်ငံ၏ ဘက်မလိုက် မူဝါဒနျင့် လက်ရှိအနေအထားများအရ စီးပွားရေး ထိခိုက်မှုများ ကြုံတွေ့လာနိုင်မည် မဟုတ်ဘဲ အကောင်းဆုံး ကျော်ဖြတ်နိုင်ဖွယ်ရှိကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ ဦးဝင်းအောင်က သုံးသပ်ပြောကြားသည်။

"အမေရိကန်သမ္မတ အိုဘားမား လက်ထက်မှာ အမေရိကန်ရဲ့ တောင်တရုတ်ပင်လယ်အရေး စိတ်ဝင်စားမှုကြောင့် တရုတ်နဲ့ အမေရိကန် အားပြိုင်မှုတွေ အကြားမှာ အာဆီယံ နစ်မြုပ်သွားမလား စိုးရိမ်နေကြတယ်။ အင်အားကြီး အမေရိကန်နဲ့ တရုတ်အားပြိုင်မှုမှာ အာဆီယံမြေစာ ဖြစ်မသွားဖို့ လိုတယ်။ မြန်မာနိုင်ငံ အနေနဲ့ အကိုင်အတွယ် မှားသွားရင် အာဆီယံ ညီညွတ်မှု ပျက်ပြားသွားနိုင်တယ်" ဟု ဦးကြီးမြင့်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချိန်တွင် ကိုင်တွယ်လုပ်ဆောင်ရမည့် ကိစ္စရပ်များမှာ အာဆီယံ အသိုက်အမြုံ တည်ဆောက်ရေးကို သတ်မှတ်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ရေး၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများအကြား တစ်ကြိမ်မျှ ပြန်လည်သုံးသပ်ရခြင်း မရှိသေးသော ASPC (ASEAN Political Security Community)ကို သုံးသပ်ခြင်း၊ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်သော အာဆီယံ စီးပွားရေး အသိုက်အမြုံ မျှော်မှန်းချက်မှ ကျန်ရှိနေသည်များကို ဆက်လက်အကောင်အထည်ဖော်ရေး၊ ASCC(ASEAN Socio Cul tural Community) သုံးသပ်ချက်များကို ဆွေးနွေးခြင်း၊ ပုဂ္ဂလိကပိုင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ရေးဆွဲထားသော မူဘောင်များမှာ အာဆီယံ နိုင်ငံများအကြား ချိတ်ဆက်စေမှုကို မည်သို့အကူအညီ ပေးနိုင်မည် ဆိုသည်ကို ဆွေးနွေးခြင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် အရှေ့တီမောနိုင်ငံ၏ လျှောက်ထားမှုကို သုံးသပ်ဆောင်ရွက်ရေး၊ အာဆီယံ နိုင်ငံများအကြား နိုးကြားမှု ရှိစေရန် ဆက်သွယ်မှု အစီအစဉ်များ ဆောင်ရွက်ရေး၊ အမေရိကန်၊ တရုတ်အပါအ၀င် အာဆီယံ မိတ်ဖက်နိုင်ငံများအကြား မျှခြေကို ထိန်းညှိဆောင်ရွက်ပေးခြင်း၊ တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ်အရေး၊ အရှေ့အလယ်ပိုင်း ကိစ္စရပ်များအပြင် နိုင်ငံတွင်း ကိစ္စရပ်ဖြစ်သော ရခိုင်အရေး ကိစ္စရပ်များကို ဆောင်ရွက်ခြင်းတို့ဖြစ်သည်။

(၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲ ပိတ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံမှ အာဆီယံဥက္ကဋ္ဌနေရာ လွှဲပြောင်းရယူစဉ် (Photo:AFP)

EMG

အမျိုးသမီးတွေရဲ့ ခန္ဒာကိုယ်က

Posted by drmyochit Monday, November 25, 2013, under | No comments


လေ့လာချက် တစ်ခုအရ အမျိုးသမီးတွေရဲ့ ခန္ဒာကိုယ်က ထွက်တဲ့ chemical compounds တစ်မျိုးရဲ့ ရနံ့က စိတ်လှုပ် ရှားမှုကို ပေးစွမ်းနိုင်ပြီး အမျိုးသား တွေကို ဆွဲဆောင် နိုင်တယ်လို့ ဆိုပါတယ်။

တကယ်လို့ မိန်းကလေး တစ်ယောက်အဖို့ ဆန့်ကျင်ဘက် လိင်ရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီ ဆိုရင် ဒါဟာ အံ့သြစရာ ကောင်းတဲ့ သဘာဝက ပေးတဲ့ လက်ဆောင်ပါပဲ။ သင့်ရဲ့ ဖက်ရှင် ဒီဇိုင်နာကို အမှတ်တွေ အရမ်း မပေးမိခင် ခဏလေး နေပါဦး။ ဒီလို ဆွဲဆောင်နိုင်တာ အမှန်တော့ သင့်ကိုယ်က ထွက်တဲ့ chemical တစ်မျိုး ကြောင့်ပါပဲ။

သင့်ခန္ဓာကိုယ်က pheromones အမည်ရတဲ့ chemical compounds တွေအလိုအလျောက် ထွက်နေ ပါတယ်။ pheromones ကဂရိဘာသာမှ ဆင်းသက် လာတာ ဖြစ်ပြီး စိတ်လှုပ်ရှားမှု ဖြစ်စေတတ်တဲ့ အရာတွေ တစ်နေရာ ကနေ တစ်နေရာကို သယ်ဆောင် ပေးတယ်လို့ အမည်ရ ပါတယ်။ ဒီ chemical တွေက လိင်မှုဆိုင်ရာ ဆက်ဆံရေးမှာ အဓိက ဆောင်ရွက်ပြီး ကျွန်တော်တို့ နှာခေါင်း အတွင်းက ဆဲလ်တွေ ထဲမှာ အာရုံခံ ပြီးနောက် ဦးနှောက်ကို အချက်အလက်တွေ ပို့ဆောင် ပေးပါတယ်။ တိရိစ္ဆာန် တွေနဲ့ အင်းဆက် တွေကလည်းဒီ chemical ကိုထုတ်လွှတ် နိုင်ကြပြီး ဒီ chemical ကတဆင့် မျိုးပွားမှုတွေ လုပ်ဆောင် ကြတာမို့ သူတို့မှာ စကားပြော စရာတောင် မလိုအပ်ပါဘူး။ pheromones ရဲ့နောက်ကွယ်က သိပ္ပံပညာ ကလည်း ယနေ့တိုင် ငြင်းခုန်စရာ အဖြစ် ရှိနေပြီး အထူးသဖြင့် အမျိုးသား တစ်ယောက်က အမျိုးသမီး တစ်ယောက်ရဲ့ ဆွဲဆောင်တဲ့ ရနံ့ကို အာရုံခံမှု ဆုံးဖြတ်တဲ့ အခါမျိုးမှာ ဒွိဟအဖြစ် ရှိနေဆဲပါပဲ။ pheromones တစ်မျိုးတည်းက လိင်မှုကိစ္စ ရွေးချယ်မှု အတွက် အဓိက ကျသလား ဆိုတာက စမ်းသပ်ဖို့ ခက်ခဲဆဲပါ။

ဒါပေမယ့် ရေမွှေးနဲ့ အမွှေးနံ့သာ ထုတ်လုပ်သူ တွေကိုတော့ မပြောမိ ပါစေနဲ့။ သူတို့က ရေမွှေးရဲ့ sexy ဖြစ်မှု လျို့ဝှက်ချက်ကို ပြောမှာ မဟုတ်ပါဘူး။ အမျိုးသမီးတွေ အနေနဲ့ pheromones ပါဝင်တဲ့ ရေမွှေး အသုံးပြုခြင်းဖြင့် မိမိရည်ရွယ်တဲ့ အမျိုးသားနဲ့ နီးစပ် စေမှာတော့ အမှန်ပါပဲ။ ဥပမာ အနံ့စူးစူး ရေမွှေးကို အသုံးပြုတဲ့ အမျိုးသမီး တွေက အမျိုးသားတွေအပေါ် တက်ကြွတဲ့ ခံစားမှုကို ပေးစေပါတယ်။ အကြောင်း ကတော့ အမျိုးသား တွေထက် အမျိုးသမီးတွေက ဒီလိုရနံ့ကို အဆ၁၀၀၀ အာရုံခံနိုင်ပြီး သူမက စကား မပြောရတဲ့ နည်းလမ်းနဲ့ ဒီအမွှေးရနံ့ကို ပြန်လည် ဖြန့်ဝေ ပေးပါတယ်။ တကယ်လို့သာ ရေမွှေးတွေက အမျိုးသား တွေကို မဆွဲဆောင်ဘူး ဆိုရင် ဘာတွေ ဖြစ်လာမလဲ။ သိပ္ပံပညာရှင် တွေကတော့ အမျိုးသား တွေရဲ့ လိင်စိတ်ဟာ pumpkin pie၊ doughnuts၊ lavender နဲ့ cinnamon rolls အနံ့တွေ ရှုမိရင် ကြွတတ်ကြောင်း တွေ့ရှိထား ပါတယ်။ ဒါပေမယ့် lavender အကိုင်း တစ်ကိုင်းကို မီးမြိုက်ပြီး အနံ့ခံ တာထက် အမျိုးသမီး တွေရဲ့ ဆွဲဆောင်တဲ့ ရနံ့က ပိုမိုပြီး လိင်စိတ် ကြွစေတယ်လို့ ဆိုပါတယ်။

အမွှေးရနံ့ တွေဟာ နေရာဒေသကို လိုက်ပြီးတော့လည်း သက်ရောက်မှု ကွာခြား ပါတယ်။ အီသီယိုပီးယားမှာ နွားကထွက်တဲ့ ရနံ့က အစွမ်းထက်တဲ့ ရေမွှေးထက် ပိုကောင်း ပါတယ်။ နွားကထွက်တဲ့ ရနံ့က မျိုးပွားမှု ကိုလည်း ကောင်းစေပြီး နွားချေးကို အမျိုးသား တွေက ခန္ဓာကိုယ်မှာ လိမ်းကျံပြီး အမျိုးသမီးတွေက ခေါင်းမှာ လိမ်းကြ ပါတယ်။ သင့်အနေ နဲ့တော့ စနစ်တကျ ထုတ်လုပ်ထားတဲ့ pheromone ရေမွှေးကို ရွေးချယ် နိုင်သလို မသုံးဘဲလည်း နေနိုင်ပါတယ်။ သင်ရှုသွင်း လိုက်တဲ့ လေနဲ့အတူ ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင် နိုင်ဖို့ ရေမွှေးကုမ္ပဏီ တွေကတော့ ကြော်ငြာ နေဦးမှာပါပဲ။ သိပ္ပံနည်းကျ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိသေး သရွေ့တော့ အနံ့မဲ့တဲ့ ရေမွှေးတွေ ထက်စာရင် အနံ့သင်းသင်း ရေမွှေးက ပိုပြီး ဆွဲဆောင်မှု ရှိနေဦးမှာပါ။ ဒါပေမယ့် ဒီလို pheromone ရေမွှေးတွေက အမျိုးသား တစ်ယောက်ကို တိုက်ရိုက် ဆွဲဆောင်မှု မရှိနိုင် ပေမယ့် သင်လွှတ် လိုက်တဲ့ ရနံ့က လိင်စိတ် ပိုကြွလာစေ မှာတော့ အမှန်ပါပဲ။

Source - HowStuffWorks, Images from Glamour, thefashionrecords.com

ယောကျာင်္းလေးတွေ အတွက်

Posted by drmyochit Monday, November 25, 2013, under | No comments


Six Packs တဲ့။ ယောကျာင်္းလေးတွေ အတွက်တော့ ကိုယ့်ရဲ့ ဗိုက်မှာ အဆီထက် စာရင် muscles တွေနဲ့ Six Packs ကို လိုချင် ကြမှာပါ။ ဒါကို ဘယ်လို ရအောင် လုပ်ကြမလဲ။ 

Six Packs တဲ့။ ယောကျာင်္းလေးတွေ အတွက်တော့ ကိုယ့်ရဲ့ ဗိုက်မှာ အဆီထက် စာရင် muscles တွေနဲ့ Six Packs ကိုလိုချင် ကြမှာပါ။ ဒါကို ဘယ်လို ရအောင် လုပ်ကြမလဲ။ မှန်ကန်တဲ့ နည်းစနစ် တစ်ခုတော့ လိုအပ်ပါတယ်။

Fitness Community ရဲ့ဆိုရိုး တစ်ခု ရှိပါတယ်။ "six packs are made in the kitchen, not the gym." တဲ့။ six packs ကိုလိုချင်ရင် အားကစား ခန်းမတွေမှာ ကျင့်ရမှာ မဟုတ်ဘဲ မီးဖိုချောင် မှာပါတဲ့။ လူတိုင်းမှာ ဗိုက်ကြွက်သားတွေ ရှိပါတယ်။ ဒါပေမယ့် အရာတစ်ခုခု အောက်မှာ ဖုံးနေလို့ မမြင်ရတာပါ။ တကယ့်လို့ အဲ့အဆီတွေ အောက်မှာ ဖုံးနေတဲ့ ကြွက်သားတွေကို မြင်ချင်တယ် ဆိုရင် အပေါ်က အဆီတွေကို အရင် ဖယ်ထုတ် ပစ်ရမှာပါ။ တစ်နေ့ကို အိပ်ထမတင် (crunches) အခါတစ်ထောင် လောက်လုပ်ရင် ဒီအဆီတွေကို လောင်ကျွမ်းဖို့ လုံလောက်ပြီလို့ ထင်ကြမှာပါ။ သေချာ အားသွန်ခွန်စိုက် ထိအောင် မလုပ်ရင် အခါတစ်ထောင် ဆိုတာ မလုံလောက် ပါဘူး။ ကိုယ်စားသောက် လိုက်တဲ့ ကယ်လိုရီ ထက်ပိုတဲ့ ပမာဏကို သုံးပစ်လိုက်ဖို့ လိုအပ်ပါတယ်။ ဒါမှ ခန္ဓာကိုယ်က အဆီအဖြစ်နဲ့ သိမ်းဆည်း ထားတဲ့ ပိုလျှံနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်း ပစ်ဖို့အတင်း စေခိုင်းမှာပါ။ မှန်ကန်တဲ့ အချိုးအဆနဲ့ စားပြီး လေ့ကျင့်ခန်း လုပ်ရမယ် ဆိုတာ သင်သိပါတယ်။

diet ကအရေးပါတဲ့ အချက်တစ်ချက်ပါ။ နောက်ထပ် သင့်ရဲ့ ကြွက်သားတွေကို ပိုမို ကြီးမားအောင် လုပ်နိုင်တဲ့ အချက်တစ်ချက် ရှိပါ သေးတယ်။ အရွယ်အစား ဆိုတာ ခွန်အားနဲ့ ညီမျှပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ် ပုံစံကို မှန်ကန်စေပြီး ထပ်ခါတလဲလဲ လုပ်ရတဲ့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း လုပ်လို့ မောပန်းတာတွေ၊ အထူးသဖြင့် သင့်နောက်ကျောကို ဒဏ်ပိစေ တာတွေကို သက်သာ စေဖို့အတွက် အလေးမ နည်းစနစ် မှန်ကန်ဖို့ လိုအပ်ပါတယ်။ ပိုပြီး သယ်မ နိုင်တာက သင့်ဘ၀မှာ အရေးကြုံ လာတဲ့အခါ အသုံးဝင် လာမှာပါ။ ပိုတောင့်တင်းတဲ့၊ ပိုကြီးမားတဲ့ ကြွက်သား တွေက တဖြေးဖြေးနဲ့ သိမ်ငယ် ချည့်နဲ့သွား တတ်ပါတယ်။ ဒါကို ကြာရှည် ထိန်းထားနိုင်ဖို့ လိုပါတယ်။ ကြွက်သားတွေက ကယ်လိုရီ တွေကို လောင်ကျွမ်း စေပါတယ်။ ကြွက်သားတွေ များများရှိလေ ကယ်လိုရီကို လောင်ကျွမ်းတဲ့ နေရာ၊ ဖယ်ထုတ်တဲ့ နေရာမှာ ပိုထိရောက်မှု ရှိပါတယ်။ တကယ်လို့ ကြွက်သားတွေ များများ ရှိတာဟာ ကိုယ့်ကိုကိုယ် ၀ိတ်ပေါကြီးလို့ ဖြစ်နေမှာကို မစိုးရိမ်ပါနဲ့။ ကြွက်သား တွေထွက်လာဖို့ ဆိုတာ မလွယ်ကူ ပါဘူး။ တကယ့် ကြောက်စရာ ကောင်းလောက်အောင် ကြွက်သားတွေ ရှိတဲ့သူတွေက ဒါတွေကို မတော်တဆ ရလာတာ မဟုတ်သလို သင်လည်း အဲ့လိုဖြစ်မှာ မဟုတ်ပါဘူး။

တစ်ခါတစ်လေမှာ ကိုယ်က ကြွက်သားတွေ ထွက်အောင် ကစားပေမယ့် ပြောင်းပြန်ရလဒ်တွေ ထွက်လာ တတ်ပါတယ်။ လူတွေက နေ့တိုင်း ကစားရင် ဖြစ်လာမှာပါလို့ ဆိုကြပါတယ်။ သင်က နေ့တိုင်း လုပ်နိုင်တယ် ဆိုတာ လုပ်သင့်တဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ တစ်ပေါင်လောက် အလေးကို တစ်နေ့ကို အကြိမ် ငါးရာလောက် မနေတာမျိုးက အလကားပါ။ ကိုယ့်ရဲ့ muscle fibers တွေကို ပြန်ကုစားဖို့၊ ပြန်တည်ဆောက်ဖို့နဲ့ ကြီးထွားလာဖို့ အတွက် အနာတော့ ခံရမှာပါ။ ဖြည်းဖြည်းချင်းနဲ့ စသွားတာဟာ ကိုယ့်ရဲ့ အတိုင်းအတာကို သိစေသလို အနာတရ တွေကလည်း ကာကွယ် ပေးပါတယ်။ အိပ်ထမတင် (crunches) အခါတစ်ရာ သုံးကြိမ်အစား ၈-၁၂ခါလောက်နဲ့ sit-up၊ leg lift နဲ့တခြား ၀မ်းဗိုက်ပိုင်း ကြွက်သားတွေနဲ့ သက်ဆိုင်တဲ့ လေ့ကျင့်ခန်းတွေကို အလေးတုံး တွေပါ ထည့်သွင်း ကစားမယ် ဆိုရင် သင့်ရဲ့ ၀မ်းအောက်ပိုင်းနဲ့ ဘေးဘက်က ခါးလှည့်တဲ့ ကြွက်သားတွေကိုပါ ထိရောက် စေပါတယ်။ စာရေးတဲ့ သူကတော့ ၀မ်းဗိုက် အပေါ်နဲ့ အလယ်ပိုင်း၊ နောက်ဘေး ဘက်ပိုင်း၊ ပြီးတော့မှ အောက်ပိုင်း ကိုကစားဖို့ အကြံပေး ထားပါတယ်။ ဒီအစီအစဉ်က သင့်ရဲ့ six-pack zone ကိုထိစေပါတယ်။ ၀မ်းဗိုက် ကြွက်သား အတွက် ကစားတဲ့ နေရာမှာ twist တွေပါ ထည့်ကစားတာက အကျိုးရှိတယ် လို့လည်း ဆိုပါတယ်။

အကြိမ် အရေအတွက် များများနဲ့ အလေးချိန် ပေါ့တာတွေနဲ့ ကစားပေး တာက ဘာမှ အကျိုးမရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ fitness community ကလည်း ဒီကိစ္စ အတွက် ငြင်းခုံ နေတုန်းပါ။ ဒါမျိုး လုပ်တာက သက်လုံပိုင်းနဲ့ ခံနိုင်ရည် ရှိလာဖို့ တည်ဆောက်တဲ့ အပိုင်းမှာ ကောင်းကျိုး ရှိစေပါတယ်။ ဒီလေ့ကျင့်ခန်း တွေကလည်း သင့်ရဲ့ ဗိုက်ကြွက်သား တွေကို သန်မာကြံ့ခိုင် စေပါတယ်။ အကြိမ်များများ လုပ်နိုင်ရင်တော့ muscle size ကိုတက်လာ စေမှာပါ။ ဒီလို သက်သက်သာသာ ကစားတာ တွေက ကြာရှည် မခံတာကြောင့် အထိရောက်ဆုံး နည်းတော့ မဟုတ်ပါဘူး။ ဒါကြောင့် အကြိမ် အရေအတွက် နည်းနည်းနဲ့ အလေးချိန် များများ သုံးတဲ့ လေ့ကျင့်ခန်းတွေက six pack အတွက် ပိုပြီး သင့်တော်သလို ကြံ့ခိုင်သန်စွမ်းမှုနဲ့ ကြာရှည် ခံနိုင်မှုမှာ ပိုကောင်းပါတယ်။ လေ့ကျင့်ခန်း အပြင် diet ကိုလည်း လုပ်ဖို့ မမေ့ပါနဲ့ဦး။ အားလုံးပဲ six pack တွေပိုင်ဆိုင်နိုင် ကြပါစေ။ 

Images from t-nation, xtworkoutroutines.com, gizmodo, dailyfitnesstip.com, Source - Gizmodo

အားလုံးကိုဖတ်စေချင်သောအရမ်းကောင်းတဲ့စာစုလေး....

Posted by drmyochit Monday, November 25, 2013, under | No comments


(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့
အခါ တစ်ယောက်တည်း
သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။

(၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာ
ဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေ
မလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။

(၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။
တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲသိုဝှက်ထားရင် ကိုယ့်ကိုယ်ပိုပြီး
စိတ်ထိခိုက်စေတယ်။

(၄) မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ။ ကြယ်တွေကို
ရေတွက်ပါ။ အပြောကျယ်တဲ့ကောင်းကင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့
အချစ်တစ်ခုတော့ရှိလိမ့်မယ်။ "ငါ မဆိုးဘူး" ဆိုပြီး ကိုယ့်ကိုယ်
ယုံကြည်မှုတစ်ခုတော့ပေးပါ။

(၅) မိသားစုအပါအဝင် ကိုယ်နှစ်သက်တဲ့သူရဲ့ မွေးနေ့ကိုမှတ်ထားပါ။
ကိုယ့်မွေးနေ့ကိုလည်း မှတ်ထားပါ။ မွေးနေ့မှာ လက်ဆောင်ပေးသူမရှိရင်
ဝမ်းမနည်းပါနဲ့။ လှပတဲ့လက်ဆောင်တွေဝယ်ပြီး အဖေ၊ အမေကို ပေးနိုင်ပါတယ်။

(၆) အားလပ်ချိန်မှာ ငြိမ့်ညောင်းတဲ့ သီချင်းလေးတွေ နားထောင်ပါ၊
စာကောင်းလေးတွေရှာဖတ်ပါ။ ခဏတာ အိပ်စက်ပါ။

(၇) အခုချိန်ကစပြီး ထက်မြက်သူဖြစ်ပါစေ။ ငါ့ကိုလွမ်းလား? ချစ်လားလို့
တစ်ဘက်သားကို သွားမမေ့ပါနဲ့။ တကယ်လို့ သူလွမ်းရင်၊ သူချစ်ရင်
သူဘာသာသူပြောလိမ့်မယ်။ ကိုယ်သွားမေးနေရင် သူဘဝင်မြင့်သွားလိမ့်မယ်။

(၈) ကိစ္စတချို့၊ လူတချို့ကြောင့် ကိုယ့်ကိုယ် သိပ်မရက်စက်မိစေနဲ့။ ဥပမာ-
ထမင်းမစားတာ၊ ငိုတာ၊ အခန်းအောင်းတာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ... ဒါတွေက
လူနုံ့လူအတွေ လုပ်တဲ့အလုပ်ဖြစ်တယ်။ တစ်ခါတလေမှာ နုံ့အတာပဲ

(၉) ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်
ဖြစ် သူတစ်ပါးနောက်ကွယ်မှာ
သူ့မကောင်းကြောင်း မပြောပါနဲ့။ ပြောခဲ့ရင်လည်း ကောင်းကြောင်းပဲပြောပါ။
မိတ်ဆွေတစ်ဦးပိုတာက ရန်သူတစ်ယောက်တိုးတာထက် ပိုကောင်းပါတယ်။

(၁ဝ) တစ်ခါတလေမှာ ကားပိုင်းဆက်တွေ ကြည့်လို့ရတယ်။ ဒါပေမယ့်
မှိန်းမသွားရဘူး။ တစ်ခါတလေမှာ ဆံပင်တွေ ရှုပ်ပွကြည့်လို့ရတယ်။ ဒါပေမယ့်
အချိန်အခါနဲ့ ကိုက်ညီရမယ်။ တစ်ခါတလေမှာ ညစ်ညစ်ပတ်ပတ်တွေ ဆဲကြည့်လို့ရတယ်။
ဒါပေမယ့် ကိုယ့်တစ်ယောက်တည်းရှိချိန် ဒါမှမဟုတ်
အရင်းဆုံးသူငယ်ချင်းရှေ့ဖြစ်ရမယ်။ ဆဲပြီးတာနဲ့
ကိုယ့်ကိုစိတ်ညစ်စေတဲ့အရာတွေ မေ့ပစ်နိုင်ရမယ်။

(၁၁) အတတ်နိုင်ဆုံး လူတွေနဲ့မငြင်းခုန်မိအောင် ကြိုးစားပါ။
ဒေါသထွက်နေသူတစ်ယောက်က ကိုယ့်ခံစားချက်ကိုမထိန်းနိုင်တဲ့
အရူးတစ်ယောက်နဲ့တူပြီး အရမ်းကြောက်ဖို့ကောင်းပါတယ်။ သည်းခံပြီး
ပြဿနာရင်းမြစ်ကိုရှာပါ။ စိတ်တွေတည်ငြိမ်ချိန်မှ ဖြေရှင်းပါ။

ချစ်ဖို့မလောနဲ့ အချိန်ပေးပါ


ချစ်သူရည်းစားဖြစ်ပြီးတဲ့လူနှစ်
ဦးက ကိုယ်ဟာသူ့ရင်ထဲကချစ်သူ
ဟုတ်မဟုတ်ဆိုတာကိုသိဖို့ အချိန်တအောင့်လောက် လိုအပ်တယ်။
အဲဒီအချိန်တအောင့်က နှစ်ချီကြာနိုင်သလို တချို့က တစ်သက်၊ တစ်ဘဝအချိန်ကို
အသုံးပြုပြီးမှ တစ်ဘက်သားကို နားလည်ကြရတယ်။

အကြံ(၁)

pheromone နည်းနည်းလျော့ပါ အသိဉာဏ်များများပိုပါ

ချစ်နေချိန်မှာ မျက်စိနဲ့ သေချာလေ့လာရတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာကိုလည်း
ကိုက်ညှိကြည့်ဖို့ လိုအပ်တယ်။ ချစ်စမှာ လူတွေက မျက်ကန်းဆန်ပြီး
တစ်ဘက်သားကို အကောင်းပဲမြင်တတ်ကြတယ်။ ဒါတွေက ချစ်နေချိန်မှာ
လူ့ခန္ဓာကထွက်တဲ့ pheromoneကြောင့် မျက်ကန်းဆန်စေတာဖြစ်တယ်။ pheromone
ကြောင့် ချစ်နေချိန်မှာ တစ်ဘက်သားရဲ့အလှ၊ အကောင်းကိုပဲမြင်ခဲ့တယ်။
ဒါကြောင့် "အချစ်မှာမျက်စိမရှိ"ဆိုတဲ့ စကားပေါ်လာခဲ့တာဖြစ်တယ်။

ချစ်သူဖြစ်ပြီး သက်တမ်းအနည်းငယ်အကြာမှာ pheromoneက ပုံမှန်အနေအထားကို
ပြန်ရောက်သွားတယ်။ ဒီလိုအနေအထားဖြစ်ဖို့ နှစ်ဝက်ကျော်လောက် ကြာတတ်တယ်။
အဲဒီအချိန်ကျရင် တစ်ဘက်သားကို ကိုယ်တစ်ကယ်ချစ်မချစ်၊
သင့်မသင့်တော်ဆိုတာကို လေ့လာဆန်းစစ်နိုင်တယ်။ ဒါပေမယ့် တချို့ချစ်သူတွေက
နှစ်ဝက်တောင်မခံဘဲ pheromone လျော့နည်းချိန်မှာ လမ်းခွဲကြရတယ်။ ဒါကြောင့်
အချစ်မှာ ချစ်ဖို့ သံစဉ်တွေလိုအပ်တယ်။ ချစ်စမှာ ဖြေးဖြေးချင်းနဲ့
ချစ်သံစဉ်တွေ အဆုံးထိ တီးခတ်သီဆိုနိုင်ဖို့ လိုအပ်တယ်။ ဒါမှမဟုတ်ရင်
လှပတဲ့သီချင်းတစ်ပုဒ်က သံစဉ်ကြောင့်ပျက်သွားနိုင်တယ်။

အကြံ (၂)

သူနဲ့မတူချင်ရင် သူ့ကိုမချစ်ပါနဲ့

ချစ်နေချိန်မှာ အချင်းချင်း တူညီသက်ရောက်နိုင်ဖို့ တစ်ဘက်သားကအရေးပါတယ်။
တစ်ဘက်သားရဲ့ အပြောအဆို၊ နှစ်သက်တဲ့အစားအသောက်တွေကို မသိမသာနဲ့
ကိုယ်သင်ယူမိတတ်တယ်။ နောက်ဆုံးမှာ ရုပ်ပါဖြေးဖြေးဆင်လာတာကို တွေ့ရတယ်။
ဒါကြောင့် အခုချိန်မှာ ကိုယ်ဟာ "ကိုယ်နဲ့မတူချင်တဲ့ လူတစ်ယောက်"နဲ့ချစ်သူဖြစ်နေခဲ့ရင် ခဏလောက်တော့ ကိုယ့်ကိုယ်ဆန်းစစ်ကြည့်သင့်တယ်
။ သူ့ကို
ကိုယ်တကယ်ချစ်သလား?

တစ်ကြိမ်မှာတော့ ဇီဇာကြောင်တဲ့လူတစ်ယောက်နဲ့ ကျွန်မချစ်သူဖြစ်ခဲ့ဖူးတယ်။
သူနဲ့ နိုင်ငံခြားအတူ သွားလည်တဲ့အခေါက် မိတ်ဆွေတစ်ဦးအိမ်မှာ
ကျွန်မတို့ထမင်းအတူစားခဲ့ကြတယ်။ ထမင်းစားပြီးနောက် သူကမျက်ရိပ်နဲ့
ကျွန်မကို ပန်းကန်ဆေးကူသင့်ကြောင်းပြတယ်။ မိတ်ဆွေအိမ်မှာ
ပန်းကန်ဆေးစက်ရှိပေမယ့် ကျွန်မရဲ့အကျင့်က
သူတစ်ပါးဂရုစိုက်စောင့်ကြည့်တာမျိုးကို နှစ်သက်တာကြောင့် သူ့စိတ်ကြိုက်
ပန်းကန်တွေအများကြီးဆေးခဲ့ဖူးတယ်။ ဒါနဲ့တင် သူကမကျေနပ်ခဲ့ဘူး။
အဲဒီခရီးမှာ ကျွန်မတို့ အကြိမ်ကြိမ်ငြင်းခုန်ခဲ့ကြရတယ်။ ခရီးတစ်လျှောက်
တင်းမာနေတဲ့ သူ့မျက်ရိပ်မျက်ကဲကိုပဲ ကျွန်မကြောက်ကြောက်ရွံ့ရွံ့
ကြည့်ခဲ့ရတယ်။ ကိုယ့်နိုင်ငံပြန်ရောက်တာနဲ့ သူ့ကိုဖြတ်ပစ်မယ်လို့
စိတ်ထဲမှာတိတ်တိတ်လေး ကျွန်မဆုံးဖြတ်လိုက်တယ်။
သူရဲ့ချစ်သူမဖြစ်ချင်တော့တဲ့အပြင် သူ့ကိုကျွန်မကြည့်လည်း
မကြည့်ချင်ခဲ့တော့ဘူး။


အဲဒီတစ်ခေါက်မှာ အချစ်ကို စိတ်အစွဲအလမ်းနဲ့ပဲ ချစ်လို့မရမှန်း
ကျွန်မသိလိုက်ရတယ်။ "ခရီးဝေးမှ မြင်းရဲ့ခံနိုင်အားကိုသိတယ်။
ပေါင်းသင်းတာကြာမှာ လူ့စိတ်ကိုသိတယ်" ဆိုသလိုမျိုး
သူ့စိတ်ကိုလုံးလုံးသိပြီး သူနဲ့မတူချင်ခဲ့ရင် စောစောစီးစီး
လမ်းခွဲလိုက်ကြတာပိုကောင်းတယ်။ တကယ်လို့ သူ့ရဲ့အလေ့အထကို သိပြီးသည့်တိုင်
သူ့ကိုဆက်ချစ်နေသေးတယ်ဆိုရင် သူဟာ ကိုယ်တကယ်ပေးဆပ်သင့်သူဖြစ်ခဲ့ပါ
တယ်။

အကြံ (၃)

အခက်အခဲကြုံချိန်မှ အချစ်ရဲ့ရုပ်ပုံစစ်ကို မြင်ရတယ်

အချစ်ခရီးလမ်းက နေရောင်ခြည်ပဲ ထွန်းတောက်နေမှာမဟုတ်ပါဘူး။ တစ်ခါတလေ
မတော်တဆတွေနဲ့လည်း ကြုံရတတ်တယ်။ ဒါဟာ အချစ်ကိုစမ်းသပ်တဲ့ အကောင်းဆုံး
အခွင့်အရေးဖြစ်တယ်။ မိသားစုဝင် တစ်ယောက်ယောက် ဆေးရုံတက်ရတယ် ဒါမှမဟုတ်
ကုမ္ပဏီက ရုတ်တရက် အရေးအကြောင်းရှိလာတယ် ဒီလိုမတော်တဆတွေက
အချစ်ကိုသက်ရောက်စေတတ်တယ်။ ဒီလိုအခက်အခဲကြုံချိန်
အမြဲတွေ့နေကြချစ်သူနှစ်ဦးက ခေတ္တခဏတော့ ခွဲကြရတယ်။ ဒီလိုအချိန်မှာ
ကိုယ့်ရဲ့လိုအပ်မှုကို ချစ်သူက ဘယ်လိုအကူအညီပေးသလဲ! အကြံပေးသလဲ! ဒါတွေက
ချစ်သူနှစ်ဦးရဲ့အနာဂတ်အတွက် အဆုံးအဖြတ်ပေးတတ်တယ်။

မတော်တဆဖြစ်ချိန် ကိုယ့်ကိစ္စကို သူ့ကိစ္စလိုသဘောထားပြီး
ကူညီဖြေရှင်းပေးတဲ့ချစ်သူ၊ ကိုယ့်လုံခြုံမှု၊ ကိုယ့်ပျော်ရွှင်မှုကို
ရှေ့တန်းတင်တတ်တဲ့ချစ်သူမျိုးကိ
ု ကျွန်မတို့က ယုံယုံကြည်ကြည်နဲ့
ချစ်သင့်ပါတယ်။ ချစ်ရတာလည်း တန်ပါတယ်။

တကယ်လို့ မတော်တဆဖြစ်ချိန် အလုပ်များတာကိုအကြောင်းပြပြီး
ကိုယ့်ကိုရှောင်ဖယ်တတ်တဲ့ချစ်သူ၊ အရာအားလုံးပြီးငြိမ်းမှ
"အဆင်ပြေလား?"ဆိုပြီး ကိုယ့်ဆီပြန်လာတတ်တဲ့ ချစ်သူမျိုးကိုတော့
ချစ်ရတာမထိုက်တန်ပါဘူး။
အကြံ (၄)

ပြောင်းလဲဖို့ အချိန်ပေးပါ

အချစ်ကိုစွန့်ခွါချိန် အလျှင်စလိုမလုပ်ဘဲ ပြောင်းလဲဖို့
သူ့ကိုအချိန်ပေးသင့်ပါတယ်။ အခုချိန် သူ့ဆီမှာ အားနည်းချက်တွေ
တပုံကြီးရှိတယ်ဆိုပေမယ့် ပြောင်းလဲပြုပြင်ဖို့ သူကိုယ်တိုင်
သင်ယူလိုစိတ်ရှိတယ်ဆိုရင် သူဟာ ကိုယ့်အတွက်အဖော်ကောင်းတစ်ယောက်
ဖြစ်နိုင်ပါတယ်။ ကျွန်မအဖေလိုမျိုး နုရွယ်စဉ်မှာ ဗွေရှုပ်ခဲ့တယ်။
အသက်ကြီးလာတော့ အိမ်အတွက်၊ မိသားစုအတွက် တစ်လျှောက်လုံး
ပေးဆပ်လာခဲ့တဲ့အမေကိုကြည့်ပြီး သူလည်းပြောင်းလဲလာခဲ့တယ်။
အမေကိုပြန်ပေးဆပ်တတ်ဖို့ သူသင်ယူခဲ့တယ်။ ဘဝတစ်လျှောက်မှာ သားသမီး၊
လင်ယောက်ျားအတွက် အရာရာကို ပေးဆပ်စတေးခံခဲ့တဲ့အမေက နောက်ဆုံးမှ
ကိုယ့်ကိုဂရုစိုက်တတ်တဲ့ လင်ကောင်းတစ်ယောက်ကိုရခဲ့တယ်။
သူ့ဘဝနောက်ဆုံးအချိန်အတွက် အဖော်ကောင်းဖြစ်ခဲ့တယ်။ အဖေ့အပေါ်ထားတဲ့
အမေရဲ့အချစ်က အမြစ်တွယ်ခိုင်မြဲခဲ့တယ်။ ငြင်းခုန်မှုတွေမပြတ်ရှိခဲ့တယ်ဆိုပေမယ့် အမေမတုန်လှုပ်ခဲ့ဘူး။ အမေအတွက်တဘက်သားရဲ့အချစ်ကို နားလည်ဖို့ သူ့တစ်သက်အချိန်ယူခဲ့ရတယ်

Credit by: စိတ်ကူးပျော်ရာ

ချောမွတ် နူးညံ့ အမွှေးအမျှင် ကင်းစင်တဲ့ အသားအရေကို ပိုင်ဆိုင်ဖို့

Posted by drmyochit Monday, November 25, 2013, under | No comments



ချောမွတ် နူးညံ့ အမွှေးအမျှင် ကင်းစင်တဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ အမွှေး ဖယ်ရှားတဲ့ နည်းလမ်း ကောင်းကို ရှာဖွေနေ ပါသလား။ ဒီမှာ နည်းလေးတွေ ဖော်ပြပေး ထားပါတယ်။

ချောမွတ် နူးညံ့ အမွှေးအမျှင် ကင်းစင်တဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ ဘရိတ်ဓားနဲ့ ရိတ်တာထက် ပိုကောင်းတဲ့ နည်းလမ်းကို ရှာဖွေနေ ကြပါ တယ်။ အစဉ် အလာအရ အမွှေး မရှိရမဲ့ နေရာထက် ပိုပြီးအမွေး မရှိချင်တာ အမျိုးသား တွေမှာဆို မျက်နှာနဲ့ အမျိုးသမီး တွေမှာဆို ခြေ ထောက်နဲ့ ချိုင်းအောက်လို နေရာမျိုးပေါ့။ ဒါပေမဲ့ အဲ့လို နေရာက အမွှေးတွေ ဖယ်ရှား မိတယ် ဆိုရင် မွှေးညင်းပေါက် ကိုကျယ် တာပဲ ဖြစ်စေ ပါတယ်။

မျက်နှာနဲ့ ခန္ဒာကိုယ် အမွှေးတွေကို ဖယ်ရှားဖို့ အတွက် တခြား ရွေးချယ်စရာ နည်းတွေ ရှိပါတယ်။ လျှပ်စစ်ဖြင့် မွှေးညင်းအိတ်ကို အားနည်း စေခြင်း (electrolysis)၊ လေဆာဖြင့် ဖယ်ရှားခြင်း (laser hair removal)၊ ဖယောင်းဖြင့် ဖယ်ရှားခြင်း (Waxing) တို့ပဲဖြစ်ပါတယ်။ waxing ကတော့ အချိန်ကြာကြာ ခံပါတယ်။ ကျန်နှစ်မျိုး ကတော့ အမြဲတမ်း အတွက်ပေါ့။ ကုန်ကျငွေ၊ safty risks၊ treatment တစ်ခုပြီးဖို့ အတွက် အချိန်နဲ့ အကြိုက်ပေါ် မူတည်ပြီး လိုအပ်ချက်နဲ့ ကိုက်ညီမယ့် နည်းလမ်းကို ရွေးချယ် သင့်ပါတယ်။ အချို့နည်းက ဈေးကြီး ပါတယ်။ အချို့က အချိန်အပိုင်း အခြားအလိုက်၊ section အဆင့်ဆင့် လုပ်ရပါတယ်။ အချို့က ထာဝရ ခံပါတယ်။ information ပိုသိထားရင် ဘယ်နည်းလမ်းကို ရွေးချယ် ရမလဲ ပိုသိလာပါ လိမ့်မယ်။ လူကြိုက် အများဆုံး နည်းလမ်း ကတော့ ရိတ်တာက အမွှေး ဖယ်ရှားတဲ့ နည်းလမ်း ဟောင်းကြီးပါ။ ဆယ်စုနှစ် တစ်ခုမက ကြာရှည်နေတဲ့ နည်းလမ်း ဖြစ်ပေမယ့်လည်း ဈေးအသက် သာဆုံးနဲ့ အလျင်မြန်ဆုံး မလိုချင်တဲ့ အမွှေး ဖယ်ရှားနည်းပါ။ ဘရိတ်ဓားနဲ့ shaving cream တစ်ဗူး ဆိုတာ အနီးအနား ဆိုင်မှာတင် လွယ်လွယ် ၀ယ်လို့ ရပါတယ်။ Shaving ကလတ်တလော အတွက် ကောင်းပေမယ့် ချို့ယွင်းချက် အများကြီး ရှိပါတယ်။ အားနည်းချက် ကတော့ မကြာခဏ ရိတ်ပေး ရတယ်။ တစ်ခါတစ်လေ အမွှေး ငုတ်စိလေးတွေ မရှိအောင် နေ့စဉ် ရိတ်ရတယ်။ ဒီလို လုပ်ခြင်းက အရေပြားကို နာကျင် နီရဲစေပြီး အနီစက်၊ ယားယံခြင်း၊ ယောင်ရမ်းခြင်း ဖြစ်စေ ပါတယ်။ 

ရေရှည် ခံတဲ့ နည်းလမ်း တွေကတော့ လျှပ်စစ်ဖြင့် မွှေးညင်းအိတ်ကို အားနည်းစေခြင်း (electrolysis) ကတော့ ယခုအခါ ရေရှည်ခံ နည်းလမ်းလို့ သတ်မှတ် ထားတဲ့ တစ်ခုတည်းသော နည်းပါ။ အပ်သေးသေးနဲ့ မွှေးညင်းအိတ်ကို လျှပ်စစ် ဖြတ်သန်းပြီး အမွှေးအရင်းကို ဖျက်စီးတဲ့ နည်းပါ။ ဒီလို မွှေးညင်းအိတ်ကို ဖျက်စီးခြင်း အားဖြင့် အမွှေး ထပ်မထွက် နိုင်တော့ပဲ ကြာရှည်ခံတဲ့ ရလဒ်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက အချိန်အထူး ဂရုစိုက်ဖို့ လိုပြီး တစ်ပင် ချင်းစီကို လုပ်ရတာ ဖြစ်တဲ့အတွက် section များများ ယူရပါတယ်။ လုပ်မဲ့ နေရာပေါ် မူတည်ပြီး ရာပေါင်း များစွာ ဒါမှမဟုတ် ထောင်ပေါင်း များစွာသော အပ်တွေနဲ့ ထိုးရတာ ဖြစ်တဲ့အတွက် လုပ်တဲ့လူ သိပ်မရှိပါဘူး။ လေဆာဖြင့် ဖယ်ရှားခြင်း (laser hair removal) -ခန္ဒာကိုယ် ဘယ်နေရာက အမွှေးအမျှင် မဆိုဖယ်ရှား လို့ရတဲ့ အတွက် အမျိုးသမီးကော၊ အမျိုးသားပါ လူကြိုက် များပါတယ်။ လူကြိုက် များတဲ့ အကြောင်းရင်းက နာကျင်မှု ပမာဏက Electrolysis နဲ့ Waxing ထက်ပိုပြီး သိသိသာသာ သက်သာ ပါတယ်။ ပိုးသားလို အသားအရေ ရဖို့ ပိုလွယ်ကူတဲ့ နည်းစနစ် ဖြစ်ပါတယ်။ Laser hair removal devices ကိုဝယ်ပြီး ကိုယ့်အိမ်မှာ တောင်လုပ်လို့ ရပါတယ်။ Laser hair removal မှာလဲ အားနည်းချက် ရှိပါတယ်။ ခန္ဒာကိုယ် ဘယ်နေရာက အမွှေး ဖယ်ရှားမလဲ၊ ဘယ်လောက် ဖယ်ရှား မလဲဆို တာပေါ် မူတည်ပြီး တခြားနည်းလမ်း ထက် ဈေးပိုကြီး ပါတယ်။ ဒါပေမဲ့လည်း ဈေးသက်သာအောင် လုပ်လို့ ရတဲ့နည်း တွေရှိပါတယ်။ ဒီနည်းလမ်းက အရောင်ဖျော့ အသားအရေနဲ့ အရောင်ရင့် အမွှေး ရှိသူအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် လိုအပ် သလောက် section ယူရမှာ ဖြစ်တဲ့အတွက် ရက်သတ္တပတ် တော်တော်ကြာ နိုင်ပါတယ်။
ဖယောင်းဖြင့် ဖယ်ရှားခြင်း (Waxing) - ဒီနည်းလမ်းနဲ့ အမွှေး ဖယ်ရှားတဲ့ ပုံစံ ရှိနေတာ ကြာပါပြီ။ ဖယောင်း ပူပူကို အမွှေးကင်း လိုတဲ နေရာကို သုတ်ပြီး ဖယ်ရတဲ့ နည်းပါ။ အ၀တ်စကို ဖယောင်း သုတ်ထားတဲ့ နေရာမှာ ကပ်ပြီး ဆက်ကနဲ ပြန်ခွာ ရပါတယ်။ အမွှေးတွေက ဖယောင်းမှာ ကပ်ပြီး အရင်းကနေ ဆောင့်ဆွဲပြီး အနုတ်ခံ ရတာပါ။ ဒီနည်းလမ်း ကတော့ လျင်လျင်မြန်မြန် အကျိုး သက်ရောက် ပေမယ့် pain ရှိပါတယ်။ Spa မှာရော၊ အိမ်မှာပါ ပုံစံ အမျိုးမျိုးနဲ့ လုပ်လို့ ရပါတယ်။ ပြီးတော့ ပုံမှန် Shaving လုပ်တာထက် ပိုပြီးချောမွေ့တဲ့ အသားအရေကို ရစေပါတယ်။ အားနည်းချက် တွေကလည်း သိသာပါတယ်။ အတွေ့အကြုံ မရှိသေးရင် Tutorials ၊ Videos ကိုကြည့်ပြီး လုပ်လို့ ရပါတယ်။ Waxing လုပ်လို့ ဖြစ်လာတဲ့ နာကျင်မှုကို မခံနိုင်လို့ patients တွေက တခြားနည်းလမ်းကို ပိုနှစ်သက် ပါတယ်။ အမြဲတမ်း effective ဖြစ်တဲ့နည်းလမ်း မဟုတ်လို့ နှစ်ပတ် သုံးပတ် လောက်ကြာလို့ အမွှေး ပြန်ရှည် လာရင် ထပ်လုပ်ဖို့ လိုပါတယ်။ သကြားဖြင့် အမွှေး ဖယ်ရှားခြင်း (Sugering) - Waxing နဲ့နည်းလမ်း တူတူပါပဲ။ ဖယောင်းပူ အစား သကြားစစ်စစ် ကလုပ်တဲ့ Gel/ကော်လို ဟာမျိုးကို အသုံးပြု တာပါ။ သကြားကို အခြေခံပြီး ကုန်စုံဆိုင် မှာတင် ၀ယ်လို့တဲ့ ဈေးမကြီးတဲ့၊ ပါဝင်ပစ္စည်း အသုံးပြုပြီး ကိုယ်တိုင် လုပ်လို့ရတဲ့ အတွက် တချို့က ဒီနည်းလမ်းကို နှစ်သက် ပါတယ်။ Sugering က Waxing ထက်အနာ သက်သာ တဲ့အပြင် ဈေးလဲ ပိုသက်သာရုံ သာမက အိမ်မှာ ကိုယ်တိုင် လုပ်လို့ရတဲ့ အတွက် ပိုအဆင် ပြေပါတယ်။ Epilators - တခြား နာကျင်တဲ့ အမွှေး ဖယ်ရှားနည်း ကတော့ လျှပ်စစ် ကိရိယာနဲ့ အမွှေးကို ဆုပ်ကိုင်ပြီး အရင်းကနေ ဆွဲနုတ်တဲ့ နည်းပါ။ ဒီလျှပ်စစ် ကိရိယာက သယ်ရ လွယ်ကူပြီး အိမ်မှာ သုံးလို့ ရပါတယ်။ ဆေးဆိုင်မှာ တစ်ခါ တစ်လေ ၀ယ်လို့ရပြီး အွန်လိုင်း ရှာလို့ ရပါတယ်။ Shaving ထက် effective ပိုဖြစ်ပြီး ကြာကြာ ပိုခံသော်လည်း ကိရိယာ နဲ့အတူ နာကျင်မှု ရှိတော့ အချို့အတွက် ပုံမှန် အသုံးပြုဖို့ အဟန့် အတား ဖြစ်နေပါတယ်။




ကဲကိုယ့်နဲ့ အသုံးတဲ့မယ့် နည်းလမ်းကို ရှာတွေ့ပြီး အမွှေးအမျှင် ကင်းတဲ့ အသားအရေကို ပိုင်ဆိုင် ကြပါစေ။ 








Images from facebook, alchemyofthegoddess, laserremovaltips, nonohairremovalreviewsz. Source - hairremovalmethods.org

" စိန်" အကြောင်းသိကောင်းစရာ.....

Posted by drmyochit Monday, November 25, 2013, under | No comments


စိန်ဈေးနှုံးကို သတ်မှတ်ရာတွင် အောက်ပါ အချက်၎ချက်ဖြင့် သတ်မှတ်ပါသည်။ 4C ဟု အတိုကောက် မှတ်နိုင် သည်။

၁။ Carat -စိန်၏အလေးချိန်
၂။ Clarity -စိန်၏သန့်စင်မှု
၃။ Cut -စိန်၏သွေးကွက်ပုံကျမကျ
၎။ Color -စိန်၏အရောင်အသွေး

အထက်ပါအချက်၎ချက်သည်တချက်ကိုတချက်မှီခိုမှုရှိသည် ။

ဥပမာစိန်၏အရွယ်မှာ၃ကာရက်ရှိပြီးအရောင်မှာအညိုရောင်ဖြစ်နေသည်။ စိန်ကိုရှေးစိန်သွေးကွက်ဖြင့်သွေးထားမည်။သာမန်မျက်စေ့(မှန်ဘီလူးမပါ )ကြည့်ပါကစိန်အတွင်းသားနှင့် မျက်နှာပြင်တွင်အမည်းစက်နှင့်အနာရှိနေပါက စိန်အရွယ်၁ကာရက်ရှိပြီး အ၀ါရောင် အနေမရှိသော စိန်ကသာလျှင် ပိုတန်ဖိုးရှိလေသည်။


၁။Carat

ရတနာများ၏ အလေးချိန် ကိုဖော်ပြရာတွင် ကာရက်ချိန်ကို သုံးပါသည် မြန်မာပြည်တွင် ရတီချိန်ကို သုံးသော် လည်း ကမ္ဘာ့ဈေးကွက်တွင်ကာရက်ကိုသာသုံးပါသည်။ ၁ကာရက်=၁.၁ရတီ


၂။ Clarity

စိန်၏သန့်စင်မှုကိုအောက်ပါအတိုင်းသတ်မှတ်ပါသည်။
F=Flawless
IF=Internally Flawless
VVS1=Very Very Small Inclusion
VS=Very Small Inclusion
S1=Small Inclusion
I=Inclusion
P=Commercial Use
F&IF အဆင့်များသည်၁၀ဆမှန်ဘီလူးဖြင့်ကြည့်ပါ ကလုံးဝ အနာအဆာမရှိခြင်းဖြစ်သည်။ VVS1 မှာ သာမန် မျက်စိဖြင့်အနာမမြင်နိုင်ပဲ၁၀ဆချဲ့မှန်ဘီလူးဖြင့်ကြည့်လျှင် အပ်ခေါင်းလောက်ရှိသောအမှုန်ကို
ကျောက်မျက်ပညာရှင်ကတွေ့နိုင်ပါသည်။ မြန်မာအခေါ်အရအစင်အသန့်ဟုခေါ်နိုင်ပါသည်။ ဈေးကွက်တွင်VVS1 VVS2 ဟူ၍ထပ်မံခွဲထားပါသည်။ VVS2တွင်အမှုန်၂စက်၃စက်ခန့်ပါနိုင်ပါသည်။ VSSတွင်လည်းVS1 VS2 ဟူ၍ထပ်ခွဲပါသည်။အစက်အပြောက်အနာအဆာများပါနိုင်ပါသေးသည်။ S1တွင်လည်း S1, S2, S3ဟူ၍ခွဲထားပါသည်။ အနာကြီးအမည်းစက်များပါနိုင်ပြီးမျက်စိဖြင့်မြင်နိုင်ပါသည်။Iတွင်လည်း I1,I2ဟူ၍ခွဲကြပါသည် ။မြန်မာအခေါ်ရေခဲသားဟုခေါ်သည်။ေ ရခဲတုံးကိုကြည့်
လျှင်အသားမကြည်ဘဲအက်ကြောင်းများတွေ့ရသကဲ့သို့ ၄င်းစိန်တွင်လည်းစိန်၏အလင်းမရှိတော့ဘဲ ရေခဲတုံးကဲ့သို့ဖြစ်နေပါသည်။ နောက်ဆုံးအမျိုးအစားပီမှာအလွန်ညံ့သောစိန်ဖြစ်ပြီးလုံးဝမ၀ယ်သင့်ပေ။
မြန်မာလူမျိုးများအနေဖြင့် ပွင့်အားကောင်းလျှင်(မီးအားကောင်းလျှင်) ကြိုက်ကြသည်။ စိန်၏သဘောမှာအကြမ်းအားဖြင့်အနည်းငယ်ဝါနေလျှင်မီးပိုအားကောင်းသည်။

၃။Cut

စိန်၏သွေးကွက်ပုံမကျလျှင်လည်းစိန်၏မီးကောင်းမှု၊ လင်းလက်မှုအလှကိုမဖော်ပြနိုင်ပေ။ စိန်တပွင့်လျှင်အကွက်၅၇ကွက်ရှိပါသည်။ အချို့စိန်တွင်၅၈ကွက်ရှိနေတတ်ပါသည်။ အပိုကွက်ကို extra
Facetedဟုခေါ်သည်။ ၄င်းအပိုကွက်၁ကွက်ပါခြင်းသည်လည်းစိန်၏ဈေးနှုံးကိုကျစေပါသည်။ သာမန်မျက်စိဖြင့်မမြင်နိုင်ပေ။ မြန်မာပြည်တွင်ရှေးအခါကစိန်များကို ၅၇ကွက်နည်းဖြင့်မသွေးကြပါ။ စိန်အလေးချိန်မလျော့စေရန်နှင့် နည်းပညာအားနည်းမှုများကြောင့်ဖြစ်သလိုသွေးထားကြလေသည်။ ထို့ကြောင့်ပုံပန်းမကျဖြစ်ပြီးစိန်၏ပွင့်အားနှင့် အလှအပကိုမဖော်ပြနိုင်ပေ။ ယနေ့ခေတ်တွင် အပါးရိုင်းပုံကျ၅၇ကွက်စိန်ကိုသာ ကမ္ဘာ့ဈေးကွက်ဝင်ပါသည်။ ထို့ကြောင့်ရှေးစိန်များအရွယ်ကြီးပြီးမလှပသဖြင့်တန်ဖိုးနည်းပါသည်။


၎။ Color

စိန်၏အရောင်ကိုအောက်ပါအတိုင်းအဆင့်ခွဲထားပါသည်။
D, E, F, G, H, I, J, K, L, M, N,…………X
D, E, F =Colorless
G, H, I=Tinted White
K, L, M = Faint Yellow
N, O, P, Q, R, S, T =Very Ligh Yellow
U, V, W, X = Light Yellow
မြန်မာအခေါ်အရ I color ကိုအဖြူဟုခေါ်သည်။ အမှန်တကယ်တွင် အတွေ့အကြုံရှိသူများသာ- G-Iကိုမှန်ဘီလူးဖြင့်ကြည့်ပါက အနည်းငယ်ဝါနေကြောင်းမြင်နိုင်ပါသည် ၊မြန်မာလူမျိုးများ၏အကြိုက်မှာအနည်းငယ်ဝါပြီဲး J-N အရောင်၊သန့်စင်မှုအဆင့် VVS2ကိုကြိုက်ကြသည်။ အရောင်နိမ့်ပြီးသန့်စင်မှုမြင့်သည်ကိုပိုမိုနှစ်သက်ကြပါသည်။ အမေရိကားတွင်မူလူအများစုမှာအရောင်မြင့်င်္ပြီ F, G, H သန့်စင်မှုအဆင့် S1, Iကိုသာအများဆုံးဝယ်ယူဝတ်ဆင်ကြသည်။
ဈေးကွက်တွင်မူ D, E, Fမှာ၎င်း၏ ရှားပါးမှုကြောင့် တန်ဖိုးကျခြင်းမရှိသဖြင့် ရတနာစု သူများ ၀ယ်သင့်ပါသည်။
စုစည်းတင်ပြသည်။

Credit to Natural Jade ရတနာဆိုင်

မှတ်ချက်။ ။ မန္တလေးဂေဇက် သြဂုတ် ၂၀၀၆ တွင်ပါသော ဆောင်းပါးကို ပြန်ဖေါ်ပြခြင်းဖြစ်သည်။

ရနံ့ကုထုံး (scent therapy)

Posted by drmyochit Monday, November 25, 2013, under | No comments


သိပ္ပံပညာရှင် တွေက ရနံ့ကုထုံး (scent therapy) ကိုအသုံးပြုပြီး လူရဲ့ မှတ်ဥာဏ်ထဲက အရာတစ်ခုခု အပေါ် ကြောက် တဲ့ စိတ်ကို အောင်မြင်စွာ ပယ်ဖျက်ပေး နိုင်ပြီလို့ ဆိုပါတယ်။

သင်က မြွေတို့ ခွေးတို့ ပင့်ကူတို့ကို မြင်ရင် ကြောက်ပြီး တုန်နေ တတ်ပါ သလား။ Northwestern University မှသုသေသီ တွေက အိပ်နေတဲ့ အချိန်မှာ မတူညီတဲ့ အမွှေးရနံ့ တွေကို သုံးပြီး အမွှေးရနံ့ ကုထုံးနဲ့ မှတ်ဥာဏ်တွေကို ပြောင်းလဲ နိုင်တဲ့ နည်းစနစ် တစ်ခုကို တွေ့ရှိခဲ့ ကြပါပြီ။ 

စမ်းသပ်ချက် များအရ သိပံ္ပပညာရှင် တွေပာာ လူနာကို သူကြောက်တတ်တဲ့ မျက်နှာပုံစံ တစ်ခုခုကို အဲဒီမျက်နှာနဲ့ အတူ အနံ့ကိုပါ ပြပြီးနောက် ဓာတ်လိုက်အောင် လုပ်လိုက် ပါတယ်။ လူနာပာာ ဒီမျက်နှာပုံ ကိုသာမက အနံ့ကိုပါ ကြောက်ရွံ့ တတ်သွား ကြပါတယ်။ အနံ့ပာာ လူနာ အိပ်နေ စဉ် မှာတောင် ကြောက်စိတ်ကို ဖြစ်စေနိုင်ပြီး shock ရရ သွားတတ် ပါတယ်။ ဒါပေမယ့် နောက်ပိုင်း လုပ်ပါများ လာတဲ့အခါ ကြောက်ရွံ့ခြင်း ကိုပါ ပျောက်ကွယ်သွား စေပါတယ်။ အနံ့ကြောင့် ကြောက်စိတ်တွေ ပျောက်သွားတယ် ဆိုတဲ့ ရလဒ် ထွက်လာ တယ်လို့ ဆိုရမှာ ပါပဲ။

လေ့လာမှုပာာ အနံ့နှင့် စိတ်ထိခိုက် လှုပ်ရှားခြင်း (emotion) တို့ကြားက ခိုင်မာတဲ့ ဆက်သွယ်မှုကို မီးမောင်းထိုး ပြလိုက်တာပါ။ တချို့ သိပ္ပံ ပညာရှင်တွေ အကြံပြု တာက အနံ့ခံ အဖုလေး တွေပာာ စိတ်ထိခိုက် လှုပ်ရှားခြင်းနဲ့ မှတ်ဥာဏ်တို့ အလုပ်လုပ်ရာ ဖြစ်တဲ့ amygdala နဲ့ hippocampus တို့နဲ့ နီးကပ်တာကြောင့် ဒီလို ဖြစ်တာလို့ ပြောပါတယ်။ အခြား စမ်းသပ်မှု တစ်ခု ကလည်း ဆက်သွယ်မှုကို အသေအချာ စစ်ဆေး ပြီးပါပြီ။ မနှစ်က သိပ္ပံပညာရှင် တွေပာာ အမျိုးသမီး အယောက် ၂၀ကို တုန်လှုပ်ဖွယ် ကောင်းတဲ့ ဗီဒီယို တွေကို အခန်းထဲတွင် cassis အနံ့တွေနဲ့ အတူ ပြသခဲ့ ပါတယ်။ နောက်တစ်ပတ် အကြာမှာတော့ အမျိုးသမီး တွေပာာ ဗီဒီယို ထဲက အကြာင်းအရာ တွေကို ပြန်စဉ်းစား ခိုင်းပြီး အချို့ကို cassis အနံ့ နောက်တစ်ခါ ရှုခိုင်း ပါတယ်။ cassis အနံ့ကို ရှုရတဲ့ သူတွေပာာ မရှုရတဲ့ သူတွေထက် ပိုပြီး ဗီဒီယို ထဲက အကြောင်းအရာက တွေကို မှတ်မိ ပါတယ်။

အဆိုပါ ဆက်သွယ်မှုပာာ ပိုပြီး စိတ်ဝင် စားစရာ ကောင်းလာ ပါတယ်။ နှစ်အနည်းငယ် အကြာက Norwegian အနုပညာရှင် Sissel Tolaas ဆိုသူပာာ ကြောက်ရွံ့စိတ်ကို လျှော့ချ ပေးတဲ့ stimuli တွေကို ထိုးသွင်းပြီးနောက် ဓာတုဗေဒ နည်းအရ ပြန်လည် ထုတ်လုပ်ကာ လူတွေကို စုဆောင်း ခဲ့ပါတယ်။ microencapsulation လို့ခေါ်တဲ့ အဆိုပါ ဖြစ်စဉ်ပာာ Scratch'n'sniff ထုတ်ကုန်တွေ ပြုလုပ်တာနဲ့ တူညီတဲ့ အနံ့မျိုးကို ပြခန်းထဲ ထည့်ထား ပါတယ်။ ပြခန်း ထဲမှာတော့ လူတွေပာာ နံရံကို ပွတ်နိုင် ခြစ်နိုင်ပြီး ကြောက်ရွံ့မှုကို ခံစားရ ပါတယ်။ လူတွေရဲ့ အနုပညာ အပေါ် တုန့်ပြန်မှုပာာ တော်တော် ကြီးကို ကွဲပြားပြီး တော်တော် များများမှာ ကိုယ်တွင်း အင်္ဂါတွေရဲ့ တုန့်ပြန်ခြင်း (visceral reaction)ကို မခံနိုင် ကြပါဘူး။ တချို့ကတော့ အခန်းထဲ ကိုတောင် လမ်းမလျှောက်နိုင် ကြတော့ ပါဘူး။ သိပ္ပံ ပညာရှင် တွေပာာ လူတွေပာာ အနံကို ဘာမှ မလုပ်နိုင် ပေမယ့် တုန့်ပြန် နိုင်တယ် ဆိုတာကို ကောင်းကောင်းကြီး သိရှိခဲ့ ကြပါတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက် တွေက အဲဒီလိုပဲ ရှုပ်ထွေး နေတာ ပါပဲ။

Images from cdn.theatlantic, i.dailymail, img.gawkerassets. Source: gizmodo.com

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်