မုံရွာ မြို့တွင် ကျောင်းတိုက် အသီးသီးမှ
သံဃာတော် များနှင့် ချောင်းဦးမြို့မှ ကြွရောက် လာသော သံဃာ အပါး ၃၀၀ အပါအ၀င် စုစုပေါင်း
သံဃာ အပါး ၂၀၀၀ ကျော်သည် ယနေ့မွန်းလွဲ ၁၂ နာရီကျော် တွင် မုံရွာမြို့ ရွှေစည်းခုံစေ တီတော်ရင်ပြင်ပေါ် ၌
စတင်စုဝေးကြွ ချီလာပြီး မွန်းလွဲ ၁ နာရီဝန်း ကျင်မှစ တင်၍ ရွှေစည်း ခုံစေတီတော်မြောက် ဘက်မုခ်မှ
စတင်ကာ မုံရွာမြို့ တွင်းသို့ ငြိမ်းချမ်းစွာ ကြွချီ ခဲ့ကြသည်။
လက်ပံတောင်းတောင် သပိတ်စခန်းများကို
အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် သံဃာတော် အပါး ၁၀၀ ကျော်ခန့်က
ဗဟန်းမြို့နယ် ကြေးသွန်းဘုရားအနီးမှ စတင်ပြီး ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲ ၂ နာရီမှ
စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ သံဃာတော်များအား လူပုဂ္ဂိုလ် များက ၀န်းရံထားပြီး
အဆိုပါသံဃာတော်များသည် ဆူးလေဘုရားသို့ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒ ထုတ်ဖော်နေပြီဖြစ်သည်။
လက်ပံတောင်းတောင် သပိတ်စခန်းများကို
အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး မန္တလေးမြို့ရှိ သံဃာတော်များ ဆန္ဒထုတ်ဖော်မှုကို
စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆန္ဒထုတ်ဖော် ရာတွင် သံဃာများ၊ လူပုဂ္ဂိုလ်အင်အား
၃၀၀၀ ခန့်ပါဝင်ကြောင်း သိရသည်။
ယခုနှစ် ဆယ်တန်းစာမေးပွဲ ဖြေဆိုမည့် မောင်ဇော်ဆိုင်းအောင် ဆိုသည့် ကချင်လူငယ်အား ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) မှ တပ်ကြပ်ကြီးအဖြစ် ဖြောင့်ချက်ယူကာ ဖမ်းဆီး ချုပ်နှောင် ထားသည် ဟု ထိုလူငယ်၏ မိခင်ဖြစ်သူက ပြောသည်။
မုံရွာသံဃာတွေ ဆန္ဒထုတ်ဖော်ဖို့ ရွှေစည်းခုံဘုရားမှာရောက်ရှိနေဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီမှာ မုံရွာမြို့မှာ သံဃာအပါး ၂၀၀ ဟာ လမ်းလျှောက် ကြွချီမေတ္တာ ပို့သဖို့ အတွက် မြို့လည် က ရွှေစည်းခုံ ဘုရားမှာ
စုဝေးရောက်ရှိနေပြီလို့ ဦးဆောင်သံဃာ ၁ ပါးက မိန့်ပါတယ်။
ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ်နေသည်ဟု ထုတ်လွှင့်နေသော အယ်ဂျာဇီးယားသတင်းဌာနမှ Hidden Genocide ရုပ်သံ အစီ အစဉ်ကို အချိန် ကုန်ခံချေ ပသွားမည် မဟုတ်ကြောင်း နယ်စပ်ရေး ရာဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြောသည်။
သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက် ချဉ်းကပ်လမ်းတွင်
မုတ္တမဘက်မှတက်လာသော မထသ လိုက်ထရပ် ယာဉ်နှင့် မော်လမြိုင်မှ ကျိုက်ထိုဘက်သို့သွားမည့်
စိုးရတနာ မှန်လုံယာဉ် တို့ တိုက် မှုဖြစ်ပေါ် ခဲ့ရာ လိုက်ထရပ် ယာဉ်ပေါ်
လိုက်ပါလာသည့် အမျိုးသမီးခြောက်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်
ကျေးရွာရှိ အမည်မသိကွမ်းခြံတစ်ခုအတွင်းရှိ ရေတွင်းပျက်ထဲ၌(၄-၁၂-၂၀၁၂)တွင် လူသေအလောင်းတစ်လောင်းအားတွေ့ရှိကြောင်း သတင်းအရ
သထုံမြို့နယ်
တွဲဘက် တရားသူကြီး ဒေါ်ခင်နွယ်၊သထုံဆေးရုံမှာ ဒေါက်တာ
ပြည့်ဖြိုးမောင်၊ သထုံရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ သထုံရဲစခန်းမှူး ရဲအုပ်ညွှန့်ဝင်းနှင့်အဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ အခင်းဖြစ်ပွားရာ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာအမျိုးသမီးဖြစ်ပြီး
၎င်းနှင့်အတူ မွေးကင်းစ ကလေးငယ် အလောင်းပါတွေ့ရှိသဖြင့် သထုံရဲစခန်းက သေမှုသေခင်းအမှတ်
၁၆/၂၀၁၂ဖြင့်ဖွင့်လှစ်ပြီး ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက်စုံစမ်းရာမှာ
(၆-၁၂-၂၀၁၂)ရက်နေ့တွင် မှုခင်းဗဟုသုတ နည်းပါး မှုကြောင့် အလောင်းဖျောက် ဖျက်ခြင်းဖြစ်ကြောင်းပေါ်ပေါက်ပြီး
အပျော်လွန်သော ကိုယ်ဝန် သည်နှင့် လိုက်ပါပို့ဆောင်သူ သူငယ်ချင်းဦးလေးတို့၏ အဖြစ်ဆန်းကိုသိခဲ့ရသည်။
အသီးမှာ သရက် ဆိုတဲ့အတိုင်း အသားများပြီး
အရသာ အလွန် ကောင်းမွန်သည့် သရက်သီး၏ အင်္ဂလိပ် အမည်မှာ Mango ဖြစ်ပြီး၊ ရုက္ခဗေဒ အမည်မှာ
Mangifera L ဟုခေါ်တွင်ပြီး မျိုးရင့် Anacardiaceae ထဲတွင် ပါဝင် ပါတယ်။
ငါးပိ ရေကျိုတွင် ယူရီးယား ဓာတ်မြေသြဇာများ
ထည့်သွင်း၍ ပြုလုပ်လာ သောကြောင့် စားသုံးသူ ပြည်သူ များ သေချာ လေ့လာပြီးမှသာ ၀ယ်ယူ စားသုံး
သင့်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က တောင်သူကြီးများ
ဂျာနယ်ကို ပြောကြားသည်။
ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်၊
ဝှေလေလန် စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ(၁၀)ရက်နေ့ ညနေပိုင်းက ဘိန်းဖြူ ဘလောက်တုံး သယ်ဆောင်လာတဲ့
အမျိုးသား(၂)ဦးကို ဖမ်းမိခဲ့ပါတယ်။ မိုင်းဖြတ်မြို့နယ် ၀မ်ပုံကျေးရွာ အနီးမှာ တာဝန်ကျနေတဲ့ စရဖ၊ တာချီလိတ် မူးယစ်အဖွဲ့၊
မြို့နယ်ရဲအဖွဲ့၊ အကောက်ခွန် အဖွဲ့၊ လ၀ကအဖွဲ့များမှ ရှာဖွေဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ခေါ်
သျှမ်းပြည်တပ်မတော် RCSS/ SSA မှ ဖမ်းဆီးရမိသော ယာဘဆေးပြား ခုနှစ်သောင်းကျော်ကို
ယခု အပတ်တနင်္ဂနွေ နေ့က တရုတ်အစိုးရထံ လွှဲအပ်ပေးလိုက် ပြီဖြစ်ကြောင်း
သျှမ်းပြည်မြောက် ပိုင်းသတင်းရပ်ကွက်ကဆိုသည်။
လွန်ခဲ့တဲ့ ၃၈ နှစ်က ဖြစ်ပွားခဲ့တဲ့
ဦးသန့် ဈာပန အရေးအခင်းမှာ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသားတွေကို အင်အားသုံး နှိမ်နှင်းခဲ့တာနဲ့
ပတ်သက်ပြီး အဲဒီအချိန် တုန်းက ကာကွယ်ရေး ဦးစီးချုပ်အဖြစ်
တာဝန်ယူခဲ့တဲ့
NLD ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက သူ့မှာ တာဝန်ရှိတဲ့အကြောင်းနဲ့ စိတ်
မကောင်း ဖြစ်မိတဲ့ အကြောင်း ဒီနေ့ ရန်ကုန်၊ မရမ်းကုန်းမြို့နယ် ပေါက်စေတီ ကျောင်းတိုက်မှာ
ကျင်းပတဲ့ ဦးသန့်အရေးလှုပ်ရှားမှု (၃၈) နှစ်ပြည့် အခမ်းနားမှာ ပြောသွားပါတယ်။ ဗွီအိုအေ
ဝိုင်းတော်သား သိန်းထိုက်ဦး ရန်ကုန်ကနေ
သတင်းပေး ပို့ပါတယ်။
ပြောင်းလဲ မှုတွေ ဖော်ဆောင် နေတဲ့ မြန်မာ
နိုင်ငံမှာ စာနယ်ဇင်း သမားတွေ ကို ဖိနှိပ်မှုတွေ လျော့ပါး လာနေတယ်လို့ နိုင်ငံ တကာ စာနယ်ဇင်း
သမား ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ CPJ က အင်္ဂါနေ့က အစီရင်ခံစာ ထုတ်ပြန်
ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့ သတင်း မီဒီယာ လောက မှာတော့ စာနယ်ဇင်း လွတ်လပ် ခွင့်နဲ့ သတင်း
သမားတွေ အပေါ် ဖိနှိပ် ကန့်သတ် မှုတွေ ရှိနေဆဲ ပဲလို့ ပြည်တွင်း သတင်း သမား တွေက သုံးသပ်ကြ
ပါတယ်။ အသေး စိတ်ကို ဆက်သွယ်စုံ စမ်းထားတဲ့ မဆုမွန်က ဆက်ပြော ပြပေးပါ မယ်ရှင်။
ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့တွင်
ကျပ် ငါးထောင်တန် ငွေစက္ကူ အတုများ မကြာ ခဏ စစ်ဆေး တွေ့ရှိမှုများ ဖြစ်ပေါ်လျှက် ရှိပြီး ဒီဇင် ဘာလ(၁၁)
ရက်နေ့ တွင်လည်း ကမ္ဘောဇ ဘဏ် ခွဲ (ဟင်္သာတ) ၌ ငွေလွှဲ သူများ ထံ ကတွေ့ရှိမှုများ
ရှိခဲ့ကြောင်း သိရသည်။အဆိုပါ ကျပ် ငါးထောင် တန် ငွေစက္ကူများအား အတုနှင့် အစစ် ခွဲခြားရာတွင်
စာရွက်အသားနှင့် လုံခြုံရေး ကြိုးလိုင်း ကွဲပြားမှု ရှိကြောင်း၊