Friday, September 06, 2013

ကုလား-ဗမာ ရိုက်ပွဲ အပြန်အလှန် တရားစွဲ

Posted by drmyochit Friday, September 06, 2013, under | No comments


၃၀.၈.၂၀၁၃(သောကြာနေ့) ည၊ ၇ နာရီ ခွဲ ၀န်းကျင်တွင် ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင်မြို့နယ်၊ လမ်းသွယ်(၄) လမ်းရှိ သပြေဆန်း ဂိမ်းဆိုင်ရှေ့တွင် ဖွင့်ထားသော အအေးဆိုင်တွင် မွတ်စလင်လူငယ်များ အုပ်စုဖွဲ့၍ မြန်မာတက္ကသိုလ် ကျောင်းသား နှစ်ဦးအား အအေးဆိုင်ထဲ ၀င်ရောက် ရိုက်မှု
ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မောင် ------  နှင့် သူငယ်ချင်း လေးယောက် စကားပြောနေစဉ် တစ်ခါမှ မမြင်ဖူး၊ မသိကျွမ်း ဖူးသော မွတ်စလင် ၁၃ယောက် လောက်က မောင် --- -- နှင့် သူ့သူငယ်ချင်း  မောင် --- -- တို့ကို မွတ်စ လင် ၁၃ယောက် အုပ်စုလိုက် ၀င်ရိုက်သဖြင့် ဘေးပတ်ဝန်းကျင်မှ လူများဝိုင်းဆွဲ သဖြင့်
ထို့လူ များ ထွက်ပြေးသွားကြသည်။

သို့ဖြင့် အရိုက်ခံရသော ကျောင်းသားနှစ်ဦးသည် အမှုဖွင့် ရန် ဗိုလ်တထောင်ရဲစခန်း သို့သွားရာတွင်
ရဲစခန်းတွင် မွတ်စလင်များ အပြည့်ဖြင့် ရောက်နှင့်နေသည်။ မွတ်စလင်များက ဗိုလ်တထောင်ရဲစခန်းမှ ရဲများကို တရားစွဲရန်  အမှုလာဖွင့်သည် ဟုသိရသည်။

တရားစွဲရသည်အကြောင်းမှာ ကလေးနှစ်ဦးအား အုပ်စုလိုက် ၀င်ရိုက်မှုကို ဖြန်ဖြေရာတွင် ရဲများပါဝင်သည့်အပြင် ထိုအုပ်စုထဲမှာ မွတ်စလင် နှစ်ယောက်ကို ၀ိုင်းရိုက် လိုက်သည် ဆိုပြီး အမှုလာဖွင့်သည်ဟု သိရသည်။

ထို့သို ဘေးပတ်ဝန်းကျင်က လူများ ၀င်မဆွဲဘဲ အုပ်စုဖွဲ့ သောင်းကျန်းမှုကို မသိချင်ယောင် ဆောင်ပြီး လက်ရှောင်ထား လိုက်လျှင်လည်း ကလေးနှစ်ဦးကို အသက်အန္တာရာယ်ရှိသည်။

ယခုလက်ရှိ ဖြစ်နေသည်မှာ ရဲများက မွတ်စလင်များ၏ တရားစွဲမှုကို ခံထားရပြီး အရိုက်ခံရသည့် ကလေးနှစ်ဦးမှာ သက်သေဖြစ်နေသည်။ ကလေး နှစ်ယေက် ဖွင့်ထားသော အမှုမှာလည်း ပျောက်နေသည်။

From: Myanmar News Now

KNU ငြိမ်းချမ်းရေးအဖွဲ့မှ နံပါတ်တပ်ဆင်ထားသော ယာဉ်သုံးစီးအား တနင်္သာရီတိုင်း ရဲတပ်ဖွဲ့က ထိန်းသိမ်းထား

Posted by drmyochit Friday, September 06, 2013, under | No comments

ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ထိန်းသိမ်းထားသော KNU ငြိမ်းချမ်းရေးအဖွဲ့ နံပါတ်ပါ ကားများအား တွေ့ရစဉ်


တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်မြို့ပေါ်တွင် သွားလာနေသော K7။---နံပါတ်ပါ ကားသုံးစီးအား စက်တင်ဘာလ ၄ ရက်က ထားဝယ်မြို့ နယ် ရဲတပ်ဖွဲ့ စခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
၎င်းကားများမှာ K7။၀၅၆ မှ K7။၀၅၈ အထိ နံပါတ်ပါကား သုံးစီးဖြစ်ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ပိုင် ကားများဖြစ်ကြောင်း ကနဦး သတင်းအရ သိရသည်။

အဆိုပါကားများ ထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ တနသာင်္ရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ''အဲဒီကားတွေကို စက်တင်ဘာ ၄ ရက်က ထိန်းသိမ်းထားတာပါ။ Without ကား ဟုတ်မဟုတ် စိစစ်နေတုန်းပဲ။ က.ည.န ဆီက အတည်ပြုပြီးမှ တိုင်းဒေသကြီး အစိုးရဆီ တင်ပြပြီး ဆက်လုပ်ရမှာပါ။ လောလောဆယ်တော့ သတင်းလာပို့လို့ တွေ့တဲ့ကားတွေပဲ သိမ်းထားပါတယ်။ နောက်ထပ် ဘယ်လောက်ရှိမလဲတော့ မသိပါဘူး။ KNU ဘက်ကတော့ အစိုးရက သူတို့ကိုတရားဝင် သတ်မှတ်ချထား ပေးတဲ့ပစ္စည်း မဟုတ်ရင် သူတိုနဲ မသက်ဆိုင်ဘူးလို့ ပြောပါတယ်။ စိစစ်ပြီးလို့ အဖြေထွက်လာရင် အစိုးရအဖွဲ့ကနေ သက်ဆိုင်ရာ အဖွဲ့ကို ဆက်သွယ်ပြီး ဆွေးနွေးရမှာပေါ့။ အခုလည်း ကားကိုပဲ ထိန်းသိမ်းထားပါတယ်။ လူကတော့ပြစ်မှု ကျူးလွန်ထားတာ မဟုတ်လို့ မဖမ်းထားပါဘူး'' ဟု ပြောကြားခဲ့သည်။

၎င်းကိစ္စနှင့် ပက်သက်၍ KNU တပ်မဟာ(၄) ဆက်ဆံရေးရုံး(ထားဝယ်) ကို ဆက်သွယ်မေးမြန်းခဲ့ရာ ''အခုထိန်းသိမ်းထားတဲ့ ကားတွေက အစ်ကိုတို့  KNU တပ်မဟာ(၄) က ကားတွေမဟုတ်ပါဘူး။ အစ်ကိုတို့ဆီမှာ အစိုးရက ခွင့်ပြုထားပြီး က.ည.န က ထုတ်ပေးထားတဲ့ မြန်မာနံပါတ်နဲ့ ကားတွေပဲ ရှိပါတယ်။ အင်္ဂလိပ်နံပါတ်နဲ့ ကားတွေမရှိပါဘူး။ အခြား KNU နယ်မြေတွေကလည်း မသုံးဘူး။ အခုသိမ်းထားတဲ့ K7။---နံပါတ်နဲ့ ကားတွေက အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ ဘားအံ KNU တပ်မဟာ(၇)နယ်မြေ ငြိမ်းချမ်းရေး ကောင်စီကနေ ထောက်ခံချက် ပေးထားတဲ့ကားတွေပါ။ သူတို့ပြတဲ့ ထောက်ခံစာထဲမှာ ငြိမ်းချမ်းရေးကောင်စီက ဗိုလ်ချုပ်ဒေါက်တာတင်မိုးသီရဲ့ လက်မှတ်ပါတယ်။ အစ်ကိုတို့ KNU နံမည်အောက်မှာ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့နဲ့အပစ်အခတ် ရပ်စဲထားတဲ့အဖွဲ့ဆိုပြီး ရှိပါတယ်။ အခုက အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့အဖွဲ့ရဲ့ ကားတွေပါ။ ဒေသတွင်းမှာလည်း KNU အဖွဲ့ ရဲ့ကားဆိုပြီး ပုံမှားရိုက်တာတွေလည်း ရှိနေပါတယ်။ အဲဒီကားတွေကြောင့် အဖွဲ့ရဲ့နံမည် အဖျက်ခံနေရပါတယ်။ အစ်ကိုဆီက အခြားနယ်မြေတွေ သွားရင်လည်း သက်ဆိုင်တဲ့ဌာနနဲ့ ဆက်ဆံရေးရုံးတွေကို အကြောင်းကြားပြီးမှ သွားပါတယ်'' ဟု KNU တပ်မဟာ(၄) ဆက်ဆံရေးရုံး (ထားဝယ်)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထားဝယ်ဒေသတွင်းရှိ KNU တပ်ဖွဲ့များ၏ ကားများမှာ သတ်မှတ်နံပါတ် မတပ်ဆင်၍ KNU ဌာနချုပ်ကို အကြောင်းကြား ကန့် ကွက်ပြီး KNU ဌာနချုပ်မှအဆိုပါကားများကို ဖမ်းဆီးအရေးယူနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု သြဂုတ် ၁၆ ရက်က တိုင်းဒေသကြီး ရဲမှူးကြီးကြည်လင်းက ပြောကြားခဲ့ဖူးသည်။ ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းကလည်း KNU အမည်ခံ လူပို့ပေးနေသော without ကားတစ်စီးအား သရက်ချောင်းမြို့ တွင် ဖမ်းဆီးရမိခဲ့ဖူးပြီး အဆိုပါ ကားများမှာ KNU တပ်ဖွဲ့ ၏ အမည်ကို အသုံးပြု၍မောင်းနှင် အသုံးပြုနေသော ကားများဖြစ်ကြောင်း သိရသည်။

From: Eleven

ထန်းကုန်းတွင် ဗုဒ္ဓမြန်မာမိန်းကလေးအား မုဒိန်းကျင့်ရန်ကြိုးစားသည့် ကုလားအား ထောင် (၇) နှစ်ချ

Posted by drmyochit Friday, September 06, 2013, under | No comments

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့၌ အလုပ်မှ ပြန်လာသည့် အမျိုးသမီးတစ်ဦးကို အဓမ္မပြု ကျင့်ရန် ကြံစည်သူ အစ္စလာမ်ဘာသာဝင် အမျိုးသားကို စက်တင်ဘာလ ၄ ရက်တွင် ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခဲ့ကြောင်း ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသားကို ကန့်ဘလူမြို့နယ် တရားရုံးက ပုဒ်မ ၃၇၆ ဖြင့် ထောင်ဒဏ်ငါးနှစ်နှင့် ပုဒ်မ ၅၁၁ ဖြင့် ထောင်ဒဏ် ၂ နှစ်ကို သီးခြားစီကျခံစေရန် ချမှတ်ခဲ့ပြီး မန္တလေး အိုးဘိုအကျဉ်းထောင်သို့ ယနေ့ မွန်းလွဲ ၃နာရီတွင် ပို့ဆောင်လိုက်ကြောင်း ကန့်ဘလူမြို့ခံတစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းအမျိုးသားသည် ထန်းကုန်းမြို့တွင် နေထိုင်သူဖြစ်ပြီး ၄င်း၏မွေးစာရင်းအရ အသက် ၁၆ နှစ်နှင့် နှစ်လနီးပါးသာ ရှိသေးကြောင်း၊ ဉာဏ်ရည် ကောင်းစွာမပြည့်ဝသူ ဖြစ်သဖြင့် ခုနစ်တန်း အရောက်တွင် မိဘများက ကျောင်းဆက်မထား တော့ကြောင်း အစ္စလာမ်ဘာသာရေး ဆရာတစ်ဦးဖြစ်သူ ဦးရန်နိုင်က ပြောကြားသော်လည်း ဒေသခံအများစု ကမူ ၄င်းအမျိုးသားသည် သာမန်လူတစ်ဦးကဲ့သို့ ပြောဆို ဆက်သွယ်နိုင်ပြီး အသက် ၁၉ ခန့်ရှိပြီ ဖြစ်ကြောင်း ပြောကြားကြသည်။

ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့တွင် သြဂုတ်လ ၂၄ ရက် နေ့က ထန်းကုန်းမြို့ရှိ အလုပ်မှ ပြန်လာသည့် အမျိုးသမီးတစ်ဦးကို အစ္စလာမ်ဘာသာဝင် ဆန်းမင်းဦး(ခ) လွတ်ခမန်းက အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည်ကို အကြောင်းပြု၍ အကြမ်းဖက် မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီး ၄င်းအပါအဝင် လူ ၁၁ ဦးကို ဖမ်းဆီးခဲ့ကာ၊ သြဂုတ်လ ၂၈ ရက်နေ့တွင် အုတ်ဖိုကျေးရွာသားတစ်ဦး ဖြစ်သူ ဦးဆန်းချိုမှာ ရွှေဘိုမြို့နယ် ဆေးရုံတွင် သေဆုံးခဲ့သည်။

"ဖမ်းဆီးခံထားရတဲ့ ကျန်တဲ့သူတွေကိုတော့ စစ်ဆေးဆဲလို့ပဲ သိရတယ်။ သူတို့ကတော့ ရွှေဘိုအကျဉ်းထောင်မှာ၊ အခု ကောင်လေးကို ခုနစ်နှစ်ချလိုက်တာနဲ့ ပတ်သက်ပြီး ထူးထူးထွေထွေ ပြောစရာမရှိပါဘူး၊ ပြဿနာတစ်ခု အေးသွားတယ်လို့ပဲ မြင်ပါတယ်" ဟု အစ္စလာမ်ဘာသာဝင် ဦးမင်းကြည်ဦးက ပြောကြားသည်။

အဆိုပါ ထန်းကုန်းမြို့တွင် ၂၀၀၃ ခုနှစ်ကလည်း အမျိုးသမီးတစ်ဦးကို အစ္စလာမ်ဘာသာဝင် တစ်ဦးက အဓမ္မ ပြုကျင့်ခဲ့မှုဖြင့် ၄င်းတရားခံကို ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

From : ..the voice

သူဇာမောင်ကတော့သိတဲ့အတိုင်းပဲ ရေလည်ဟော့တယ်...

Posted by drmyochit Friday, September 06, 2013, under | No comments







အိုဘားမား အစိုးရ၏ မြန်မာနှင့် စစ်ရေးဆက်ဆံမှု ပြန်လည်ပြုလုပ် လိုခြင်းကို စောသေးကြောင်း အမေရိကန် လွှတ်တော်အမတ်အချို့ ဝေဖန်

Posted by drmyochit Friday, September 06, 2013, under | No comments

အိုဘားမား မြန်မာနိုင်ငံသို့ မရောက်မီ USS Bonhomme Richard အမေရိကန် စစ်သင်္ဘောပေါ်သို့ မြန်မာရေတပ်မှ အရာရှိများ လာရောက်ကြစဉ် (ဓာတ်ပုံ-stripes.com)



အိုဘားမား အစိုးရအဖွဲ့သည် ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်း နှစ်ပေါင်း ၂၅ နှစ်ကြာ ရပ်ဆိုင်း ထားသော မြန်မာနိုင်ငံသို့ စစ်ရေးလေ့ကျင့် သင်ကြားရေး အစီအစဉ်ကို ပြန်လည်စတင်ရန် အလို ရှိနေ သည်။ စစ်ရေးလေ့ကျင့် သင်ကြားပေးရေးသည် တိုက်ခိုက်ရေးအတွက် မဟုတ်သော်လည်း အမေရိကန် နိုင်ငံ ရှိ ဥပဒေပြု အမတ်များကမူ မြန်မာနိုင်ငံသည် လူမျိုးရေး ဘာသာရေး တိုက်ခိုက်မှုများအတွက် စွပ်စွဲခံနေ ရဆဲပင် ရှိသေးသောကြောင့် ၀ါရှင်တန်၏ လုပ်ရပ်သည် စောလွန်းသည်ဟု ငြင်းခုံနေကြကြောင်း အေပီသတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။

အိုဘားမား အစိုးရအဖွဲ့သည် မြန်မာနိုင်ငံကို ပြုလုပ်ထားသော ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေး ခဲ့သည့် အပြင် စစ်ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ သမ္မတဦးသိန်းစိန်ကိုလည်း ၀ါရှင်တန်သို့ ဖိတ်ကြား ခဲ့သည်။ သို့သော် စစ်ရေးဆက်ဆံမှု ပြန်လည်ပြုလုပ်ရန် ကိစ္စမှာတော့ အထိမခံနိုင်သေးသော ကိစ္စဖြစ်ပြီး ၀ါရှင်တန် အနေဖြင့် မြန်မာအစိုးရအပေါ် ဖိအားပေးနိုင်ရန် ကျန်ရှိသည့် တစ်ခုတည်းသော အရာတစ်ခုအဖြစ် ရှုမြင်ကြသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီဖြင့် အမေရိကန် ကာကွယ်ရေး ကျွမ်းကျင် သူ များသည် မြန်မာနိုင်ငံသို့ ယခင်အပတ်က သွားရောက်ခဲ့ကြ ပြီး လူ့အခွင့်ရေးနှင့် ဥပဒေစည်းမျဉ်းများနှင့် ပတ်သက် ၍ မည်သည့် အကူအညီများ ပေးအပ်နိုင်မည်ကို ဆန်းစစ်ခဲ့ကြသည်။ လွန်ခဲ့သည့် ကြာသပတေး နေ့တွင် လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel သည် ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် ကာကွယ်ရေး ၀န်ကြီးများ တွေ့ဆုံပွဲတွင် မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်နှင့် တွေ့ဆုံ ခဲ့ရာ နှစ်နိုင်ငံ ကာကွယ်ရေး ၀န်ကြီးများ နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ် တွေ့ဆုံ သည့်ပွဲ ဖြစ်ခဲ့သည်။

အမေရိကန်သည် မြန်မာနိုင်ငံမှ အရာရှိများအား အမေရိကန်နိုင်ငံတွင် ၁၉၈၈ မတိုင်မီ အချိန်ထိ စစ်သင် တန်း ပေးလေ့ရှိခဲ့ပြီး သွေးထွက်သံယိုမှု များခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်းတွင် စစ်ရေး အကူ အညီများ အားလုံး ရပ်ဆိုင်းခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံသည် စစ်ရေး အကူအညီများနှင့် အထောက် အပံ့များ အတွက် တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့ အပေါ်တွင် မှီခိုနေခဲ့ရသည်။

ဦးသိန်းစိန်အစိုးရ တက်လာခဲ့ပြီး ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်လာသည့် အခါတွင် အိုဘားမား အစိုးရသည် မြန်မာနှင့် စစ်ရေးအဆက်အဆံ ပြန်လည် ပြုလုပ်ခြင်းဖြင့် အမေရိကန် စစ်တပ်မှ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများကို မြန်မာစစ်တပ် အနေဖြင့် လေ့လာသင်ယူ နိုင်လိမ့်မည်ဟု ပြောဆိုခဲ့ပြီး စစ်ရေးအဆက်အသွယ် ပြန်လည်ပြုလုပ်ရန် တိုက်တွန်းလာခဲ့သည်။

အိုဘားမား အစိုးရအဖွဲ့ကို မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်၍ သြဇာကြီးမားသူ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Mitch McConnell က ထောက်ခံထားပြီး သြဂုတ်လတွင် ပြောကြားခဲ့သော ၎င်း၏မိန့်ခွန်းတွင် နှစ်နိုင်ငံစစ်တပ်ချင်း ပိုမိုပူးပေါင်း ဆောင်ရွက်သင့်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။ သို့သော်လည်း စစ်ရေးဆက်ဆံမှု ပြန်လည်တည်ဆောက်မည့် ကိစ္စအပေါ် အခြားဥပဒေပြု အမတ်များက ဆန့်ကျင်လျက်ရှိပြီး စစ်ရေးအဆက်အသွယ် ပြန်လည်ပြုလုပ်ခြင်းဖြင့် လူသိန်းပေါင်းများစွာ နေရာရွှေ့ပြောင်း ခံရသည့် ကချင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော စစ်ပွဲများနှင့် ပတ်သက်၍ မြန်မာစစ်တပ်အပေါ် ထောက်ခံလိုက်သလို ဖြစ်သွားနိုင်သည်ဟု ဝေဖန်ကြသည်။

''မြန်မာနဲ့ အမေရိကန် စစ်ရေးဆက်သွယ်မှု ပြန်လည်စတင်ဖို့အတွက် အချိန်စောလွန်းပါတယ်။ မြန်မာစစ်တပ်က အရပ်သား အစိုးရအပေါ် လွှမ်းမိုးမှု ရှိနေသေးတဲ့အပြင် လူ့အခွင့်အရေးဆိုင်ရာနဲ့ တိုင်းရင်းသားရေးရာ ကိစ္စတွေမှာ ချိုးဖောက်မှုတွေ ရှိနေဆဲပါ'' ဟု ရီပတ်ဘလစ်ကန် ပါတီအမတ် အရှေ့အာရှရေးရာ မူဝါဒဥက္ကဋ္ဌ Steve Chabot က အေပီသတင်းဌာနသို့ ပြောဆိုခဲ့သည်။
အမေရိကန် အစိုးရအနေဖြင့် ချီတုံချတုံ ဖြစ်နေသော်လည်း အနောက်နိုင်ငံများမှာ အမေရိကန်ထက် ရှေ့ကိုရောက်နေပြီ ဖြစ်သည်။ ဗြိတိန်နိုင်ငံသည် မြန်မာအရာရှိ ၃၀ အား အဆင့်မြင့် ကာကွယ်ရေး ဆွေးနွေးပွဲသို့ ဖိတ်ခေါ်ခဲ့သလို သြစတြေးလျ နိုင်ငံကလည်း ကာကွယ်ရေး ကဏ္ဍအတွက် မြန်မာစစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်နေပြီဖြစ်သည်။

From: Eleven

မူလတန်းကျောင်း ဆရာတစ်ယောက်ထဲရှိ၊ အထက်သို့ တင်ပြထားသော်လည်း ထူးခြားမှုမရှိသေး

Posted by drmyochit Friday, September 06, 2013, under | No comments


အောင်လံ၊ စက်တင်ဘာ ၅။

မကွေးတိုင်းဒေသကြီး အောင်လံမြို့ နယ် ၊ တင်းတောကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်းတွင် ယခုနှစ် ပညာသင်နှစ်၌ သူငယ်တန်းမှ လေးတန်းအထိ ကျောင်းသားများကို ဆရာတစ်ဦး
တည်းကသာ စာသင်ကြားပေး နေရသဖြင့် တိုင်းပညာရေးမှုးထံသို့ စာရေးသား တင်ပြထားသော်လည်း ယနေ့တိုင် တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှုမရှိသေးကြောင်း တင်းတောကျေးရွာမှ
ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်စိုးက ပြောကြားသည်။

“ ကျောင်းသားစုစုပေါင်းက(၅၀)ရှိတာကို ၊ ကျောင်းအုပ်ဆရာမကြီး တစ်ယောက်ပဲ သင်နေရတာ၊ ပညာရေးမှုးရုံး သွားတင်ပြသေးတယ်၊ ဘာမှ မထူးဘူး အဲဒါကြောင့် အထက်ကို စာတင်လိုက်တာ၊” ဟု
၎င်းက ပြောကြားသည်။

တင်းတောကျေးရွာ အုပ်စုမူလတန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးအပါအ၀င် ဆရာနှစ်ဦးရှိသော်လည်း ဆရာမတစ်ဦးမှာ ပြီးခဲ့သည့် ဇွန်လပိုင်းက ဆေးခွင့်ယူ၍ ပြန်သွားပြီး ယနေ့တိုင် ပြန်လည် တာဝန်ထမ်းဆောင် ခြင်းမရှိသဖြင့် ကျောင်းအုပ်ဆရာမကြီး တစ်ဦးတည်းကသာ သူငယ်တန်းမှ လေးတန်းအတိ ကျောင်းသား (၅၀)အား စာသင်ကြားပေးနေရခြင်း ဖြစ်ကြောင်း သိရသည်။

ကျောင်းသားများ အချိန်ကုန်ပညာမတတ်ဖြစ်မည်ကို စိုးရိမ်ကြသော ကျောင်းသားမိဘများကိုယ်စား မြို့နယ်ပညာရေးမှုးရုံးသို့ အုပ်ချုပ်ရေးမှုး၊ နှင့် ရပ်မိရပ်ဖများက သွားရောက်တင်ပြခဲ့သော်လည်း
အကြောင်း မထူးခဲ့ ကြောင်း ဦးမောင်စိုးက ပြောကြားသည်။

ကျောင်းသားမိဘများ စုဝေးတိုင်ပင်၍ တိုင်းပညာရေးမှုး ထံသို့ ပြီးခဲ့သည့်လ ဒုတိယပတ်က စာရေးသားတင်ပြခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အောင်လံမြို့နယ် အတွင်းရှိ တင်းတောကျေးရွာအုပ်စု အနီးအပါးကျေးရွာများဖြစ်သော ကံသာယာကျေး ရွာ တွင်မူ အတန်းစုံကျောင်းသားဦးရေ (၅၀)ခန့်ရှိပြီး ဆရာအင်အားမှာမူ(၅)ဦးရှိကြောင်း၊ တောင်သာကျေး ရွာတွင်လည်း ကျောင်းသားဦးရေ (၁၈)ဦးရှိပြီး ဆရာအင်အားမှာ(၃)ဦးရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် ယခုနှစ်ပညာသင်နှစ်၌ တစ်မြို့နယ်လုံးအနေဖြင့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသားကျောင်းသူ စုစုပေါင်း (၃၅၉၁၉)ယောက် ပညာ သင်ကြားနေပြီး ကျောင်းအုပ်ကြီးများအပါအ၀င် ကျောင်းဆရာ၊ဆရာမ စုစုပေါင်းမှာ (၁၃၄၁)ဦး ရှိကြောင်းလည်း မြို့နယ်ပညာရေးမှုးရုံး၏ ပြောပြချက်အရ သိရပါသည်။

လင်းသက်
The Myanma Age

ဆီးရီးယားကို အရေးယူဖို့ အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီဆုံးဖြတ်

Posted by drmyochit Friday, September 06, 2013, under | No comments


ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့အတွက် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီက ထောက်ခံလိုက်ပါတယ်။

အရပ်သားတွေကို ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားအစိုးရကို စစ်ရေးအရ အရေးယူဖို့ အတွက် ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ ၇ မဲနဲ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကို လုပ်ပိုင်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။

အရေးယူတဲ့ကာလကို ရက်ပေါင်း ၉၀ ထက် မပိုရဆိုတဲ့ သတ်မှတ်ချက်ထားဖို့ အထက်လွှတ်တော်က ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် ကြည်းတပ်သားတွေကို ဆီးရီးယားမှာ ချမထားဖို့ သတ်မှတ်လိုက်ပြီး အမေရိကန် ပြည်ထောင်စုကို နောက်ထပ် စစ်ပွဲတပွဲ ထပ်ပြီး မနွှဲစေချင်တဲ့ လွှတ်တော် အမတ်တွေကို အာမခံချက်ပေးခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်အတွက် အထက်လွှတ်တော်မှာ မဲခွဲမှာဖြစ်သလို အောက် လွှတ်တော်မှာလည်း မဲခွဲဆုံးဖြတ်ချက် ရယူမှာဖြစ်ပါတယ်။ အထက်လွှတ်တော် မှာ ပါတီ ၂ ရပ်စလုံးက အမြန် ဆုံးဖြတ် လုပ်ဆောင်ကြဖို့ သမ္မတအိမ်ဖြူက ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပြီး အခုလို ဆီးရီးယားကို အရေးယူဖို့ ဆုံးဖြတ်ချက် ချတာဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး တိုးမြင့် ခိုင်မာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆီးရီးယားကိစ္စအတွက် ဘောင်သတ်မှတ်မှုကို သမ္မတ အိုဘားမားက ချမှတ်လုပ်ဆောင်တာမဟုတ်ဘဲ၊ ပထမကမ္ဘာစစ်ကြီးအပြီး အဆိပ်ဓာတ်ငွေ့ သုံးစွဲမှုကို တားမြစ်ခဲ့တာဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ လုပ်ဆောင်ခဲ့တာ သာဖြစ်ကြောင်း သမ္မတ အိုဘားမား က လွှတ်တော်မှာ မဲခွဲ မဆုံးဖြတ်ခင်မှာပဲ
ပြောကြားခဲ့ပါတယ်။

VOA

Thursday, September 05, 2013

ကျောင်းသားအား ဦးနှောက်ထိခိုက်သည်အထိ ကျောင်းအုပ်ဆရာမ အကြိမ်ကြိမ် ရိုက်နှက်

Posted by drmyochit Thursday, September 05, 2013, under | No comments

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် မန့်ဟိုင်းကျေးရွာရှိ အမကကျောင်းမှ အသက် (၈) နှစ်ရှိ တတိယတန်း ကျောင်းသား တစ်ဦးအား ကျောင်းအုပ် ဆရာမက အကြိမ်ကြိမ်ရိုက်နှက်သဖြင့် ကျောင်းသားဦး နှောက်ထိ ခိုက်သွား ရပါသည်။

ယခုနှစ်ထဲမှာ ဒီကျောင်းသားလေးကိုဆရာမက ၃ ကြိမ် ၃ ခါ ရိုက်နှက် ခဲ့ပါသည်။ ပထမအကြိမ် ရိုက်နှက် စဉ်က လက်နှင့်ခေါင်းတွင် ထိမိ သဖြင့်ဆေး ရုံတင်လိုက်ရကြောင်း၊ ဒုတိယအကြိမ် ကျောင်းသား၏ နားရွက် အား လက်ဝါးဖြင့် ရိုက်သဖြင့် နားမှ သွေးများထွက်လာကြောင်း၊ ယခုနောက်ဆုံးအကြိမ်တွင်မူ ပြီးခဲ့တဲ့ လ ၂၇ ရက် နေ့က နားရွက်ကို ပေါက်ပြဲ သွေးထွက်သည်အထိ ဆွဲလိမ်ဆုံးမသဖြင့် ကျောင်းသားမှာ ကြောက်လန့်ပြီး စိတ်မနှံ့သကဲ့သို့ ဖြစ်သွားခဲ့ရ ကြောင်း ဆိုပါသည်။

တတိယတန်းကျောင်းသား စိုင်းအွန်မိဏ်း သည် ကျောင်းစာမရ၍ ရိုက်သည်ဟု ဆရာမက ဆိုပါသည်။ အိမ်ကမိဘများနှင့်တိုင်ပြောပါက ဒီထက်ပိုပြီး ရိုက်နှက်ဆုံးမမည် ဟုလည်း ဆရာမက ခြိမ်းခြောက်ကြောင်း အတန်းဖော်များက ပြောပြသည်ဟု အဒေါ်ဖြစ်သူကလည်းပြောပါသည်။

မန့်ဟိုင်းကျေးရွာရှိကျောင်းသားတစ်ဦးကလည်း “ ကျောင်းအုပ်ဆရာမကြီးက သားတို့ကို တစ်လ သောက် ရေသန့်ဖိုး တစ်ယောက် ၅၀၀ ကျပ်ကောက်ခံတယ်ဗျ၊ သားတို့တော့ အဲဒီသောက်ရေသန့်ကို တခါမှ မသောက် ရဘူး၊ အိမ်က ရေကိုပဲ ဗူးနဲ့ထည့်ယူလာတာပါ။ သားတို့ကျောင်းမှာ ကျောင်းသား ၈၄ ဦးရှိပါတယ် ခင်ဗျား ” ဟု ပြောပါသည်။

အဆိုပါကျောင်းသားငယ် စိုင်းအွန်မိဏ်းမှာ မန့်ဟိုင်းကျေးရွာနေ အဘစိုင်းအိုက်အုန်း အမိနန်းလှရင် တို့၏ သားဖြစ်ပြီး ကျောင်းအုပ်ဆရာမကြီးမှာ ဒေါ်နန်းခင်မေသန်းမြတ် ဖြစ်ကြောင်းသိရပါသည်။

ကာယကံရှင်ဆရာမအနေဖြင့် ထိုသို့ ကလေးများအပေါ် ဆက်လက် မကျူးလွန်ပါရန် မိဘဆွေမျိုးများနှင့်အတူ ရွာသူရွာသားများက တောင်းဆိုလိုက်ပါသည်။

ရွာသူရွာသားများ
သျှမ်းသံတော်ဆင့် သတင်းဌာန

အိမ်ထောင်သည်အမျိုးသမီးများ မိမိလင်သားအားကျွေးမွေးသင့်သည့်အစားအစာများ

Posted by drmyochit Thursday, September 05, 2013, under | No comments



အိမ်ထောင်သည်အမျိုးသမီးများ မိမိလင်သားအားကျွေးမွေးသင့်သည့်အစားအစာများ
အမျိုး သား အများစုက အစာကို စနစ်တကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။ ဒါ့အပြင် ကျန်းမာရေး ကိုလည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်ဟာ အမျိုး သားတွေ ရဲ့ သက်ရှည် ကျန်းမာရေးကို အဟန့် အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့်အမျိုးသား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။
(၁) ဂျုံမှုန့်အကြမ်း

အမျိုးသားတွေအတွက် အကောင်းဆုံးနံနက်စာမှာ ဂျုံမှုန့်အကြမ်း ပါဝင်သင့်ပါတယ်။ ဒါမှသာ နှလုံးရောဂါ ဖြစ်နှုန်း လျော့ကျမှု ရှိမှာပါ။ ချက်ပြီးသား ဂျုံမှုန့်အကြမ်း တစ်ခွက်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ် သုံးဂရမ် ပါဝင်တာကြောင့် ကြာကြာ ဗိုက်ပြည့်စေပြီး သွေးတွင်း သကြားဓာတ် တည်ငြိမ်ကာ သွေးတွင်းကို လက်စထရောအဆင့် လျော့ကျမှု ရှိစေပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှု တွန်းလှန်ပေးတဲ့ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိတဲ့ တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

(၂) ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်စီယမ် အများအပြား ပါဝင်တဲ့အတွက် အမျိုးသားတွေရဲ့ သွေးဖိအားကို ထိန်းညှိပေးနိုင်သလို ကြွက်တက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီးမှာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အဆစ်နဲ့ ကြွက်သားတွေကို တစ်နေ့လုံး နာကျင်ကိုက်ခဲမှု ကင်းဝေးစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ငှက်ပျောသီးကို စားပေးရင်ကို လက်စထရော လျော့ကျစေပြီး အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မဂ္ဂနီဆီယမ် ပါဝင်တာကြောင့် လေဖြတ်တဲ့ အန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။

(၃) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ပါဝင်ပြီး ဆီးကျိတ်ကျန်းမာရေး ကောင်းမွန်စေတဲ့အတွက် အမျိုးသားတွေအတွက် စံပြ အစာပါ။ အစွမ်းထက် ကာရိုတီးနွိုက် ဖြစ်တာကြောင့် ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေတဲ့အပြင် ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းကိုပါ လျော့ကျစေပါတယ်။ ခရမ်းချဉ်သီးကို မစားခင် အရင်ချက်ပါ။ အပူပေးလိုက်တဲ့အခါ လိုင်ကိုပင်းကို စုပ်ယူအား ပိုကောင်းစေလို့ပါ။

(၄) ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီး တစ်အောင်စမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ် များများ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို အပြာရောင် ဖြစ်စေတဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ဟာ အန်သိုဆိုင်ယာနင် ခန္ဓာကိုယ်ထဲက အစွမ်းထက် ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၅) သံလွင်ဆီ

တစ်နေ့ သံလွင်ဆီ ထမင်းစားဇွန်း နှစ်ဇွန်းစားရုံနဲ့ ကိုယ်အလေးချိန် လျော့ကျစေပြီး စိတ်ခံစားမှု ကောင်းမွန်စေကာ ရောဂါဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။ သံလွင်ဆီမှာ မပြည့်ဝဆီအပြင် ဗီတာမင်အီးနဲ့ ကာရိုတီးနွိုက်တွေလို အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင်တာကြောင့် သွေးတိုး ကျစေပြီး ကင်ဆာရောဂါ ကြီးထွားနှုန်းကို ချိုးနှိမ်ပေးကာ ပန်းနာရင်ကျပ် ရောဂါနဲ့ အဆစ်ရောင်နာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

(၆) သစ်ကြားသီး

သစ်ကြားသီးမှာပါတဲ့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်အီးတို့ဟာ ဆီးကျိတ်ကို အကာအကွယ် ပေးနိုင်ပါတယ်။ သစ်ကြားသီးကို ပုံမှန်စားသူတွေဟာ သွေးတွင်းစုစုပေါင်း ကိုလက်စထရောအဆင့် ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မကောင်းတဲ့ ကိုလက်စရော ၉ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျမှု ရှိကြောင်း အမေရိကန် အာဟာရ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

(၇) ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့အပြင် မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းနိုင်တဲ့အပြင် နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နှုန်းကို လျော့ကျ စေပါတယ်။

(၈) အဆီများသောငါး

အဆီများတဲ့ ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် နှလုံးရောဂါ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ ထရစ်ပတိုဖန် အာဟာရဓာတ်လည်း ပါဝင်တဲ့အတွက် တစ်နေ့လုံး စိတ်တည်ငြိမ် လန်းဆန်းစေပြီး အိပ်ရေးဝဝ အိပ်ပျော်စေပါတယ်။

(၉) ပဲမည်း

ဆိုဒီယမ်၊ အဆီနဲ့ ကိုလက်စထရော ပါဝင်မှု နည်းပြီး အမျှင်ဓာတ်များတဲ့ ပဲမည်းကို စားတာကြောင့် တစ်နေ့လုံး စွမ်းအင် ပြည့်ဝစေပါတယ်။ ပဲက အရောင်ပိုရင့် လေလေ၊ အင်တီအောက်ဆီးဒင့် ပမာဏ ပိုများလေလေ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အစာတွေကို စားတာကြောင့် ကင်ဆာနဲ့ နှလုံးရောဂါ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၁၀) လက်ဖက်စိမ်း လက်ဖက်ရည်

လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာကြောင့် ကက်တီချင်လို အင်တီအောက်ဆီးဒင့် ရရှိစေပြီး ကင်ဆာဆဲလ်တွေကို ဟန့်တားပေးနိုင်ကာ ကိုယ်ခံစွမ်း အားကောင်းစေတဲ့ အင်ဇိုင်းထုတ်လုပ်မှုကို အားပေးပါတယ်။

ကေအမ်
GOOD HEALTH

ဆီးရီးယားကို စစ်ရေးအရ အရေးယူမည့်အစီအစဉ်ကို အမေရိကန်အမတ်များ ထောက်ခံ

Posted by drmyochit Thursday, September 05, 2013, under | No comments


သမ္မတ အနေဖြင့် ဆီးရီးယား သမ္မတ ဘာရှာအာဆက်ဒ်ကို စစ်ရေးဖြင့် တိုက်ခိုက် အရေးယူမည် ဆိုပါက ကန့်သတ်ထားသည့် အချက်အလက်များဖြင့် ခွင့်ပြုပေးရန် လွှတ်တော်၌ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြ

ဆီးရီးယားကို စစ်ရေးအရ အရေးယူ တိုက်ခိုက်မည် ဆိုပါက သမ္မတ ဘာရတ် အိုဘားမားကို ထောက်ခံမှုပေးရန် အမေရိကန် လွှတ်တော် အမတ်များက အတည်ပြု သဘောတူညီလိုက်သည်။ လွှတ်တော် အမတ်များသည် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်များကြောင့် နိုင်ငံတကာတွင် ဝေဖန်ပြစ်တင် ခံနေရသည့် ဆီးရီးယား ပြည်တွင်းစစ်၌ အမေရိကန်က ပါဝင်လိုက်ခြင်းသည် နုတ်မရသော ခြေလှမ်းတစ်ရပ် ဖြစ်သွားမည်ကို စိုးရိမ်ခဲ့ကြသည်။ ယခုအခါတွင်မူ သမ္မတ အနေဖြင့် ဆီးရီးယား သမ္မတ ဘာရှာအာဆက်ဒ်ကို စစ်ရေးဖြင့် တိုက်ခိုက် အရေးယူမည် ဆိုပါက ကန့်သတ်ထားသည့် အချက်အလက်များဖြင့် ခွင့်ပြုပေးရန် လွှတ်တော်၌ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။ အမေရိကန် သမ္မတရုံးမှ တာဝန်ရှိသူများက ဘာရှာအာဆက်ဒ်ကို ဆက်ဒမ်ဟူစိန်၊ အဒေါ့ဖ်ဟစ်တလာတို့နှင့် နှိုင်းယှဉ်သုံးသပ်ကာ အရေးယူခွင့်ကို ထောက်ခံမှုပေးရန် လွှတ်တော်အား တိုက်တွန်းခဲ့သည်။ ထို့အပြင် အာဆက်သည် နောက်တစ်ကြိမ် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှု ရှိလာနိုင်သေးသည်ဟုလည်း ထောက်ပြခဲ့သည်။

ဗုဒ္ဓဟူးနေ့က လွှတ်တော်တွင် ဆီးရီးယားအပေါ် အရေးယူရန် သင့်မသင့် ဆွေးနွေးမှုအား မဲခွဲပြီးနောက် (၁၀)မဲ၊ (၇)မဲဖြင့် အဆိုအောင်မြင်ခဲ့သည်။ သို့သော်လည်း ကြိုတင် သဘောတူထားသကဲ့သို့ အမေရိကန် ခြေလျင်တပ်များ ဆီးရီးယားသို့ ဝင်ရောက်မည် မဟုတ်ဘဲ ဒုံးကျည်များဖြင့်သာ အဓိက တိုက်ခိုက်စေမည်ဟု သိရသည်။ အဓိက နိုင်ငံရေး ပါတီကြီး နှစ်ခုမှ အမတ်များက အဆိုပါ ဆုံးဖြတ်ချက်ကို လွှတ်တော်က လာမည့်သီတင်းပတ်တွင် အတည်ပြု လက်ခံပေးမည်ဟု ယူဆလျှက် ရှိသည်။ လွှတ်တော်တွင် တင်သွင်းထားသော အဆိုတွင် အမေရိကန်၏ ခြေလျင်တပ်များ ဝင်ရောက်ခွင့်ကို ရှင်းရှင်းလင်းလင်း ပိတ်ပင်ထားသည့်အပြင် ဆီးရီးယား စစ်ပွဲ ပြီးဆုံးသည်ဖြစ်စေ၊ မပြီးဆုံးသည်ဖြစ်စေ ရက်ပေါင်း(၉၀)ထက် ပိုမိုကြာညောင်းသည့် တိုက်ခိုက်မှု မပြုလုပ်ရန် ရှင်းလင်းစွာ ကန့်သတ်ထားသည်။

လွှတ်တော်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် အက်ဒ်ရွိုက်စ်က လွှတ်တော် ဥက္ကဋ္ဌနှင့် အုပ်ချုပ်မှု အဖွဲ့သည် ယခုအဆိုကို နောက်ဆုံးအကြိမ် သီးခြားစစ်ဆေး သုံးသပ်ပြီးမှ အတည်ပြုရန် သင့်မသင့် ကြေညာမည်ဟု ပြောကြားထားသည်။ ဆီးရီးယား အရေးတွင် အမေရိကန် ပါဝင်လာနိုင်ခြေသည် (၂)နှစ်ကျော် ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ်ကို အင်အားချိန်ခွင်လျှာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေဖွယ် ရှိနေသည်။ အမေရိကန်၏ မဟာမိတ်ဖြစ်သည့် ဗြိတိန်မှာမူ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ချက်အရ ဆီးရီးယားကို တိုက်မည်မဟုတ်ဟု အတည်ပြုထားပြီး ပြင်သစ်တွင်မူ တိုက်သင့် မတိုက်သင့် အမြင်ကွဲပြားမှုများ ရှိနေဆဲဟု သိရသည်။

From: Planet

ကျောင်းသား သေဆုံးမှုအတွက် တရားစွဲဆိုခံထားရသော ရဲအား စီရင်ချက်ချတော့မည်

Posted by drmyochit Thursday, September 05, 2013, under | No comments


အသက် ၁၅ နှစ်အရွယ် ဒသမတန်းကျောင်းသားတစ်ဦး သေဆုံးမှုအတွက် တရားစွဲခံထားရသည့် ဒု-တပ်ကြပ်ရဲ သဲမောင်မောင်၏ အမှုကို လာမည့်စက်တင်ဘာ ၁၀ ရက်တွင် ရွှေတောင်မြို့နယ်တရားရုံးက အမိန့် ချတော့မည်ဟု သိရသည်။

သာမန်အတိုင်းဆိုလျှင် စက်တင်ဘာ ၃ ရက်က ထိုအမှုကိုအမိန့်ချမှတ်ရမည်ဖြစ်သော်လည်း ဒု-တပ်ကြပ် သဲမောင်မောင်သည် နှလုံးသွေးကြောကျဉ်းရောဂါရှိနေကြောင်း ဆရာဝန်ကထောက်ခံသဖြင့် တရားသူကြီးက ခွင့်ပေးခဲ့ကြောင်းလည်း သိရသည်။

အမှု၏တရားလိုဖြစ်သည့် သေဆုံးသူကျောင်းသား၏ ဖခင်ဦးအေးဟုန်ကမူ ဒု- တပ်ကြပ်က ထိုသို့တရားရုံးကို ခွင့်တိုင်ကြားခြင်းသည် အချိန်ဆွဲနေခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုသည်။ သို့သော် သူက “တရားသူ ကြီးကတော့ ဒါနောက်ဆုံးအကြိမ်လို့ ပြောတယ်” ဟုလည်း ရှင်းပြသည်။
၂၀၁၂ ခုနှစ်ဇန်န၀ါရီ ၃ ရက်က ပြည်မြို့၊ စည်တော်မင်္ဂလာ ရပ်ကွက်တွင် ဒု-တပ်ကြပ်ရဲ သဲမောင်မောင်ကြောင့် ကျောင်းသားတစ်ဦး သေဆုံးပြီး၊ ကျန်လူငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့သော အမှုအား စီရင်ချက်ချမည်ဖြစ်သည်။
သေဆုံးသူ မောင်ကောင်းဆက်ပိုင်နှင့် ဒဏ်ရာရရှိသွားသူ ကိုဇော်လင်းဦးတို့သည် ထိုနေ့က ဆိုင်ကယ်စီးနင်း သွားလာနေစဉ် ဒု-တပ်ကြပ် သဲမောင်မောင်က ဆိုင်ကယ်ဖြင့်လိုက်လာပြီး နောက်မှထိုင်စီးသူ ကိုဇော်လင်းဦး ကို ဆွဲချခဲ့သလို၊ ဆိုင်ကယ်မောင်းနေသူ မောင်ကောင်းဆက်ပိုင်ကိုလည်း ခြေထောက်ဖြင့် ကန်လိုက်သည်ဟု တရားလိုဘက်က တရားရုံးတွင် စွပ်စွဲထွက်ဆိုထားသည်။

ထို့ကြောင့် ကိုဇော်လင်းဦးမှာ ဆိုင်ကယ်ပေါ်မှပြုတ်ကြကာ ဒဏ်ရာအပြင်းအထန်ရခဲ့သလို၊ မောင်ကောင်းဆက်ပိုင် သည်လည်း ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ လဲကျသွားကာ ဓာတ်တိုင်၊ အုတ်ခုံတို့နှင့် ဆောင့်မိခဲ့ရာ ပြည်မြို့ ဆေးရုံကြီးသို့ ပို့ဆောင်စဉ်လမ်းတွင်ပင် သေဆုံးခဲ့ရသည်ဟုလည်း တရားလိုဘက်က ဆိုထားသည်။
ဒု-တပ်ကြပ် သဲမောင်မောင်ကမူ ခိုက်ရန်ဖြစ်ပွားမှုတစ်ခုတွင် မျက်မြင်သက်သေဖြစ်သော မောင်ကောင်းဆက်ပိုင် ကို ရဲစခန်း၌သက်သေထွက်ဆိုရန် လိုက်လံရှာဖွေစဉ် လှမ်းတွေ့လိုက်သဖြင့် နောက်မှ လိုက်လံ တားဆီးခဲ့ခြင်းဖြစ်ကြောင်း၊ သူဆိုင်ကယ်နှင့် နောက်မှလိုက်ခဲ့သည်မှာ မှန်ကန်သော်လည်း ၎င်း ဆိုင်ကယ် အနီးသို့ အရောက်တွင် မောင်ကောင်းဆက်ပိုင်တို့စီးလာသည့် ဆိုင်ကယ်မှာ တိမ်းမှောက်ပြီ ဖြစ်ကြောင်း၊ ဆိုင်ကယ်မှောက်သည်မှာလည်း အနီးရှိ သစ်ပင်နှင့်ချိတ်မိ၍ မှောက်ခြင်းဖြစ်နိုင်ကြောင်း တရားရုံးတွင် ခုခံချေပထားသည်။

မောင်ကောင်းဆက်ပိုင် သေဆုံးမှုနှင့် ပတ်သက်၍ မှုခင်းဆရာဝန် ဒေါက်တာ သန်းဝင်းက စစ်ဆေးခဲ့ရာ ဦးခေါင်းခွံနှင့် နံရိုးများကျိုးပဲ့ပြီး ဦးနှောက်အတွင်း သွေး ထွက်လွန်ကာ သေဆုံးခြင်းဖြစ်ကြောင်း၊ သေဆုံး သူသည် အရက်သေစာ သောက်စားထား ခြင်းမရှိကြောင်း မှုခင်းမှတ်တမ်းတွင် မှတ်ချက်ပြုထားသည်။ ကိုဇော်လင်းဦးသည်လည်း အဆုတ်ပေါက်ထွက်ပြီး အဆုတ်အတွင်းသို့ သွေးများ ၀င်ရောက်သဖြင့် ပြည်ဆေးရုံကြီး တွင် ခွဲစိတ်ကုသခဲ့ရသည်ဟု တရားလိုဘက်မှပြောသည်။
ထိုအမှုကို ပြည်မြို့ရှိ မြို့မရဲစခန်းသို့ တိုင်ကြားသော်လည်း အမှုဖွင့်မပေးသဖြင့် ခရိုင်ရဲမှူးနှင့် တိုင်းရဲမှူးတို့ထံ တိုင်စာရေး သားပေးပို့ခဲ့ကာ မြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ရကြောင်း ဦးအေးဟုန်က ပြောသည်။

သေဆုံးသူ၏မိခင် ဒေါ်ကြည်ကြည်မြင့်ကလည်း “စခန်းမှာ အမှုသွားဖွင့်တော့လည်း လက်မခံခဲ့ဘူး။ ခရိုင် ဥပဒေရုံးကို ဦးတိုက်လျှောက်တော့ ခရိုင်ရဲမှူးက အမှုဖွင့်ပေးလိမ့်မယ်ဆိုပြီး တစ်ပတ်စောင့်ခိုင်းတယ်” ဟု ထိုစဉ်က ကြုံတွေ့ခဲ့သည်ကို ပြန်ပြောပြသည်။
ထိုအမှုသည် ရုံးချိန်းပေါင်း ၆၀ ကြိမ်ခန့် တရားရင်ဆိုင်ခဲ့ရပြီး အချိန်နှစ်နှစ်နီးပါးပင် ကြာမြင်ခဲ့ကြောင်း တရားလိုများက ဆိုသည်။

စွပ်စွဲခံထားရသူ ဒု-တပ်ကြပ်သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ (က) ပေါ့လျော့မှုကြောင့် လူသေမှု၊ ပုဒ်မ ၃၃၈ အပြင်းအထန် နာကျင်စေမှုတို့ဖြင့် တရားစွဲခံထားရခြင်းဖြစ်ပြီး သူသည် ရဲလုပ်သက် ၁၂ နှစ် ကျော်ရှိပြီဖြစ်သည်။

မဇ္ဈိမသတင်းဌာန

Miss Supranational ပြိုင်ပွဲတွင် အကြိုခန့်မှန်းမှု ပြိုင်ပွဲဝင် ၉၀ ကျော်အနက် ခင်ဝင့်ဝါ အဆင့် ၁၄ နေရာ၍ ရပ်တည်နေ

Posted by drmyochit Thursday, September 05, 2013, under | No comments


ဘီလာရုစ် နိုင်ငံတွင် စခန်းသွင်း လေ့ကျင့်လျက် ရှိပြီး ရှေ့လဆန်းတွင် ဗိုလ်လုပွဲ ကျင်းပတော့မည့် ကမ္ဘာ့ Miss Supranational အလှမယ် ပြိုင်ပွဲ အကြိုခန့်မှန်းမှု Hot Picks - 3 တွင် မြန်မာနိုင်ငံမှ အလှမယ် ခင်ဝင့်ဝါက ထိပ်ဆုံး ၁၅ ဦးတွင် အမှတ်စဉ် (၁၄)နေရာ၌ ပါဝင်လျက် ရှိသည်။ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များက ကြိုတင် ခန့်မှန်းမှုများ နှစ်စဉ် ထုတ်ပြန်လေ့ရှိရာ Hot Picks အမည်ဖြင့် ထုတ်ပြန်ချက်၌ စုစုပေါင်း ပြိုင်ပွဲဝင် ၉၀ ကျော်အနက်မှ ပထမပတ်တွင် ထိပ်တန်း ၁၀ ဦးကို ရွေးချယ်ဖော်ပြခဲ့စဉ် ခင်ဝင့်ဝါ မပါခဲ့သော်လည်း ယခင်အပတ် ခန့်မှန်းချက်၌ နံပါတ်ရှစ်နေရာသို့ ရောက်ခဲ့သည်။

 ယခုတစ်ပတ် တတိယအကြိမ်ခန့်မှန်းချက် အဖြစ် ၂၅-၈-၂၀၁၃ ရက်က ထုတ်ပြန်ခဲ့ရာ ခင်ဝင့်ဝါက Top 15 စာရင်းတွင် နံပါတ် ၁၄ နေရာ၌ ရပ်တည်လျက် ရှိသည်။ ယခုလက်ရှိ အနေအထားအရ ဘရာဇီး၊ ဘီလာရုစ်၊ ဖိလစ်ပိုင်၊ ရုရှား၊ လက်ဗီးယား၊ ဒိန်းမတ်၊ ထိုင်း၊ ဗင်နီဇွဲလား၊ သြစတြေးလျ၊ မက္ကစီကို၊ ချက်၊ ဆူရီနမ်၊ ပွာတိုရီကို၊ မြန်မာနှင့် ကနေဒါတို့က ထိပ်ဆုံး ၁၅ ဦးတွင် အစဉ်လိုက် ရပ်တည်လျက် ရှိနေကြကြောင်း သိရသည်။

ပြည်မြန်မာ

တရုတ်ကလေးငယ် မျက်လုံးဖောက်ထုတ်ခံရမှုတွင် အဒေါ်ဖြစ်သူကို တရားခံအဖြစ် ယူဆ

Posted by drmyochit Thursday, September 05, 2013, under | No comments



သောကြာနေ့ကမူ ကလေးငယ်၏ အဒေါ်ဖြစ်သူ ဇန်ဟီရင်သည် ရေတွင်း တစ်ခုထဲ ခုန်ကျ သတ်သေသွားပြီးနောက်ပိုင်း ယင်းအမှုကို စုံစမ်းရင်း ကလေးအပေါ် အကြမ်းဖက်မှုနှင့် ဆက်နွယ်နိုင်သည့် အထောက်အထားများ တွေ့ရှိလာခဲ့

တရုတ်နိုင်ငံတွင် ကလေးငယ်တစ်ဦး မျက်လုံးများ ဖောက်ထုတ်ခြင်း ခံရမှုတွင် အဓိက တရားခံသည် ကလေးငယ်၏ အဒေါ်ဖြစ်နိုင်ကြောင်း ရဲများက မှတ်ချက်ပြု ပြောကြားလိုက်သည်။ တရုတ်မီဒီယာများက ဂူဘင်ဟု အမည်ဖော်ပြသော (၆)နှစ်သား ကလေးငယ်သည် ပြီးခဲ့သည့်လက နေအိမ်မှ ဆော့ကစားရန် ထွက်ခွာသွားပြီးနောက် မျက်လုံးနှစ်လုံးစလုံး ရက်စက်စွာ ဖောက်ထုတ်မှုနှင့် ကြုံခဲ့ရသည်။ ကလေးက မိဘနှစ်ပါးကို မိမိအား အမျိုးသမီး တစ်ဦးက တိုက်ခိုက်ခဲ့ကြောင်း ပြန်လည် ပြောဆိုခဲ့ပြီး အစောပိုင်းက ဂူဘင့်ကို ရက်စက်ကြမ်းတမ်းစွာ ပြုမူခဲ့သူသည် လူ့ခန္ဓာကိုယ် အစိတ်အပိုင်း မှောင်ခိုရောင်းဝယ်သူ တစ်ဦး၏ လက်ချက်ဟု ရဲများက ယူဆခဲ့ကြသည်။ သို့သော်လည်း သောကြာနေ့ကမူ ကလေးငယ်၏ အဒေါ်ဖြစ်သူ ဇန်ဟီရင်သည် ရေတွင်း တစ်ခုထဲ ခုန်ကျ သတ်သေသွားပြီးနောက်ပိုင်း ယင်းအမှုကို စုံစမ်းရင်း ကလေးအပေါ် အကြမ်းဖက်မှုနှင့် ဆက်နွယ်နိုင်သည့် အထောက်အထားများ တွေ့ရှိလာခဲ့သည်။

Xinhua သတင်းဌာနက ရဲတပ်ဖွဲ့သည် မိမိကိုယ်ကိုယ် သေကြောင်းကြံမှုကို စုံစမ်းရင်း ဇန်၏ အဝတ်အစားများတွင် သွေးများ စွန်းပေနေသည်ကို တွေ့ရှိခဲ့ရ၍ ဆက်လက်စစ်ဆေးရာ ကလေးငယ်ထံမှ သွေးများ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။ ဂူဘင်လေးကို ရှာဖွေတွေ့ရှိချိန်တွင် မျက်လုံးဟောက်ပက် သွေးအလိမ်းလိမ်းနှင့် ရှိနေခဲ့ပြီး ယခုအခါတွင်မူ ၎င်းသည် ဆေးရုံ၌ အခြေအနေ တည်ငြိမ် ကောင်းမွန်စ ပြုနေပြီဟု သိရသည်။ ရှန်ဇီရှိ ဖန်ဇီတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုသည် ဩဂုတ်လ (၂၄)ရက်နေ့က ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကလေးပျောက်၍ လိုက်ရှာနေသည့် ဂူဘင်၏ မိဘများသည် သားဖြစ်သူကို ဒုက္ခိတ ဘဝဖြင့် ကြေကွဲဖွယ်ရာ ပြန်လည် တွေ့ရှိခဲ့သည်။

၎င်းသည် အမည်မသိ အမျိုးသမီး တစ်ဦး၏ သွေးဆောင်ခေါ်ယူပြီးမှ တိုက်ခိုက်မှုနှင့် ကြုံခဲ့ရခြင်းဟု ရဲများက သိရှိရသော်လည်း တရားခံကို လိုက်လံ ရှာဖွေရာတွင် လူ့ခန္ဓာကိုယ် အစိတ်အပိုင်း မှောင်ခိုဂိုဏ်းများကို အဓိက ဦးတည်ခဲ့ကြသည်။ အထူးသဖြင့် ကလေး၏ မျက်လုံးနှစ်လုံးမှာ အခင်းဖြစ်ရာ နေရာတွင် ရှိနေခဲ့သော်လည်း မျက်ကြည်လွှာများ ပျောက်ဆုံးနေခဲ့ခြင်းကြောင့် ယင်းမှောင်ခိုဂိုဏ်းများ လက်ချက်ဟု ယူဆခဲ့ခြင်းလည်း ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် အခင်းဖြစ်သည့် နေရာနှင့် မလှမ်းမကမ်း၌ မျက်ကြည်လွှာများကို ပြန်လည် တွေ့ရှိပြီးနောက် အမှုမှာ ပိုမို ရှုပ်ထွေးသွားသည်။

ကလေး၏ မိခင်က သေကြောင်းကြံသွားသည့် ညီအစ်မ ဖြစ်သူနှင့် မိသားစုကြား မည်သည့် ပြဿနာမျှ မရှိခဲ့ဟုလည်း ဆိုသည်။ "အဖိုးကို စောင့်ရှောက်တဲ့ ကိစ္စကြောင့် ဇန်နဲ့ ကျွန်မတို့ကြားမှာ ငြင်းခုန် ရန်ဖြစ်ခဲ့တယ်လို့ တချို့က ပြောဆိုနေတာ ကြားမိတယ်။ ဒါပေမဲ့ အဲဒါက လိမ်ညာတာ သက်သက်ပါပဲ"ဟု သူမက ဆိုသည်။ ရဲတပ်ဖွဲ့သည် အမှုနှင့် ပတ်သက်သည့် ကွင်းဆက်များကို ဆက်လံ ခြေရာခံ ရှာဖွေနေဆဲ ဖြစ်သည်။

From: Planet Myanmar Network

မလေးရှားတွင် ဓားဒဏ်ရာများနှင့် ခေါင်းပြတ် နေသော မြန်မာ အမျိုးသား အလောင်းတွေ့

Posted by drmyochit Thursday, September 05, 2013, under | No comments


အမ်ဖန် ၊ စက်တင်ဘာ ၄ ။        ။မလေးရှားနိုင်ငံ ပန်ဒန် မီဝါရှိရေမြောင်း တစ်ခု အတွင်း ဓားဒဏ်ရာများနှင့် ဆိုးဆိုး ရွားရွား ခေါင်းဖြတ် ထားသော မြန်မာ အမျိုးသား တစ်ဦး၏ အလောင်းကို တွေ့ရှိ ခဲ့ရ သည်ဟု သိရသည်။ မြန်မာ အမျိုးသား တစ်ဦး၏ အလောင်းကို တွေ့ရှိ ရသည့် နေရာမှာ ဈေးဆိုင်တန်း တစ်ခု အနီးရှိ ရေမြောင်း တစ်ခု အတွင်း ဖြစ်ပြီး ဖြတ်သွား ဖြတ်လာတို့က တွေ့ရှိခဲ့ကြပြီးနောက် ရဲ တပ်ဖွဲ့ထံ အကြောင်းကြားခဲ့ ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့မှုခင်း ဆေးပညာ အဖွဲ့၏ အဆို အရ တွေ့ရှိ ရသော မြန်မာ အမျိုးသား အလောင်း၏ ခန္ဓာကိုယ်နှင့် လက်များတွင် ဓားဒဏ်ရာအများ အပြားတွေ့ရှိ ခဲ့ရ သည်ဟု ခရိုင် ရဲတပ်ဖွဲ့ အကြီး အကဲလက်ထောက် ကော်မရှင်နာ အမီရူဒင် ဂျာမာလူဒင် က ပြောကြား ခဲ့သည်ဟု သိရ သည်။

အလောင်း မှာ ပုပ်ပွလျက် ရှိရာ အနည်းဆုံး လွန်ခဲ့သည့် လေးရက် လောက်က အသတ် ခံ ရခြင်း ဖြစ်ပြီး ဦးခေါင်းကို တိတိ ရိရိ ဖြတ်တောက် ထားခဲ့ကြောင်း၊ ကနဦး စစ်ဆေးမှုတွင် တွရှေိ့ ချက်အရ အလောင်းကို အနီး အနားရှိ တစ်နေရာရာတွင် သတ် ဖြတ်ခဲ့ ခြင်း ဖြစ်ကြောင်း၊ သေဆုံး သူမြန်မာ အမျိုးသားသည် အသက် ၃ဝ အရွယ်ခန့် ရှိပြီး အ လောင်းအား ခွဲစိတ် စစ်ဆေး မှုပြု၍ မည်သူ မည်ဝါဖြစ်သည် ကို စစ်ဆေး ဖော်ထုတ် သွားမည် ဖြစ်ကြောင်း မစ္စတာ အမီရူဒင် က ပြောကြားခဲ့သည်။

Ref: AFP
From:  Yangon Media Group

အမေရိကန်မှ ဆီးရီးယားအား စတင်တိုက်ပြီ

Posted by drmyochit Thursday, September 05, 2013, under | No comments


အမေရိကန်လွှတ်တော်မှ ဆီးရီးယားနိုင်ငံအားစစ်ရေးအရ တိုက်ခိုက်ချေမှုန်းသွားရန် ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပြီဖြစ်သည်၊ လွတ်တ်ာမှ ယင်းတိုက်ခိုက်မှုကို ရက် ( ၉၀ ) သာလျှင်  ခွင့်ပြုထားပြီး
မြေပြင်တပ်များကို အသုံးပြုခွင့်မပေးပါ။

From : .... BBC

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်