တရုတ်နှင့် အင်ဒိုနီးရှား အထူးတပ်ဖွဲ့ဝင်များသည် ပူးတွဲအကြမ်းဖက် နှိမ်နင်းရေး လေ့ကျင့်မှုများကို
ဇူလိုင်လ ၁ ရက်နေ့မှ ၁၆ ရက်နေ့ထိ တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းလွန်တွင် လေ့ကျင့်လျက်ရှိပါသည်။
အဆိုပါလေ့ကျင့်ခန်းတွင် ပစ်မှတ်များအား တိကျစွာ ပစ်ခတ်လေ့ကျင့်ခြင်း၊လေထီးခုန်ဆင်းခြင်း၊
အကြမ်းဖက်မှု ရှာဖွေချေမှုန်းခြင်း နည်းဗျူဟာများ လေ့ကျင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။
လေ့ကျင့်ခန်း၏ ရည်ရွယ်ချက်မှာ ၂ နိုင်ငံတပ်ဖွဲ့ ဝင်များအကြား ချစ်ကြည် ရင်းနှီးစွာဖြင့်ညှိနှိုင်း
တိုင်ပင်မှုများနှင့် တိုက်ပွဲ အတွေ့အကြုံ အပြန်အလှန်
အမြင်ချင်း ဖလှယ်မှုများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
0 comments:
Post a Comment