ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီး ဗူဟိုင်းဟောင်နှင့်
ဗီယက်နမ်နိုင်ငံဆိုင်ရာနော်ဝေသံအမတ်ကြီး စတေး တော်စတိန်းရီဆာ တို့သည် ဇူလိုင်လ ၃ ရက်နေ့က
ဟနွိုင်းမြို့၌ တွေ့ဆုံ၍ ဗီယက်နမ်နိုင်ငံနှင့် ဥရောပ လွတ်လပ်သော ကုန်သွယ်ရေးအဖွဲ့ (EFTA) တို့အကြား လွတ်လပ်သော ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်
(FTA) နှင့်ပတ်သက်သည့် ကိစ္စရပ်များဆွေးနွေးခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံအား ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးသည့် နိုင်ငံအဖြစ် EFTA ကအသိအမှတ်ပြုသည့် နားလည်မှု စာချွန်လွှာ တစ်ရပ်ကိုလည်း
လက်မှတ် ရေးထိုးခဲ့ပါသည်။ အဆိုပါနားလည်မှု စာချွန်လွှာသည် ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ
ဆက်ဆံမှုများမြှင့်တင်ရေးအတွက် အခြေခံအုတ်မြစ် တစ်ရပ်ဖြစ်ကြောင်း၊ ထို့အပြင်
ကုန်သွယ်ရေး၊ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် အခြားသော အပြန်အလှန်
အကျိုးစီးပွားဆိုင်ရာ ကဏ္ဍရပ်များတွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏မူဘောင်နှင့်အညီ ကျယ်ကျယ်ပြန့်ပြန့်
လုပ်ဆောင်သွား နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ EFTA တွင်
နော်ဝေ၊ ဆွစ်ဇာလန်၊ အိုက်စလန်နှင့် လီချန်စတိန်း နိုင်ငံတို့ပါဝင်ကြောင်း သိရှိရပါသည်။
0 comments:
Post a Comment