Monday, July 23, 2012

ဆိုယုဇ်-အက်ဖ်ဂျီ ဒုံးပျံဖြင့် ဂြိုဟ်တုငါးလုံး ရုရှားလွှတ်တင်

Posted by drmyochit Monday, July 23, 2012, under | No comments





ရုရှားနိုင်ငံသည် ဂြိုဟ်တုငါးလုံး သယ်ဆောင်ထားသည့် ဆိုယုဇ်-အက်ဖ်ဂျီ ဒုံးပျံအား ကာဇက်စတန်နိုင်ငံရှိ ဘိုင်ကိုနောဂြိုဟ်တု လွှတ်တင်ရေး စခန်းမှ ဇူလိုင် ၂၂ ရက် မော်စကို စံတော်ချိန် နံနက် ၁၁ နာရီ ၄၁ မိနစ် တွင် လွှတ်တင် ခဲ့ကြောင်း သိရသည်။

၎င်းဂြိုဟ်တု ငါးလုံးအနက် ဘယ်လ်လာ ရုဖ်ဂြိုဟ်တု BKA သည် ဒုံးပျံမှပထမ ဆုံးခွဲထွက်ယာဉ်ဖြစ်ပြီး အဆိုပါဂြိုဟ်တုငါးလုံးကို ၂ဝ၁၂ ခုနှစ် ပထမ ၆ လ ပတ်အတွင်း လွှတ်တင်ရန် စီစဉ်ထားသော်လည်း ရုရှားနှင့် ကာဇက်စတန် တို့အကြား ၄င်းဒုံးပျံ၏ပထမအဆင့် ကမ္ဘာမြေပြင်သို့ ပြန်လည် ဆင်းသက်လာမည့် နေရာနှင့်ပတ်သက်၍ အငြင်းပွားမှုကြောင့် အကြိမ်ကြိမ်ရွှေ့ ဆိုင်းခဲ့ရကြောင်း သိရသည်။


၎င်းဆိုယုဇ်-အက်ဖ်ဂျီဒုံးပျံသည် ရုရှားနိုင်ငံ၏ ဆိုယုဇ်-ယူဒုံးပျံကို အဆင့်မြှင့် တင်ထားသည့်ဒုံးပျံဖြစ်ပြီး ၂ဝဝ၁ ခုနှစ်အတွင်း ပထမဆုံးအကြိမ် လွှတ်တင်ချိန်မှစ၍ ယခု (၂၃) ကြိမ်မြောက် လွှတ်တင်မှုအထိ ပြဿနာတစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။

(မော်စကို ဇူလိုင် ၂၂)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်