ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်၏ ဖိတ်ကြားချက်အရ အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်မှထိုင်းနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာသွားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သောမြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များအား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊ သမ ဝါယမဝန်ကြီးဌာနနှင့်မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေပြည် တော်မြို့တော်ဝန် ဦးသိန်းညွန့်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်၊ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း၊
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ နေပြည် တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ်ဇော်ဝင်း၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်း နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Kallayana Vipattipumiprates နှင့် သံရုံးမှတာဝန်ရှိသူများက နေပြည် တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အတူ အဖွဲ့ဝင်များအဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊
လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးမြင့်လှိုင်၊ အမျိုးသားစီမံကိန်း နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးအောင်ကြည်၊ စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ် ကြီးခင်ဇော်ဦး၊ စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးအောင်၊ ရထားပို့ဆောင် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး သူရ ဦးသောင်းလွင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ သွားကြသည်။
(နေပြည်တော် ဇူလိုင် ၂၂)
0 comments:
Post a Comment