ကုလား - ရခိုင် အဓိကရုဏ်းမှာ ကုလား မျက်အတွက် စာနာ ဝမ်းနည်း မိပါတယ်လို့ ပြောဆိုခဲ့သူ ဒေါ်အောင်ဆန်းစုကြည် အား OIC အဖွဲ့ အကြီး အကဲ မစ္စတာ အစ်ကမက်လဒင်း အီစားနို ( Ekmeleddin Ihsanoglu) က ဆော်ဒီအာရေးဗီးယား နိုင်ငံမှာရှိတဲ့ OIC ဌာနာချုပ်ကို လာရောက် လာရောက် လည်ပတ်ဖို့  ဖိတ်ခေါ်လိုက်ပါတယ်။
ဒါ့အပြင်
ရိုဟင်ဂျာ မိသားစုတွေ အကြမ်းဖက်ခံရတဲ့ ကိစ္စ ငြိမ်းအေး ဖို့ အတွက် ကူညီပါရန် အမျိုးသား
ဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို OIC ခေါ် အစ္စလမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့
အစည်းက တိုက်တွန်း
ထားပါတယ်။
OIC အဖွဲ့ အကြီးအကဲ မစ္စတာ အစ်ကမက်လဒင်း အီစားနို ( Ekmeleddin Ihsanoglu) က ဒေါ်အောင်ဆန်းစုကြည် ကို စာနဲ့ရေးသားမေတ္တာရပ်ခံရာမှာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တဦးအနေ နဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ဆောင်ရွက်ရာ
မှာ ဒီလုပ်ငန်းစဉ်ဟာမိမိ အိမ်ရှေ့ ကနေ စတင်လိမ့် မယ်လို့ မိမိ တို့ ယုံကြည် ပါကြောင်း ဖေါ်ပြပါရှိပါတယ်။
အဖွဲ့ ဝင် ၅၇ နိုင်ငံပါရှိတဲ့ OIC အဖွဲ့ရဲ့ ညွန်ကြားရေးမှူးချုပ် မစ္စတာ အစ်ကမက်လဒင်း အီစားနို က ဒုက္ခသည်တွေ မိမိတို့ နေရာကို မြန်မြန် ဆန်ဆန် ပြန်နိုင်ရေးအတွက်လည်း တိုက်တွန်းပြောကြားလိုက်ပြီး ရိုဟင်ဂျာများရဲ့အခွင့်အရေးတွေ ဖေါက်ဖျက်ခံရမှု အပေါ် လည်း စိုးရိမ် ပူပန်ကြောင်း ဖေါ်ပြထားပါ တယ်။
Myanmar Express

0 comments:
Post a Comment