ပါကစ္စတန်
နိုင်ငံသည် နိုင်ငံ၏ မျိုးနွယ်စုဒေသများအတွင်းမောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်
ခံရမှုများနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဘက် လက်ခံနိုင်စွမ်းရှိသော ဖြေရှင်းချက် ရရှိရန်အတွက်
အမေရိကန် နိုင်ငံနှင့် အတူတွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း ဖိလစ်ပိုင်
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မို့ဇမ်ခမ်က ဇူလိုင်လ ၅ ရက်နေ့တွင်
ပြောကြားခဲ့ပါသည်။ ပါကစ္စတန်နိုင်ငံက ကန့်ကွက်လျက် ရှိသော်လည်း အမေရိကန်နိုင်ငံကလေကြောင်းတိုက်ခိုက်မှုများကို
ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည်
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဟီနာရတ်ဘာနီခါနှင့် တယ်လီဖုန်းဖြင့်ဆွေးနွေးစဉ်အတွင်း
တပ်ဖွဲ့ဝင်များ အပေါ်မှားယွင်းစွာ တိုက်ခိုက်ခဲ့မှု အတွက် စိတ်မကောင်းပါကြောင်းနှင့်
ပါကစ္စတန်နိုင်ငံ၏ အချုပ်အခြာအာဏာကိုလေးစားပါကြောင်း ပြောကြား ခဲ့ပါသည်။ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး
ဟီနာရတ်ဘာနီခါသည် ဇူလိုင်လ ၈ ရက်နေ့တွင် အာဖဂန်နစ္စတန် နိုင်ငံဆိုင်ရာ ညီလာခံတက်ရောက်ရန်
အတွက်ဂျပန်နိုင်ငံ တိုကျိုမြို့သို့ သွားရောက်မည်ဖြစ်ကြောင်းနှင့် အဆိုပါ ညီလာခံသို့
အစိုးရအဖွဲ့ အစည်းများနှင့် နိုင်ငံပေါင်း ၇ဝ မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည် ဖြစ်ကြောင်း
သိရှိရပါသည်။
0 comments:
Post a Comment