မြန်မာနိုင်ငံ၏
ဒုတိယ စီးပွားရေးမြို့တော် မန္တလေးမြို့တော်၊ မဟာအောင် မြေမြို့နယ်ရှိ လမ်းဘေးရေမြောင်းအတွင်းမှ ပေါက်ကွဲသံကြီး ထွက်ပေါ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း
ဒေသကြီးမီးသတ်ဦးစီးဌာန ထံမှသိရသည်။
အဆိုပါ ပေါက်ကွဲ မီးလောင်းမှုသည် မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေ မြို့နယ်မဟာမြိုင် ၂ရပ်ကွက် ၆၁လမ်း ၃၅လမ်းနှင့် ၃၆ လမ်းကြားရှိ ရေမြောင်းတွင် ယမန်နေ့ (သြဂုတ်လ၁၈ရက်)
ည ၇နာရီအချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ည ၁၁နာရီ ၀န်းကျင်တွင် မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း
ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦး ကရှင်းပြသည်။ ယင်းပေါက်ကွဲ မီးလောင်းမှု
ဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်သူတစ်ဦးက “ဖောင်း ဆိုတဲ့အသံ အကျယ်ကြီး ထွက်လာပြီး
မီးထလောင်တော့တာပဲ” ဟု ဆိုသည်။
မီးသတ်ဦးစီး အရာရှိ တစ်ဦးကမူ “ ဇ၀က်သာ (အမိုးနီးယား) တွေစွန့်ပစ် တာများလို့ ပေါက်ကွဲ မီးလောင်မှု ဖြစ်ပွားတာပါ” ဟုမှတ်ချက်ပေးသည်။ ဇ၀က်သာ (အမိုးနီးယား) နှင့် ယမ်းစိမ်းတို့သည် နိုက်ထရိုဂျင် ဓါတ်ဖြစ်ပြီးရေမှာ အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင် ဖြစ်နေခြင်းကြောင်း ၄င်းတို့ ထိတွေ့ပါက ပေါက်ကွဲ တတ်ကြောင်း ဓါတုဗေဒ ပါမောက္ခ တစ်ဦးက ပြောကြားသည်။

0 comments:
Post a Comment