နိုင်ငံခြားနဲ့
ပိုင်တယ် ဆိုပြီး လူအများ အထင်ကြီးနေတဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်ပြီး နောက်ပိုင်း
နိုင်ငံခြားရောက် မြန်မာ အလုပ်သမားများ ဆက်တိုက် အဓမ္မပြုကျင့် သတ်ဖြတ်ခံနေရကြောင်း
သတင်းရရှိသည်။
မနက်မိုးလင်း၍ အလုပ်ဆင်း ကြသောခါ လုပ်ဖေါ်ကိုင်ဘက် သူငယ်ချင်းများက မနန်းကြွယ် ကို မတွေ့သ ဖြင့်လိုက်လံရှာဖွေ သောအခါ ကန်းစွန်းရွက် စိုက်ထားသော ရေမြောင်းဘေးတွင် သေဆုံးနေသော အလောင်းကို တွေ့ရှိခဲ့ကြသဖြင့် သူမ၏လုပ်ဖေါ် ကိုင်ဘက်များက မြို့နယ်ရဲစခန်းကို အကြောင်းကြားခဲ့သည်။ မြို့နယ်ရဲစခန်း မှတာဝန်ရှိရဲများ လာရောက်စစ် ဆေးမှုပြုလုပ်ရာ ကြက်ခြံအတွင်းရှိသော အလုပ်သမား အားလုံး ကိုခေါ်စစ်ဆေးသော အခါ ကိုနိုင်လတ်မှာ အလုပ်လုပ် နေသည့်နေရာတွင် မရှိပဲ အလုပ်သမား များနေသော တိုက်တန်းဘေးတွင် အိပ်နေခဲ့သည်။ ရဲများက မသင်္ကာ၍ ခေါ်ကြည့်သောအခါ ကိုနိုင်လတ်၏ လည်ပင်းနှင့်ရင်ဘတ်တွင် လက်သဲကုတ်ရာ များစွာကို တွေ့သဖြင့် ရဲစခန်းကိုခေါ် ယူကာစစ်ဆေးမှုပြု လုပ်ခဲ့သည်။ ကိုနိုင်လတ်က ဟုတ်မှန်ကြောင်း သူသတ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ထိုင်းလတ်သတင်းစာတွင် ရေးသားဖေါ်ပြထားသည်။ ကြားဖြတ်ရွေးကောက်ပွဲ မှာ အနိုင်ရပြီး ယခု ဆိုလျှင် လွှတ်တော်တွင်းမှ ကော်မတီ မှာ ဥက္ကဌ နေရာရနေသော ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရောက် မြန်မာတွေအတွက် ဘာမှ တိုးတက်အောင် မလုပ်နိုင်ဟု ဝေဖန်မှုတွေ ရှိနေပြီး ဒေါ်စု နိုင်ငံခြားနဲ့ ပိုင်တယ်ဆိုတာ အသုံးချခံရခြင်း သက်သက်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
0 comments:
Post a Comment