သားကြီးလာရင်
ဘာလုပ်မလဲ ကလေးအမေက သူ့ကလေး ငယ်လေးကို ခေါင်းလေးပွတ် ပြီးမေးတယ်။ မေမေ။ ။ဆရာဝန်ကြီးလုပ်ပါ
့လား.....သား ။ ။ ဟာဗျာ အပြင်ဆေးခန်းမှာ ထိုင်တယ် ဆေးဖိုး တွေအရမ်း ကောက်နေတယ် ပြောခံနေရဦးမယ်။
မေမေ။ ။ အင်္ဂျနီယာကြီး လုပ်မလား ဒါဆိုသား ။ ။ ဟာ မေမေကလည်း မုန်းတိုင်းမိလို့ တံတားကျိုးရင်တောင်
မြန်မာ အင်္ဂျနီယာတွေက အသုံးမ ကျဘူးလို့ ပြောနေတာကို။ မေမေ။ ။ ဒါဆို စစ်ဗိုလ်ကြီးလုပ်သား။ ။ မေမေကလဲ့  အဆဲခံနေ ရဦးမယ်။မေမေ။ ။ဒါဆို ကျောင်းဆရာကွာသား။ ။မေမေကလဲ ကျောင်းတွေမှာ
အပို ငွေမကောက် ရဘူးတဲ့ ၊ကျူရှင်လည်း မပြရဘူးတဲ့  ။တော်ကြာ ကျူရှင်ပြစား တယ်ဆိုပြီး
လွှတ်တော်သွား တိုင်နေဦးမယ်မေမေ။ ။ဒါဆို မီးသတ်ဗိုလ်လုပ်သား ။ ။ ဟာ ပိုက်ဆံပေးမှ ရေထွက်တယ်နဲ
့ဟာသတွေမှာ ပြောတာ မေမေမသိဘူး လားမေမေ။ ။ဒါဆို လွှတ်တော် အမတ်လုပ်သား။ ။သား က အအိပ်မက်တယ်
မေမေရ။မေမေ။ ။ဒါဆို သမ္မတ အကြံပေးလုပ်သား။ ။ဟာ ဦးကိုကိုလှိုင်ကို ပြောတာ မေမေ မသိဘူးလား။မြန်မာ
မီဒီယာ က ဒီလောက်ကြောက်ဖို့ ကောင်းတာ။မေမေ။ ။ ဒါဆို သမ္မတ နားနေတဲ့ သူလုပ်သား။ ။ဟာ ဟိုမိန်းမ
ထမိန်ထုပ်ဆွဲတဲ့  ရပ်ပါ လိုလို ဟစ်ဟော့ လိုလိုသူက အပြောမခံရဘူး။သမ္မတ ခြေအိတ်ချွတ်တဲ့ပုံကို
အိုဘာမားနဲ့ နှိုင်းထားတာ မတွေဘူးလား မလုပ်ချင်ပါဘူး။မေမေ။ ။ဒါဆို ဘာမှမလုပ်ပဲနေတော
့ကွာသား။ ။ ဟာ ဗျာ မြန်မာနိင်ငံက ကာတွန်းဆရာတွေ့ လူပဲပြောင်းတာ မူ မပြောင်းဘူးဆိုပြီး
ဘာမှ မပြောင်းလဲဘူးဆိုပြီး ကာတွန်း အဆွဲ ခံနေရဦးမယ်။ လူအပျက်တွေ(လူဗျက်)တွေ ပြောတဲ
့ အစိုးရ အပုတ်ချတဲ့  အငြိမ့် ဟာသတွေ၊ အောက်ပိုင်း ဟာသတွေက နောင်တချိန် မြန်မာ့ သားကောင်း
ရတနာများရဲ့  မြင့် မားတဲ့  မျှော်လင့် ချက်တွေကို ရိုက်ချိုးလျှက် ရှိပါတယ်။ဒါကို
ကျနော်တို့  အချိန်မှီ မကုသနိင် ရင်တိုင်းပြည် အပေါ်မှာ ရိုးသားတဲ့  ၀န်ထမ်းတွေ၊သစ္စာရှိ
သမာသမတ်ကျတဲ့  ၀န်ထမ်းတွေ နောင် မကြာမှီ နှစ်အတောအတွင်း မုချ ဆုံးရှုံးလာပါလိမ့် မယ်။
0 comments:
Post a Comment