ကံဆီး
ဒေသမှာရှိတဲ့ KIA ကချင် တပ်မတော် တပ်ရင်း(၆)မှ ထွက်ပြေးလာသူ တပ်သား လထော်လဆန်ကို
သြဂုတ်လ ၄ ရက်နေ့မှာ ထရီဘွမ် အခြေစိုက် KIA ရဲ့ တပ်ရင်း(၁၄)က ပြန်လည်ဖမ်းဆီး ရမိခဲ့ကြောင်းနဲ့
KIA လူကြီးတွေရဲ့အမိန့်နဲ့ သေဒဏ်ချ မှတ်လိုက်ကြောင်း ရင်နင့်ဖွယ်ရာ သတင်းကြား ရပါတယ်။တပ်သား
လထော်လဆန်ရဲ့ မိဘတွေက သူတို့မှာ ဒီသားတစ်ယောက်ပဲ အားကိုး စရာရှိတဲ့ အတွက် သေဒဏ်
အထိအပြစ် မပေးဖို့ အမျိုးမျိုး တောင်းပန်ခဲ့ ကြောင်းလည်း သိရပါတယ်။ KIA ဟာ
အခုကာလကို စစ်ပွဲရဲ့ အရေးကြီး ကာလအဖြစ် သတ်မှတ်ထားပြီး သူတို့ရဲ့ ညွှန်ကြားချက်ကို
မလိုက်နာတဲ့ ဘယ်အဆင့် ကိုမဆို KIA တရားဥပဒေ (KIAလူကြီးတွေရဲ့ပါးစပ်ထဲက
ဥပဒေ)အတိုင်း သေဒဏ်ချမှတ် သွားမယ်လို့ ညွှန်ကြားထား တဲ့အတွက် လထော်လဆန်ရဲ့ မိဘတွေ
တောင်းပန် တာဟာ အရာ မထင်ခဲ့ပါဘူး။ ဖမ်းမိတဲ့ နေ့မှာပဲ အများရှေ့မှာ သေဒဏ်အ မိန့်ကို
ချမှတ်ခဲ့ တယ်လို့ ဆိုပါတယ်။
လထော်လဆန်ဟာ မစွမ်းမသန် ဖြစ်နေတဲ့ သက်ကြီး ရွယ်အိုမိဘတွေကို
တောင်ယာလုပ် ကိုင်ယင်း လုပ်ကျွေး နေသူဖြစ်ပါတယ်။ ဒီလိုအလုပ် လုပ်နေယင်း ၂၀၀၆
ခုနှစ်ထဲမှာ KIA တပ်ရင်း(၆)က လူသစ်အဖြစ် အဓမ္မဖမ်း ဆီးသွားခဲ့တာ ဖြစ်ပါတယ်။ အလားတူ
ပြီးခဲ့တဲ့ လထဲမှာလည်း လိုင်ဇာက KIA တပ်ကြပ်ကြီး တစ်ဦးနဲ့ တပ်သားတစ်ဦးတို့
ထွက်ပြေးခဲ့ ကြပေမယ့် KIA ခေါင်းဆောင်တွေ အချိန်မီ သိရှိသွားပြီး ပြန်လည်ဖမ်း ဆီးမိခဲ့ပါတယ်။
သူတို့ကို လိုင်ဇာထိ ပြန်ခေါ်မလာ စေတော့ဘဲ လမ်းမှာတင် ရှင်းပစ်လိုက် တယ်ဆိုတဲ့
သတင်းလည်း ကြားရပါတယ်။ လက်အောက်တပ်ဖွဲ့ ၀င်တွေအနေနဲ့ သူတို့ဟာ KIA ခေါင်းဆောင်တွေ
ကိုယ်ကျိုးရှာ ဖို့အတွက် အသုံးချခံ နေရမှန်း သိလာပြီး တဲ့နောက် လက်ရှိနေရာ တွေကနေ
အသီးသီး ထွက်ပြေးဖို့ ကြိုးစား နေကြပါပြီ။
KIA ငယ်သားတွေ အခုလိုသွေးချောင်း စီးသတ်ဖြတ်ခံ နေရတာဟာ အမှန်တကယ်တော့ KIA
ခေါင်းဆောင်တွေရဲ့ အာဏာတည်မြဲရေးကိုဦးတည်တဲ့ အကြောက်တရားနဲ့ ထိန်းချုပ်ရေး စနစ်ပဲ
ဖြစ် ပါတယ်။ ကိုယ့်လူမျိုး အချင်းချင်း လူမဆန်စွာ သတ်ဖြတ်နေပုံ တွေဟာ ဘုရားရှင်ဟော
ကြားခဲ့တဲ့ ဟင်္သာကိုးသောင်း ဇာတ်ထဲက အတိုင်းပါပဲ။ ဟင်္သာကိုးသောင်းတောင် တစ်ကောင်မ
ကျန်သေဆုံးခဲ့ရ သေးရင် လူကိုးထောင်မရှိတဲ့ KIA အနေနဲ့တော့ ပြောဖွယ်ရာမ ရှိတော့ပါဘူး။
ဆွေစဉ် မျိုးဆက်ပါ ကချင်မြေပေါ် ကပျောက်တော့ မယ်ထင်ပါတယ်။ ဪ... KIA ရဲ့ မိုက်ဇာတ်
အဆုံးသ တ်တော့ မှာပါလား။ KIA ပျောက်ကွ ယ်သွားခြင်းနဲ့အတူ ကချင်ဒေသအေးချ မ်းခြ င်း
ကို ရောက် လာမှာမလွဲပါပဲ။
0 comments:
Post a Comment