Tuesday, September 18, 2012

လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးဟောပြော

Posted by drmyochit Tuesday, September 18, 2012, under | No comments


တောင်ကြီး စက်တင်ဘာ ၁၆ 

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကျောက်တလုံးကြီး မြို့နယ်ခွဲ နောင်ကားကျေးရွာ အုပ်စု၌ စက်တင်ဘာ ၁၄ ရက် နံနက် ၁ဝ နာရီက လျှပ်စစ် အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေး ဟောပြောပွဲကို တောင်ကျောင်းကြီး ပရိယတ္တိ စာသင်တိုက်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ် လျှပ်စစ် အင်ဂျင်နီယာရုံး ဦးစီးအရာရှိ (စီမံ) ဦးရဲတင်ကျော်၊ ကျောက်တလုံးကြီး မြို့နယ်ခွဲ မြို့နယ် လျှပ်စစ်မှူး ဦးအောင်မြင့်၊ ကျောက်တလုံးကြီး မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးခွန်စိုးအောင်နှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့သည်။ 
အခမ်းအနားတွင် ရှမ်းပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ဦးစီးအရာရှိ (စီမံ) ဦးရဲတင်ကျော်က အဖွင့်အမှာ စကားပြောကြားပြီး ကျောက်တလုံးကြီး မြို့နယ်ခွဲ မြို့နယ်လျှပ်စစ်မှူး ဦးအောင်မြင့်နှင့် ကျောက်တလုံးကြီး မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးခွန်စိုးအောင်တို့က လျှပ်စစ် အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေး ဟောပြောပြီးနောက် အခမ်းအနား တက်ရောက် လာသူများကို လျှပ်စစ် အန္တရာယ် ကင်းရှင်းစေရေး အသိပညာ ပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်