Friday, October 26, 2012

၈၈ မျိုးဆက်ကျောင်းသားများ အကြမ်းဖက်မှုများ ရပ်ဆိုင်းရေးအတွက်မေတ္တာ ရပ်ခံပန်ကြားချက် ထုတ်ပြန်

Posted by drmyochit Friday, October 26, 2012, under | No comments


 ရခိုင် ပြည်နယ်တွင် ဖြစ်ပွား နေသော ပဋိ ပက္ခများ နှင့်ပတ် သက်၍ ၈၈ မျိုးဆက်ကျောင်း သားများက ယနေ့ (အောက်တိုဘာ၂၅ရက်)တွင် မေတ္တာ ရပ်ခံ ပန်ကြားချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ပန်ကြား ချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်။
----------

ရခိုင် ပြည်နယ်တွင် ဖြစ်ပွား နေသော အကြမ်းဖက် မှုများ ရပ်ဆိုင်းရေး အတွက် ရဟန်းရှင် လူ မိဘ ပြည် သူများသို့  မေတ္တာ ရပ်ခံ ပန်ကြား ချက်၏ မေတ္တာရပ်ခံပန်ကြားချက်



(၁) ရခိုင် ပြည်နယ် အတွင်း ဖြစ်ပေါ် နေသော ပဋိပက္ခ များသည် ပြည်ထောင် စုမြန် မာနိုင်ငံ သားအား လုံး၏ အရေးကိစ္စဖြစ်သည်ဟု ကျွန်ုပ်တို့ ၈၈မျိုးဆက်ကျောင်း သားများ မှခံယူသည်။
(၂) ပဋိပက္ခများ ဖြေရှင်းရာတွင် လူ့အခွင့်အရေး၊ အမျိုးသားရေး၊ ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေး ရှုထောင့် များ ကိုအခြေခံလျှက် အများပြည်သူ သဘော တူလက်ခံ နိုင်သည့် ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းနည်း လမ်းသာ လျှင် အသင့်လျှော်ဆုံးဖြစ်သည်။
 (၃) ပဋိ ပက္ခ များကို အကြမ်းဖက် ဖြေရှင်း ခြင်းအားဖြင့် ရလဒ်ကောင်း များထွက်ပေါ် လာလိမ့်မည်ဟု ကျွန်ုပ်တို့ မယုံကြည်ပေ။
(၄) သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်တွင် ယခုလတ်တလောဖြစ်ပွားနေသည့် အကြမ်းဖက် မှုများလုံးဝ ရပ်ဆိုင်း သွားရေးအတွက် ရဟန်းရှင်လူ မိဘပြည်သူ ကျောင်းသားကျောင်းသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ အားလုံး ဝိုင်းဝန်း ကူညီ ထိန်းသိမ်း ပေးကြ ပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။
၈၈ မျိုးဆက် ကျောင်းသားများ


7Day News မှ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်