Friday, October 26, 2012

ယနေ့ ည ၆း၂၀ မှသေဆုံးသူများနဲ့  ဒဏ်ရာရသူများ နောက်ဆုံးရသတင်း

Posted by drmyochit Friday, October 26, 2012, under | No comments


ရသေ့တောင်၊ ကျောက်တော်နှင့် ပေါက်တောမြို့ထိ အကြမ်းဖက် မီးရှို့မှုများ ပျံ့နှံ့

အောက်တိုဘာ ၂၁ ရက်နေ့ကစပြီး ရခိုင်ပြည်နယ် မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ ရခိုင် တိုင်းရင်း သားတွေနဲ့ ဘင်္ဂါလီ တွေအကြား ဖြစ်ပွား ခဲ့တဲ့ ပဋိ ပက္ခေ တွေဟာ ကျောက်ဖြူ၊ မြေပုံ၊ ရသေ့တောင်၊ ကျောက်တော်၊ တောင်ကုတ်နဲ့ ပေါက်တောမြို့ နယ်တွေအထိ ကူးစက်ပျံ့နှံ့နေပါတယ်။


ရခိုင် ပြည်နယ် ထဲမှာ  အခြေ အနေကို ထိန်းသိမ်း ဖို့အတွက် နိုင်ငံတော် သမ္မတက  လုံခြုံရေး အဆင့် တိုးမြှင့်ဖို့ ညွှန်ကြား ထားပေမယ့် မြို့နယ်အတော်များ များမှာ မီးရှို့ တိုက်ခိုက်မှုတွေ ဆက်လက်ပျံ့ နှံ့  ဖြစ်ပွားနေတာပါ။

ကျောက်တော်မြို့နယ် ပိုက်သည်ရွာမှာ  ဒီနေ့မနက်ပိုင်းမှာ ဘင်္ဂါလီနဲ့ရခိုင်တိုင်းရင်း သားတွေ အကြား တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာမှာ  လုံခြုံရေး ယူထားတဲ့ စစ်တပ်က ဝင်ရောက် ပစ်ခတ် ထိန်းသိမ်း ခဲ့လို့  ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာ ရသွားတယ် လို့ ကျောက်တော်မြို့ ခံ တဦးက ပြောပါတယ်။
အလားတူ ရသေ့တောင်မြို့နဲ့ ၁၆ မိုင် အကွာ မှာရှိတဲ့ ညောင်ပင်ကြီး ရွာမှာလည်း ဒီမနက်ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု တွေအတွင်း အနည်းဆုံး ၁ ဦးသေပြီး ၄ ဦး ဒဏ်ရာ ရတယ်လို့ ရသေ့တောင် အမတ် ဦးလှ မောင်သိန်းက ပြောပါတယ်။
ပေါက်တောမြို့ နယ်မှာတော့  အကြမ်းဖက် မီးရှို့မှုတွေ ဖြစ်ပွားနေပြီး နာရီဝက်အတွင်း အိမ်ခြေ ၈၀ဝ လောက် ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေါက်တောရဲ စခန်းကို မေးမြန်းရာ မှာတော့ သူတို့ အနေနဲ့ စုံစမ်းနေဆဲဖြစ်ပြီး အိမ်ခြေ ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်ကို မသိရေသးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ဘက်က ဘယ်သူတွေ ဒါကို စလုပ်သလဲဆိုတာ စုံစမ်းနေဆဲပါ။ အိမ်ခြေတွေကိုလည်းအခုမှ စာရင်း ကောက်နေ ဆဲဖြစ်ပါတယ်။ အပေါ်ကိုတင်တဲ့အခါ စာရင်းနဲ့အတိအကျ တင်ရမှာဖြစ်ပါတယ်။

 အခုလက်ရှိမှာတော့ ခန့် မှန်းပေးလို့ လည်းမရဘူး။ အတိအကျလည်း ပေးလို့ မရဘူး။  ဒါတွေကို စုံစမ်း နေဆဲပါ။ ”တောင်ကုတ်မြို့ မှာလည်း မနေ့ ညက ဘင်္ဂါလ်ီတွေ ဝင်လာ တယ်ဆိုတဲ့ သတင်းကြားရတဲ့ အတွက် ဒေသခံ ရခိုင်လူမျိုးတွေက ဘင်္ဂါလီကို တင်ဆောင်လာတယ်လို့  ယူဆရတဲ့လှေကို သွားရောက် ဖျက်ဆီးပြီး ရုန်းရင်းဆန်ခတ်  အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင် ပြည်နယ် အစိုးရ ပြန်ကြားရေးအဖွဲ့ ဝင် ဦးဝင်းမြိုင်ကေတာ့ သူတိုအနေနဲ့  မနေ့ ကထိ ရရှိထားတဲ့ စာရင်း အရ အခင်းဖြစ်ပွားတဲ့ မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူနဲ့  မြေပုံ အစ ရှိတဲ့ ဒေသေတွက အိမ်ခြေ ပေါင်း ၁၀ဝ၀ နီးပါးပျက်စီးသွားပြီး လူ ၃ ဦးသေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိ ကြောင်း ပြော ပါတယ်။

ဒီနေ့  ဖြစ်တဲ့ အနေ အထား ကိုတော့ မသိ ရသေးဘူးလို့  ပြောပါတယ်။ဒီနေ့ ထုတ် နိုင်ငံပိုင် သတင်း စာတွေမှာတော့  ကျောက်ဖြူမြို့ မှာ ၂၃ ရက်နဲ့ ၂၄ ရက်က ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက် ခိုက်မှု တွေကြောင့် အိမ်ခြေ ၈၀ဝ လောက် မီးလောင်ပျက်စီးသွားခဲ့သလို လူ ၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိကြောင်း ဖော်ပြထားပါတယ်။


DVB (မြန်မာပိုင်း) 
၆း၂၀ နာရီ - ရသေ့တောင်၊ ညောင်ပင်ကြီးအရေးအခင်းတွင် စစ်တွေဆေးရုံသို့ ယခုထပ်မံ ရောက်ရှိ လာသော ဒဏ်ရာရလူနာများ
------------------------------------------------------------

၁။ ဦးလေယိုင်ထွန်း ( ၃၈ -နှစ်) ( ဘ) ဦးထွန်းယဉ် ဆားပြင်ကြီးကျေးရွာ၊ ရသေ့တောင်
နောက်ကျောကျည်ထိဒဏ်ရာ

၂။ ဦးအေးထွန်းသောင်း ( ၄၇ - နှစ် ) ( ဘ) ဦးစိုးထွန်းအောင် ဆားပြင်ကြီးကျေးရွာ၊ ရသေ့တောင်
တင်ကျည်ထိဒဏ်ရာ

၃။ ဦးမောင်စိန်လှ ( ၄၆ - နှစ်) ( ဘ) ဦးလပြည့်အောင် ဆားပြင်ကြီးကျေးရွာ၊ ရသေ့တောင် ပေါင်ကျည် ထိဒဏ်ရာ

၎။ ဦးသိန်းရွှေ ( ၄၇ - နှစ်) ( ဘ) ဦးစံသာလှ ကန်ပြင်ရွာ၊ ရသေ့တောင် လက်ဖျံ နှင့် မျက်စေ့ ကျည်ထိဒဏ်ရာ

အထက်ပါလူနာလေးဦးအပါအ၀င် ယနေ့  ရသေ့တောင်မှ ရောက်ရှိလာသော လူနာစုပေါင်း ၉ ဦး စစ်တွေဆေးရုံတွင် ဆေးကုသခံလျက်ရှိပါသည်...။
Ref: ၀ံလက်ဖောင်ဒေးရှင်းမှ ထုတ်သော စာရင်းကို ကူးယူးဖော်ပြပါသည်။
၃း၁၀ နာရီ ကျောက်တော်မြို့သတင်း
----------------------------
ကျောက်တော်မြို့တွင် ယခုအခါ အရေးအခင်းမှာ ငြိမ်းအေးသွားပြီးဖြစ်ကြောင်းနှင့် သေဆုံး ရခိုင်တိုင်းရင်း (၄) ယောက်ရှိကြောင်းကို RSV သတင်းထောက်မှ အတည့်ပြုပေးပါသည်။
 
ဦးဘသန်း ( ၅၃ -နှစ် )ဘ - ဦးအေးမောင် ကပ်ချောင်းကျေးရွာ၊ ရသေ့တောင် ပေါင်တွင် ကျည်ထိ ဒဏ်ရာ ရ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်