စက်တင်ဘာ ၂၉ ရက်နေ့ ညပိုင်းက ချင်းတွင်းမြစ်အတွင်း
အစုန်စက်လှေတစ်စီးပေါ်မှ ကျပ်သိန်းပေါင်း တစ်သောင်း သုံးထောင် သုံးရာ ခုနစ်ဆယ့်ငါးသိန်းတန်ဖိုးရှိ
မူးယစ်ဆေးများ ဖမ်းမိကြောင်းသိရသည်။ ဖြစ်ပွားပုံမှာ ကလေးဝမှ စုန်ဆင်းလာသော မြင်းကောင်ရေ
၂၅ တရုတ်အင်ဂျင် တပ်ဆင်ထားသော အစိမ်းနုရောင် စက်လှေတစ်စီးပေါ်မှ ကျပ်သိန်းပေါင်း ၁၃၃၇၅တန်ဖိုးရှိ
မူးယစ်ဆေးများ မုံရွာမူးယစ်အထူးအဖွဲ့ ဦးဆောင်သော အဖွဲ့ က တရားခံ
၅ ဦးနှင့် အတူ တွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလျား၄၅ ပေ အနံ ၃ ပေခွဲ ရှိ အဆိုပါစက်လှေပေါ်မှ ဆူဒိုအက်ဖ်ဒရင်း အာနိသင်ပါ နှာစေးပျောက်ဆေးပြား
၂သောင်းပါ ဆေးထုပ် ၁၀ ထုပ်ပါသည့် ဆာလာအိတ်တစ်အိတ်လျှင် ၃၆ ကီလိုပါ ၁၄အိတ် ဆေးပြားပေါင်း
၂၈သိန်း စုစုပေါင်းတန်ဖိုး သိန်း ၂၈၀၀ ၊ ဆူဒိုအက်ဖ်ရင်း အာနိသင်ပါ နှာစေးပျောက်ဆေး
အဖြူရောင်ပါ ဆာလာအိတ် ၂၇အိတ် ဆေးပြား ၅၄ သိန်းပြား တန်ဖိုး ကျပ်သိန်း ၅၄၀၀၊ ဆူဒိုအက်ဖ်ရင်းအာနိသင်ပါ
နှာစေးပျောက်ဆေး အဖြူရောင်ပါ ဆာလာအိတ် ၂၁ အိတ် ဆေးပြား ၄၂သိန်းပြား တန်ဖိုး ကျပ်သိန်း
၄၂၀၀၊ ဆူဒိုအက်ဖ်ရင်း အာနိသင်ပါ နှာစေးပျောက်ဆေး အဖြူရောင်ပါ ဆာလာအိတ် ၂ အိတ် ဆေးပြား
၎ သိန်းပြား တန်ဖိုး ကျပ်သိန်း ၄၀၀၊ ဆူဒိုအက်ဖ်ရင်း အာနိသင်ပါနှာစေးပျောက်ဆေး လိမ္မော်ရောင်ပါ
ဆာလာအိတ် ၁အိတ် ဆေးပြား၂ သိန်း ၆ သောင်းပြား တန်ဖိုး ကျပ်သိန်း ၂၆၀၊ ဂျပ်ဖာ အတွင်းမှ
အက်ဖ်ဒရင်း ဟုယူဆရသည့်  ၉ ကီလိုဂရမ် အဖြူရောင်အမှုန့်  တစ်ထုပ် တန်ဖိုး၃၁၅ သိန်း တို့ကို
ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းတန်ဖိုး ၁၃၃၇၅ သိန်းတန်ဖိုးရှိသော မူးယစ်ဆေးဝါးများဖြစ်ကြောင်း
သိရသည်။
“စက်တင်ဘာ ၂၉ ရက် ညပိုင်းက ကနီမြို့ နယ် လက်ပံစုရွာအနီးမှာ ဝင်းမနားရဲစခန်းက ရဲတွေနဲ့အတူ
မုံရွာမူးယစ်အထူးအဖွဲ့ က ဖမ်းမိတာလို့ သိရတယ်။ စက်လှေပေါ်မှာ တရားခံ ၅ ဦီး နဲ့ အတူ လက်ကိုင်ဖုန်း
၃ လုံး တို့နဲ့အတူ မိတယ်လို့သိရတယ်။ ကလေးဝက စုန်ဆင်းလာတဲ့ စက်လှေလို့ သိရပြီး အိန္ဒိယဘက်က
မူးယစ်ဆေးပြားတွေ သယ်ယူမှုတွေ အဖမ်းခံရမှု များတယ်လို့ သိရတယ်။” ဟူ၍ ဒေသခံတစ်ဦးက ပြောပြသည်။
အဆိုပါအမှုအတွက် ကနီမြို့ နယ် ဝင်းမနားရဲစခန်းမှ မူးယစ်ဆေးဝါးမှုဖြင့် မူးယစ်(ပ) ၁/၁၂
ပြစ်မှုပုဒ်မ ၁၅၊၁၆(ခ)၊၂၁ တို့ဖြင့်  တရားခံများဖြစ်သော သူရစိုး ခေါ် စိုးကြီး ခေါ် ဇော်ဝင်းကို
၃၄ နှစ်(ဘ-ဦးကျော်စိုး) ဈေးရောင်း ခမိတ်ရွာ တမူးမြို့ နယ်၊ ဆောင်းလင်း ၃၅ နှစ် (ဘ-ဦးတင်မြင့်)
တောင်သူ မြို့ မ ၇ ရပ်ကွက်တမူးမြို့ ၊ ကျော်ကျော်ဝင်း ၄၉နှစ် (ဘ- ဦးညွန့် တင်) ဘက်ထရီ
လုပ်ငန်းချိုင်ရွာ ကနီမြို့ နယ်၊ မောင်လှိုင် ၃၇ နှစ် (ဘ- ဦးတင်ရှိန်) တောင်သူ ခမိတ်ရွာ
တမူးမြို့ နယ်၊ ဖိုးသဲ ၂၅ နှစ် (ဘ-ဦးအေးမြင့်  ) တောင်သူ ခမိတ်ရွာ တမူးမြို့နယ် တို
့ ၅ ဦးအား အေ၇းယူထားကြောင်း သိရသည်။
0 comments:
Post a Comment