မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးကို ဒေသတွင်းနိုင်ငံများအကြား လေကြောင်း ကုန်စည်စီးဆင်းရာ အဓိကကျသော လေဆိပ်နှင့် လေကြောင်းထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဆုံရပ်တစ်ခုအဖြစ် ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ပထဝီ အနေအထား အရ အချက်အချာကျပြီး အရှေ့တောင်အာရှ၊ တောင်အာရှ၊ ဥရောပလေကြောင်း လိုင်းများ နှင့် ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ ဆုံရပ်အဖြစ် ဆောင်ရွက်ရန် ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက် မည်ဖြစ် ၍ တင်ဒါများ ခေါ်ယူထားသည်။ ပြည်တွင်းပြည်ပ ကုမ္ပဏီများ အကျိုးတူဖက်စပ် ဆောင်ရွက်နိုင်ပြီး တင်ဒါအောင်မြင်သည့် အဖွဲ့အနေဖြင့် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ လုပ်ငန်းများ စတင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အာရှဒေသတွင်း နိုင်ငံများသို့ ကုန်စည် ပို့ဆောင်ရာတွင် အဓိကကျသော ဆုံရပ်ဖြစ်ပြီး ဧရိယာအကျယ် ၂၇၅၅၄ ဧကရှိရာ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ဖြစ်သည်။ လေယာဉ်ပြေးလမ်းမှာ ပေ ၁၄၀၀၀ x ပေ ၂၀၀ ရှည်သည်။ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ၁၉၉၆ ခုနှစ် မေ ၁၇ ရက်တွင် အီတာလျှံ-ထိုင်း ကုမ္ပဏီက တာဝန် ယူဆောင်ရွက်ခဲ့ပြီး ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖြစ်သည်။ လေယာဉ်ပြေးလမ်းနှင့် ဆက်စပ် လုပ်ငန်းများကို ပြည်သူ့ဆောက်လုပ်ရေးက တည်ဆောက်ခဲ့ရာ ကျပ် ၈၀၄၉ ဒသမ ၅၂ သန်း ကုန်ကျပြီး ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
0 comments:
Post a Comment