အမေရိကန်သမ္မတ
ဘားရက်အိုဘားမား၏ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်မှာ တရုတ်နိုင်ငံအပေါ် သက်ရောက်မှု များစွာမရှိနိုင်ကြောင်း
တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိကြီးတစ်ဦးက ပြောကြားသည်။
ဒေသတွင်းနိုင်ငံများ၏ အလည်အပတ်ခရီးစဉ် တစ်စိတ် တစ်ပိုင်းအဖြစ် စီစဉ်ထားခဲ့သော အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အား ခြိမ်းခြောက်မှု တစ်ရပ်ဟု တရုတ်အစိုးရက ရှုမြင်ခြင်းမရှိကြောင်း တရုတ်လက်ထောက် နိုင်ငံခြားရေးဝန် ကြီး မစ္စက်ဖူယင်းက နိုဝင်ဘာ
၁၇ ရက် မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။ "အမေရိကန်ဟာ တရုတ်နိုင်ငံကို
ခြိမ်းခြောက်ဖို့ ဒီမှာရှိနေတာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံက ယုံကြည်ပါတယ်။ တရုတ်နိုင်ငံကလည်း
အမေရိကန်ကို ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်ဖို့ မရည်ရွယ်ပါဘူး"ဟု မစ္စက်ဖူယင်းကပြောသည်။
ရှေ့လာမည့် အပတ်အတွင်း အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲနှင့် အာဆီယံအဖွဲ့ ခေါင်းဆောင်များ
ဖနွမ်းပင်မြို့၌ စုဝေးချိန်တွင်လည်း မစ္စတာအိုဘားမားသည် မစ္စတာဝမ်ကြားပေါင်နှင့် တွေ့ဆုံမည်လား
ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း မစ္စက်ဖူယင်းက ပြောကြားသည်။ ယင်းဆွေးနွေးပွဲတွင်
နိုင်ငံပေါင်းများစွာမှ ခေါင်းဆောင်အများအပြား တက်ရောက် မည်ဖြစ်သောကြောင့် ခေါင်းဆောင်
တစ်ဦးချင်း စီတိုင်း နှင့် နှစ်ဖက်တွေ့ဆုံမှု မရှိနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ဒေသတွင်းနိုင်ငံများ၏ အလည်အပတ်ခရီးစဉ် တစ်စိတ် တစ်ပိုင်းအဖြစ် စီစဉ်ထားခဲ့သော အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အား ခြိမ်းခြောက်မှု တစ်ရပ်ဟု တရုတ်အစိုးရက ရှုမြင်ခြင်းမရှိကြောင်း တရုတ်လက်ထောက် နိုင်ငံခြားရေးဝန်
Myanmar Express
0 comments:
Post a Comment