Sunday, November 18, 2012

ဆီတွဲမီးလောင် လူနာများအတွက် ဆေးဝါးလိုအပ်

Posted by drmyochit Sunday, November 18, 2012, under | No comments


ဆီတွဲမီးလောင်မှုကြောင့် ဆေးရုံတက်ရောက် ကုသမှု ခံယူနေသည့် မီးလောင်လူနာများအတွက် ဆေးဝါးများ လိုအပ်လျက်ရှိပြီး လှူဒါန်းလို သူများအနေဖြင့် ဆေးဝါးသော် လည်းကောင်း၊ ဆေးဖိုးကုန်ကျငွေ သော်လည်းကောင်း ကန့်ဘလူခုတင် ၁၀၀ ဆေးရုံသို့ လှူဒါန်းနိုင်ကြောင်းနှင့်  လူနာများလက်သို့လည်း တိုက်ရိုက် လှူဒါန်းနိုင်ကြောင်း အဆိုပါဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာမိုးမြင့်က ပြောကြားသည်။ “ကျွန်တော်တို့ လူနာတွေအတွက် အဓိက လိုအပ်တာ ဆေးဝါးပါ။ လှူချင်တဲ့ လူတွေအနေနဲ့ ဆေးဝယ်ပြီး လှူရင်လည်း ရသလို ငွေသားလည်း လှူလို့ရတယ်” ဟု ဒေါက်တာမိုးမြင့်က ဆိုသည်။ ချပ်ကြီးဘူတာအနီး ဆီတွဲမီးလောင်မှုကြောင့် ကန့်ဘလူ ခုတင် ၁၀၀ ဆေးရုံမှ မီးလောင်လူနာများအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ငွေကျပ် သိန်းတစ်ရာနှင့် ပြင်ပအလှူရှင်များက ငွေကျပ် ၁၄၃ သိန်းကို လှူဒါန်းခဲ့ကြောင်း၊ လူနာများအတွက် တစ်ရက်ဆေးဖိုး ကုန်ကျငွေမှာ ငွေကျပ် ၃၅ သိန်းခန့်ရှိကြောင်း ၎င်းက ပြောကြားသည်။ လူနာများအတွက် လှူဒါန်းလိုသူများသည် ကန့်ဘလူဆေးရုံ၊ ဆေးရုံအုပ်ဖုန်း ၀၇၅-၂၇၀၁၃၊ ဦးမင်းကြည်ဦး ၀၉-၆၈၀၈၈၅၀၊ ဒေါက်တာလှိုင်မြင့်ဟန် ၀၉-၄၇၀၆၆၇၁၃၊ ဦးဇော်လင်းထွန်း ၀၉-၆၄၆၆၂၃၂ တို့ထံသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၀ ရက်မှ ၁၆ ရက်နေ့အထိ ကန့်ဘလူဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသူများအနက် ပြင်းထန်မီးလောင်လူနာ ၁၇ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူ ဦးရေမှာ၄၅ဦး အထိမြင့်တက်ခဲ့ကြောင်း သိရှိရသည်။
  
Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်