ရန်ကုန်တိုင်းဒေသကြီး သီရိမင်္ဂလာဈေးရှိ လူမိုက်အဖွဲ့များအား ထိရောက်စွာအရေးယူနိုင်ရန် ပိတောက် ချောင်း ရဲစခန်းကို အင်အားအပြည့် ချထားပြီး စောင့်ကြည့်အရေးယူနေကြောင်း သိရသည်။
သီရိမင်္ဂလာဈေးရှိ လူမိုက်များမှာ ယခင်ကဲ့သို့ တုတ်၊ ဓား စသည့်လက်နက်ပုန်းများကို ခန္ဓာကိုယ်တွင် မထားရှိတော့ဘဲ နေရာတစ်နေရာတွင် ၀ှက်ထားသည့် စနစ်ကို ကျင့်သုံးနေကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး မျိုးအောင်က “သီရိမင်္ဂ လာဈေး အပိုင်ဖြစ်တဲ့ ပိတောက်ချောင်း ရဲစခန်းကို အင်အားအပြည့် ချထားပြီးတော့ ဆောင်ရွက်နေ ပါတယ်။ အဲဒီစခန်းက တာဝန်ရှိသူတချို့ကိုလည်း ဒေါင်ဒေါင်မြည်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုပဲ တာဝန်ပေးထား ပါတယ်။
အခု လူမိုက်တွေက ကိုယ်ပေါ်မှာ ဓားတွေမထားတော့ဘဲ နေရာတစ်နေရာမှာပဲ ဖွက်ထားတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေ ကိုလည်း မျက်ခြေမပြတ် စောင့်ကြည့် အရေးယူသွားမှာပါ” ဟု ပြောကြားခဲ့သည်။
လှိုင်မြို့နယ် သီရိမင်္ဂလာဈေးသို့ လာရောက်သည့် ကားများ၊ ဈေးသည်များအားလူမိုက်အဖွဲ့ များက ခြိမ်းခြောက် ၍ တရားမ၀င် ငွေကြေးကောက်ခံမှုများ ရှိနေခြင်းကြောင့် စောင့်ကြည့် အရေးယူ နေခြင်းဖြစ်ကြောင်း သိရှိရသည်။
Eleven Media Group
0 comments:
Post a Comment