From : ကချင်လူငယ်တစ်ဦး
(၁) ကချင်ပြည်နယ်သည်ကချင်လူမျိုးစုများသာနေထိုင်သင့်သောပြည်နယ်ဟုယူဆပါသလား။ လက်ရှိ က ချင်ပြည် နယ် အတွင်းနေထိုင်ကြသောလူမျိုးစုများ၏ အချိုးအစားကိုလေ့လာဖူးပါသလား။
(၁) ကချင်ပြည်နယ်သည်ကချင်လူမျိုးစုများသာနေထိုင်သင့်သောပြည်နယ်ဟုယူဆပါသလား။ လက်ရှိ က ချင်ပြည် နယ် အတွင်းနေထိုင်ကြသောလူမျိုးစုများ၏ အချိုးအစားကိုလေ့လာဖူးပါသလား။
(၂) ကချင်ပြည်နယ်တွင် အစိုးရအဖွဲ့ ၂ ခုရှိသည်ဟု ထင်မြင်ယူဆပါသလား။ KIO နှင့် လက်ရှိ ကချင်ပြည် နယ် အစိုး ရအဖွဲ့သည် မည်သူကကချင်ပြည်နယ်ကိုယ်စားပြု အဖွဲ့အစည်းဖြစ်ပါသနည်း။
(၃) KIA သည် ကချင်ပြည်နယ်ကိုယ်စားပြု တပ်မတော်တစ်ရပ်ဟု ယူဆပါသလား။ တိုင်းရင်းသား အား လုံးနှင့် ဖွဲ့စည်းထားသော မြန်မာ့တပ်မတော်သည်ကချင်ပြည်နယ်မှ ပြည်သူလူထု၏ လုံခြုံရေး၊ ကာကွယ်ရေး တွင် လုံးဝတာဝန်မရှိသဖြင့် ကချင်ပြည်နယ်အတွင်းမှတပ်မတော်တပ်ရင်းများအားလုံးကို ရုတ်သိမ်း ပြီး ပြည်မ တွင်သာအခြေပြုသင့်သည်ဟု ယူဆပါသလား။
(၄) မြန်မာ့တပ်မတော် ကချင်ပြည်နယ်အတွင်းဝင်ရောက်တပ်စွဲထားခြင်း၊နယ်စပ်ဒေသများအထိ တပ်ချထားခြင်းများသည် ကချင်လူထုကိုရည်ရွယ်ချက်ရှိရှိဖြင့် ဖိနှိပ်နေသည်ဟု ထင်မြင်ယူဆပါသလား။
(၅) KIA က ကားလမ်းတံတားများ၊ ရထားလမ်းများ လျှပ်စစ်ဓာတ်အားပေးစက်ရုံများတာဝါတိုင်များ ကို ဖောက်ခွဲ ဖျက်ဆီးခြင်းသည် စစ်နညးဗျူဟာအရတပ်မတော်ကိုထိုးနှက်ခြင်းဖြစ်သဖြင့် ပြည်သူလူထုကို ထိခိုက် နစ်နာမှု မရှိဟုယူဆပါသလား။
(၆) ကချင်ပြည်နယ်အတွင်းနေထိုင်သော ကချင်အပါအ၀င် လူမျိုးမှန်သမျှအရွယ်သုံးပါးမရွေးKIA တွင် အတင်းအဓမ္မစစ်မှုထမ်းစေခြင်းသည်အမှန်ဟုယူဆပါသလား။ ILO ကဲ့သို့သော နေရာတကာဖွကြီးများကို အချက်အလက်နှင့်အသိပေးတိုင်ကြားသင့်သည်ဟု အဘယ့်ကြောင့်မထင်မြင်ရပါသနည်း။
(၇) KIA ကစာရွက်လွတ်တစ်ရွက် ဘောပင်တစ်ချောင်း၊ တံဆိပ်တုံးတစ်ခုမျှဖြင့်(တစ်ခါတစ်ရံတံဆိပ်တုံး ပင်မပါ) စိတ်ထင်သလို အခွန်ကောက်ခံနေခြင်းသည်တရားဝင်ဆောင်ရွက်နေခြင်းဟု ထင်မြင်ယူဆမိပါ သလား။
(၈) တပ်မတော်ကို တိုက်ခိုက်လိုသဖြင့် လမ်းကြောင်းပေါ်တွင်အဝေးထိန်းမိုင်းများထောင်ခြင်း၊ ရပ်ရွာများ အတွင်း၊ဘာသာရေးအဆောက်အဦးများအတွင်းမှ အရပ်ဝတ်ဖြင့်ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ တော တွင်းတောင်ပေါ်အများသူငါအသုံးပြုရာလမ်းများတွင်မိုင်းထောင်ခြင်းမြို့ပေါ်ရပ်ကွက်များတွင် ဖောက် ခွဲ ခြင်းစသောအဖျက်အမှောင့်လုပ်ငန်းများသည်စစ်ရေးသဘောအရ ပြောက်ကျားစစ်နည်းဗျူဟာဖြစ်သဖြင့် ထောက်ခံသင့်သည်ဟု ယူဆပါသလား။
(၉) ကချင်ပြည်နယ်ကို ပြည်မမှခွဲထွက်ပြီး လွတ်လပ်သောကချင်နိုင်ငံတော်အဖြစ်ထူထောင်မည့် ရည်မှန်း ချက်သည်ကချင်လူမျိုးများအတွက် အမှန်တကယ် အကျိုးရှိမည်ဟု ထင်မြင်မိပါသလား။
(၁၀) လွှတ်တော်မှဖွဲ့စည်းသော ကိုယ်စားလှယ်များသည် ပြည်ထောင်စုအဆင့်ရှိသဖြင့် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များကိုနိုင်ငံတော်ကထောက်ပံ့သည့်အတိုင်း၊ တယ်လီဖုန်း၊ မော်တော်ကား၊ နေအိမ်၊ ခရီး
သွားလာခွင့်၊ ကြိုက်သည့်လူကို ကြိုက်သည့်အချိန်၊ကြိုက်သလိုစုံစမ်းစစ်ဆေးခွင့်ရရှိရေးနှင့် ပြည်သူ အများဒုက္ဒခံနေရသောကချင်အရေးအခင်း၊ ရခိုင်အရေးအခင်းကဲ့သို့အရေးအခင်းများ၊ ဆွကြဖွကြသည့်
လက်ပန်တောင်းတောင်အရေးအခင်း၊ မိုးထိမိုးမိအရေးအခင်း၊ကျောင်းပြောင်းရွှေ့ရေးဆန္ဒပြပွဲများ၊ မကြာမီ ဆက်လက်ဖွလာရန်ရှိသောရခိုင်ကမ်းလွန်၊ ထားဝယ်ဆိပ်ကမ်းနှင့် ကျောက်မီးသွေးစက်ရုံ၊သီလ၀ါဆိပ်ကမ်း၊ တရုတ်ပြည်ဂက်စ်ပိုက်လိုင်း ကဲ့သို့သောတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အမျိုးမျိုး ကိုအကြောင်းအမျိုးမျိုးပြကန့်ကွက်သောပုံစံမျိုးစုံဆန္ဒပြပွဲများကိုပြေလည်စေမည့်နည်းလမ်းများကို တက်ညီ လက်ဆွေးနွေးအဖြေရှာခြင်းသည်မည်သည့်ကိစ္စက နိုင်ငံတော်နှင့်ပြည်သူအတွက် တန်ဖိုးရှိ သည်ဟု ယူဆပါသနည်း။
(၁၁) လွှတ်တော်အသုံးစရိတ် နှင့် လွှတ်တော်မှဖွဲ့စည်းသောပြည်ထောင်စုအဆင့်ကိုယ်စားလှယ်များ၏ အဆောင်အယောင်ရပိုင်ခွင့်များအတွကက်ကုန်ကျစရိတ်များသည် ပြည်သူအိပ်ကပ်ထဲမှ မသုံးစွဲရဟု ထင်မြင်ယူဆပါသလား။
(၁၂) အခြေခံဖွဲ့စည်းပုံဥပဒေတွင် ပြောင်းလဲသင့်သည်များကိုဥပဒေနည်းလမ်းအတိုင်းမဟုတ်သော မတ်တပ်ရပ်မဲခွဲဆုံးဖြတ်ချက်ဖြင့်ပြောင်းလဲလိုက်ခြင်းသည် တရားဥပဒေနှင့် ကိုက်ညီမှုရှိသည်ဟု ထင်မြင်ကြ ပါ သလား။
0 comments:
Post a Comment