စင်္ကာပူ
နိုင်ငံ၌ ၂၆ နှစ်အတွင်း ပထမ ဆုံးအကြိမ်အဖြစ် တရားမဝင် ဆန္ဒပြမူပြုလုပ်ခဲ့သော တရုတ်နိုင်ငံသား ခရီးသည် ယာဉ်
မောင်း သမား ၂၉ ဦးကို နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။
အစိုးရပိုင် SMRT ခရီးသည်ပို့ ဆောင်ရေးလုပ်ငန်း၏ လုပ်ခလ စာနှင့် နေထိုင်မှု အခြေအနေများကို မကျေနပ် သဖြင့် တရုတ်နိုင်ငံ သား ခရီးသည်တင်ယာဉ်မောင်း ၁၇၁ ဦးပြီးခဲ့သည့် ရက်များအတွင်း ခွင့်ပြုချက် မရဘဲ ဆန္ဒပြခဲ့သည်။
ယင်းကဲ့သို့ ဆန္ဒပြမှုသည် ၁၉၈၆ ခုနစ် နောက်ပိုင်း အကြီးမားဆုံး အလုပ်သမား ဆန္ဒပြမှု ဖြစ်ကြောင်း သတင်း တွင် ဖော်ပြထား သည်။ အဆိုပါ ဆန္ဒပြမှုကြောင့် ကျွမ်းကျင်မှု အနည်းငယ်သာ လိုအပ်သော အလုပ်များကို လုပ်ကိုင်နေသော နိုင်ငံသား ခြား အလုပ်သမားများ အပေါ် ထားရှိသည့် စင်္ကာပူ အစိုးရ မူဝါဒများကို ပြန်လည် သုံးသပ်လျက်ရှိသည်။
ထို
့အပြင် တရုတ်နိုင်ငံသား အလုပ်သမား ငါးဦးကို တရားမဝင် ဆန္ဒပြမှုကို ဦးဆောင်ပြုလုပ်မှု၊
ပါဝင်ဆင်နွဲမှု တို့  ကြောင့် စင်္ကာပူ အစိုးရ အဖွဲ့ က တရားစွဲဆို ထားသည်။ ဖမ်းဆီး ထိန်းသိမ်း
ခံထားရ သော တရုတ်နိုင်ငံ သားများ အရေးနှင့် ပတ်သတ်ပြီး စိုးရိမ်မှု ရှိကြောင်း တရုတ်နိုင်ငံက
ထုတ်ဖော် ပြောကြား သွားသည်။
စင်္ကာပူနိုင်ငံ၏
အရေးကြီး ဝန်ဆောင်မှု လုပ်ငန်းများတွင် ပါဝင် လုပ်ဆောင်နေသည့် အလုပ်သမားများ အနေဖြင့်
တရားဝင် ဆန္ဒပြလိုပါက အာဏာပိုင်များကို ၁၄ ရက်ကြိုတင် အကြောင်းကြားရန် လိုအပ်ကြောင်း
သတင်း တွင် ဖော်ပြထားသည်။
0 comments:
Post a Comment