From : မြဝတီ
မြစ်ကြီးနား
တက္ကသိုလ်တွင် ဒီဇင်ဘာ ၃ ရက်မှ စတင်ကာ အကျင့်စာရိတ္တ ကောင်းမွန်ပြီး ပညာ ထူးချွန်သော
တက္ကသိုလ် တက်ရောက်မည့် ကျောင်း သား၊ ကျောင်းသူ များကို တက္ကသိုလ် ဘော်ဒါဆောင် တွင် နေ ခွင့်
ပြုမည် ဖြစ်သည်။
မြစ်ကြီးနား တက္ကသိုလ် ခါကာဘို အမျိုး သား ဘော် ဒါဆောင် နှစ်ဆောင်တွင် ကျောင်းသား ၁၂ဝ ဦး ထားရှိ သွားမည် ဖြစ်ပြီး ဆွမ်ပရာဘွမ် အမျိုးသမီး ဘော်ဒါဆောင် နှစ်ဆောင်တွင် ကျောင်းသူ ၁၇၆ ဦး လက်ခံ ထားရှိ မည် ဖြစ်သည်။ သို့ဖြစ်ပါ၍ ကျောင်းဝင်ခွင့် လျှောက်လွှာနှင့် အတူ ဘော်ဒါဆောင် ထား ရှိရေး ကျောင်းဆောင် ကော်မတီသို့ လျှောက်ထားနိုင်ပြီး ပြည်နယ် အတွင်း ဝေးလံ ဒေသ များမှ ကျောင်း သား၊ ကျောင်းသူ များကို ဦးစားပေး စီစဉ် ဆောင် ရွက် ပေးမည် ဖြစ်သည်။
ဘော်ဒါဆောင် နေထိုင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူ များသည် အကျင့် စာရိတ္တ ကောင်း မွန်ကြောင်း ထောက်ခံချက်ကို မြို့နယ် အဆင့် များမှ ရယူ၍ သက်ဆိုင်ရာသို့ တင်ပြရ မည် ဖြစ်ပြီး နေထိုင် ခွင့်ပြုချက် ကို ကျောင်းဆောင် ကော်မတီမှ စိစစ်၍ လက်ခံ သွားမည် ဖြစ်ကြောင်း တာဝန်ခံ ပါမောက္ခ ချုပ် ဒေါက် တာ အေးကို ထံမှ သိရသည်။
0 comments:
Post a Comment