ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ စတင်ခဲ့တဲ့ အချိန်မှာ ကချင်စစ်ပွဲကို အကြောင်းပြပြီး နော်ဝေး၊ ဗြိတိန် နဲ့ အနောက်နိုင်ငံတွေဆီမှာ ငြိမ်းချမ်းရေး စီမံချက်တွေ ရေး၊ ဒုက္ခသည် အကြောင်းပြပြီး ရလာမယ့် အကျိုး အမြတ် တွေအတွက် ထိုင်းနယ်စပ်က အခွင့်အရေးသမားတွေ စုပြုံရောက်လာခဲ့ကြတယ်။
တစ်ချိန်ထဲမှာပဲ အသေးစား တိုက်ပွဲတွေကနေ တပ်မတော်ရဲ့ ရိက္ခာပို့ စစ်ကြောင်းတွေကို အင်အား အလုံး အရင်း နဲ့ ခြုံခိုတိုက်၊ အရှင်ဖမ်း၊ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ခေါ်ပြပြီး ကချင်ပြည်နယ်မှာ တည်ငြိမ်အေး ချမ်းတာ တွေ ပျက်စီးခဲ့ချိန်ထိ အားလုံးက အေးအေးဆေးဆေး ဖြစ်နေကြတုန်း။ နောက်ဆုံး တပ်မတော်က ပြန် တိုက်တော့ ကုလသမဂ္ဂ ကယ်ပါဆိုတဲ့ အကြောင်းကြားစာ ထွက်လာတဲ့ အခါမှာ ထိုးစစ်တွေရပ်ပါ။ ငြိမ်းချမ်း ရေးကော်မရှင် ဖွဲ့ပါ တွေ ဖြစ်ပြီး လုပ်ခဲ့ကြရတယ်။
ကချင်ပြည်နယ်မှာ တံတားတွေကို ဖျက်ဆီး၊ ရထားလမ်းတွေ မိုင်းထောင်၊ ၀န်ထမ်း အဆောက်အအုံတွေ မီးရှို့ တာတွေလည်း မရပ်သွားဘူး။ ပြည်တွင်းမှာလည်း တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အား ရှိမည်ကို လက်မခံ ဆိုတာတွေ၊ တပ်မတော် မကောင်းကြောင်းတွေ နယ်လှည့်ဟောပြောပြီး ကချင်ဒေသ ပြည်သူတွေ တစ်ယောက်ပြီးတစ်ယောက် ကေအိုင်အေရဲ့ စစ်သားသစ်အဖြစ် စုဆောင်းခြင်း ခံခဲ့၇တယ်။
ငြိမ်းချမ်းရေး ဆွေးနွေးနေတယ် ဆိုတဲ့ အချိန်ကာလမှာတင် လိုင်ဇာတစ်ဝိုက်က ကေအိုင်အေဟာ မြစ်ကြီး နား- ရန်ကုန် မီးရထား လမ်းအထိ ရောက်လာတယ်။ လဂျားယန်တင်မက ဖားကန့်၊ ဗန်းမော်အထိ ခြေဆန့် လာ တယ်။ ဘယ်အခါမှ သဘောတူညီမှု မရတဲ့ ဆွေးနွေးပွဲတွေမှာ တံတားပြန်ဆောက်ဖို့ တောင်းပန် ခွင့်ပြု ချက် တောင်းတဲ့ တိုင်းမှူး တစ်ယောက်ပဲ သူရဲကောင်း ပေါ်ထွက်ခဲ့တယ်။
ရှေ့တန်း လဂျားယန်တစ်ဝိုက်မှာ စခန်းထိုင်တာတဲ့ တပ်ရင်းတွေ ဆီကို ရိက္ခာ မပို့နိုင်တော့ဘူး။ လုံခြုံရေး တာဝန် ယူရုံ ပို့ထားတဲ့ အင်အားအနည်းငယ် ရှိတဲ့ စခန်းတွေကိုလည်း ကေအိုင်အေ က စိတ်တိုင်းကျ ပစ် ခတ် နေလို့ တစ်ယောက်ပြီး တစ်ယောက် သေဆုံး ဒဏ်ရာ ရနေတာတွေလည်း တောင်လို ပုံနေခဲ့တယ်။ ဒုက္ခ သည် ပြည်သူ၊ ကေအိုင်အေ သောင်းကျန်းသူ ဘယ်သူမှန်း ခွဲခြားမရတဲ့ အချိန်မှာ တိကျသေချာပြီး ပြည် သူ မထိခိုက်စေတဲ့ နည်းလမ်းအတွက် လေကြောင်းနဲ့ ရှင်းလင်းခဲ့တယ်။
တိုက်လို့ အနိုင်ရသွားခဲ့ရင် တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အကျိုးယုတ်စရာ တစ်ခုမှ မရှိဘူးဆိုတာကို သမ္မတကြီးက စလို့ ပြည်သူ တစ်ရပ်လုံး သိတယ်။ တပ်မတော်အလုပ် တပ်မတော် လုပ်နေချိန်မှာ ဒေါ်ေ အာင် ဆန်း စုကြည်တောင် တိုက်ရိုက်ဝင်ပါခဲ့တာ မရှိဘူး။ ပြည်တွင်းမှာ အစိုးရအဖွဲ့တွေရဲ့ လုပ်ဆောင် ချက်တွေ ပုံမှန်အတိုင်းပဲ ဖြစ်နေခဲ့တယ်။
ဆိုးရွားတဲ့ အဖျက်လုပ်ရပ်တွေကို ဘယ်သူမှ အသံမထွက်၊ ဘယ်သူမှ ငြိမ်းချမ်းရေး စကားအတွက် အလုပ် လုပ်ဖို့ မလှုပ်ရှားခဲ့ပေမယ့် မိုင်ပေါင်းထောင်သောင်းချီ ဝေးတဲ့ ကုလသမဂ္ဂက အသံထပ်ထွက်လာမှ လိုင်ဇာ ကို အပြေးအလွှားသွားကြ။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့တွေ လုပ်ကြ။ ပြည်တွင်း မီဒီယာတွေက ဘက်ပေါင်းစုံ တိုက်ခိုက်လာကြတယ်။
လူတိုင်း ငြိမ်းချမ်းရေးကို လိုချင်ကြတယ်။ ဆွေးနွေးကြပါ။ဒီလို အပစ်အခတ် ရပ်စဲတဲ့နောက်မှာ မိုင်းထောင်၊ ဗုံးခွဲ၊ လူသစ်စု အဖျက်လုပ်ရပ်တွေ မလုပ်ပါဘူးဆိုတဲ့ အာမခံချက်ကို ဘယ်သူပေးမှာလဲ။ ရာနဲ့ချီ သေဆုံးေ ပး ခဲ့တဲ့ တပ်မတော်သားတွေ ၀င်ပြီး နယ်မြေကို ငြိမ်းချမ်းအောင် လုပ်နိုင်ချိန်ကျမှ အပစ်ရပ်ပါ ဆိုပြီး တွန်း အားပေး မယ်ဆိုရင် နောက်တစ်ခါ သေကြေမှုတွေ၊ ပျက်စီးမှုတွေအတွက် ဘယ်သူ တာဝန်ယူမှာလဲ ဆိုတာ ကို မေးလိုက် ချင်တယ်ဗျာ။
0 comments:
Post a Comment