Friday, January 04, 2013

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIO, KIA တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း နှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ခြင်း

Posted by drmyochit Friday, January 04, 2013, under | No comments

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့
သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၃ )
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်
၁၃၇၄ ခု၊ နတ်တော်လပြည့်ကျော် ၇ ရက် 

၁။ ကချင်ပြည်နယ်တွင် ကေအိုင်အို/ကေအိုင်အေ လက်နက်ကိုင်အဖွဲ့များက မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီးအား အဓိကပိတ်ဆို့လျက် တပ်မတော် စစ်ကြောင်း များအား မိုင်းထောင်ခြင်း၊ ခြုံခို တိုက် ခိုက်ခြင်းနှင့် အများပြည်သူအသုံးမပြုနိုင်အောင် ပိတ်ဆို့ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိ သည့် ပွိုင့် ၇၇၁ တောင်ကုန်းနှင့်ပတ်ဝန်းကျင် ဒေသအား မြန်မာ့တပ်မတော်မှ ရှင်းလင်းတိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

၂။ အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ သတင်းထုတ်ပြန်ရေး ဌာနမှ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ၏ ပြောရေးဆိုခွင့် ရှိသူက ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အေ တပ်စခန်းများအား တပ်မတော်မှ တိုက် ခိုက်ခဲ့ခြင်း နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အလေးအနက်ထား၍ မှတ်သား ထား ရှိေ ကြာင်း၊ အဆိုပါဒေသရှိ အပြစ်မဲ့ ပြည်သူများ၏ အသက်အန္တရာယ် ဖြစ်စေမည့် လုပ်ဆောင်မှုများကို ရှောင်ကြဉ်ေ စ လိုကြောင်းဖြင့် ပြောကြားချက်ကို ကုလသမဂ္ဂ သတင်းဌာနက ၂-၁-၂၀၁၃ ရက်တွင် သတင်း ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အားသွန် ခွန်စိုက် ဆောင် ရွက် လျက် ရှိရာတွင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက် ဖြစ်ပေ သည်။ နိုင်ငံတော် အစိုးရ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေး ဆောင်ရွက်ခဲ့ရာ ကေအိုင်အို/ ကေအိုင်အေ အဖွဲ့မှလွဲ၍ ကျန်အဖွဲ့များနှင့် သဘောတူ ဆောင် ရွက်နိုင် ခဲ့ပြီးဖြစ်သည်။ ကေအိုင်အို /ကေအိုင်အေအဖွဲ့နှင့်လည်း ငြိမ်းချမ်းရေး အတွက်ဆွေးနွေးမှု (၁၁) ကြိမ် ပြု လုပ်ခဲ့ပြီး ဖြစ်သည်။

၎။ ကေအိုင်အို/ကေအိုင်အေ တပ်ဖွဲ့များအား တပ်မတော်မှ ထိုးစစ်များ ရပ်ဆိုင်းရန် ညွှန်ကြား ထားပြီးဖြစ်ေ သ်ာလည်း ၎င်းတို့ဘက်မှ ရထားလမ်း၊ ကားလမ်းများ၊ တံတားများအား အကြောင်းမဲ့ မိုင်းခွဲဖျက်ဆီးခြင်း၊ စီး ပွားရေး လုပ်ငန်းများအား ဟန့်တား နှောင့်ယှက်ခြင်း၊ ရေအားလျှပ်စစ် ဓာတ်အားပေးလိုင်းများအား ဖောက် ခွဲ ဖျက်ဆီးခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအား မကြာခဏ မိုင်းထောင်ခြင်း၊ ခြုံခို ပစ်ခတ် တိုက်ခိုက်ခြင်း စသောလုပ်ရပ်များ အဆက်မပြတ်ပြုလုပ်လာသည့် အတွက် တပ်မတော် အနေဖြင့် အများပြည်သူ၏ အသက် အိုးအိမ် လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံ ချောမွေ့စေရေး၊ နယ်မြေဒေသ အေးချမ်း တည်ငြိမ်ေ ရးအတွက် မိမိကိုယ်ကို ခုခံ ကာကွယ်ခြင်းနှင့် စစ်ရေးအရ ပြန်လည် တုံ့ပြန်မှုများကို မလွှဲ မရှောင်သာ ပြုလုပ်ခဲ့ရသည်။ ထိုသို့ ပြုလုပ်ရသော်လည်း တပ်မတော် တပ်ဖွဲ့များသည် အင်အားကို အစွမ်း ကုန် ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်။

၅။ မြန်မာ့တပ်မတော်က တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် နေရာများမှာ ရွာသူ၊ရွာသားများ နေထိုင်ခြင်း မရှိ သည့် မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု ကားလမ်းအား ကေအိုင်အေ အဖွဲ့က ပိတ်ဆို့ဖြတ်တောက် နိုင် ရန် အခိုင်အမာ စခန်း ပြုလုပ်ထားသည့် နေရာဖြစ်ကြောင်း သိရှိရသည်။

၆။ ကေအိုင်အို/ကေအိုင်အေ အဖွဲ့နှင့် တပ်မတော်ကြား နှစ်ဖက် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ သည့် တစ်နှစ် တာကာလအတွင်းတွင် တိုက်ခိုက်မှုများကြောင့် နေရပ်မှ ရွှေ့ပြောင်းတိမ်းရှောင် ရသည့် မိသားစု များအား နိုင်ငံတော်မှ ယာယီစခန်းများ ဖွင့်လှစ်၍ နေရာချထားပေးပြီး ၎င်းတို့၏ စားဝတ်နေရေးနှင့် ပညာေ ရး၊ ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကုလ သမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ အကူအညီများ ကိုလည်းရယူ၍ ပံ့ပိုးဆောင်ရွက်ခဲ့သည်။ နေရပ်မှ ရွှေ့ပြောင်း တိမ်းရှောင်လာသူအများစုမှာ ၎င်းတို့၏ ကျေးရွာများတွင် အေးချမ်းစွာနေထိုင်နိုင်ခြင်း မရှိစေရန် ကေအိုင်အေအဖွဲ့၏ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်းတို့ကြောင့် တရားဥပဒေစိုးမိုးမှုရှိသည့် ဘေးကင်းရာ နေရာများသို့ လာရောက်ခိုလှုံ ရခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

၇။ နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်သည်။ ကေအိုင်အို /ကေအိုင်အေ နှင့်လည်း ငြိမ်းချမ်းရေးေ ဆွးနွေးမှုများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ဒီမိုကရေစီ အသွင်ကူြးေ ပာင်းေ ရး လုပ်ငန်းစဉ် များ အောင်မြင်ရေး၊ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး၏ ရေရှည်ဖွံ့ဖြိုး တိုး တက်ရေး၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တိုင်းရင်းသား ပြည်သူလူထု အားလုံးနှင့်အတူ လက်တွဲေ ဆာင်ရွက်သွားရန် အစဉ်လက်ကမ်း ကြိုဆိုလျက်ရှိကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်