From
: yangon media group
ပထမအကြိမ်
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ် ကို ယနေ့ ၁၉-၁-၂၀၁၃
(စနေနေ့) နံနက်၉ နာရီမှ ၁၀ နာရီအထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း
ဗဟိုဌာန (MICC) တွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ
ဖိုရမ်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင် ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်
ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးများ ၊ ဒုတိယ၀န်ကြီးများ၊ ပြည်သူ့လွှတ်တော်
ကိုယ်စား လှယ် များ နှင့် ကမ္ဘာတစ်ဝှမ်းမှ အလှူရှင်နိုင်ငံများ ၊ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့များနှင့်
နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တော်များ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ
တက်ရောက်ခဲ့ ကြသည်။
အခမ်းအနားတွင်
နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ အဖွင့်မိန်းခွန်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာ
သူများနှင့် နိုင်ငံတော် သမ္မတသည် အတူတကွ အမှတ် တရ ဓာတ်ပုံ ရိုက်ကူး ခဲ့သည်။ ပထမအကြိမ်
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကို မနက်ဖြန် ၂၀-၁-၂၀၁၃
ရက်နေ့တွင် ဆက်လက် ကျင်းပ ပြုလုပ် မည်ဖြစ် သည်။
0 comments:
Post a Comment