From :the voice
နိုင်ငံတော်အတွက်၊ ပြည်သူ့အတွက် ဟုဆိုကာ ဆန္ဒပြသူများ၊ သမဂ္ဂများ၊ အသင်းအဖွဲ့များ အများအပြား ရှိကာ အခွင့်အရေးများ နှင့် လိုချင်တာများတောင်းဆိုကြသည့် ရန်ကုန်မြို့တွင် လူထုကျန်းမာရေး အတွက် လက်တွေ့အနစ်နာခံလုပ်ဆောင်သူမှာ မီးသတ်ရဲဘော်များသာ ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ပေါင်း ၇၀၀ ဦး ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပရဝုဏ်တွင် အမှိုက် များရှင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်ရန် ဆောင်ရွက်ခြင်း လုပ်အား ပေးပွဲကို ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၇ နာရီမှ ၁၁ နာရီ အထိ ဆောင်ရွက်ခဲ့သည်။
.jpg)
.jpg)
.jpg)
.jpg)
.jpg)
0 comments:
Post a Comment