
ဇန်န၀ါရီ ၉ရက်
အစိုးရဘက် ဒီဇင်ဘာလ တွင်ပေးပို့ထားသော ဇန်န၀ါရီလ အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးရန် ကိစ္စနှင့်ပတ်သတ်ပြီး ကေအိုင်အို ခေါင်းဆောင် များနှင့် ကေအိုင်အေ စစ်ဦးစီးချုပ်တို့ အကြား သဘော ထား ကွဲလွဲ လျက်ရှိသည်။ ကေအိုင်အို အဖွဲ့အစည်းအတွင်း ငြိမ်း ချမ်းရေး ကိစ္စကို သဘာထားကောက်ခံခဲ့ရာ ဗဟိုကော်မတီဝင်အများစုက လက်ခံကြ သော်လည်း တပ်ပိုင်း ဆိုင်ရာခေါင်းဆောင်များ ဖြစ်သော စစ်ဦးစီး ချုပ် ဂမ်ရှောင်နှင့် ဒုစစ်ဦးစီးချုပ် ဂွမ်မော်တို့က လုံးဝ လက်မခံခဲ့ကြောင်း သိရှိရပါသည်။ ၎င်းတို့မှ နိုင်ငံရေး ဆုံးဖြတ်ချက် အတိအကျ ရရှိမှ ငြိမ်းချမ်းရေးကို ဆွေးနွေးမယ် ဟုသိရှိရသည်။
ကေအိုင်အို ခါင်းဆောင်များမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လိုလားနေသော်လည်း ကေအိုင်အေ ခေါင်းဆောင် တွေက ငြိမ်းချမ်းရေးကို မလိုလားဘဲ စစ်ကိုဆက်လက် ဆင်နွှဲလိုလျက်ရှိသည်။ ကေအိုင်အို ခေါင်းဆောင် များအနေဖြင့်လည်း ကေအိုင်အေ စစ်တပ်၏ သဘောထားကို မလွန်ဆန်နိုင် သည့် အနေ အထား တွင်ရှိနေကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment