Wednesday, January 09, 2013

ခေါင်မလုံသောခေါင်းဆောင်များနှင့် မိုးစိုခံ ငယ်သားများ အကြောင်း

Posted by drmyochit Wednesday, January 09, 2013, under | No comments

အဖွဲ့ အစည်းတစ် ခုမှာ ယုံကြည်ချက်၊ ခံယူချက် ရှိဖို့က အရေးကြီးတယ်။ ရည်ရွယ်ချက်၊ ရည်မှန်း ချက် ရှိပြီး လမ်းစဉ် မှန်ကန်ကောင်း မွန်ဖို့လည်း လိုတယ်။ နောက်အရေးကြီး တာက စည်းလုံး ညီညွတ် မှုပဲ။အဲဒီ အချက်တွေ နဲ့ မပြည့်စုံဘူး။ လျော့နည်း လာရင်တော့ အဲဒီအဖွဲ့ မကြာခင်ပြို ကွဲပျက် စီး တော့မယ်လို့ အသေ အချာ ပြောရဲ တယ်။

အခြားမကြည့်နဲ့၊ မြန်မာနိုင်ငံမှာ အင်အားအကြီးမားဆုံးသောင်းကျန်းသူအဖွဲ့ကြီး ဖြစ်တဲ့ ဗမာပြည် ကွန်မြူ နစ် ပါတီ ဘာကြောင့်ပြိုကွဲသွားရတာကိုပဲကြည့်။ သူတစ်လူ၊ ငါတစ်မင်းနဲ့အာဏာတွေ ပြိုင်၊ ဝါဒေ တွပြိုင် ကြ နဲ့ အုပ်စုတွေ ကွဲပြီး လုံးဝ နာလန်မထူနိုင်အောင်ကို ကျဆုံးသွားခဲ့တာနှစ်တွေပဲကြာခဲ့ လှပေါ့။ 

အစကတည်းက ဝါဒစွဲ၊ အာဏာစွဲတွေနဲ့ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးထိုးခွဲတဲ့လုပ်ရပ်မျိုးနဲ့ လက် နက် စွဲ ကိုင်ပြီး နိုင်ငံတော်ကိုဆန့်ကျင်တိုက်ခိုက်ဖို့ တောခိုသွားခဲ့တာမဟုတ်လား။ ပူပူနွေးနွေး လွတ် လပ်ရေး အရ သာကို ပြည်သူတွေနှစ်ခြိုက်စွာစားသုံးခွင့်မရအောင် လက်နက်အားကိုးနဲ့ ဆူပူ သောင်းကျန်း သစ္စာမဲ့ ခဲ့တာ မဟုတ်လား။ ပြောရရင် မူလအရင်းခံနဲ့ လုပ်ရပ်ကိုက ယုံကြည်ချက်၊ ခံယူချက်မရှိတော့ လမ်းစဉ် ကမှားနေတယ်။ ပြည်သူကလည်း မထောက်ခံဘူး။ သူတို့ရဲ့အဖျက်လုပ်ရပ် တွေကြောင့် ရွံ့မုန်းပြီး ခါးခါး သီး သီးငြင်းဆန်ခဲ့တယ်။ ဘယ်အဖွဲ့ အစည်း မဆို လူထု မပါရင်၊ မထောက်ခံ ရင် တစ်နေ့ကျရှုံးမှာပဲ။ 

အခုလည်းမြင်နေရပါပြီ။ ကေအိုင်အေ/ကေအိုင်အိုကိုပေါ့။ ကေအိုင်အေ/ကေအိုင်အိုအဖွဲ့ ခေါင်းေ ဆာင် ပိုင်း ထဲမှာပဲ နှစ်ခြမ်း၊ သုံးခြမ်းကွဲနေတာတွေ့ရတယ်။ စစ်ကိုလိုလားသူ၊ ငြိမ်းချမ်းရေးကို လိုလားသူ၊ လက် နက် အားကိုးနဲ့ စီးပွားရေးလုပ်ပြီး ကြီးပွားချမ်းသာလိုသူ စသဖြင့်ပေါ့လေ။ အခြား မကြည့်ပါနဲ့။ ကေအိုင်ေ အခေါင်းဆောင်ပိုင်းနှစ်ယောက်ဖြစ်တဲ့ စစ်ဦးစီးချုပ်ဂမ်ရှောင်နဲ့ ဒုစစ်ဦးစီးချုပ် အက်စ် ဂွမ်မော် တို့နှစ်ေ ယာက်ကိုပဲကြည့်။ ဂမ်ရှောင်က စစ်ကိုလိုလားတယ်။ မောက်မာခက်ထန်တယ်။ လက်ရဲဇက်ရဲနဲ့ တဇွတ် ထိုး လုပ်တတ်တယ်။ လူကသာ ဘွဲ့ရပညာတတ်၊ လူသတ်ရာမှာတော့ ရက်စက်မှု ကကမ်း ကုန် တယ်။ ဒီလို မိုက်မိုက် ကမ်းကမ်း ရက်စက်ရဲ လို့ ၁၉၇၉ ခုနှစ်မှာ ဂမ်ရှောင် ကေအိုင်အေထဲ ရောက်ပြီး ဆယ်နှ စ်ေ တာင်မကြာဘူး။ တပ်ရင်း(၆)ရင်းမှူးဖြစ်ခဲ့တာ။ ရင်းမှူးဖြစ်ပြီးမကြာပါဘူး။ ၁၉၈၉ ခုနှစ်မှာ ဖားကန့်မြို့ နယ် ထဲက စပေါ့ရွာသား ၃၀ ကျော်ကို မူးယစ်ဆေးဝါးအမှုနဲ့စွပ်စွဲပြီး ရက်ရက် စက်စက် သတ်ဖြတ် ခဲ့တယ်။ အဲဒီေ ရှ့မှာလည်း လူတွေ သတ်ခဲ့တာမနည်းဘူး။ 



အခုလည်း သူ့လက်အောက်ငယ်သားတွေကို စစ်ရေးမှာ မသနားဖို့၊ မိုင်းခွဲဖျက်ဆီးရာမှာ မငဲ့ကွက်ဖို့၊ ဘယ် သူ့ မျက်နှာမှ မထောက်ဖို့ ဖိအားတွေအမြဲပေးနေတယ်။ မလုပ်ဘဲနေတဲ့လူ၊ သူ့အမိန့် ဆန့်ကျင် တဲ့သူ ဆို ရင် သူ့ပစ္စတိုက မီးပွင့်တွေပဲ နောက်ဆုံးမြင်လိုက်ရတယ်။ မိန်းမလည်း ရှုပ်တယ်။ သူ့ သက်တော်စောင့် လီ ဆူး မလေးကိုတောင်မချန်ဘဲ ခြေတော်တင်ခဲ့တာကြည့်။ ၂၀၁၀ပြည့်နှစ်တုန်းက လည်း ကွန်ပျူတာ စာရေး မလေး ဂေါင်နောတစ်ယောက်သေပါရောလား။ ဒီလိုလူမဆန်တဲ့အလုပ်၊ သစ္စာ မဲ့တဲ့လုပ် ရပ်မျိုး လုပ် ရကောင်း မလားဆိုပြီး သူ့မယားကြီးဒေါ်ရန်ဒွဲဂျာက ပြဿနာရှာတယ်။ သူ့ သမီးကြီး ဂျာဆိုင်းပန် က လည်း ရှက် လွန်းလို့ ငိုသတဲ့။ 

အမှန်တော့ဂေါင်နောဇာတ်လမ်းက နည်းနည်းတော့ရှုပ်တယ်။ ဂွမ်မော်နဲ့လိုလို၊ ဘာလိုလိုအသံ ထွက် လိုက်သေး တယ်။ တရားခံ အစစ်အမှန်က လူရမ်းကားကြီး ဂမ်ရှောင်ဆိုတာ ကေအိုင်အေက အတွင်း လူတွေ အကုန် သိတယ်။ အခုဒုက္ခသည် ကယ်ဆယ်ရေး ဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ လုပ်နေတဲ့ ဒူဘီး ဆား အ သိ ဆုံးေ ပါ့။ ပြောရရင်တော့ ကုန်နိုင်ဖွယ်မရှိဘူး။ 

ဒုစစ်ဦးစီးချုပ် အက်စ်ဂွမ်မော်ကတော့ အနေရိုးတယ်။ သူက မလွဲသာလို့ရယ်။ ခေါင်းဆောင်ဆိုတဲ့ သိက္ခာ ရယ်ကြောင့်သာ လက်နက် စွဲကိုင်နေရတာ သူ့စိတ်ရင်းက ငြိမ်းငြိမ်း ချမ်းချမ်းနေချင်တယ်။ ဒါကြောင့်ပဲ ငြိမ်း ချမ်းရေးရယူဖို့ စိတ်အေး ချမ်းသာစွာ စီးပွားရေးလုပ်ချင်တယ်။ သူလည်း လူသတ်ခဲ့တာ ပဲ။ ဒါပေ မယ့် ဂမ်ေ ရှာင် လို ဘ၀တစ်လျှောက်လုံး အမည်းစက် ထင်အောင် မရက်စက်ခဲ့ဘူး။ သူက စီးပွားရေးပဲ စိတ်ဝင် စားခဲ့ တာေ လ။ 

ဒါကြောင့် အစိုးရရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို လိုက်လျောချင်တယ်။ အစိုးရဘက်က လူကြီး တစ်ချို့ နဲ့ ပုဂ္ဂိုလ်ရေးခင်မင်ရင်းနှီးမှုရှိတော့ ငြိမ်းချမ်းရေးယူရင် သူ့အတွက် အဆင်ပြေနိုင်မယ်လို့ ယုံကြည် ထားတယ်။ ရွှေလီမှာလုပ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေ့ဆုံပွဲကို သူကအောင်မြင် အောင် လုပ်ချင်တယ်။ ဒါပေမယ့် သူ့အထက်စစ်ဦးစီးချုပ်က ငြိမ်းချမ်းရေးဆွေးနွေး မှုအဆင်မပြေအောင် အပစ်အခ တ်ရပ်စဲ တာ ကို နောက် မှလုပ်မယ်။ နိုင်ငံရေး အရ အရင်ဆုံးဆွေးနွေး မယ်လို့ အမိန့် ချမှတ်လိုက် တော့ သူငုတ် တုတ်မေ့ သွားပြီး လမ်းတစ်ဝက်က လှည့်ပြန်ခဲ့ရတယ်။ ဒါသဘာဝ မကျဘူး၊ အပစ်အခတ် ကို အရင်ဆုံး ရပ် စဲသင့် တယ် ။ ကိုယ့် ဘက်မှာလည်း သေသူသေ၊ ထွက်ပြေးသူ ထွက်ပြေးနဲ့ လူအင်အား ကမရှိတော့ဘူး။ ကချင် လူ ထု ကလည်း ငြိမ်းချမ်းရေး ယူစေချင်လှပြီလို့ သူ့တပည့် လူယုံတွေကို ရင်ဖွင့် သတဲ့ ။

တကယ်လည်း သူတို့အဖွဲ့မှာ အင်အားက တစ်နေ့တစ်ခြား နည်းနည်းလာပြီ။ လူသစ်တွေကို ရတဲ့နည်း နဲ့ စုနေ ရတယ်။ အခုဆို အမျိုးသမီးတွေကိုတောင်မချန်ဘဲ ကေအိုင်အေအဖွဲ့ထဲကို ၀င်ရမယ် လို့ ရာဇသံ လိုလို၊ စည်းရုံးသလို လိုနဲ့ စုနေလေရဲ့။ ကေအိုင်အေ တပ်မဟာ(၅)က တပ်ကြပ်ကျော်ဆန်းနဲ့ အင်အား သုံးဆယ်ကျော် တို့ ၂၀၁၂ခုနှစ် ဧပြီလ က အစိုးရနဲ့ လက်နက်နဲ့ငြိမ်းချမ်းရေးယူသွားပြီးနောက် ပိုင်း မှာ ရှမ်းလူမျိုးတွေကို မယုံဖို့၊ လူသစ်စုရာမှာ ကချင်လူမျိုးကိုသာ စုဖို့ ဂမ်ရှောင်က ဧပြီလ ၁၈ ရက် နေ့ ရက်စွဲ နဲ့ အမိန့် ထုတ်ခဲ့တယ်။ အခုတော့ ရှမ်းရော၊ ဗမာရော၊ ကုလားရော မချန်တော့ဘူး။ ရသမျှ အကုန် လူသစ် စုနေ တယ်။ အင်အားကလိုလာပြီလေ။ လူသစ် စုရတာကလည်း မလွယ်ဘူး။ လူတွေက စစ်ဘေး စစ်ဒဏ် နဲ့ သူ တို့ ရန်ကိုကြောက်လို့ မြို့ပေါ် ကိုပြောင်းပြေးသူပြေး၊ အစိုးရ ကယ်ဆယ်ရေးစခန်း တွေ ဆီပြေး သူပြေးကြနဲ့ပေါ့။ 

သူတို့တွက်ကိန်းကမှန်တယ်။ ဒီမှာဆက်နေရင် သေတစ်နေ့ ငတ်တစ်နေ့ဖြစ်တော့ မှာမဟုတ် လား။ ကေ အိုင်ေ အတို့ ဖွင့်ထားတဲ့ ဒုက္ခသည်စခန်းလို့ အမည်ပေးထားတဲ့ စခန်းေ တွကလည်း တကယ်တော့ လူသစ် စုေ ဆာင်း ရာစခန်း၊ အရေးကြုံရင် လူထုတ် သုံးနိုင်အောင် စုဖွဲ့ထားတဲ့ စခန်းပါပဲ။ အဲဒီလူတွေကို တစ်ေ န့ ဆန်နို့ ဆီဗူး နှစ်ဗူး နဲ့ ဟင်းဖိုးငွေ နှစ်ရာ ကျပ်ပေးမယ်လို့ စည်းရုံး ထားပေမယ့် လက်တွေ့က ဆန်နှစ် ဗူးေ တာင် မှ ရတာ တစ်ရက်၊ မရတာက နှစ်ရက် သုံးရက်လေ။ တကယ် သာ ဒီဒုက္ခ သည်တွေ အပေါ် စေတ နာ အမှန် ရှိရင် အများ ကြီးထောက် ပံ့ထားလို့ရတယ်။ UN ကထောက်ပံ့ ထားတဲ့ စားနပ် ရိက္ခာတွေ၊ အခြားအဖွဲ့အစည်းတွေနဲ့ စေတနာရှင်တွေ ကထောက်ပံ့ ထားတဲ့ ပစ္စည်းတွေက နည်း တာမှတ်လို့။ 

ဘယ်ရောက် ကုန်ပြီလဲ။ ဆက်ကြေးေ ကာက် ထားတဲ့ သိန်းေ ထာင်ပေါင်း များစွာကရော၊ ပြီး တော့ ကျောက်စိမ်းနဲ့ ရွှေမှော် လုပ်ကွက်တွေကို အဓမ္မ သိမ်းပြီး ဒလဟော ၀င်နေတဲ့ ငွေတွေ ကရော၊ ဘယ်ရောက်ကုန်ပြီလဲ။ အဲ ဒီေ ငြေ တြ ထားပါတော့။ ထောက်ပံ့ ထားတဲ့စားနပ် ရိက္ခာတွေနဲ့ တင် ဒုက္ခသည် တွေကို အကောင်း ဆုံးေ ကျွး လို့ရ တယ်။ ခုတော့ အဲဒီပစ္စည်းနဲ့ ငွေတွေက သူတို့ရဲ့ စစ်အောင်နိုင်ရေး အသုံးစရိတ်နဲ့ ခေါင်းဆောင် ပိုင်းတွေ ရဲ့ အကျိုးစီး ပွားတွေ ထဲရောက်သွားရှာပြီထင်ပါရဲ့။ ဒါတွေကိုလည်း ဒုက္ခသည် ကယ်ဆယ်ရေး ဆိုင် ရာ ဗဟိုကော် မတီဥက္ကဋ္ဌလုပ်နေတဲ့ ဒူဘီးဆားက အသိဆုံးနေမှာပါ။ 

အင်းတကယ်တော့ သူလည်းဝေစားမျှ စားလူရမ်း ကားနှာဘူးကြီးတစ်ယောက် ပါပဲလေ။ ဘာလို့ နှာဘူးကြီး လို့ ပြောရ သလဲဆိုတော့ Je Yang ဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခ သည်ကောင်မလေးတွေ ကို တိတ် တဆိတ် မက်လုံးပေး၊ ခြောက်လုံးေ တွပေးပြီး ပျော်တော်ဆက်နေလို့ပဲ။ ဒီသတင်း သဲ့သဲ့ကို ကြားသွားတဲ့ ဂွမ်မော်က ခေါ်ပြီး သတိပေးရတဲ့ အဆင့်အ ထိရောက်တယ်။ အင်း…….Je Yang ဒုက္ခသည်စခန်း ဆိုတာ ဌာနချုပ် နယ်ြေ မ လိုင်ဇာမှာ ရှိတာ ဆိုတော့ မသိဘဲ၊ မကြားဘဲနေပါ့မလားနော်။ 

ဒါကြောင့်ပဲ ကေအိုင်အေအဖွဲ့သားတွေ စိတ်ပျက်၊ စိတ်ဓာတ်ကျလာရတာပေါ့။ ထွက်ပြေးသူ ပြေး၊ အဖမ်းခံ တဲ့သူ ကအဖမ်းခံပေါ့။ ဒီလိုမှ မလုပ်ရင်လည်း သူတို့ဘ၀တွေက အာမခံချက်မရှိတော့ဘူး။ အနာဂတ် အတွက် ဘ၀အာမခံချက်လည်းမရှိ၊ အခုလည်း ဆင်းဆင်းရဲရဲနဲ့ ဘယ်တော့သေမလဲ တွေးပူ နေရတာ ဆိုတော့ ကိုယ်လွတ်ရှောင်ခွာပြေးရရှာတာပေါ့လေ။ မလွဲသာလို့ ခိုင်းတာလုပ်၊ ကျွေးတာစားပြီး စစ်တိုက်ေ နရတဲ့သူေ တွခမျာမှာလည်း ယုံကြည်ချက်၊ ခံယူချက်မရှိ၊ ရည်ရွယ်ချက်မရှိ၊ ရည်မှန်းချက်မရှိ၊ ရည်မှန်းချက် ဘာမှန်းမသိတဲ့ဘ၀တွေနဲ့ လျှောက်သောလမ်းမှာ စမ်းတဝါးဝါးနဲ့ပေါ့။ 

စစ်တပ်ကလည်း အရင်လို သဘောထား မပျော့တော့ဘဲ စစ်ဆင်ရေးတွေ တိုးလုပ်လာတာတွေ့ ရတယ်။ ဒါကလည်း ကေအိုင်အေက ကာမိုင်းစခန်းတို့ ဘာတို့ကို သွားပြီး တိုက်ခိုက်သိမ်းပိုက်တာရယ်။ လမ်းတံ တားတွေကို ပြုပြင်ဖောက် လုပ်နေတဲ့လမ်းကို ဖျက်ဆီး၊ စစ်ရေးနဲ့ မသက်ဆိုင် တဲ့ဆောက်လုပ်ရေး ၀န် ထမ်းတွေ၊ အလုပ် သမားတွေကို ပစ်ခတ် တိုက်ခိုက်တာရယ်၊ ပြီးတော့ ရိက္ခာပို့ယာဉ် တန်းတွေကို တိုက် ခိုက်ေ နခဲ့တာဆိုတော့ စစ်တပ် ကဆော်ပြီပေါ့။

တကယ်တော့ အဲဒီယာဉ်တန်းတွေ အပေါ်မှာ တင်လာတဲ့ စား နပ် ရိက္ခာတွေက စစ်တပ် အတွက်မဟုတ်ဘူး။ စားဝတ်နေရေး အခက်တွေ့နေကြတဲ့ ဒေသခံတွေ နဲ့ ၀န်ထမ်းေ တွအတွက် ကချင်ပြည် နယ် အစိုးရ၊ စေတနာ ရှင်တွေနဲ့ စစ် တပ်က ထောက်ပံ့တဲ့ ပစ္စည်းတွေ ပါ။ ဒါကိုေ ကအိုင်အေက သွားပြီး တိုက်ခိုက်တော့ ဘယ်သူ ကများ ငြိမ်ခံချင် မှာတဲ့လဲ။ 

ဒီခရီးကို သွားရင် ဒီလို အတိုက် အခိုက်ခံရမယ်ဆိုတာ စစ်တပ် ကလည်း တွက်ဆထားပြီးသားပါ။ ဒါပေမယ့် အခက်ေ တွ့နေတဲ့ ဒေသခံေ တွကို အဆင်ပြေစေချင် တဲ့စေတ နာကြောင့် စစ်တပ်က ယာဉ်တန်း လုံခြုံရေး နဲ့ ပို့ပေးခဲ့တယ်။ ကေအိုင်အေ တိုက်ခိုက် မှုကြောင့် စစ်သား အတော်များများ ကျသွား တယ်။ ခရီးကြုံ လိုက်ခဲ့တဲ့ ပြည်သူ အချို့နဲ့ ယာဉ်မောင်း အချို့လည်း သေကျေ ဒဏ်ရာရသွား တယ်လို့ ကြား တယ်။ ဒါကြောင့် စစ်တပ်က သူ့ရဲ့ စစ်ရေး စွမ်းရည်ကို ထုတ်ပြတဲ့ သဘောနဲ့ တိုက်ခိုက်တာ။ ပြောရရင် နဂါး မှန်း သိအောင် အမောက်ေ ထာင်ပြလိုက်တာပဲ။ 

အခုနောက်ဆုံးကြားရတဲ့ သတင်းက စစ်တပ်က ကေအိုင်အေရဲ့ ပွိုင့်-၇၇၁ တောင်ကုန်းကို လေကြောင်း စစ် ကူနဲ့ တိုက်ခိုက်သိမ်းပိုက်တယ် လို့ကြားတယ်။ စစ်တပ်က လေတပ်တွေ ပါ ပါလာပြီဆို တော့ ကေအိုင်ေ အအဖွဲ့သားတွေ ဘာလုပ်ရမှန်း မသိတော့ဘူး။ အချို့ လစ်ပြေးသွားကြ သူတွေရှိတယ်။ စစ်တပ်ကို ရင်ဆိုင် တိုက်ခိုက် ရတာက ငယ်သားတွေ မဟုတ်လား။ အများ ဆုံးသေ တာလည်း သူတို့ပါပဲ။ 

ခေါင်းဆောင်ပိုင်းတွေကလည်း တစ်ချက် ကလေးမှ အောက်ကို ပြန်မကြည့် တဲ့အပြင် ကိုယ်ကျင့် တရားေ တွ ဖောက် ဖျက်ကြ၊ ရက်ရက်စက် စက်ခိုင်းနေကြ တာဆိုတော့ ငယ်သားတွေ ရဲ့ ယုံကြည်ကိုးစား မှုကို မရေ တာ့ဘူး။ ခေါင်ကမှ မိုးမလုံမှတော့ မိုးကယိုပြီပဲပေါ့။ အင်းဒီ အတိုင်းဆိုရင်တော့ ကေအိုင်အေ/ ကေ အိုင် အိုအဖွဲ့လည်း ဗကပတို့ရဲ့ နောက်ဆုံးလမ်းကို လိုက်ကြ ရဖို့သေချာပြီ။

ဒီအတိုင်းသာ ဆင်ကန်း တော တိုး လုပ်နေရင် အဲဒီအ ဖွဲ့မကြာခင် ပြိုကွဲ ပျက်စီးတော့ မယ်လို့ အသေအ ချာပြောရဲတယ်။ ဘာလို့ ဒီလို အတိ အကျပြောရသလဲဆိုတော့ ကျွန်တော်လည်း တစ်ခါက ခေါင်မလုံ တဲ့ကေအိုင်အေေ ခါင်းဆောင် တွေရဲ့ လက်ေ အာက်မှာ မိုးရေစိုခံငယ်သားတစ်ယောက်ဖြစ်ခဲ့ဖူးလို့ပါပဲ။ 

ဪ……ကေအိုင်အေခေါင်းဆောင်တွေရဲ့ ခေါင်ကမှ မလုံမှတော့ ကေအိုင်အေလက်အောက် ငယ် သားေ တွ မိုးရေတွေ ရွှဲရွဲစိုခံရတာဟာ မဆန်းလှပါဘူးလေ။


From : အညတရမိုးစိုခံတစ်ဦး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်