Tuesday, January 15, 2013

ကေအိုင်အေသောင်းကျန်းသူများထောင်ထားသည့်မိုင်းအား နင်းမိ၍ အပြစ်မဲ့ပြည်သူ ၁ ဦး ဒဏ်ရာများရရှိ

နေပြည်တော်၊ ဇန်န၀ါရီ ၁၅

၁၃-၁-၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် ဖားကန့်မြို့နယ်၊ အမှိုက်ပုံကျေးရွာ၊ မော်ဝမ်းရပ်ကွက်နေ ဦးဇော်ဌေး(၃၈)နှစ်သည် မှော်စီကျေးရွာမှ အမှိုက်ပုံကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦး တည်းမောင်းနှင် လာပြီး အမှိုက်ပုံကျေး ရွာ အ၀င်သို့ အရောက်တွင် ဆိုင်ကယ်အား ခေတ္တရပ်၍ လမ်းဘေး၌ အပေါ့သွားစဉ် ကေအိုင် အေသောင်း ကျန်းသူများထောင်ထားသည့် မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့သည်။ မိုင်းနင်းမိ ပေါက်ကွဲ မှုကြောင့် ဦးဇော်ဌေးတွင် မျက်နှာစုတ်ပြဲ၊ ရင်ဝ မိုင်းစထိမှန်၊ ယာလက်ဖျံရိုးကျိုး၊ ၀ဲလက်ကောက် ၀တ်ကျိုး၊ ယာခြေသလုံးကျိုး ဒဏ်ရာများ ရရှိခဲ့သဖြင့် ဖားကန့်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ကြောင်း သတင်း ရရှိသည်။

(ရဲဇာနည်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်